ေက်ာင္းစာၾကည့္တိုက္မ်ား ဖြင့္ရမည္
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ေက်ာင္းစာၾကည့္တိုက္မ်ားကို မျဖစ္မေန ဖြင့္ကိုဖြင့္ၾကရမည္ ျဖစ္သည္။ ဤေခါင္းစီးမ်ိဳးမတပ္ခ်င္ပါ။ သို႔ေသာ္ မရႏိုင္ေတာ့ပါ။ အေၾကာင္းမွာ ေလာကတြင္ လုပ္သင့္သည္ (Should do) ႏွင့္ လုပ္ကိုလုပ္ရမည္ (Must do)ဟူ၍ ရွိသည္။ ေက်ာင္းစာၾကည့္တိုက္မ်ား ဖြင့္လွစ္ရမည့္အေရးမွာ လုပ္သင့္ေသာ အလုပ္မဟုတ္၊ လုပ္ကိုလုပ္ရမည့္ အလုပ္ပင္ျဖစ္သည္။
အေျခခံေက်ာင္းမ်ားတြင္ ေက်ာင္းစာၾကည့္တိုက္မ်ားရွိပါသည္။ အတန္အသင့္ေသာ စာအုပ္စာတမ္းမ်ားလည္း ရွိၾကပါသည္။ သို႔ေသာ္ စာၾကည့္တိုက္မ်ားသည္ ေက်ာင္းသား ေက်ာင္းသူမ်ား ရံဖန္ရံခါ အားလပ္သည့္အခ်ိန္မ်ား တြင္သာ အသုံးျပဳသည့္ေနရာ ျဖစ္ေနပါသည္။ အေျခခံပညာေက်ာင္းမ်ား၏ စာသင္ခ်ိန္မ်ားကိုၾကည့္လၽွင္ စာသင္ခ်ိန္မ်ားျဖင့္သာ ျပည့္ေနတတ္သည္။ စာရိတၱပညာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ပန္းခ်ီ စသျဖင့္ အခ်ိန္အခ်ိဳ႕ေတြ႕ရ၏။ သို႔ေသာ္ ကေလးမ်ားအတြက္ စာဖတ္ခ်ိန္မရွိ။ စာဖတ္ခ်ိန္သည္ ကေလးမ်ား ကစားခ်ိန္၊ ထမင္းစားခ်ိန္မ်ားမွ ဖဲ့၍သုံးလၽွင္သာ ရႏိုင္မည္ျဖစ္၏။ အေျခခံပညာ အထက္တန္းအဆင့္ျဖစ္သည့္ န၀မတန္းႏွင့္ တကၠသိုလ္ဝင္တန္း ေက်ာင္းသား ေက်ာင္းသူမ်ား၏ အခ်ိန္စာရင္းကိုၾကည့္လၽွင္ စာသင္ခ်ိန္မ်ားသာျပည့္ေနမည္ျဖစ္၏။
မၾကာေသးမီကပင္ ျမန္မာႏိုင္ငံတြင္ (၁၇)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ စာၾကည့္တိုက္မွဴးမ်ား ညီလာခံ ဖြင့္ပြဲအခမ္းအနားကို အိမ္ရွင္အျဖစ္ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန(၂) (MICC II)၌ က်င္းပခဲ့သည္။ ၁၉၇၀ ျပည့္ႏွစ္မွစ၍ က်င္းပလာသည့္ အေရွ႕ေတာင္အာရွ စာၾကည့္တိုက္မွဴးမ်ား ညီလာခံ၏သက္တမ္းသည္ ၄၈ ႏွစ္ထဲသို႔ေရာက္ရွိေနၿပီျဖစ္၏။ ညီလာခံက်င္းပရျခင္း၏ အဓိကရည္႐ြယ္ခ်က္မွာအေရွ႕ ေတာင္အာရွအတြင္းရွိ စာၾကည့္တိုက္မ်ားႏွင့္ စာၾကည့္တိုက္ပညာရပ္နယ္ပယ္ ဖြံ႕ၿဖိဳးတိုးတက္လာၿပီး ႏိုင္ငံတကာစာၾကည့္တိုက္ အဝန္းအဝိုင္းထဲသို႔က်ယ္က်ယ္ျပန္႔ျပန္႔ ပါဝင္လုပ္ေဆာင္ႏိုင္ရန္ျဖစ္ေၾကာင္း သိရသည္။
