ဘဝ အတြက္ ၾကဳိးစားေနခိ်န္ ဒါေတြ ေရွာင္ပါ 👇 👇 👇
မပ်င္းနဲ႔~~
ပ်င္းရိေနရင္ ကိုယ္လိုခ်င္ တဲ့ ပန္းတို င္တစ္ခုကို ေတာ္ေတာ္ နဲ႔ မေရာက္ဘူး။ ေျပာတုန္း ကေတာ့ စီမံကိန္း ခ်တုန္း ကေတာ့ မုိးလား ကဲလားနဲ႔ တကယ္လည္း လုပ္မယ္ က်ေတာ့ ေနပူတယ္၊ မုိးရြာတယ္၊ ဇက္ေက်ာ တက္ တယ္၊ ေခါင္းကိုက္ တယ္၊ ဖ်ားတယ္ နဲ ႔ဆုိ ေတာ္ေတာ္ နဲ႔ ခရီး မေရာက္ေတာ့ဘူးေလ။ ဒီေတာ့ မပ်င္း ဖို႔လိုပါတယ္။
မေတြေဝနဲ႔~~
ေလာကီလူသားေပပဲ။ တစ္ခါခါ ၾကိဳးစားေနရင္း နဲ႔ စိတ္ဓာတ္ က်တဲ့ အခါ ၾကံဳတတ္မယ္။ ငါ ဘာလုပ္ေနတာ ပါလိမ့္။ ဒါကို လုပ္လိုက္ေတာ့ေကာ ငါ့အတြက္ ဘာထူး လာမွာလဲ။ အဲဒီ ထက္ ဆုိးတာက တစ္ခုခုကို ရည္ ရြယ္ျပီး လုပ္ေနရင္း တန္းလန္း ရည္ရြယ္ခ်က္ေပ်ာက္သြား တာမ်ိဳးေပါ့။
အဲဒါ ေတြေဝတာ။ ၾကိဳးစားေနသူ တစ္ေယာက္က မေတြေဝဘူး။ ခဏေလး ပ်င္းလို႔ ဟိုေတြးဒီေတြး လုပ္ လိုက္တာနဲ႔ ေတြေဝ သြားတတ္ ပါတယ္။ ဒီေတာ့ ေတြေဝရင္ ဘဝ ခရီးေႏွာင္ေႏွးပါတယ္။
မစုိးရိမ္နဲ႔~~
ျဖစ္ေတာင္ မလာေသးဘူး။ ငါလုပ္ေကာလုပ္ႏိုင္ပါ့ မလား။ ငါ့အတြက္ လံုေလာက္ တဲ့ Resource ေတြ ရွိေကာ ရွိ ရဲ ႔ လား။ လုပ္လိုက္ တာေတာ့ ဟုတ္ပါျပီ။ ရလဒ္ က ေသခ်ာ ပါ့မလား အစရွိ သျဖင့္ စုိးရိမ္စိတ္ ဝင္တတ္ ၾကပါတယ္။
ဒါေတြက မလုပ္ခင္ မေလွ်ာက္ခင္ ကတည္းက Plan ခ်ထား ရမွာေလ။ အဲဒါေတြ မခ် ထားရင္ေတာ့ စုိးရိမ္ စိတ္က အျမဲလိုလို ဝင္ေနမွာပဲ။
အားမငယ္နဲ႔~~
ငါ့ေဘာ္ဒါေတြ မ်ား၊ သူတို႔ေတြ မ်ား ဘာေတြျဖစ္ကုန္ျပီ၊ ညာေတြျဖစ္ကုန္ျပီ၊ ငါ့က်ေတာ့ ဘာမွ ျဖစ္ မလာေသး ပါလား အစရွိ သျဖင့္ အားငယ္စိတ္ က ေတာ္ေတာ္ မ်ားမ်ား ဝင္တတ္ၾကပါတယ္။ အဲ့လို ဝင္စရာမလိုပါဘူး ကြယ္။ သူတို႔လည္း ထမင္းစား၊ တို႔လည္း ထမင္းစားေပမယ့္ ဘဝေပး ကုသိုလ္၊ ကံၾကမၼာေၾကာင့္ သူ တို႔ျမန္ျမန္ ျဖစ္သြားၾကတာပဲ။ (ဘာျဖစ္ တာလဲေတာ့ မသိဘူး)
ကိုယ္က ဘဝ ရဲ ႔အဓိပါၸယ္ ကုိ သူတုိ႔ ေစာေစာ စီးစီး ရွာမွီးခြင့္ ရတယ္လို႔ သေဘာ ထားလိုက္။ ဘာၾကီးျဖစ္မွ၊ ညာၾကီးျဖစ္မွ ေအာင္ျမင္တယ္ လို႔ မေခၚဘူး။ ကိုယ္ က်င္လည္ေနရတဲ့ အေျခအေန ထဲမွာ စိတ္ အေက်နပ္ ဆံုး အေကာင္းဆံုး ဖန္တီး လိုက္ႏိုင္ျခင္းကလည္း ေအာင္ျမင္ျခင္း တစ္မ်ိဳးပဲ။
ျပီးေတာ့မွ ေနာက္တစ္ဆင့္ တက္ေပါ့။ ဒီေတာ့ ေတြးျပီး အားငယ္ေနမယ့္ အစား သူတို႔ ထက္ ပိုျပီး ၾကိဳးစားဖို႔ အားရွိေနလိ႔ု ေနာက္က် တယ္ ဆုိတဲ့ ခံယူခ်က္ ထားရပါမယ္။ လံုးဝ အားမငယ္ပါနဲ႔။
အခ်စ္ဆိပ္ မတက္နဲ႔~~
ထူးဆန္းတယ္ ဟုတ္။ မထူးဆန္း ပါဘူး။ ပတ္ဝန္းက်င္ မွာ ေတြ႔ေနရ လို႔ပါ။ လူေတြ က ၾကိဳးစားေနရင္း နဲ႔ အရမ္း Romantic ဆန္ သြားရင္ ေရာင့္ရဲ သြားတတ္ၾကပါတယ္။ ေတာ္ျပီေလ။ တူႏွစ္ကိုယ္ တဲအုိပ်က္ မွာ ေန ရတာမ်ိဳး မဟုတ္ေတာင္ တိုက္ခန္းေလး တစ္လံုး နဲ႔ ေနရရင္ျပီးပါျပီ ဆုိတာမ်ိဳးနဲ႔ ဘဝရည္မွန္းခ်က္ ေတြကို အတိုက္စား ခံလိုက္ၾကတယ္။
