ထိေရာက္ထက္ျမက္စြာ
ဦးေဆာင္ျခင္း (Lean Leadership)
++++++++++++++++++++++++++++
ျပႆနာဟာ ယားယံေစတတ္တယ္။ ဥပမာ ေပးရရင္ မုတ္ေကာင္ဟာ သူ႔ ဘာသာသူ ေနတာပဲ။ အဲဒီထဲကို ျပႆနာဆိုတဲ့ အမႈန္ တစ္မႈန္ ေရာက္လာ ခဲ့တယ္။ ယားလိုက္တာ။ မုတ္ေကာင္ဟာ အမႈန္ကေပးတဲ့ယားယံမႈ ျပႆနာကို ဖယ္ရွားေျဖရွင္းဖို႔အတြက္ သူ႔ခႏၶာကိုယ္ထဲက ႏို႔ရည္ၾကည္ကို ညႇစ္ထုတ္ၿပီး တြန္း ဖယ္ၾကည့္တယ္။ ဒါေပမဲ့ မရဘူး။ ျပႆနာ ဟာ တြယ္ကပ္ေနတုန္းပဲ။ မုတ္ ေကာင္ဟာလည္း ဆက္တိုက္ မနားတမ္းညႇစ္ ထုတ္ေနလိုက္တာ ေနာက္ဆံုး မွာ အဲဒီမုတ္ေကာင္ရဲ႕ ႏို႔ရည္ၾကည္ေတြဟာ ျပႆနာ အမႈန္ေပၚမွာ အထပ္ထပ္ဖံုး လႊမ္းသြားခဲ့ၿပီး အဖိုးတန္ ပုလဲရတနာ ျဖစ္လာေတာ့တာပါ ပဲ။
ဒီေန႔စီးပြားေရး လုပ္ငန္းေတြသြက္ သြက္လက္လက္ မလုပ္ႏိုင္ဘဲ ေႏွးေကြး သြားၾကတယ္။ အဲဒီလို ေႏွးေကြးသြားေစတဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိေပမဲ့ အေရးတႀကီး ျပဳျပင္ႏိုင္ တာက နည္းနည္းပဲရွိပါတယ္။ အဲဒီထဲကမွ အျဖစ္သင့္ဆံုး အေျပာင္းအလဲကေတာ့ ေခါင္းေဆာင္မႈပံုစံ ေျပာင္းလဲျခင္းပါပဲ။ ေခါင္းေဆာင္မႈ ပံုစံ ေျပာင္းတာဟာ ေခါင္းေဆာင္ ေျပာင္း တာ မဟုတ္ပါဘူး။ ေခါင္းေဆာင္ ကေတာ့ ဒီေခါင္းေဆာင္ပါပဲ။ ဒါေပမဲ့ သူ႔ရဲ႕ ဦးေဆာင္မႈ ပံုစံကိုေျပာင္းလဲ လိုက္ တာပါ။
ေျပာင္းရမယ့္ပံုစံကေတာ့ Do it my way ဆိုတဲ့ အာဏာရွင္ပံုစံကေန Do it your way ဆိုတဲ့ တာဝန္လႊဲေပးမႈပံုစံကို ပထမအဆင့္ ေျပာင္းရပါမယ္။ အဲဒီလို ေျပာင္း ၿပီးေတာ့မွ ‘Follow me and let’s figure this out together’ ဆိုတဲ့ ‘လာ သြားၾကည့္ၿပီး ဘာျဖစ္ တယ္ဆိုတာ အေျဖ ရွာၾကရေအာင္’ ဆိုတဲ့ထိ ေရာက္ ေအာင္ ေျပာင္းႏိုင္ၿပီဆိုရင္ Lean ျဖစ္ပါၿပီ။ သိသာတာကေတာ့ Lean Leader ဆိုသူေတြဟာ ကိုယ့္လုပ္ငန္း၊ ကိုယ့္အဖြဲ႕ အစည္း အတြင္းမွာ ေနရာအႏွံ႔ေရာက္ တတ္ၿပီး ျပႆနာေပါင္းစံုကို အတူတကြ ဝိုင္းဝန္း ေျဖရွင္း တတ္တာပါပဲ။ အဲဒီ ေျဖရွင္းနည္းမ်ိဳးကို Lean Leadership မွာေတြ႕ႏိုင္ပါတယ္။ Lean Leader ဟာ ျပႆနာကို ကိုင္တြယ္တဲ့ေနရာမွာ ‘အထင္’ နဲ႔ ကိုင္တြယ္တာမ်ိဳး မဟုတ္ဘဲ ‘အျမင္’ နဲ႔ကိုင္တြယ္ ေျဖရွင္းပါတယ္။
Lean Leadership ကို တကယ္ ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ခဲ့သူက Toyota ရဲ႕ အႀကီးအကဲ ဖူဂ်ီယိုခ်ိဳပဲျဖစ္ပါတယ္။ Lean Leadership ဟာ ဟင္နရီ ဖို႔ဒ္ လက္ထက္ကတည္းက စတင္သံုး ခဲ့တာပါ။ ဒါေပမဲ့ အဲဒီေခါင္း စဥ္နဲ႔ မဟုတ္ခဲ့ပါဘူး။ ဒီဦးေဆာင္နည္းဟာ တစ္ေန႔၊ တစ္လ၊ တစ္ႏွစ္ သင္ယူလိုက္႐ံုနဲ႔ ၿပီးစီးေအာင္ျမင္ တတ္ ေျမာက္ သြားတာမ်ိဳး မဟုတ္ဘဲ Learn about lean every day ဆိုၿပီး ေန႔စဥ္ ေလ့လာ သင္ယူေနရတာျဖစ္ ပါတယ္။
