ေသခါနီးအခ်ိန္
■■■■■■■
ေသခါနီးမွာ အလြန္အေရးႀကီးတယ္။
ေသခါနီးအခ်ိန္ေရာက္ေနၿပီဆိုလုိ႔ရွိရင္
ဗမာေတြမွာ ေတာ္ေတာ္မ်ားမ်ားက
လူမမာနားလာၿပီး ေတာင္ေျပာေျမာက္ေျပာ
“ဒီေတာင္က ေက်ာ္ႏုိင္မယ္ မထင္ပါဘူး”
ဟိုကေတာ့ ေမ့ေနတာမွမဟုတ္တာ။
ၾကားေနတာ။ အဲဒီလိုေတြေျပာ။
“ဘဏ္စာအုပ္ေတြ ေမးထားလိုက္ရဲ႕လား။”
“လက္မွတ္ထိုးလိုက္ရဲ႕လားလုိ႔ ေမးတဲ့လူက ေမး၊”
“စိန္နားကပ္ ဘယ္နားထားတုန္း”တုိ႔။
အဲဒါမ်ဳိးေတြက မလုပ္ထိုက္ဘူး။မလုပ္ရဘူး။
အဲဒီလို လုပ္ရင္ေတာ့သြားၿပီ။
ဟိုလူက ဒုကၡေရာက္ၿပီ။
အဲဒီလို ျဖစ္တတ္တယ္။
ဘုန္းႀကီးေတြက်ေတာ့လည္း
“ကိုယ္ေတာ္၊ ေက်ာင္းဘယ္သူ႔ အပ္ခဲ့မွာတုန္း”တုိ႔၊
ဘာတုိ႔လုပ္ကုန္တယ္။ အဲဒီမွာ ဒုကၡေရာက္ၿပီ။
အဲဒီအခ်ိန္မွာ စိတ္ကေလး ေျဖာင့္ေနေအာင္
ၿငိမ္ၿငိမ္ေလးထားၿပီး တရားေလး ဖြင့္ေပးတာတုိ႔၊
ကုသိုလ္ေကာင္းမႈေလး လုပ္ေပးၿပီးေတာ့
ၿငိမ္းၿငိမ္း ေအးေအးခ်မ္းခ်မ္းနဲ႔ ေနေအာင္
တိတ္တိတ္ဆိတ္ဆိတ္ကေလး ေနရတယ္။
စကားမေျပာရဘူး။
အမွန္က အဲဒီအခ်ိန္မွာ ဆူညံဆူညံနဲ႔
ဟိုလူလာ၊ဒီလူလာလက္မခံတာ ေကာင္းတယ္။
လာတဲ့လူက ဟိုေျပာ၊ ဒီေျပာ သိပ္ေျပာတာ။
တိုးတိုးလည္း မေျပာတတ္ဘူး။
ျမန္မာေတြရဲ႕ထံုးစံ အသံကက်ယ္က်ယ္ေျပာတတ္တယ္။
အဲဒါေတြ က ဒုကၡေရာက္ ေစတတ္တဲ့အရာေတြ
ျဖစ္တယ္။
ဒါေၾကာင့္မုိ႔ အရာရာမွာ သတိထားရမယ့္
ကိစၥေတြ၊ဆင္ျခင္ရမယ့္ကိစၥေတြ ေလာကႀကီးမွာရွိတယ္။
ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ
🌺အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ။
Credit — အလင္းေစတမန္
(Unicode)

သေခါနီးအချိန်
■■■■■■■
သေခါနီးမှာ အလွန်အရေးကြီးတယ်။
သေခါနီးအချိန်ရောက်နေပြီဆိုလို့ရှိရင်
ဗမာတွေမှာ တော်တော်များများက
လူမမာနားလာပြီး တောင်ပြောမြောက်ပြော
“ဒီတောင်က ကျော်နိုင်မယ် မထင်ပါဘူး”
ဟိုကတော့ မေ့နေတာမှမဟုတ်တာ။
ကြားနေတာ။ အဲဒီလိုတွေပြော။
“ဘဏ်စာအုပ်တွေ မေးထားလိုက်ရဲ့လား။”
“လက်မှတ်ထိုးလိုက်ရဲ့လားလို့ မေးတဲ့လူက မေး၊”
“စိန်နားကပ် ဘယ်နားထားတုန်း”တို့။
အဲဒါမျိုးတွေက မလုပ်ထိုက်ဘူး။မလုပ်ရဘူး။
အဲဒီလို လုပ်ရင်တော့သွားပြီ။
ဟိုလူက ဒုက္ခရောက်ပြီ။
အဲဒီလို ဖြစ်တတ်တယ်။
ဘုန်းကြီးတွေကျတော့လည်း
“ကိုယ်တော်၊ ကျောင်းဘယ်သူ့ အပ်ခဲ့မှာတုန်း”တို့၊
ဘာတို့လုပ်ကုန်တယ်။ အဲဒီမှာ ဒုက္ခရောက်ပြီ။
အဲဒီအချိန်မှာ စိတ်ကလေး ဖြောင့်နေအောင်
ငြိမ်ငြိမ်လေးထားပြီး တရားလေး ဖွင့်ပေးတာတို့၊
ကုသိုလ်ကောင်းမှုလေး လုပ်ပေးပြီးတော့
ငြိမ်းငြိမ်း အေးအေးချမ်းချမ်းနဲ့ နေအောင်
တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရတယ်။
စကားမပြောရဘူး။
အမှန်က အဲဒီအချိန်မှာ ဆူညံဆူညံနဲ့
ဟိုလူလာ၊ဒီလူလာလက်မခံတာ ကောင်းတယ်။
လာတဲ့လူက ဟိုပြော၊ ဒီပြော သိပ်ပြောတာ။
တိုးတိုးလည်း မပြောတတ်ဘူး။
မြန်မာတွေရဲ့ထုံးစံ အသံကကျယ်ကျယ်ပြောတတ်တယ်။
အဲဒါတွေ က ဒုက္ခရောက် စေတတ်တဲ့အရာတွေ
ဖြစ်တယ်။
ဒါကြောင့်မို့ အရာရာမှာ သတိထားရမယ့်
ကိစ္စတွေ၊ဆင်ခြင်ရမယ့်ကိစ္စတွေ လောကကြီးမှာရှိတယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit — အလင်းစေတမန်

LEAVE A REPLY

Please enter your comment!
Please enter your name here