ေနာင္တ ေနာင္တ ေနာင္မွရ
********************
ပစၥဳပၸန္ကိုတန္ဖိုးမထားလ်င္ အနာဂတ္သည္ ေနာင္တေတြနဲ႔ မလွမပ
ျဖစ္တတ္၏။ကာလသည္ အတိတ္၊ အနာဂတ္၊ ပစၥဳပၸန္ဟုရွိရာ
အတိတ္ကလည္း ျဖစ္သြားၿပီးမို႔ ျပန္ျပင္ႏိုင္လို႔မရေကာင္း။အနာဂတ္က
လည္း မလာေသးလို႔ ႀကိဳတင္ခံစားလို႔မရေကာင္း။ပစၥပၸန္၌မူ ကိုယ္တိုင္
စီမံႏိုင္ခြင့္ရွိ၏။သို႔ေၾကာင့္လည္း ပစၥဳပၸန္ကိုအေကာင္းဆုံးအသုံးခ်တတ္ဖို႔
လိုေလသည္။ကိေလသာေတြနဲ႔ခ်ည္းေနမလား။ဓမၼနဲ႔ေနမလားေရြးခ်ယ္
ခြင့္ရွိ၏။ကိုယ္ေရြးခ်ယ္ရာအလိုက္ ကိုယ့္ဘဝ၏ စိတ္ေအးရျခင္း
စိတ္ဆင္းရဲရျခင္းကို ကိုယ္တိုင္ခံစားရမွာျဖစ္သည္။ပန္းလိုခ်င္ပါလ်က္
အပင္မပ်ိဳးမိလ်င္ ပန္းပြင့္ဖို႔မရွိေခ်။ပန္းဦးေတာ့ လိုခ်င္ ေပါင္းသင္ဖို႔
ဝန္ေလးေနလ်င္လည္း အနာဂတ္၏ အလွကို ေမွ်ာ္လင့္ဖို႔မရွိေခ်။
ပစၥဳပၸန္၌ မိမိ၏ လုပ္ရပ္သည္ အနာဂတ္မွာမိမိ၏ ဘဝျဖစ္လို႔ အပင္ပ်ိဳး
၍ ေပါင္းသင္ရမွာကလည္း မိမိတာဝန္သာျဖစ္၏။ဆင္းရဲဒုကၡေတြၾကံဳ
လာမွ ဘဝကိုအျပစ္တင္ေနလို႔မရေပ။ေနခ်င္သလိုေနလာခဲ႔မိေသာ
မိမိ၏အျပစ္သာျဖစ္သည္။ထိုအခါက်မွ ေနာင္တသည္မရစေကာင္း။
ေနာင္တဟူသည္ ပူပန္ရျခင္းျဖစ္၏။အတိတ္တုန္းက လုပ္သင့္ေသာ
ကုသိုလ္ေတြမလုပ္ခဲ႔မိလ်င္ မလုပ္ခဲ႔မိလို႔ ေနာင္တတစ္ဖန္ပူပန္ရသည္။
အတိတ္တုန္းက မလုပ္သင့္ေသာအကုသိုလ္ေတြ လုပ္ခဲ႔မိလ်င္
လုပ္ခဲ႔မိလို႔ ေနာင္တတစ္ဖန္ပူပန္ရသည္။ထိုသို႔ပူပန္ရျခင္းကိုပင္ကုကၠဳစၥ
ဟုေခၚ၏။မိမိကိုယ္ကို အားမလိုအားမရျဖစ္၏။ႀကိတ္မႏိုင္ခဲမရျဖစ္၏။
ထိုအခ်ိန္၌ အတိတ္ကိုျပန္သြားၿပီး မလုပ္ခဲ႔ဘူးေသာကုသိုလ္ေတြလုပ္
လိုက္ခ်င္သည္။လုပ္မိေသာအကုသိုလ္ေတြလည္း မလုပ္မိေအာင္
စိတ္ကိုျပဳျပင္လိုက္ခ်င္သည္။သို႔ေသာ္ မရေတာ့။လြန္ခဲ႔ၿပီ။မွားခဲ႔ၿပီ။
ေက်ာ္ခဲ႔ၿပီ ျဖစ္၏။ေနာင္တသည္ ဆင္းရဲၾကံဳမွ အိပ္ယာဖ်ာကပ္မွ ရတတ္
သည့္တရားျဖစ္သည္။ေနာင္တရလ်င္ပူ၏။ဆင္းရဲ၏။ဘဝေကာင္းကို