Lean ရဲ႕ အဓိကခံယူခ်က္ဟာ ‘အေလအလြင့္ကို ရာႏႈန္းျပည့္ ထိန္းခ်ဳပ္ႏိုင္ေရး’ ပဲျဖစ္ပါ တယ္။ Lean Leader ေတြဟာ ႐ံုးတက္၊ ႐ံုးထိုင္တဲ့ေခါင္းေဆာင္ေတြ မဟုတ္ၾကပါဘူး။ သူတို႔ဟာ ျပႆနာျဖစ္ႏိုင္ တဲ့ေနရာ (ျဖစ္ေနတဲ့ေနရာ) ေတြကို ကိုယ္တိုင္ အေရာက္ သြားၿပီး ၾကည့္သူေတြျဖစ္ၾကပါတယ္။ Lean Leader ေတြရဲ႕ခံယူခ်က္ ဟာ Go and See သြားၾကည့္မယ္။ Ask why ဘာေၾကာင့္ ျဖစ္တာလဲလို႔ ေမးမယ္။ Show Respect သက္ ဆိုင္ပတ္သက္သူ ေတြအားလံုး ကို ေလးေလးစားစား ဆက္ဆံမယ္ဆိုတာျဖစ္ပါတယ္။ တကယ္ ေတာ့ Lean Leadership ဆိုတာ ကိုယ့္ကိုယ္ ကိုယ္ စဥ္ဆက္မျပတ္ ေလ့လာ သံုးသပ္ၿပီး တိုးတက္ေန ေအာင္လုပ္တဲ့ လုပ္ငန္းစဥ္ Continuous Personal Improvement ပါပဲ။
Lean Leadership ရယ္လို႔ ေခတ္မစားခင္က Lean ဆိုတဲ့စကားကို အဓိက သံုးစြဲၾက တာက ကုန္ထုတ္လုပ္တဲ့ အခါမွာပါ။ ကုန္ပစၥည္း ထုတ္လုပ္ရာမွာ အေလအလြင့္ အနည္း ဆံုးျဖစ္ေအာင္၊ အခ်ိန္အတို ဆံုးျဖစ္ေအာင္၊ အရည္အေသြး အျမင့္ဆံုးျဖစ္ေအာင္ ထုတ္ လုပ္ႏိုင္တာကို Lean Production လို႔ သံုးႏႈန္းပါ တယ္။ အဲဒီလိုထုတ္လုပ္ႏိုင္ဖို႔ စဥ္းစား ေတြး ေခၚ အႀကံထုတ္တာကို Lean Thinking လို႔ ေခၚပါတယ္။ အဲဒီလိုႀကိဳတင္ေတြးေခၚ ေျမာ္ျမင္ ဦးေဆာင္ သူေတြကို Lean Leader လို႔ေခၚၾကပါတယ္။ “ဒါၿပီးရင္ ဘာ လုပ္မွာလဲ” ဆိုတဲ့ ေမးခြန္းကလည္း Lean Leader ေတြ ေမးေလ့ရွိတဲ့ေမးခြန္းပါ။
တိုယိုတာကုမၸဏီႀကီးက ကုန္ပစၥည္း ထုတ္လုပ္တဲ့အခါမွာ တင္းက်ပ္တဲ့ ေပၚလစီ တစ္ခုခ် မွတ္ခဲ့ပါတယ္။ အဲဒါကေတာ့ “Everything with half of Everything” ပဲျဖစ္ပါတယ္။ သူထုတ္လုပ္မယ့္ပစၥည္း အားလံုး အတြက္ လိုအပ္မယ့္လူ အေရ အတြက္ကို တစ္ဝက္ပဲ သံုးပါတယ္။ သူအသံုးျပဳရမယ့္ေနရာကို တစ္ဝက္ပဲသံုးပါ တယ္။ သူသိုေလွာင္ထားရွိရမယ့္ ကုန္ၾကမ္းအားလံုးကို တစ္ဝက္ပဲ သိုေလွာင္ ထားပါတယ္။ ဒါေပမဲ့ သူ႔ပစၥည္းရဲ႕ အရည္ အေသြးကိုေတာ့ အေကာင္းဆံုး၊ အျမင့္ ဆံုးျဖစ္ရမယ္လို႔ ျပ႒ာန္းခဲ့ပါတယ္။ အဲဒါဟာ Lean ပါပဲ။ Lean ဆိုတာကို အသံုး ေပၚ မူတည္ၿပီး အဓိပၸာယ္ဖြင့္ဆိုမႈ အမ်ိဳးမ်ိဳးရွိပါတယ္။ အဲဒီ အထဲက တစ္ခုဟာ Efficient ဆိုတဲ့ ထိထိေရာက္ေရာက္ လုပ္ႏိုင္စြမ္းကိုယူပါတယ္။ Lean Leadership ကိုဖြင့္ဆိုမယ္ဆိုရင္ ‘ထိေရာက္စြာ ဦးေဆာင္ျခင္း’ လို႔ ဆိုႏိုင္ပါ တယ္။
ေကာင္းပါၿပီ။ ထိထိေရာက္ေရာက္ ဦးေဆာင္မႈ ေပးႏိုင္ဖို႔ဘာလိုပါသလဲ။ အ႐ိုး ရွင္းဆံုး အေျဖက “Priority” ဆိုတဲ့ “ဦးစားေပးမႈ” ပါပဲ။ အမွန္တကယ္ အလုပ္သင့္ ဆံုးအလုပ္ကို ဦးစားေပးလုပ္တာဟာ Lean Leadership မွာ အေရးအပါဆံုးပါ။ အဲဒီ လိုအလုပ္သင့္ဆံုး အလုပ္ကို ေရြးခ်ယ္ၿပီးတာနဲ႔ Waste Elimination ဆိုတဲ့ အပ်က္အစီး အေလအလြင့္ နည္း ပါးေစ႐ံုမဟုတ္ဘဲ လံုးဝဥႆံုမရွိရေလေအာင္ ဦးေဆာင္စီမံဖို႔ ပါပဲ။ Lean Leader ဟာ သူဦးေဆာင္ရတဲ့ ကာလမွာ သူနဲ႔အတူ လက္တြဲလုပ္ေဆာင္ၾက မယ့္ စီမံခန္႔ခြဲေရး သမား ေတြကို Zero Waste ျဖစ္ ေအာင္ စီမံဖို႔ မွာၾကား႐ံုတင္ မကဘဲ သူတို႔နဲ႔ အနီးကပ္ေနၿပီး လုပ္ရပ္ေတြကို ေစာင့္ၾကည့္ေနရမွာျဖစ္ပါတယ္။ Lean Leader က အကုန္အက် အသက္ သာဆံုးျဖစ္ ေအာင္လုပ္ပါလို႔ အမိန္႔ေပးတာဟာ ေငြကုန္ ေၾကးက်သက္သာ႐ံု တစ္ခု တည္း မဟုတ္ဘဲ သူ႔ကိုေမွ်ာ္လင့္ေနၾကတဲ့ စားသံုးသူေတြ၊ ေဖာက္သည္ေတြကို တန္ဖိုးတစ္ခုခု ေပးႏိုင္ဖို႔ ရည္ရြယ္တာပါ။