စိတ္ညစ္ေနတုန္း အားေပးေဖာ္ေလး ရွိ၊ ပင္ပန္းေနတုန္း ေရတိုက္မယ့္သူ ရွိ တာက ေကာင္းေပမယ့္ ဘယ္ သြားသြား ေျခေတာက္ မွာ တြဲပါေနမယ့္ ေက်ာက္ခဲ တုံးၾကီးျဖစ္ေနရင္ေတာ့ လံုးဝ မေကာင္းဘူး။
စိတ္ႏွ လံုး ယာယီေပ်ာ္ရႊင္မွု အတြက္ အတၱစိတ္ နည္းဖို႔ အတြက္ ေပးဆပ္ တယ္ ဆုိတဲ့ အခ်စ္မ်ိဳးက လိုအပ္ တာေတာ့ ဟုတ္ပါတယ္။ သုိ႔ေပမယ့္ အလုပ္လုပ္ေ နလည္း ဖုန္းေတြ ဆက္၊ ညအိပ္လည္း ဆက္၊ မအိပ္ လည္း ဆက္၊ တစ္ပတ္ မွာ ၇ ရက္ေတြ႔၊ ေတြ႔ေတာ့ ၂၄ နာရီ ၊ ၈ နာရီက အျပင္မွာ ၈ နာရီ က အြန္လုိင္းမွာ အိပ္ခ်ိန္ေတာင္ ည က အိပ္မက္ဆုိး မက္လို႔ ကိုကို ႔ကို သတိရလု႔ိ ပါ ဘာညာ နဲ႔ မိမိ ရဲ႕ တိုးတက္ခ်င္တဲ့ စိတ္ကေလးေတြ ေရာင့္ရဲ သြားၾကမွာ အမွန္ပါပဲ။
ဒီေတာ့ ခ်စ္ေတာ့ ခ်စ္ႏိုင္ပါတယ္။ သုိ႔ေပမယ့္ Target တစ္ခု ထားျပီး ၾကိဳးစားေန စဥ္ ကာလမွာ အဆိပ္ေတာ့ မတက္ ပါနဲ႔။ ေျဖေဆး မရွိပါဘူး။ ၾကိဳးစားေနတဲ့ လူငယ္ေတြ အတြက္ က်ရွံးေစမယ့္ အေၾကာင္းျပခ်က္ တစ္ခု ျဖစ္ပါတယ္။
အေပ်ာ္ မမက္နဲ႔~~
စိတ္ထြက္ေပါက္၊ စိတ္ထြက္ေပါက္ ဆုိျပီး ေဘာ္ဒါေတြ နဲ႔ ေသာက္လိုက္မယ္။ စားလိုက္မယ္။ ကဲလိုက္မယ္။ လုပ္ေတာ့ လုပ္ေပါ့။ ဒါကို လည္း Limit ေလးေတာ့ ထားေလ။ ကိုယ္ လက္ရွိ လုပ္ေနတဲ့ လုပ္ငန္းေဆာင္ တာေတြ ကို ပ်က္ျပားေလာက္ေအာင္ အေပ်ာ္ေတြ အရမ္း မ်ားေနရင္လည္း မေကာင္းဘူး။
ျပီးေတာ့ မွ ငါ့ကို အရက္ ဝိုင္းတုိက္ ေကာင္ေတြ သူတုိ႔ က်ေတာ့ Project ျပီးသြားပါလား ဟ ဆုိျပီး ေနာင္ တေတြ ရေန လိမ့္မယ္။ အခ်ိဳ ႔ က ကိုယ့္ ေအာင္ျမင္မွု အတြက္ တစ္ဖက္သား ကို လမ္းလြဲေအာင္ လုပ္ဖို႔ ဝန္ မေလးဘူး။
ဒီေတာ့ ကိုယ့္ကို အခ်ိဳသတ္ျပီး ဆီဆမ္း ပဲဆီနံေလး ေမြးလိုက္ တာလို႔ ေရရြတ္ေနရင္း ဘဝ ပ်က္သြားပါမယ္။ အခ်ိဳ ႔ က်ေတာ့လည္း ဘယ္သူ မွ မဖ်က္ ပဲ ကိုယ္တိုင္ ဝါသနာ နဲ ႔ကို ေပ်ာ္တတ္ တာလည္း ရွိတယ္ေလ။ Limit ေလး နဲ႔ေတာ့ ကဲၾကေပါ့။ အိေျႏၵရရေလး ေပ်ာ္ႏိုင္ပါတယ္။
ဒါနဲ႔ ထပ္ေလာင္းေျပာခ်င္ တာက ၾကိဳးစားေနတဲ့ ဘဝ ရဲ ႔ အရသာ ဆုိတာ ဟာလည္း ပန္းတိုင္ေရာက္မွ ခူးဆြတ္ ရမွာ မဟုတ္ ပါဘူးေနာ္။ အသီး မသီးေသးေပမယ့္ အရြက္ေတြ ခူးျပီး ဟင္းစား လုပ္ႏိုင္ ပါေသး တယ္။
တစ္ခါ တစ္ေလက် ၾကိဳးစားေနရင္း နဲ႔ အခ်ိဳ ႔က Quality of Life ကုိေမ့သြားၾကတယ္ေလ။ ဒီေတာ့ ေအာင္ျမင္ မွု အတြက္ ပန္းတိုင္ ကို ထားရွိေပမယ့္ ေပ်ာ္ရႊင္မွု အတြက္ကေတာ့ စကၠန္႔တိုင္း ဟာ ပန္းတိုင္ ပါပဲ။
#Cd:MN
#VitaminEducationCentre II
Add & Follow 👉Alexander Khant 👈
(Unicode)
ဘဝ အတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ 👇 👇 👇
မပျင်းနဲ့~~
