ၿပိတၱာ ဘာေၾကာင့္ျဖစ္ရသလဲ?
================
ၿပိတၱာမွာ အပါယ္ေလးဘံု၀င္ျဖစ္ၿပီး လူ႕ဘ၀ႏွင့္ အလြန္နီးစပ္ပါသည္။ လူ႕ဘ၀တြင္ပင္
ေတာၿခံဳပိတ္ေပါင္း၊ ေတာင္ေစာင္း၊ သခ်ၤ ိဳင္းသစ္ပင္တို႔ကိုမွီ၍ ဆင္းဆင္းရဲရဲ ငတ္ငတ္ျပတ္ျပတ္
ႏွင့္ ေနၾကရ၏။ လူတို႔၏ မစင္၊ ႏွပ္၊ တံေတြးတို႔ကို စားေသာက္ေနရၿပီး အႏွစ္ တစ္ရာ၊ တစ္
ေထာင္၊ တစ္သိန္းမက ဘုရားတစ္ဆူႏွင့္တစ္ဆူ ၾကားကာလပါတ္လံုး ထမင္းတစ္လုပ္မွ မစားရ၊
ေရတစ္ေပါက္ မေသာက္ရ၊ ႀကီးစြာဒုကၡေရာက္ေသာ ၿပိတၱာလည္းရွိပါသည္။ ထိုကဲ့သို႔ေသာၿပိတၱာ
ဘာေၾကာင့္ ျဖစ္ရသနည္း ?။ ၿပိတၱာျဖစ္ေၾကာင္းမ်ားစြာ ရွိပါေသာ္လည္း လူေတြ အမ်ားသျဖင့္
ျပဳမူေသာ အေၾကာင္းမ်ားမွာ ……
၁။ သားစြဲ သမီးစြဲ၊ လင္စြဲ မယားစြဲ။ ။ ခႏၶာငါးပါး ရုပ္နာမ္တရားလို႔မျမင္ “ငါ” “သူတပါး” လို႔
ျမင္တယ္။ အဲဒီေတာ့ “ငါ” “ငါ့ဥစၥာ” ျဖစ္လာတယ္။ ငါ့သား၊ ငါ့မယား၊ ငါ့လင္ ဆိုတာေတြ ျဖစ္
လာၿပီး “ငါစြဲေတြ” မ်ားလာေတာ့ ခင္တြယ္သံေယာဇဥ္ေတြျဖစ္ေတာ့ ေသရင္ ထားပစ္ခဲ့ရမွာစိုး
ဟိုသားေလးအတြက္ စိုးရိမ္၊ ဒီသမီးေလးအတြက္ စိတ္မခ်နဲ႔ အစြဲေပါင္းစံုႏွင့္ေသေတာ့ ၿပိတၱာ
ျဖစ္ရတာေပါ့…
၂။ ပစၥည္းဥစၥာစြဲ။ ။ ပစၥည္းဥစၥာမရွိေတာ့ လိုခ်င္ေတာင္းတရတယ္၊ ရွိလာျပန္ေတာ့လဲ ေၾကာင့္
ၾကရျပန္ေရာ၊ ကားတစ္စီးရွိတဲ့လူကလည္း အဲဒီကားတစ္စီးအတြက္ အပူ၊ ဆယ္စီးရွိတဲ့သူကလည္း
ဆယ္စီးအတြက္ အပူမ်ားစြာနဲ႔ ပိုပူ၊ အဲဒီ အပူေတြနဲ႔ေသရင္ ၿပိတၱာျဖစ္ရတာပါ…..
၃။ သူတစ္ပါးကို ျငဴစူျခင္း၊ ၀န္တိုျခင္း။ ။ လူေတြမွာ ဣႆာနဲ႔ မစၦရိယမ်ားတတ္ၾကပါတယ္။
ဣႆာက မနာလိုတာ၊ သူတစ္ပါး ခ်မ္းသာတာကို သက္သက္မနာလိုတာ၊ ကိုယ့္အိတ္ထဲမွာရွိတာ