ယင္းအခမ္းအနားသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္၍ အဖြင့္အမွာစကားေျပာၾကားရာတြင္ စာဖတ္ျခင္းႏွင့္ ပတ္သက္၍ “စာဖတ္ျခင္းသည္ ကေလးတစ္ေယာက္၏ ဘ၀တြင္ ေလ့လာစရာမ်ားကို ေလ့လာၿပီး ေအာင္ျမင္မႈရရွိရန္အတြက္ အေျခခံအက်ဆုံး အရည္အေသြးမ်ားကို ေပးစြမ္းႏိုင္ပါေၾကာင္း၊ စာဖတ္သည့္အေလ့အထကို ကေလးမ်ားရရွိရန္ ငယ္႐ြယ္စဥ္ကတည္းကစၿပီး ေလ့က်င့္ေပးသင့္ပါေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာ့လူ႕ေဘာင္အသိုင္းအဝိုင္းတြင္ ေက်ာင္းစာၾကည့္တိုက္မ်ား တိုးပြားလာေရးႏွင့္ စာၾကည့္တိုက္ အသုံးျပဳတတ္ၾကေစေရး လုပ္ေဆာင္ၾကရမည္ျဖစ္ပါေၾကာင္း၊ အေျခခံ ပညာေရးသည္ စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္႐ုံသာမက ေက်ာင္းသား ေက်ာင္းသူမ်ား စာေပ၊ လူမႈေရး၊ သိပၸံ၊ သမိုင္းႏွင့္ လူ႕သေဘာသဘာ၀ အေၾကာင္းမ်ားကို ခ်စ္ျမတ္ႏိုးတတ္လာေစေရး စာၾကည့္တိုက္မ်ားက ေလ့က်င့္ ပ်ိဳးေထာင္ေပးရန္လိုပါေၾကာင္း” စသျဖင့္ ထည့္သြင္းေျပာၾကားသြားခဲ့သည္။
သို႔ျဖစ္ရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ လမ္းၫႊန္သြားခဲ့သည့္အတိုင္း ကေလးမ်ားစာေပဗဟုသုတ ျပန္႔ပြားဖို႔၊ စာဖတ္ျခင္း အေလ့အထ စြဲၿမဲဖို႔သည္ေက်ာင္းစာၾကည့္တိုက္မ်ားက စတင္ၾကရမည္ျဖစ္သည္။ ငယ္စဥ္က စာဖတ္ျခင္းဝါသနာကို ျပဳစုပ်ိဳးေထာင္ေပးႏိုင္မွသာ စာေပအေပၚ ခ်စ္ခင္ျမတ္ႏိုးစိတ္ႏွင့္စာဖတ္ျခင္းအေလ့အထ စြဲၿမဲသြားႏိုင္မည္ျဖစ္သည္။ သို႔ျဖစ္၍ အထက္တန္းပညာေရးႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိလ္က “အထက္တန္းပညာေရးအတြက္ အေျခခံလိုအပ္ခ်က္မွာ စာၾကည့္တိုက္မ်ားျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္အစိုးရက ပညာေရးမူဝါဒခ်မွတ္ျခင္း၊ သင္႐ိုးၫႊန္းတမ္း ျပင္ဆင္ျပ႒ာန္းျခင္းတို႔ကိုတစ္ပါတည္း ခ်မွတ္ေဆာင္႐ြက္ရပါေၾကာင္း၊ ျပည္သူ႕စာၾကည့္တိုက္မ်ားမွာေက်ာင္းျပင္ပ ပညာေရးကို ေလ့လာသင္ယူႏိုင္ေသာေနရာမ်ားအျဖစ္ ေဖာ္ေဆာင္ေပးရမည့္ေနရာျဖစ္ပါေၾကာင္း” ေျပာၾကားသြားသည္။
ယခုအခါ တကၠသိုလ္ဝင္တန္း စာေမးပြဲႏွင့္ပတ္သက္၍ ၂၀၁၉ ခုႏွစ္တြင္ေမးခြန္းပုံစံ ေျပာင္းလဲစစ္ေဆးေတာ့မည္ျဖစ္သည္။ ျမန္မာစာဘာသာရပ္အတြက္ဆိုလၽွင္ပင္ ယခင္ကကဲ့သို႔ အလြတ္က်က္မွတ္ေျဖဆို႐ုံျဖင့္ မရႏိုင္ေတာ့ပါ။ ေျပာင္းလဲလိုက္သည့္ ေမးခြန္းနံပါတ္ ၆(ခ)ဆိုလၽွင္ အဆိုတစ္ခုကို ေထာက္ခံျခင္း၊ ကန္႔ကြက္ျခင္း စသည့္ စဥ္းစားေတြးေခၚ၍ သုံးသပ္ေျဖဆိုရမည့္ပုံစံပါဝင္လာသည္ကို ေတြ႕ရသည္။ ေက်ာင္းသား ေက်ာင္းသူမ်ားမွာ မူလကပင္ စာစီစာကုံးကို ကိုယ္ပိုင္ဟန္ျဖင့္ စီကုံးေရးသားျခင္းထက္ အသင့္ျပင္ဆင္ထားသည့္ အထူးထုတ္မ်ားမွ အလြတ္က်က္မွတ္ ေျဖဆိုေနၾကေလသည္။ သို႔ျဖစ္ရာ ယခုကဲ့သို႔ စဥ္းစားေတြးေခၚ၍ ေျဖဆိုရန္မွာ အခက္အခဲရွိၾကဦးမည္ ျဖစ္သည္။