တကယ္ေတာ့ Lean Leader ရဲ႕ ဦးေဆာင္မႈပံုစံဟာ ေပါေခ်ာင္ေကာင္း ပံုစံ မဟုတ္ပါဘူး။ အစစအရာရာ ေခြ်တာျခစ္ ျခဳတ္ၿပီး အေရအတြက္သာရွိကာ အရည္ အေသြးညံ့ညံ့ေတြ ထြက္လာေအာင္ ဦး ေဆာင္တဲ့ပံုစံမ်ိဳးလည္း မဟုတ္ ပါဘူး။ သူ ေခြ်တာျခစ္ျခဳတ္ လိုက္တာ ဟာ အပိုတစ္စက္ မွမကုန္က် ရေလေအာင္ ညႇစ္လိုက္ျခင္းသာ ျဖစ္ပါတယ္။ အဲဒီလိုညႇစ္ လိုက္တဲ့အတြက္ အေကာင္းဆံုး၊ အသန္မာဆံုးဆိုတာေတြပဲ ထြက္လာပါတယ္။ ဒါဟာ Lean Leader ရဲ႕ ပံုစံပါ။
အဲဒီလို ေခါင္းေဆာင္ေတြဟာ အဖြဲ႕အစည္းတစ္ခုလံုးရဲ႕ ေနရာအႏွံ႔ကို ေရာက္ပါ တယ္။ မသိေသးတာ ကိုလည္း သိေအာင္ သင္ယူပါတယ္။ သိသြားရင္လည္း ပိုေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာကို စဥ္းစားပါ တယ္။ သူဟာ ေအာက္ေျခနဲ႔ အထိအေတြ႕ မ်ားတဲ့ အတြက္ ေအာက္ေျခက ငယ္သားေတြရဲ႕ ခံစားခ်က္ေတြကို ေသေသ ခ်ာခ်ာသိပါတယ္။ ေအာက္ေျခရဲ႕အင္အား ကို Lean Leader က ေကာင္းေကာင္း နား လည္ပါတယ္။ ဘယ္ အဖြဲ႕အစည္းမွာမဆို ေအာက္ေျခမွာ လူမ်ားၿပီး အေပၚပိုင္းေရာက္ေလေလ နည္းသြား ေလေလ ပါပဲ။ ဒါေၾကာင့္ အဲဒီလိုေခါင္းေဆာင္ေတြဟာ ေအာက္ေျခေနရာ အႏွံ႔ကို သြက္သြက္ လက္လက္ ေရာက္ေအာင္သြားၿပီး ထိေတြ႕ဆက္ဆံေလ့ရွိပါ တယ္။
အဖြဲ႕အစည္းတစ္ခုတည္းမွာ Lean Leader ေတြတစ္ေယာက္မကရွိႏိုင္ပါတယ္။ (ရွိတာ ကေကာင္းပါ တယ္)။ အဲဒီလိုရွိေနတဲ့ ေခါင္းေဆာင္ေတြဟာ ရာထူး အသီးသီးမွာ ပံုစံ အသီးသီးနဲ႔ ရွိေနတာျဖစ္ပါ တယ္။ Lean Leader ေတြရဲ႕ အေတြးထဲမွာ အၿမဲတမ္း စိုးမိုးေနတဲ့ အခ်က္က Alternative ဆိုတဲ့ အစားထိုးအသံုးဝင္မႈဟာ ဘာလဲဆိုတာပါပဲ။ ‘ဒါမဟုတ္ရင္ ဒါ’ ဆိုတဲ့အေတြးဟာ Lean Leader ေတြရဲ႕ အေတြးပါ။ အရည္အေသြး ေကာင္းေကာင္းနဲ႔ အလုပ္ ျဖစ္ေအာင္လုပ္ႏိုင္ဖို႔ ကိစၥကိုပဲ အၿမဲတမ္း ေတြးေနသူေတြ ျဖစ္ၾကပါတယ္။ ‘ျမန္၊ ေကာင္း၊ သက္သာ’ ဆိုတဲ့ အထဲက Lean Leader ေတြေမွ်ာ္လင့္ တာက ႏွစ္မ်ိဳးသာ ျဖစ္ပါတယ္။
ျမန္ျမန္ဆန္ဆန္ ၿပီးေအာင္လုပ္မယ္၊ အရည္အေသြးလည္း ေကာင္းမယ္ဆိုရင္ ေဈးမသက္ သာ ႏိုင္ပါဘူး။ အရည္အေသြးေကာင္းမယ္၊ ေဈးသက္သာမယ္ဆိုရင္ မျမန္ႏိုင္ပါဘူး။ ေဈး သက္သာမယ္၊ ျမန္ ျမန္ၿပီးမယ္ဆိုရင္ အရည္အေသြး မေကာင္း ႏိုင္ပါဘူး။ ဒါေၾကာင့္ Lean Leadership လို႔ေျပာၿပီး ထိထိေရာက္ ေရာက္ဦးေဆာင္ခ်င္တာဆိုရင္ ‘ျမန္၊ ေကာင္း၊ သက္ သာ’ ဆို တဲ့အေတြးထဲက ျဖစ္ႏိုင္ေျခႏွစ္ခုကိုပဲ ေရြး ခ်ယ္ရမွာပါ။ Lean Leader ရဲ႕ပင္မ အလုပ္ကလည္း အနာဂတ္အျမင္ကို ေမွ်ာ္ၾကည့္ တတ္ဖို႔ပါပဲ။ ဗ်ဴဟာကို နားလည္ဖို႔ပါပဲ။ စိတ္ရွည္ဖို႔၊ ဇြဲေကာင္းဖို႔ပါပဲ။ Lean Leadership ဟာ ေမာ္ေတာ္ဆိုင္ကယ္ စီးသလိုပါပဲ။ အင္ဂ်င္ပါဝါနဲ႔ သြားေနတဲ့ ေမာ္ေတာ္ဆိုင္ကယ္ရဲ႕အရွိန္ကို ထိန္းရေက်ာင္းရ တာဟာလည္း စီးသူရဲ႕အလုပ္ျဖစ္သလို ကိုယ္သြားေစခ်င္တဲ့ဆီကို အလိုက္ သင့္ေရြ႕လ်ားသြား ေစဖို႔ ထိန္းေက်ာင္း လမ္းၫႊန္ပဲ့ကိုင္ ရတာဟာလည္း စီးသူရဲ႕ အလုပ္ပါပဲ။ သူ႔ကို လိမ္လိမ္မာမာ ထိထိေရာက္ ေရာက္ ထိန္း ေက်ာင္း စီမံႏိုင္ပါမွ ကိုယ္လိုရာကို အခ်ိန္မီ အႏၱရာယ္ကင္း ကင္းနဲ႔ ေခ်ာေခ်ာေမာေမာ ေရာက္မွာေလ။