ပျင်းရိနေရင် ကိုယ်လိုချင် တဲ့ ပန်းတို င်တစ်ခုကို တော်တော် နဲ့ မရောက်ဘူး။ ပြောတုန်း ကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလား ကဲလားနဲ့ တကယ်လည်း လုပ်မယ် ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇက်ကျော တက် တယ်၊ ခေါင်းကိုက် တယ်၊ ဖျားတယ် နဲ ့ဆို တော်တော် နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်း ဖို့လိုပါတယ်။
မတွေဝေနဲ့~~
လောကီလူသားပေပဲ။ တစ်ခါခါ ကြိုးစားနေရင်း နဲ့ စိတ်ဓာတ် ကျတဲ့ အခါ ကြုံတတ်မယ်။ ငါ ဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူး လာမှာလဲ။ အဲဒီ ထက် ဆိုးတာက တစ်ခုခုကို ရည် ရွယ်ပြီး လုပ်နေရင်း တန်းလန်း ရည်ရွယ်ချက်ပျောက်သွား တာမျိုးပေါ့။
အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ် လိုက်တာနဲ့ တွေဝေ သွားတတ် ပါတယ်။ ဒီတော့ တွေဝေရင် ဘဝ ခရီးနှောင်နှေးပါတယ်။
မစိုးရိမ်နဲ့~~
ဖြစ်တောင် မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့ မလား။ ငါ့အတွက် လုံလောက် တဲ့ Resource တွေ ရှိကော ရှိ ရဲ ့ လား။ လုပ်လိုက် တာတော့ ဟုတ်ပါပြီ။ ရလဒ် က သေချာ ပါ့မလား အစရှိ သဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။
ဒါတွေက မလုပ်ခင် မလျှောက်ခင် ကတည်းက Plan ချထား ရမှာလေ။ အဲဒါတွေ မချ ထားရင်တော့ စိုးရိမ် စိတ်က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့~~
ငါ့ဘော်ဒါတွေ များ၊ သူတို့တွေ များ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ် မလာသေး ပါလား အစရှိ သဖြင့် အားငယ်စိတ် က တော်တော် များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူး ကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူ တို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ် တာလဲတော့ မသိဘူး)
ကိုယ်က ဘဝ ရဲ ့အဓိပါ္ပယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ် လို့ မခေါ်ဘူး။ ကိုယ် ကျင်လည်နေရတဲ့ အခြေအနေ ထဲမှာ စိတ် အကျေနပ် ဆုံး အကောင်းဆုံး ဖန်တီး လိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။
ပြီးတော့မှ နောက်တစ်ဆင့် တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့် အစား သူတို့ ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ် ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်နဲ့~~
ထူးဆန်းတယ် ဟုတ်။ မထူးဆန်း ပါဘူး။ ပတ်ဝန်းကျင် မှာ တွေ့နေရ လို့ပါ။ လူတွေ က ကြိုးစားနေရင်း နဲ့ အရမ်း Romantic ဆန် သွားရင် ရောင့်ရဲ သွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေ ရတာမျိုး မဟုတ်တောင် တိုက်ခန်းလေး တစ်လုံး နဲ့ နေရရင်ပြီးပါပြီ ဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စား ခံလိုက်ကြတယ်။