သို႔ျဖစ္၍ ယခင္ကကဲ့သို႔ ေက်ာင္းစာ(ျပ႒ာန္းစာ)သက္သက္ က်က္မွတ္ေန႐ုံျဖင့္မရႏိုင္ေတာ့ပါ။ စာမ်ိဳးစုံ ဖတ္မွတ္ေလ့လာရန္ လိုလာပါသည္။ ေဆြးေႏြးျခင္းေဝဖန္သုံးသပ္ၾကည့္ျခင္းမ်ား လိုလာပါသည္။ ဆရာ ဆရာမမ်ား အပါအဝင္ေက်ာင္းသား ေက်ာင္းသူမ်ားပါ စာမ်ားမ်ားဖတ္ျခင္းျဖင့္ မိမိတို႔၏ စြမ္းရည္မ်ားကိုပါ ျမင့္မားလာရန္ ႀကိဳးပမ္းအားထုတ္ၾကရမည္ျဖစ္သည္။
စင္စစ္ စာၾကည့္တိုက္မ်ားသည္ ျပည္သူလူထုတစ္ရပ္လုံးအတြက္ သုတ၊ ရသပညာရပ္မ်ားႏွင့္ သတင္းအခ်က္အလက္မ်ား ျဖန္႔ျဖဴးမၽွေဝေပးရာ ေနရာျဖစ္သည္။ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံစာၾကည့္တိုက္ အသင္းသည္ ျမန္မာႏိုင္ငံတစ္ဝန္း စာဖတ္ရွိန္ျမင့္မားလာေရး စာၾကည့္တိုက္မ်ားကို ပိုမိုလက္လွမ္းမီ သုံးစြဲခြင့္ရေရး၊ နည္းပညာအသုံးျပဳမႈ ျမင့္မားလာေရးတို႔ကို ႀကိဳးစားေဆာင္႐ြက္လ်က္ရွိသည္။ ထို႔အတူ စာဖတ္သူမ်ားကမွန္ကန္ေသာ သတင္းအခ်က္အလက္မ်ားေပးႏိုင္ေရး စာၾကည့္တိုက္မ်ားအသြင္ေျပာင္းလာေရးႏွင့္ စာၾကည့္တိုက္မွဴးမ်ား စြမ္းေဆာင္ရည္ျမင့္မားလာေရးကိုလည္း အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ၏။
သို႔ျဖစ္၍ အခ်ဳပ္ဆိုရလၽွင္ ကေလးမ်ားအား ငယ္စဥ္ကပင္ စာဖတ္သည့္အေလ့အထ စြဲၿမဲလာေစရန္ ျပဳစုပ်ိဳးေထာင္ေပးဖို႔ လိုအပ္ျခင္း၊ ကေလးမ်ား၏ အသိပညာ ဗဟုသုတ ပိုမိုႂကြယ္၀လာေစရန္ စာဖတ္ျခင္းကသာ ျဖည့္ဆည္းေပးႏိုင္ျခင္းႏွင့္ အထက္တန္း အဆင့္ပညာေရး ဆက္လက္ဆည္းပူးသည္ႏွင့္အမၽွစာၾကည့္တိုက္မ်ား၏အခန္းက႑ ပိုမိုျမင့္မားလာျခင္းတို႔ေၾကာင့္ ေက်ာင္းမ်ားတြင္ရွိသည့္ စာၾကည့္တိုက္မ်ား သက္ဝင္လႈပ္ရွားလာဖို႔လိုသည္။ “ေက်ာင္းစာၾကည့္တိုက္မ်ား ဖြင့္ၾကပါစို႔” ဟု ဆို႐ုံမၽွႏွင့္ မရႏိုင္။ “အလိမၼာ စာမွာရွိ”ဟု ေျပာ႐ုံႏွင့္လည္း မၿပီး။ အေျခခံပညာေက်ာင္းတိုင္းရွိ စာၾကည့္တိုက္မ်ားဖြင့္ကို ဖြင့္ရမည္။ ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ စာဖတ္ခ်ိန္ သီးသန္႔ေပးရမည္။ စာဖတ္ျခင္းအေလ့အထကို မျဖစ္မေန ျပဳစုပ်ိဳးေထာင္ေပးရမည္ ဟူ၍သာ လုပ္ငန္းတာဝန္တစ္ရပ္အျဖစ္ သတ္မွတ္ေပးသင့္ပါသည္။ ႏိုင္ငံေတာ္ကလည္း လိုအပ္ေနေသာ စာအုပ္စာတမ္းမ်ားႏွင့္ စည္း႐ုံးေရးစြမ္းရည္ ျပည့္၀၍ကၽြမ္းက်င္သည့္ စာၾကည့္တိုက္မွဴးမ်ား ခန္႔ထားေပးျခင္းျဖင့္ ေက်ာင္းစာၾကည့္တိုက္တံခါးမ်ား ပြင့္လင္းလာလိမ့္မည္ဟု ေမၽွာ္လင့္မိပါသည္။ ။
ခင္ေမာင္ေဌး (ပညာေရး)
(Unicode)