Lean Leader ေတြဟာ သူတို႔ ဆီကို ေန႔စဥ္နဲ႔အမွ် ေရာက္လာေလ့ရွိတဲ့ ေကာလာ ဟလ ေတြ၊ အတင္းအဖ်င္းေတြ၊ သတင္းအမွားေတြကို ကိန္းဂဏန္း အခ်က္အလက္ အားကိုးနဲ႔ စစ္ထုတ္လိုက္ၾကပါ တယ္။ သူတို႔ရဲ႕ အေျခခံအုတ္ ျမစ္ကေတာ့ ‘မေၾကာက္ျခင္း’ ပါပဲ။ Lean Leader ေတြ ဟာ အဲဒီမေၾကာက္ျခင္း သေဘာတရား ေတြကို သူနဲ႔လက္တြဲၾကတဲ့ စီမံခန္႔ခြဲသူေတြ ကိုလည္း ထည့္သြင္း ေပးပါတယ္။ သူဟာ သူ႔လူေတြရဲ႕ လိုအပ္ခ်က္ေတြကို သိေအာင္၊ ျမင္ေအာင္ လိုက္ၾကည့္ၿပီး ဖြံ႕ၿဖိဳးတိုးတက္လာေအာင္၊ စိတ္ဓာတ္ေတြျမင့္တက္ လာေအာင္၊ လုပ္ခ်င္ကိုင္ခ်င္စိတ္ေတြ တိုးလာေအာင္ လုပ္ေပးေလ့ရွိပါတယ္။ ဒီေနရာမွာ ေမးခြန္းတစ္ခု ေမးစရာ ရွိလာပါတယ္။ Lean Leadership ဆိုတာ Six Sigma လား။ Lean Leader က Six Sigma နည္းလမ္းေတြ အသံုးျပဳၿပီး ဦးေဆာင္ တာလား ဆိုတဲ့ ေမးခြန္းပါ။ ဆက္စပ္လို႔ရပါတယ္၊ ေပါင္းစည္းလို႔ရပါတယ္။ ဒါေပမဲ့ Lean နဲ႔ Six Sigma နဲ႔မတူပါဘူး။
– Lean ေခါင္းေဆာင္က အေလ အလြင့္လံုးဝမရွိေရးကိုအာ႐ံုစိုက္ တယ္။ Six Sigma က မတူညီမႈဆိုတဲ့ (Variation) ေတြကို ေလွ်ာ့ခ် ဖို႔ အာ႐ံုစိုက္တယ္။
– Lean ေခါင္းေဆာင္က အျမန္ႏႈန္း ကိုျမႇင့္တယ္။ Six Sigma က အရည္အေသြးပို ေကာင္းေအာင္ လုပ္တယ္။
– Lean ေခါင္းေဆာင္က သူဦးေဆာင္တဲ့ အလုပ္မွာ တန္ဖိုးတက္မလာႏိုင္တဲ့ ကိစၥ ရပ္ေတြကို ေလွ်ာ့ခ်တယ္။ Six Sigma က သူလုပ္ကိုင္တဲ့အဆင့္ တိုင္းမွာ မတူညီႏိုင္တဲ့ Variation ေတြကို ရေအာင္ေလွ်ာ့ခ်တယ္။
– Lean ေခါင္းေဆာင္က အလုပ္လုပ္တဲ့ အဆင့္တိုင္းကို ခ်ိတ္ဆက္မိ ေအာင္ လုပ္တယ္။ Six Sigma က လုပ္စရာရွိတဲ့ အဆင့္တိုင္းကို အေကာင္းဆံုး ျဖစ္ေအာင္ လုပ္တယ္။
– Lean ေကာ Six Sigma ပါ ကိုယ့္ရဲ႕ေဖာက္သည္ကို ဂ႐ုစိုက္လြန္း၊ အေလးထားလြန္း တဲ့ေနရာမွာ တူညီၾကတယ္။
ဒီလိုႏိႈင္းယွဥ္ ၾကည့္လိုက္ေတာ့ Lean ရဲ႕အားသာခ်က္က ‘Speed’ အျမန္ ႏႈန္း ျဖစ္ၿပီး Six Sigma ရဲ႕ အားသာခ်က္က ‘Accuracy’ ေစ့စပ္ေသခ်ာမႈျဖစ္တာကို ေတြ႕ရတယ္။ အဲဒီအား သာခ်က္ ႏွစ္ခုစလံုးကို ေသေသခ်ာခ်ာ ေပါင္းစပ္ႏိုင္မယ္ဆိုရင္ ၿပီးျပည့္စံုတဲ့ဦးေဆာင္မႈ Perfect Leadership ျဖစ္လာမွာ အေသအခ်ာ ပါပဲ။ Lean Leader ေတြဟာ တကယ့္ကို လႈပ္ရွားသြက္လက္တဲ့ ေခါင္းေဆာင္ ေတြျဖစ္ဖို႔လိုပါတယ္။ ‘Do as I do’ ငါလုပ္သလို လုပ္ဆိုတဲ့ ေခါင္း ေဆာင္မ်ိဳးေတြပါ။ သူတို႔ဟာ အေျပာင္းအလဲကို ႏွစ္သက္တတ္ၾကၿပီး ရေအာင္ ေျပာင္းလဲႏိုင္ သူေတြျဖစ္ၾကပါတယ္။
ဒီေန႔ထိပ္တန္းမွာ ေအာင္ျမင္ေနၿပီး ေရွ႕ဆံုးကေန ဦးေဆာင္ေနၾကတဲ့အဖြဲ႕ အစည္း ေတြ၊ လုပ္ငန္းေတြ ကိုၾကည့္မယ္ဆိုရင္ သူတို႔ရဲ႕ ဦးေဆာင္မႈပံုစံဟာ Lean နဲ႔ Six Sigma ကို တစ္နည္းနည္းနဲ႔ေပါင္းစပ္ထားေၾကာင္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ အဖြဲ႕အစည္းတစ္ခု၊ လုပ္ငန္းတစ္ခု၊ ကုမၸဏီတစ္ခုဟာ ဦးေဆာင္သူ ေနရာမွာ ဆက္ၿပီး ရွင္သန္ခ်င္တယ္ဆိုရင္ ဒါကို ခါးဝတ္ပုဆိုးလို ၿမဲၿမဲၿမံၿမံ က်င့္သံုး ဖို႔ လိုပါတယ္။
ေကာင္းလြန္း
Koung Loon
#MyanmarB2BManagementMagazine,May2018
(Unicode)