ထက္ သူမ်ားအိတ္မွာရွိတာ မသာေစခ်င္တာ၊ ႀကီးပြားေနသူကို မနာလိုတာ၊ ဒီေကာင္ ႀကီးပြားမွာ
ေပါ့ မဟုတ္တာလုပ္တာကိုး…
မစၦရိယကေတာ့ ၀န္တိုတာ၊ မိမိခ်မ္းသာသလို တျခားဒီျပင္လူေတြ မခ်မ္းသာေစခ်င္ဘူး။
မိမိနဲ႔တန္းတူ မျဖစ္ေစခ်င္တာ။ သူမ်ားကို လွတယ္ဆိုတဲ့စကား မၾကားေစခ်င္တာ။ ဘာအက်ိဳးမွ
မရဘဲ အင္မတန္ဆိုးတဲ့ အကုသိုလ္ကိုလုပ္တာ ေသရင္ၿပိတၱာဘ၀ ေရာက္ပါတယ္….
၄။ မိမိကိုယ္တိုင္ ေပးကမ္းလွဴဒါန္းျခင္း မရွိျခင္း။ ။ ဗုဒၶဘာသာျမန္မာလူမ်ိဳး အမ်ားစုဟာ
လွဴဒါန္းျခင္း ရက္ေရာတတ္ၾကပါတယ္။ အခ်ိဳ႕ေသာ သူေတြကေတာ့ လွဴလိုက္လို႔ ကုန္သြားမွာ
သိပ္ႏွေမ်ာၾကတယ္။ မစားရက္၊ မေသာက္ရက္၊ ပိုက္ဆံစုၿပီး ေရာဂါျဖစ္တာေတာင္ ေငြကုန္မွာ
စိုးလို႔ ေဆးမွီးတိုကို ေသာက္ၾကတယ္။ အဲဒီလို လူမ်ိဳးေတြေသရင္ ၿပိတၱာျဖစ္တတ္ပါတယ္။
၅။ သူမ်ားအလွဴ တားျမစ္တဲ့သူ။ ။ အခ်ိဳ႕ေသာသူတို႔သည္ မိမိကိုယ္တိုင္ မလွဴရံုမွ်မက သူမ်ား
လွဴတာေတာင္ တားျမစ္တတ္ၾကတယ္။ ဘုန္ႀကီးဆြမ္းကပ္တာ ဆယ္ပါးပင့္မယ္လို႔ တိုင္ပင္ျပန္
ေတာ့ တစ္ပါး ႏွစ္ပါးေလာက္ဆိုရင္ ေတာ္ေရာေပါ့ စသည္ျဖင့္ အလွဴဒါနျပဳတာကို တားျမစ္တတ္
သူဟာလည္း ၿပိတၱာျဖစ္တတ္ပါတယ္။
၆။ သမၼာအာဇီ၀ မဟုတ္ဘဲ စီးပြားရွာသူ။ ။ သမၼာအာဇီ၀ဆိုတာ အလြန္က်ယ္၀န္းပါတယ္။
လြယ္လြယ္ေျပာရရင္ေတာ့ မိမိစီးပြားရွာတာ သူတစ္ပါးကို မႏွစ္နာမထိခိုက္ေစရဘူး။ ၀န္ထမ္း
ေတြဆိုရင္ အဂတိလိုက္စားျခင္း လာဘ္ေပးလာဘ္ယူ ျပဳလုပ္ျခင္း။ မိမိခ်မ္းသာရန္ သူမ်ားမ်က္
ရည္ေပါက္ႀကီးငယ္ က်ရျခင္း။ ရဟန္းေတာ္မ်ားဆိုရင္ ဒကာဒကာမမ်ား မိမိကိုလွဴေအာင္ နည္းမ်ိဳးစံုသံုးၿပီး ရေသာပစၥည္းကို သံုးစြဲျခင္းတို႔သည္ ၿပိတၱာျဖစ္ရတတ္ပါသည္။