ရဖို႔ခက္၏။ထို႔ေၾကာင့္ ေနာင္တတရားသည္ ရေကာင္းသည့္တရား
မဟုတ္ေခ်။ေနာင္တ၏နိဂံုးကား မရႈမလွဇာတ္သိမ္းသာျဖစ္၍
ပစၥဳပၸန္ကို အေကာင္းဆုံးအသုံးခ်တတ္ဖို႔လို၏။
ငယ္ခါကလ်င္၊ မသင္ပညာ၊ ဥစၥာမစု၊ သူ႔ကိုခ်စ္ဖ်က္၊ သူ႔သက္သတ္စား၊
သူ႔မယား၌၊ ပစ္မွားတုံဘိ၊ ပစၥည္းရွိလ်က္၊ စိုးစိမလွဴ၊ ေမြးျမဴမိဘ၊
မျပဳရႏွင့္၊ ဆုံးမ မနာ၊ ပညာရွိထံ၊ နည္းခံ မမွတ္၊ အျမတ္မက်င့္၊ ဤဆယ္
ဆင့္ကား၊ ႀကီးရင့္ ဇရာ၊ အိုေသာခါလ်င္၊ ပူဆာ ေနာင္တ၊ ရတတ္စြ၏။
ေနာင္တ ရတတ္သည့္ အေၾကာင္းဆယ္ပါးကို လကၤာဖြဲ႔ထားျခင္းျဖစ္
သည္။ငါတို႔မ်ား ပညာမတတ္လို႔ ခုမ်ားဆင္းဆင္းရဲရဲလုပ္ကိုင္
စားေသာက္ေနရတာဟုေျပာတတ္ၾကသည္။ပညာသင္ယူခြင့္ရစဥ္က
ဝိဇၨာ သိပၸံ နည္းပညာမ်ားကို ေလ့လာသင္ယူျခင္းမရွိခဲ႔လို႔ ေနာင္တရ၍
ဆိုေသာစကားျဖစ္၏။ဦးက်ည္ေပြ႔ႀကီး က်ည္ေပြ႔အတက္ေပါက္ၿပီဆို၍
ငယ္ငယ္က မသင္ယူမိသည့္ စာေပကိုႀကီးမွသင္ယူဖူးသည့္အျဖစ္ေတာ့
မွတ္သားဖူးသည္။စီးပြားဥစၥာ ရွာေဖြရာ၌ ပညာမရွိလ်င္ ခက္ခဲ၏။
ေရာင္းမႈ ဝယ္မႈ၌ပညာမ်ားစြာလိုသည္။အေတြ႔အၾကံဳက သင္ယူတတ္
လ်င္ေတာ့ စီးပြားဥစၥာ ျဖစ္ထြန္းႏိုင္သည္။လင္သားလုပ္သူက နဖူးက
ေခြ်း ေျခမက်ေအာင္ရွာေသာ္လည္း မယားလုပ္သူက စီးတဲ႔ေရဆည္တဲ႔
ကန္သင္းမလုပ္လ်င္ စီးပြားဥစၥာ မျမဲေပ။ႏွဲသမား ပါးလို ပိန္လိုက္ေဖာင္း
လိုက္ ျဖစ္ေနတတ္သည္။စီးပြားေရးကေတာ့ ဝါးလုံးေခါင္းထဲ ဆင္တိုး
ေနရသလိုပဲ ဟုေျပာေသာစကားသည္ စုေဆာင္းသင့္သည့္အခါ၌
စုစုေဆာင္းေဆာင္းမလုပ္ခဲ႔၍ ေျပာရသည့္ ေနာင္တစကားျဖစ္သည္။
အသံုးနဲ႔ အျဖဳန္းကို နားလည္ဖို႔လို၏။ သူမ်ားနဲ႔ၿပိဳင္ၿပီး မႂကြားဝါဖို႔လို၏။
ေခြ်တာစုေဆာင္း သူေ႒းေလာင္းဆိုေသာစကားကို နာခံသင့္သည္။ျခကို
ပုံတု၊ ပ်ားႏွယ္စုဟုလည္းဆို၏။သို႔မွသာ ေနာင္တစကားမဆိုရမွာ ျဖစ္၏။
ခ်စ္ခင္ေနၾကသည့္ သူႏွစ္ေယာက္။စည္းလုံး ညီညြတ္ေနသည့္ အဖြဲ႔