ထိရောက်ထက်မြက်စွာ
ဦးဆောင်ခြင်း (Lean Leadership)
++++++++++++++++++++++++++++

ပြဿနာဟာ ယားယံစေတတ်တယ်။ ဥပမာ ပေးရရင် မုတ်ကောင်ဟာ သူ့ ဘာသာသူ နေတာပဲ။ အဲဒီထဲကို ပြဿနာဆိုတဲ့ အမှုန် တစ်မှုန် ရောက်လာ ခဲ့တယ်။ ယားလိုက်တာ။ မုတ်ကောင်ဟာ အမှုန်ကပေးတဲ့ယားယံမှု ပြဿနာကို ဖယ်ရှားဖြေရှင်းဖို့အတွက် သူ့ခန္ဓာကိုယ်ထဲက နို့ရည်ကြည်ကို ညှစ်ထုတ်ပြီး တွန်း ဖယ်ကြည့်တယ်။ ဒါပေမဲ့ မရဘူး။ ပြဿနာ ဟာ တွယ်ကပ်နေတုန်းပဲ။ မုတ် ကောင်ဟာလည်း ဆက်တိုက် မနားတမ်းညှစ် ထုတ်နေလိုက်တာ နောက်ဆုံး မှာ အဲဒီမုတ်ကောင်ရဲ့ နို့ရည်ကြည်တွေဟာ ပြဿနာ အမှုန်ပေါ်မှာ အထပ်ထပ်ဖုံး လွှမ်းသွားခဲ့ပြီး အဖိုးတန် ပုလဲရတနာ ဖြစ်လာတော့တာပါ ပဲ။

ဒီနေ့စီးပွားရေး လုပ်ငန်းတွေသွက် သွက်လက်လက် မလုပ်နိုင်ဘဲ နှေးကွေး သွားကြတယ်။ အဲဒီလို နှေးကွေးသွားစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမဲ့ အရေးတကြီး ပြုပြင်နိုင် တာက နည်းနည်းပဲရှိပါတယ်။ အဲဒီထဲကမှ အဖြစ်သင့်ဆုံး အပြောင်းအလဲကတော့ ခေါင်းဆောင်မှုပုံစံ ပြောင်းလဲခြင်းပါပဲ။ ခေါင်းဆောင်မှု ပုံစံ ပြောင်းတာဟာ ခေါင်းဆောင် ပြောင်း တာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကတော့ ဒီခေါင်းဆောင်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ဦးဆောင်မှု ပုံစံကိုပြောင်းလဲ လိုက် တာပါ။

ပြောင်းရမယ့်ပုံစံကတော့ Do it my way ဆိုတဲ့ အာဏာရှင်ပုံစံကနေ Do it your way ဆိုတဲ့ တာဝန်လွှဲပေးမှုပုံစံကို ပထမအဆင့် ပြောင်းရပါမယ်။ အဲဒီလို ပြောင်း ပြီးတော့မှ ‘Follow me and let’s figure this out together’ ဆိုတဲ့ ‘လာ သွားကြည့်ပြီး ဘာဖြစ် တယ်ဆိုတာ အဖြေ ရှာကြရအောင်’ ဆိုတဲ့ထိ ရောက် အောင် ပြောင်းနိုင်ပြီဆိုရင် Lean ဖြစ်ပါပြီ။ သိသာတာကတော့ Lean Leader ဆိုသူတွေဟာ ကိုယ့်လုပ်ငန်း၊ ကိုယ့်အဖွဲ့ အစည်း အတွင်းမှာ နေရာအနှံ့ရောက် တတ်ပြီး ပြဿနာပေါင်းစုံကို အတူတကွ ဝိုင်းဝန်း ဖြေရှင်း တတ်တာပါပဲ။ အဲဒီ ဖြေရှင်းနည်းမျိုးကို Lean Leadership မှာတွေ့နိုင်ပါတယ်။ Lean Leader ဟာ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ‘အထင်’ နဲ့ ကိုင်တွယ်တာမျိုး မဟုတ်ဘဲ ‘အမြင်’ နဲ့ကိုင်တွယ် ဖြေရှင်းပါတယ်။