စိတ်ညစ်နေတုန်း အားပေးဖော်လေး ရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူ ရှိ တာက ကောင်းပေမယ့် ဘယ် သွားသွား ခြေတောက် မှာ တွဲပါနေမယ့် ကျောက်ခဲ တုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှ လုံး ယာယီပျော်ရွှင်မှု အတွက် အတ္တစိတ် နည်းဖို့ အတွက် ပေးဆပ် တယ် ဆိုတဲ့ အချစ်မျိုးက လိုအပ် တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်ေ နလည်း ဖုန်းတွေ ဆက်၊ ညအိပ်လည်း ဆက်၊ မအိပ် လည်း ဆက်၊ တစ်ပတ် မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ ၊ ၈ နာရီက အပြင်မှာ ၈ နာရီ က အွန်လိုင်းမှာ အိပ်ချိန်တောင် ည က အိပ်မက်ဆိုး မက်လို့ ကိုကို ့ကို သတိရလို့ ပါ ဘာညာ နဲ့ မိမိ ရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။
ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခု ထားပြီး ကြိုးစားနေ စဉ် ကာလမှာ အဆိပ်တော့ မတက် ပါနဲ့။ ဖြေဆေး မရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေ အတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။
အပျော် မမက်နဲ့~~
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက် ဆိုပြီး ဘော်ဒါတွေ နဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကို လည်း Limit လေးတော့ ထားလေ။ ကိုယ် လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင် တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်း များနေရင်လည်း မကောင်းဘူး။
ပြီးတော့ မှ ငါ့ကို အရက် ဝိုင်းတိုက် ကောင်တွေ သူတို့ ကျတော့ Project ပြီးသွားပါလား ဟ ဆိုပြီး နောင် တတွေ ရနေ လိမ့်မယ်။ အချို ့ က ကိုယ့် အောင်မြင်မှု အတွက် တစ်ဖက်သား ကို လမ်းလွဲအောင် လုပ်ဖို့ ဝန် မလေးဘူး။
ဒီတော့ ကိုယ့်ကို အချိုသတ်ပြီး ဆီဆမ်း ပဲဆီနံလေး မွေးလိုက် တာလို့ ရေရွတ်နေရင်း ဘဝ ပျက်သွားပါမယ်။ အချို ့ ကျတော့လည်း ဘယ်သူ မှ မဖျက် ပဲ ကိုယ်တိုင် ဝါသနာ နဲ ့ကို ပျော်တတ် တာလည်း ရှိတယ်လေ။ Limit လေး နဲ့တော့ ကဲကြပေါ့။ အိန္ဒြေရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင် တာက ကြိုးစားနေတဲ့ ဘဝ ရဲ ့ အရသာ ဆိုတာ ဟာလည်း ပန်းတိုင်ရောက်မှ ခူးဆွတ် ရမှာ မဟုတ် ပါဘူးနော်။ အသီး မသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစား လုပ်နိုင် ပါသေး တယ်။
တစ်ခါ တစ်လေကျ ကြိုးစားနေရင်း နဲ့ အချို ့က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင် မှု အတွက် ပန်းတိုင် ကို ထားရှိပေမယ့် ပျော်ရွှင်မှု အတွက်ကတော့ စက္ကန့်တိုင်း ဟာ ပန်းတိုင် ပါပဲ။
#Cd:MN
#VitaminEducationCentre II
Add & Follow 👉Alexander Khant 👈

LEAVE A REPLY

Please enter your comment!
Please enter your name here