Cr:..
(Unicode)

ပြိတ္တာ ဘာကြောင့်ဖြစ်ရသလဲ?
================
ပြိတ္တာမှာ အပါယ်လေးဘုံဝင်ဖြစ်ပြီး လူ့ဘဝနှင့် အလွန်နီးစပ်ပါသည်။ လူ့ဘဝတွင်ပင်
တောခြုံပိတ်ပေါင်း၊ တောင်စောင်း၊ သချင်္ ိုင်းသစ်ပင်တို့ကိုမှီ၍ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်
နှင့် နေကြရ၏။ လူတို့၏ မစင်၊ နှပ်၊ တံတွေးတို့ကို စားသောက်နေရပြီး အနှစ် တစ်ရာ၊ တစ်
ထောင်၊ တစ်သိန်းမက ဘုရားတစ်ဆူနှင့်တစ်ဆူ ကြားကာလပါတ်လုံး ထမင်းတစ်လုပ်မှ မစားရ၊
ရေတစ်ပေါက် မသောက်ရ၊ ကြီးစွာဒုက္ခရောက်သော ပြိတ္တာလည်းရှိပါသည်။ ထိုကဲ့သို့သောပြိတ္တာ
ဘာကြောင့် ဖြစ်ရသနည်း ?။ ပြိတ္တာဖြစ်ကြောင်းများစွာ ရှိပါသော်လည်း လူတွေ အများသဖြင့်
ပြုမူသော အကြောင်းများမှာ ……
၁။ သားစွဲ သမီးစွဲ၊ လင်စွဲ မယားစွဲ။ ။ ခန္ဓာငါးပါး ရုပ်နာမ်တရားလို့မမြင် “ငါ” “သူတပါး” လို့
မြင်တယ်။ အဲဒီတော့ “ငါ” “ငါ့ဥစ္စာ” ဖြစ်လာတယ်။ ငါ့သား၊ ငါ့မယား၊ ငါ့လင် ဆိုတာတွေ ဖြစ်
လာပြီး “ငါစွဲတွေ” များလာတော့ ခင်တွယ်သံယောဇဉ်တွေဖြစ်တော့ သေရင် ထားပစ်ခဲ့ရမှာစိုး
ဟိုသားလေးအတွက် စိုးရိမ်၊ ဒီသမီးလေးအတွက် စိတ်မချနဲ့ အစွဲပေါင်းစုံနှင့်သေတော့ ပြိတ္တာ
ဖြစ်ရတာပေါ့…
၂။ ပစ္စည်းဥစ္စာစွဲ။ ။ ပစ္စည်းဥစ္စာမရှိတော့ လိုချင်တောင်းတရတယ်၊ ရှိလာပြန်တော့လဲ ကြောင့်
ကြရပြန်ရော၊ ကားတစ်စီးရှိတဲ့လူကလည်း အဲဒီကားတစ်စီးအတွက် အပူ၊ ဆယ်စီးရှိတဲ့သူကလည်း
ဆယ်စီးအတွက် အပူများစွာနဲ့ ပိုပူ၊ အဲဒီ အပူတွေနဲ့သေရင် ပြိတ္တာဖြစ်ရတာပါ…..
၃။ သူတစ်ပါးကို ငြူစူခြင်း၊ ဝန်တိုခြင်း။ ။ လူတွေမှာ ဣဿာနဲ့ မစ္ဆရိယများတတ်ကြပါတယ်။
ဣဿာက မနာလိုတာ၊ သူတစ်ပါး ချမ်းသာတာကို သက်သက်မနာလိုတာ၊ ကိုယ့်အိတ်ထဲမှာရှိတာ
ထက် သူများအိတ်မှာရှိတာ မသာစေချင်တာ၊ ကြီးပွားနေသူကို မနာလိုတာ၊ ဒီကောင် ကြီးပွားမှာ
ပေါ့ မဟုတ်တာလုပ်တာကိုး…
မစ္ဆရိယကတော့ ဝန်တိုတာ၊ မိမိချမ်းသာသလို တခြားဒီပြင်လူတွေ မချမ်းသာစေချင်ဘူး။
မိမိနဲ့တန်းတူ မဖြစ်စေချင်တာ။ သူများကို လှတယ်ဆိုတဲ့စကား မကြားစေချင်တာ။ ဘာအကျိုးမှ
မရဘဲ အင်မတန်ဆိုးတဲ့ အကုသိုလ်ကိုလုပ်တာ သေရင်ပြိတ္တာဘဝ ရောက်ပါတယ်….
၄။ မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းခြင်း မရှိခြင်း။ ။ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစုဟာ
လှူဒါန်းခြင်း ရက်ရောတတ်ကြပါတယ်။ အချို့သော သူတွေကတော့ လှူလိုက်လို့ ကုန်သွားမှာ
သိပ်နှမျောကြတယ်။ မစားရက်၊ မသောက်ရက်၊ ပိုက်ဆံစုပြီး ရောဂါဖြစ်တာတောင် ငွေကုန်မှာ
စိုးလို့ ဆေးမှီးတိုကို သောက်ကြတယ်။ အဲဒီလို လူမျိုးတွေသေရင် ပြိတ္တာဖြစ်တတ်ပါတယ်။
၅။ သူများအလှူ တားမြစ်တဲ့သူ။ ။ အချို့သောသူတို့သည် မိမိကိုယ်တိုင် မလှူရုံမျှမက သူများ
လှူတာတောင် တားမြစ်တတ်ကြတယ်။ ဘုန်ကြီးဆွမ်းကပ်တာ ဆယ်ပါးပင့်မယ်လို့ တိုင်ပင်ပြန်
တော့ တစ်ပါး နှစ်ပါးလောက်ဆိုရင် တော်ရောပေါ့ စသည်ဖြင့် အလှူဒါနပြုတာကို တားမြစ်တတ်
သူဟာလည်း ပြိတ္တာဖြစ်တတ်ပါတယ်။
၆။ သမ္မာအာဇီဝ မဟုတ်ဘဲ စီးပွားရှာသူ။ ။ သမ္မာအာဇီဝဆိုတာ အလွန်ကျယ်ဝန်းပါတယ်။
လွယ်လွယ်ပြောရရင်တော့ မိမိစီးပွားရှာတာ သူတစ်ပါးကို မနှစ်နာမထိခိုက်စေရဘူး။ ဝန်ထမ်း
တွေဆိုရင် အဂတိလိုက်စားခြင်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း။ မိမိချမ်းသာရန် သူများမျက်
ရည်ပေါက်ကြီးငယ် ကျရခြင်း။ ရဟန်းတော်များဆိုရင် ဒကာဒကာမများ မိမိကိုလှူအောင် နည်းမျိုးစုံသုံးပြီး ရသောပစ္စည်းကို သုံးစွဲခြင်းတို့သည် ပြိတ္တာဖြစ်ရတတ်ပါသည်။

Cr:..

LEAVE A REPLY

Please enter your comment!
Please enter your name here