Lean Leadership ကို တကယ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သူက Toyota ရဲ့ အကြီးအကဲ ဖူဂျီယိုချိုပဲဖြစ်ပါတယ်။ Lean Leadership ဟာ ဟင်နရီ ဖို့ဒ် လက်ထက်ကတည်းက စတင်သုံး ခဲ့တာပါ။ ဒါပေမဲ့ အဲဒီခေါင်း စဉ်နဲ့ မဟုတ်ခဲ့ပါဘူး။ ဒီဦးဆောင်နည်းဟာ တစ်နေ့၊ တစ်လ၊ တစ်နှစ် သင်ယူလိုက်ရုံနဲ့ ပြီးစီးအောင်မြင် တတ် မြောက် သွားတာမျိုး မဟုတ်ဘဲ Learn about lean every day ဆိုပြီး နေ့စဉ် လေ့လာ သင်ယူနေရတာဖြစ် ပါတယ်။

Lean ရဲ့ အဓိကခံယူချက်ဟာ ‘အလေအလွင့်ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရေး’ ပဲဖြစ်ပါ တယ်။ Lean Leader တွေဟာ ရုံးတက်၊ ရုံးထိုင်တဲ့ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး။ သူတို့ဟာ ပြဿနာဖြစ်နိုင် တဲ့နေရာ (ဖြစ်နေတဲ့နေရာ) တွေကို ကိုယ်တိုင် အရောက် သွားပြီး ကြည့်သူတွေဖြစ်ကြပါတယ်။ Lean Leader တွေရဲ့ခံယူချက် ဟာ Go and See သွားကြည့်မယ်။ Ask why ဘာကြောင့် ဖြစ်တာလဲလို့ မေးမယ်။ Show Respect သက် ဆိုင်ပတ်သက်သူ တွေအားလုံး ကို လေးလေးစားစား ဆက်ဆံမယ်ဆိုတာဖြစ်ပါတယ်။ တကယ် တော့ Lean Leadership ဆိုတာ ကိုယ့်ကိုယ် ကိုယ် စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး တိုးတက်နေ အောင်လုပ်တဲ့ လုပ်ငန်းစဉ် Continuous Personal Improvement ပါပဲ။

Lean Leadership ရယ်လို့ ခေတ်မစားခင်က Lean ဆိုတဲ့စကားကို အဓိက သုံးစွဲကြ တာက ကုန်ထုတ်လုပ်တဲ့ အခါမှာပါ။ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ အလေအလွင့် အနည်း ဆုံးဖြစ်အောင်၊ အချိန်အတို ဆုံးဖြစ်အောင်၊ အရည်အသွေး အမြင့်ဆုံးဖြစ်အောင် ထုတ် လုပ်နိုင်တာကို Lean Production လို့ သုံးနှုန်းပါ တယ်။ အဲဒီလိုထုတ်လုပ်နိုင်ဖို့ စဉ်းစား တွေး ခေါ် အကြံထုတ်တာကို Lean Thinking လို့ ခေါ်ပါတယ်။ အဲဒီလိုကြိုတင်တွေးခေါ် မြော်မြင် ဦးဆောင် သူတွေကို Lean Leader လို့ခေါ်ကြပါတယ်။ “ဒါပြီးရင် ဘာ လုပ်မှာလဲ” ဆိုတဲ့ မေးခွန်းကလည်း Lean Leader တွေ မေးလေ့ရှိတဲ့မေးခွန်းပါ။

တိုယိုတာကုမ္ပဏီကြီးက ကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါမှာ တင်းကျပ်တဲ့ ပေါ်လစီ တစ်ခုချ မှတ်ခဲ့ပါတယ်။ အဲဒါကတော့ “Everything with half of Everything” ပဲဖြစ်ပါတယ်။ သူထုတ်လုပ်မယ့်ပစ္စည်း အားလုံး အတွက် လိုအပ်မယ့်လူ အရေ အတွက်ကို တစ်ဝက်ပဲ သုံးပါတယ်။ သူအသုံးပြုရမယ့်နေရာကို တစ်ဝက်ပဲသုံးပါ တယ်။ သူသိုလှောင်ထားရှိရမယ့် ကုန်ကြမ်းအားလုံးကို တစ်ဝက်ပဲ သိုလှောင် ထားပါတယ်။ ဒါပေမဲ့ သူ့ပစ္စည်းရဲ့ အရည် အသွေးကိုတော့ အကောင်းဆုံး၊ အမြင့် ဆုံးဖြစ်ရမယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါဟာ Lean ပါပဲ။ Lean ဆိုတာကို အသုံး ပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိပါတယ်။ အဲဒီ အထဲက တစ်ခုဟာ Efficient ဆိုတဲ့ ထိထိရောက်ရောက် လုပ်နိုင်စွမ်းကိုယူပါတယ်။ Lean Leadership ကိုဖွင့်ဆိုမယ်ဆိုရင် ‘ထိရောက်စွာ ဦးဆောင်ခြင်း’ လို့ ဆိုနိုင်ပါ တယ်။

ကောင်းပါပြီ။ ထိထိရောက်ရောက် ဦးဆောင်မှု ပေးနိုင်ဖို့ဘာလိုပါသလဲ။ အရိုး ရှင်းဆုံး အဖြေက “Priority” ဆိုတဲ့ “ဦးစားပေးမှု” ပါပဲ။ အမှန်တကယ် အလုပ်သင့် ဆုံးအလုပ်ကို ဦးစားပေးလုပ်တာဟာ Lean Leadership မှာ အရေးအပါဆုံးပါ။ အဲဒီ လိုအလုပ်သင့်ဆုံး အလုပ်ကို ရွေးချယ်ပြီးတာနဲ့ Waste Elimination ဆိုတဲ့ အပျက်အစီး အလေအလွင့် နည်း ပါးစေရုံမဟုတ်ဘဲ လုံးဝဥဿုံမရှိရလေအောင် ဦးဆောင်စီမံဖို့ ပါပဲ။ Lean Leader ဟာ သူဦးဆောင်ရတဲ့ ကာလမှာ သူနဲ့အတူ လက်တွဲလုပ်ဆောင်ကြ မယ့် စီမံခန့်ခွဲရေး သမား တွေကို Zero Waste ဖြစ် အောင် စီမံဖို့ မှာကြားရုံတင် မကဘဲ သူတို့နဲ့ အနီးကပ်နေပြီး လုပ်ရပ်တွေကို စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ Lean Leader က အကုန်အကျ အသက် သာဆုံးဖြစ် အောင်လုပ်ပါလို့ အမိန့်ပေးတာဟာ ငွေကုန် ကြေးကျသက်သာရုံ တစ်ခု တည်း မဟုတ်ဘဲ သူ့ကိုမျှော်လင့်နေကြတဲ့ စားသုံးသူတွေ၊ ဖောက်သည်တွေကို တန်ဖိုးတစ်ခုခု ပေးနိုင်ဖို့ ရည်ရွယ်တာပါ။