အစည္း။ၿငိမ္းခ်မ္းေနသည့္ လူ႔ေဘာင္။ထိုခ်စ္ခင္မႈ၊ စည္းလုံးမႈ၊ ၿငိမ္ခ်မ္းမႈ
ကို ၿပိဳကြဲသြားေအာင္ ရည္ရြယ္ၿပီး အမုန္းစကား၊ ေကာလဟလစကား
ေတြျဖင့္ သပ္လွ်ိဳေသြးခြဲမည္ဆိုပါက ကုန္းတိုက္သည္ဟုဆိုရ၏။
ခ်စ္ခင္ေနသည့္ မိတ္ေဆြ ရဟန္းႏွစ္ပါးကို အခ်စ္ပ်က္သြားေအာင္
လုပ္ဖူးသည့္ ရဟန္းတစ္ပါး၏အေၾကာင္းကိုပိဋကစာေပထဲမွာမွတ္သား
ဖူးသည္။ဝႆကာရအမတ္ႀကီးသည္ ကုန္းစကားျဖင့္ပဲ ေဝသာလီျပည္
ႀကီးၿပိဳကြဲသြားေအာင္ ဖ်က္ဆီးခဲ႔ဖူးသည္။စကားတစ္ခြန္းသည္ ျမားတစ္
စင္းလည္းျဖစ္ႏိုင္သည္။ပန္းတစ္ခင္းလည္းျဖစ္ႏိုင္သည္။ျမားလိုခြင္းမည့္
အမုန္းစကားေတြထက္ ပန္းလိုသင္းသည့္ ပန္းစကားေတြျဖစ္ေအာင္
ေျပာသင့္ဆိုသင့္ေလသည္။သို႔မွသာ ငါျဖင့္ ကုန္းစကားေတြဆိုမိလို႔
ငရဲသြားရေတာ့မွာပါလားဟူ၍ ေနာင္တမရမွာျဖစ္သည္။ေျပာမွေျပာလ်င္
တရားပါသည့္စကားမ်ိဳးသာေျပာဆိုသင့္၏။ပီယဝါစာ။ေမတၱာဝါစာ။
ဓမၼဝါစာ။သစၥာဝါစာ။ သမၼာဝါစာ။ထိုဝါစာ ထိုစကားမ်ိဳးသာလ်င္
တန္ဖိုးရွိေသာစကား ေနာင္တမသင့္ေစေသာစကားမ်ိဳးေတြျဖစ္၏။
ေလာက၌ ရသတဏွာသည္လည္း အဆာက်ယ္၏။လွ်ာရင္းျမတ္ျမတ္
စားဖို႔အတြက္ အသားမပါလ်င္ ခံတြင္းမျမိန္ျဖစ္တတ္သည္။သဲအင္းဂူ
ဆရာေတာ္ဘုရားႀကီးကေတာ့ ခင္ဗ်ားတို႔က ငါးစားတာမ်ားတယ္။
ငပိေရေလးမ်ားမပါရင္ မစားတတ္ဘူး။သတၱဝါေတြထဲမွာေရသတၱဝါက
ပိုမ်ုားေတာ့ ေသရင္ ေရထဲဖင္ေလွ်ာဆင္းရမယ္။စားရင္လည္းသတိနဲ႔စား
ဖို႔ဆုံးမေတာ္မူဖူးသည္။အစားမွာ ဘယ္ေလာက္ရက္စက္သလဲဆိုလ်င္
လူသားေတြမစားသည့္ အသားပင္မရွိသေလာက္ျဖစ္သည္။တရုတ္တန္း
ဘက္မ်ားသြားလ်င္ အေကာင္းမ်ိဳးစုံကင္ေရာင္းေနတာေတြ႔ရသည္။
အုန္းပိုးဆိုသည့္အေကာင္ေလးေတြလင္ပန္းထဲမွာ လႈပ္လႈပ္နဲ႔သြားေန
သည္။ထိုအရွင္ေကာင္ေလးေတြကို ဆီပူအိုးထဲ ရွဲခနဲေနေအာင္ထည့္
ေၾကာ္ၿပီးေရာင္းေနတာေတြ႔ဖူးသည္။အင္တာနက္မွာေတာ့အစားအတြက္
ရက္စက္တတ္သည့္ လူသားတို႔၏ႏွလုံးသားကို ရင္နာစရာေတြမ်ားစြာ