ကျောင်းစာကြည့်တိုက်များ ဖွင့်ရမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျောင်းစာကြည့်တိုက်များကို မဖြစ်မနေ ဖွင့်ကိုဖွင့်ကြရမည် ဖြစ်သည်။ ဤခေါင်းစီးမျိုးမတပ်ချင်ပါ။ သို့သော် မရနိုင်တော့ပါ။ အကြောင်းမှာ လောကတွင် လုပ်သင့်သည် (Should do) နှင့် လုပ်ကိုလုပ်ရမည် (Must do)ဟူ၍ ရှိသည်။ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ရမည့်အရေးမှာ လုပ်သင့်သော အလုပ်မဟုတ်၊ လုပ်ကိုလုပ်ရမည့် အလုပ်ပင်ဖြစ်သည်။

အခြေခံကျောင်းများတွင် ကျောင်းစာကြည့်တိုက်များရှိပါသည်။ အတန်အသင့်သော စာအုပ်စာတမ်းများလည်း ရှိကြပါသည်။ သို့သော် စာကြည့်တိုက်များသည် ကျောင်းသား ကျောင်းသူများ ရံဖန်ရံခါ အားလပ်သည့်အချိန်များ တွင်သာ အသုံးပြုသည့်နေရာ ဖြစ်နေပါသည်။ အခြေခံပညာကျောင်းများ၏ စာသင်ချိန်များကိုကြည့်လျှင် စာသင်ချိန်များဖြင့်သာ ပြည့်နေတတ်သည်။ စာရိတ္တပညာ၊ ဂီတ၊ ကွန်ပျူတာ၊ ပန်းချီ စသဖြင့် အချိန်အချို့တွေ့ရ၏။ သို့သော် ကလေးများအတွက် စာဖတ်ချိန်မရှိ။ စာဖတ်ချိန်သည် ကလေးများ ကစားချိန်၊ ထမင်းစားချိန်များမှ ဖဲ့၍သုံးလျှင်သာ ရနိုင်မည်ဖြစ်၏။ အခြေခံပညာ အထက်တန်းအဆင့်ဖြစ်သည့် နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ၏ အချိန်စာရင်းကိုကြည့်လျှင် စာသင်ချိန်များသာပြည့်နေမည်ဖြစ်၏။

မကြာသေးမီကပင် မြန်မာနိုင်ငံတွင် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို အိမ်ရှင်အဖြစ်နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC II)၌ ကျင်းပခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ကျင်းပလာသည့် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံ၏သက်တမ်းသည် ၄၈ နှစ်ထဲသို့ရောက်ရှိနေပြီဖြစ်၏။ ညီလာခံကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာအရှေ့ တောင်အာရှအတွင်းရှိ စာကြည့်တိုက်များနှင့် စာကြည့်တိုက်ပညာရပ်နယ်ပယ် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာစာကြည့်တိုက် အဝန်းအဝိုင်းထဲသို့ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်ခြင်းနှင့် ပတ်သက်၍ “စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ ဘဝတွင် လေ့လာစရာများကို လေ့လာပြီး အောင်မြင်မှုရရှိရန်အတွက် အခြေခံအကျဆုံး အရည်အသွေးများကို ပေးစွမ်းနိုင်ပါကြောင်း၊ စာဖတ်သည့်အလေ့အထကို ကလေးများရရှိရန် ငယ်ရွယ်စဉ်ကတည်းကစပြီး လေ့ကျင့်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းတွင် ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေးနှင့် စာကြည့်တိုက် အသုံးပြုတတ်ကြစေရေး လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံ ပညာရေးသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ရုံသာမက ကျောင်းသား ကျောင်းသူများ စာပေ၊ လူမှုရေး၊ သိပ္ပံ၊ သမိုင်းနှင့် လူ့သဘောသဘာဝ အကြောင်းများကို ချစ်မြတ်နိုးတတ်လာစေရေး စာကြည့်တိုက်များက လေ့ကျင့် ပျိုးထောင်ပေးရန်လိုပါကြောင်း” စသဖြင့် ထည့်သွင်းပြောကြားသွားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်သွားခဲ့သည့်အတိုင်း ကလေးများစာပေဗဟုသုတ ပြန့်ပွားဖို့၊ စာဖတ်ခြင်း အလေ့အထ စွဲမြဲဖို့သည်ကျောင်းစာကြည့်တိုက်များက စတင်ကြရမည်ဖြစ်သည်။ ငယ်စဉ်က စာဖတ်ခြင်းဝါသနာကို ပြုစုပျိုးထောင်ပေးနိုင်မှသာ စာပေအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့်စာဖတ်ခြင်းအလေ့အထ စွဲမြဲသွားနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အထက်တန်းပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်က “အထက်တန်းပညာရေးအတွက် အခြေခံလိုအပ်ချက်မှာ စာကြည့်တိုက်များဖြစ်ကြောင်း၊ ထို့ကြောင့်အစိုးရက ပညာရေးမူဝါဒချမှတ်ခြင်း၊ သင်ရိုးညွှန်းတမ်း ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့ကိုတစ်ပါတည်း ချမှတ်ဆောင်ရွက်ရပါကြောင်း၊ ပြည်သူ့စာကြည့်တိုက်များမှာကျောင်းပြင်ပ ပညာရေးကို လေ့လာသင်ယူနိုင်သောနေရာများအဖြစ် ဖော်ဆောင်ပေးရမည့်နေရာဖြစ်ပါကြောင်း” ပြောကြားသွားသည်။

ယခုအခါ တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင်မေးခွန်းပုံစံ ပြောင်းလဲစစ်ဆေးတော့မည်ဖြစ်သည်။ မြန်မာစာဘာသာရပ်အတွက်ဆိုလျှင်ပင် ယခင်ကကဲ့သို့ အလွတ်ကျက်မှတ်ဖြေဆိုရုံဖြင့် မရနိုင်တော့ပါ။ ပြောင်းလဲလိုက်သည့် မေးခွန်းနံပါတ် ၆(ခ)ဆိုလျှင် အဆိုတစ်ခုကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း စသည့် စဉ်းစားတွေးခေါ်၍ သုံးသပ်ဖြေဆိုရမည့်ပုံစံပါဝင်လာသည်ကို တွေ့ရသည်။ ကျောင်းသား ကျောင်းသူများမှာ မူလကပင် စာစီစာကုံးကို ကိုယ်ပိုင်ဟန်ဖြင့် စီကုံးရေးသားခြင်းထက် အသင့်ပြင်ဆင်ထားသည့် အထူးထုတ်များမှ အလွတ်ကျက်မှတ် ဖြေဆိုနေကြလေသည်။ သို့ဖြစ်ရာ ယခုကဲ့သို့ စဉ်းစားတွေးခေါ်၍ ဖြေဆိုရန်မှာ အခက်အခဲရှိကြဦးမည် ဖြစ်သည်။