တကယ်တော့ Lean Leader ရဲ့ ဦးဆောင်မှုပုံစံဟာ ပေါချောင်ကောင်း ပုံစံ မဟုတ်ပါဘူး။ အစစအရာရာ ချွေတာခြစ် ခြုတ်ပြီး အရေအတွက်သာရှိကာ အရည် အသွေးညံ့ညံ့တွေ ထွက်လာအောင် ဦး ဆောင်တဲ့ပုံစံမျိုးလည်း မဟုတ် ပါဘူး။ သူ ချွေတာခြစ်ခြုတ် လိုက်တာ ဟာ အပိုတစ်စက် မှမကုန်ကျ ရလေအောင် ညှစ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဲဒီလိုညှစ် လိုက်တဲ့အတွက် အကောင်းဆုံး၊ အသန်မာဆုံးဆိုတာတွေပဲ ထွက်လာပါတယ်။ ဒါဟာ Lean Leader ရဲ့ ပုံစံပါ။

အဲဒီလို ခေါင်းဆောင်တွေဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ နေရာအနှံ့ကို ရောက်ပါ တယ်။ မသိသေးတာ ကိုလည်း သိအောင် သင်ယူပါတယ်။ သိသွားရင်လည်း ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားပါ တယ်။ သူဟာ အောက်ခြေနဲ့ အထိအတွေ့ များတဲ့ အတွက် အောက်ခြေက ငယ်သားတွေရဲ့ ခံစားချက်တွေကို သေသေ ချာချာသိပါတယ်။ အောက်ခြေရဲ့အင်အား ကို Lean Leader က ကောင်းကောင်း နား လည်ပါတယ်။ ဘယ် အဖွဲ့အစည်းမှာမဆို အောက်ခြေမှာ လူများပြီး အပေါ်ပိုင်းရောက်လေလေ နည်းသွား လေလေ ပါပဲ။ ဒါကြောင့် အဲဒီလိုခေါင်းဆောင်တွေဟာ အောက်ခြေနေရာ အနှံ့ကို သွက်သွက် လက်လက် ရောက်အောင်သွားပြီး ထိတွေ့ဆက်ဆံလေ့ရှိပါ တယ်။

အဖွဲ့အစည်းတစ်ခုတည်းမှာ Lean Leader တွေတစ်ယောက်မကရှိနိုင်ပါတယ်။ (ရှိတာ ကကောင်းပါ တယ်)။ အဲဒီလိုရှိနေတဲ့ ခေါင်းဆောင်တွေဟာ ရာထူး အသီးသီးမှာ ပုံစံ အသီးသီးနဲ့ ရှိနေတာဖြစ်ပါ တယ်။ Lean Leader တွေရဲ့ အတွေးထဲမှာ အမြဲတမ်း စိုးမိုးနေတဲ့ အချက်က Alternative ဆိုတဲ့ အစားထိုးအသုံးဝင်မှုဟာ ဘာလဲဆိုတာပါပဲ။ ‘ဒါမဟုတ်ရင် ဒါ’ ဆိုတဲ့အတွေးဟာ Lean Leader တွေရဲ့ အတွေးပါ။ အရည်အသွေး ကောင်းကောင်းနဲ့ အလုပ် ဖြစ်အောင်လုပ်နိုင်ဖို့ ကိစ္စကိုပဲ အမြဲတမ်း တွေးနေသူတွေ ဖြစ်ကြပါတယ်။ ‘မြန်၊ ကောင်း၊ သက်သာ’ ဆိုတဲ့ အထဲက Lean Leader တွေမျှော်လင့် တာက နှစ်မျိုးသာ ဖြစ်ပါတယ်။

မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်မယ်၊ အရည်အသွေးလည်း ကောင်းမယ်ဆိုရင် ဈေးမသက် သာ နိုင်ပါဘူး။ အရည်အသွေးကောင်းမယ်၊ ဈေးသက်သာမယ်ဆိုရင် မမြန်နိုင်ပါဘူး။ ဈေး သက်သာမယ်၊ မြန် မြန်ပြီးမယ်ဆိုရင် အရည်အသွေး မကောင်း နိုင်ပါဘူး။ ဒါကြောင့် Lean Leadership လို့ပြောပြီး ထိထိရောက် ရောက်ဦးဆောင်ချင်တာဆိုရင် ‘မြန်၊ ကောင်း၊ သက် သာ’ ဆို တဲ့အတွေးထဲက ဖြစ်နိုင်ခြေနှစ်ခုကိုပဲ ရွေး ချယ်ရမှာပါ။ Lean Leader ရဲ့ပင်မ အလုပ်ကလည်း အနာဂတ်အမြင်ကို မျှော်ကြည့် တတ်ဖို့ပါပဲ။ ဗျူဟာကို နားလည်ဖို့ပါပဲ။ စိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့ပါပဲ။ Lean Leadership ဟာ မော်တော်ဆိုင်ကယ် စီးသလိုပါပဲ။ အင်ဂျင်ပါဝါနဲ့ သွားနေတဲ့ မော်တော်ဆိုင်ကယ်ရဲ့အရှိန်ကို ထိန်းရကျောင်းရ တာဟာလည်း စီးသူရဲ့အလုပ်ဖြစ်သလို ကိုယ်သွားစေချင်တဲ့ဆီကို အလိုက် သင့်ရွေ့လျားသွား စေဖို့ ထိန်းကျောင်း လမ်းညွှန်ပဲ့ကိုင် ရတာဟာလည်း စီးသူရဲ့ အလုပ်ပါပဲ။ သူ့ကို လိမ်လိမ်မာမာ ထိထိရောက် ရောက် ထိန်း ကျောင်း စီမံနိုင်ပါမှ ကိုယ်လိုရာကို အချိန်မီ အန္တရာယ်ကင်း ကင်းနဲ့ ချောချောမောမော ရောက်မှာလေ။