ေတြ႔ရသည္။ငါးမေသမရွင္။ႏြားကိုအရွင္လတ္လတ္ ေျခေထာက္ေလး
ေခ်ာင္းျဖတ္ၿပီး အေရခြံခြာေနတာေတြေတြ႔သည္။ေမ်ာက္ကေလးေတြကို
အရွင္လတ္လတ္ ဦးေႏွာက္ေဖာက္စားသည္။ေနာက္ဆုံးလူသားပင္စား
ၾကသည္။သူ႔အသက္ကို ကိုယ္ခ်င္းမွမစာနာ ရက္စက္စြာသက္ျဖတ္
ေရာင္းခ် စားေသာက္ေနလ်င္ ေသခါေနာင္တရမည္မုခ်ပင္။သူ႔အသက္
ကို သတ္သည့္အတြက္ အသက္တိုမည္။အနာေရာဂါမ်ားမည္။ေသလ်င္
လည္းအပါယ္ငရဲေရာက္မည္။လွ်ာကိုအလိုလိုက္လြန္းလ်င္ ေနာင္တျဖင့္
ပူေလာင္ရတတ္ေလသည္။
ကာမအေငြ႔ ဟူသမွ်၌ မိန္းမဆိုေသာ ကာမအေငြ႔သည္ အေတြ႔၌အဆိုး
ဆုံးျဖစ္၏။မိန္းမနဲ႔ ပတ္သက္လာလ်င္ မႊန္တတ္၏။ရမ္းတတ္၏။ၾကမ္း
တတ္၏။အေကာင္းအဆိုး မခြဲႏိုင္ျဖစ္တတ္၏။ထို႔ေၾကာင့္လည္းကာမ
အေမွာင္ဟာ အေမွာင္ဆုံးဟုဆိုျခင္းျဖစ္သည္။သူ႔မယားလည္းသူ႔မယား
မွန္းမသိ။တိရစၧာန္အက်င့္ကိုက်င့္၏။ထိုသူမ်ိဳးကား ေသခါနီးအခါ
ေနာင္တႀကီးစြာရတတ္၏။မ လိုက္၍ မိုက္ေနသမွ် ေနာင္တတရားနဲ႔
ပတ္ပင္း ေတြ႔ရမည္သာျဖစ္၏။အရွင္အာနႏၵအေလာင္းေတာ္ႀကီးပင္
တစ္ခုေသာ ဘဝ၌ သူမ်ားမယားေတြဖ်က္ဆီးခဲ႔ဖူးသည္။ထိုအက်ိဳးဆက္
ေၾကာင့္ မိန္းမဘဝ၊ အေျခာက္ဘဝ၊ အသင္းခံရသည့္ဘဝဆိုးေတြ
အမ်ိဳးမ်ိဳးၾကံဳခဲ႔ရေလသည္။ကာေမသု ကို မိစၧာျဖစ္ေအာင္က်င့္မိ၍
လိင္ပ်က္သည့္ဘဝေတြၾကံဳရျခင္းျဖစ္၏။သတိထားစရာပင္ျဖစ္သည္။
ဒါနတရားသည္ သူေတာ္ေကာင္းတို႔အဦးဆုံး
သုံးရသည့္ တရားျဖစ္သည္။ေလာဘကိုပယ္သတ္ရမည္ဟုသာသနာက
ဆုံးမထားရာ ဒါနသည္ ေလာဘကို သတ္သည့္တရားျဖစ္၏။ထိုသို႔မွ
မသိျခင္းေၾကာင့္ ေလာဘကိုေမြးသည္။မစၧရိယကိုေမြးသည္။ရွိသည့္ဥစၥာ
ခုပ္ကေလးေလ်ာ့သြားမွာစိုးရိမ္ၿပီး ကုတ္ကပ္ဖက္တြယ္ထားသည္။
လွဴေန တန္းေနလ်င္ ပရုတ္လုံးလို လုံးပါးပါသြားမည္ မွတ္၏။လွဳတယ္
ဆိုတာ ထန္းလ်က္ခဲေခြးလ်က္သလို လုံးပါးပါးတာပဲရွိသည္။
ေကာင္းက်ိဳးမရွိဟုမွတ္သည္။အမွန္ေတာ့ လွဴခဲ႔ဖူးသည့္ဒါနေၾကာင့္ပင္