သို့ဖြစ်၍ ယခင်ကကဲ့သို့ ကျောင်းစာ(ပြဋ္ဌာန်းစာ)သက်သက် ကျက်မှတ်နေရုံဖြင့်မရနိုင်တော့ပါ။ စာမျိုးစုံ ဖတ်မှတ်လေ့လာရန် လိုလာပါသည်။ ဆွေးနွေးခြင်းဝေဖန်သုံးသပ်ကြည့်ခြင်းများ လိုလာပါသည်။ ဆရာ ဆရာမများ အပါအဝင်ကျောင်းသား ကျောင်းသူများပါ စာများများဖတ်ခြင်းဖြင့် မိမိတို့၏ စွမ်းရည်များကိုပါ မြင့်မားလာရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

စင်စစ် စာကြည့်တိုက်များသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် သုတ၊ ရသပညာရပ်များနှင့် သတင်းအချက်အလက်များ ဖြန့်ဖြူးမျှဝေပေးရာ နေရာဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းသည် မြန်မာနိုင်ငံတစ်ဝန်း စာဖတ်ရှိန်မြင့်မားလာရေး စာကြည့်တိုက်များကို ပိုမိုလက်လှမ်းမီ သုံးစွဲခွင့်ရရေး၊ နည်းပညာအသုံးပြုမှု မြင့်မားလာရေးတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့အတူ စာဖတ်သူများကမှန်ကန်သော သတင်းအချက်အလက်များပေးနိုင်ရေး စာကြည့်တိုက်များအသွင်ပြောင်းလာရေးနှင့် စာကြည့်တိုက်မှူးများ စွမ်းဆောင်ရည်မြင့်မားလာရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရ၏။

သို့ဖြစ်၍ အချုပ်ဆိုရလျှင် ကလေးများအား ငယ်စဉ်ကပင် စာဖတ်သည့်အလေ့အထ စွဲမြဲလာစေရန် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ခြင်း၊ ကလေးများ၏ အသိပညာ ဗဟုသုတ ပိုမိုကြွယ်ဝလာစေရန် စာဖတ်ခြင်းကသာ ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် အထက်တန်း အဆင့်ပညာရေး ဆက်လက်ဆည်းပူးသည်နှင့်အမျှစာကြည့်တိုက်များ၏အခန်းကဏ္ဍ ပိုမိုမြင့်မားလာခြင်းတို့ကြောင့် ကျောင်းများတွင်ရှိသည့် စာကြည့်တိုက်များ သက်ဝင်လှုပ်ရှားလာဖို့လိုသည်။ “ကျောင်းစာကြည့်တိုက်များ ဖွင့်ကြပါစို့” ဟု ဆိုရုံမျှနှင့် မရနိုင်။ “အလိမ္မာ စာမှာရှိ”ဟု ပြောရုံနှင့်လည်း မပြီး။ အခြေခံပညာကျောင်းတိုင်းရှိ စာကြည့်တိုက်များဖွင့်ကို ဖွင့်ရမည်။ ကျောင်းသား ကျောင်းသူများအတွက် စာဖတ်ချိန် သီးသန့်ပေးရမည်။ စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေ ပြုစုပျိုးထောင်ပေးရမည် ဟူ၍သာ လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပေးသင့်ပါသည်။ နိုင်ငံတော်ကလည်း လိုအပ်နေသော စာအုပ်စာတမ်းများနှင့် စည်းရုံးရေးစွမ်းရည် ပြည့်ဝ၍ကျွမ်းကျင်သည့် စာကြည့်တိုက်မှူးများ ခန့်ထားပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်တံခါးများ ပွင့်လင်းလာလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ။

ခင်မောင်ဌေး (ပညာရေး)

LEAVE A REPLY

Please enter your comment!
Please enter your name here