Lean Leader တွေဟာ သူတို့ ဆီကို နေ့စဉ်နဲ့အမျှ ရောက်လာလေ့ရှိတဲ့ ကောလာ ဟလ တွေ၊ အတင်းအဖျင်းတွေ၊ သတင်းအမှားတွေကို ကိန်းဂဏန်း အချက်အလက် အားကိုးနဲ့ စစ်ထုတ်လိုက်ကြပါ တယ်။ သူတို့ရဲ့ အခြေခံအုတ် မြစ်ကတော့ ‘မကြောက်ခြင်း’ ပါပဲ။ Lean Leader တွေ ဟာ အဲဒီမကြောက်ခြင်း သဘောတရား တွေကို သူနဲ့လက်တွဲကြတဲ့ စီမံခန့်ခွဲသူတွေ ကိုလည်း ထည့်သွင်း ပေးပါတယ်။ သူဟာ သူ့လူတွေရဲ့ လိုအပ်ချက်တွေကို သိအောင်၊ မြင်အောင် လိုက်ကြည့်ပြီး ဖွံ့ဖြိုးတိုးတက်လာအောင်၊ စိတ်ဓာတ်တွေမြင့်တက် လာအောင်၊ လုပ်ချင်ကိုင်ချင်စိတ်တွေ တိုးလာအောင် လုပ်ပေးလေ့ရှိပါတယ်။ ဒီနေရာမှာ မေးခွန်းတစ်ခု မေးစရာ ရှိလာပါတယ်။ Lean Leadership ဆိုတာ Six Sigma လား။ Lean Leader က Six Sigma နည်းလမ်းတွေ အသုံးပြုပြီး ဦးဆောင် တာလား ဆိုတဲ့ မေးခွန်းပါ။ ဆက်စပ်လို့ရပါတယ်၊ ပေါင်းစည်းလို့ရပါတယ်။ ဒါပေမဲ့ Lean နဲ့ Six Sigma နဲ့မတူပါဘူး။

– Lean ခေါင်းဆောင်က အလေ အလွင့်လုံးဝမရှိရေးကိုအာရုံစိုက် တယ်။ Six Sigma က မတူညီမှုဆိုတဲ့ (Variation) တွေကို လျှော့ချ ဖို့ အာရုံစိုက်တယ်။

– Lean ခေါင်းဆောင်က အမြန်နှုန်း ကိုမြှင့်တယ်။ Six Sigma က အရည်အသွေးပို ကောင်းအောင် လုပ်တယ်။

– Lean ခေါင်းဆောင်က သူဦးဆောင်တဲ့ အလုပ်မှာ တန်ဖိုးတက်မလာနိုင်တဲ့ ကိစ္စ ရပ်တွေကို လျှော့ချတယ်။ Six Sigma က သူလုပ်ကိုင်တဲ့အဆင့် တိုင်းမှာ မတူညီနိုင်တဲ့ Variation တွေကို ရအောင်လျှော့ချတယ်။

– Lean ခေါင်းဆောင်က အလုပ်လုပ်တဲ့ အဆင့်တိုင်းကို ချိတ်ဆက်မိ အောင် လုပ်တယ်။ Six Sigma က လုပ်စရာရှိတဲ့ အဆင့်တိုင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။

– Lean ကော Six Sigma ပါ ကိုယ့်ရဲ့ဖောက်သည်ကို ဂရုစိုက်လွန်း၊ အလေးထားလွန်း တဲ့နေရာမှာ တူညီကြတယ်။

ဒီလိုနှိုင်းယှဉ် ကြည့်လိုက်တော့ Lean ရဲ့အားသာချက်က ‘Speed’ အမြန် နှုန်း ဖြစ်ပြီး Six Sigma ရဲ့ အားသာချက်က ‘Accuracy’ စေ့စပ်သေချာမှုဖြစ်တာကို တွေ့ရတယ်။ အဲဒီအား သာချက် နှစ်ခုစလုံးကို သေသေချာချာ ပေါင်းစပ်နိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ဦးဆောင်မှု Perfect Leadership ဖြစ်လာမှာ အသေအချာ ပါပဲ။ Lean Leader တွေဟာ တကယ့်ကို လှုပ်ရှားသွက်လက်တဲ့ ခေါင်းဆောင် တွေဖြစ်ဖို့လိုပါတယ်။ ‘Do as I do’ ငါလုပ်သလို လုပ်ဆိုတဲ့ ခေါင်း ဆောင်မျိုးတွေပါ။ သူတို့ဟာ အပြောင်းအလဲကို နှစ်သက်တတ်ကြပြီး ရအောင် ပြောင်းလဲနိုင် သူတွေဖြစ်ကြပါတယ်။

ဒီနေ့ထိပ်တန်းမှာ အောင်မြင်နေပြီး ရှေ့ဆုံးကနေ ဦးဆောင်နေကြတဲ့အဖွဲ့ အစည်း တွေ၊ လုပ်ငန်းတွေ ကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ ဦးဆောင်မှုပုံစံဟာ Lean နဲ့ Six Sigma ကို တစ်နည်းနည်းနဲ့ပေါင်းစပ်ထားကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခုဟာ ဦးဆောင်သူ နေရာမှာ ဆက်ပြီး ရှင်သန်ချင်တယ်ဆိုရင် ဒါကို ခါးဝတ်ပုဆိုးလို မြဲမြဲမြံမြံ ကျင့်သုံး ဖို့ လိုပါတယ်။

ကောင်းလွန်း
Koung Loon
#MyanmarB2BManagementMagazine,May2018

LEAVE A REPLY

Please enter your comment!
Please enter your name here