ခုဘဝ ဥစၥာဓနေပါမ်ားေနျခင္းျဖစ္သည္။ဒါနလုပ္ျခင္းသည္ ေပးေန
ကုန္ေနျခင္းမဟုတ္။ယူေန တိုးေနျခင္းျဖစ္၏။တစ္ဆုပ္ႀကဲ တစ္လွည္းဝင္
မည္သာျဖစ္၏။ကုန္မွာေၾကာက္၍ မေပးလွဴမိခဲ႔လ်င္ ေသခါနီးေနာင္တ
ရတတ္သည္။ဒါနကိုမွအားမကိုးတတ္လ်င္ သံသရာဘုံထဲမွာ ငမြဲငႏံု
အျဖစ္ စခန္းသြားရမည္သာျဖစ္သည္။
ကိုယ္ကတတ္ႏိုင္သည္။ျပည့္စုံသည္။ေကြ်းေမြးႏိုင္စြမ္းရွိသည္။သို႔ေသာ္
မိဘကို ေက်းဇူးတုန္႔ျပန္ဖို႔ကားမတတ္ႏိုင္။မိဘေက်းဇူးသိတတ္မႈက
မျပည့္စုံ။မိဘကိုျပန္လည္ေမြးျမဴဖို႔ကမစြမ္းႏိုင္ျဖစ္ေနလ်င္ ေသခ်ာ၏။
ထိုသူကား သူယုတ္မာစာရင္းဝင္ျဖစ္သည္။ေလာကဝတ္ကို ျပည့္စုံ
ေအာင္ မျဖည့္သူျဖစ္၏။မိဘေက်းဇူးမွ ျပန္လည္းမေပးဆပ္ႏိုင္ခဲ႔လ်င္
ေသခါနီးအခါေနာင္တရတတ္၏။ေလာကဝတ္ကို မခ်ိဳ႕ဖို႔ရာ ေက်းဇူးသိ
ေသာစိတ္၊ ေက်းဇူးဆပ္လိုေသာစိတ္ရွိရေပမည္။သို႔မွသာေနာင္တကင္း
မည္ျဖစ္၏။ထို႔ေၾကာင့္လည္း မိဘကိုမေသခင္ေကြ်းပါ။ေသမွမငိုပါနဲ႔ဟူ
၍ သူေတာ္ေကာင္းတို႔ဆိုျခင္းျဖစ္သည္။
ငါသိ၏။ငါတတ္၏။ငါေတာ္၏။ငါမွန္၏။ငါမာန္ေတြတေထာင္ေထာင္ျဖင့္
ငါမွငါလုပ္ေနသူမ်ိးက သူတစ္ပါးရဲ႕အဆုံးအမကို လက္မခံတတ္ေပ။
ဆုံးမလာသူကိုပင္ သူကဘာမို႔လဲဟုလုပ္သည္။သူေတာ္ဆည္းကပ္
ျမတ္တရားနာဆိုေသာ ဗုဒၶဘာသာတို႔၏ထုံးတမ္းကို မသိက်ိဳးကြ်ံျပဳ
သည္။နာမွသိ။သိမွက်င့္။က်င့္မွလြတ္ဆိုေသာ လမ္းစဥ္ကိုလည္း
မလိုက္လိုေပ။မျပင္ႏိုင္ေတာ့သည့္အမွားေတြကိုလုပ္မိေတာ့မွ မရွဴႏိုင္
မကယ္ႏိုင္ျဖစ္ကာ သူတို႔ဆုံးမတာကို မနာခံခဲ႔မိျခင္းဟုေနာင္တရေတာ့
၏။တရားေတာ္တို႔ကို မနာယူမိခဲ႔သျဖင့္ ေသခါနီးအခါ၌ ဘာကိုႏွလုံး
သြင္းရမည္မသိေတာ့ေပ။ထိုအခါ ေယာင္ကာ ယမ္းကာ ၿငီးျငဴကာျဖင့္
မေကာင္းသည့္ လားရာဂတိကို ဖမ္းမိဖမ္းရာ ဆြဲေတာ့၏။
ေလာကီအစီးအပြား၊ ေလာကုတၱရာအစီးအပြားအတြက္ ဆိုင္ရာဆိုင္ရာ
ပညာရွိမ်ား မ်ားစြာရွိ၏။ေလာကႀကီးပြားနည္း၊ ေလာကုတၱရာႀကီးပြား
နည္း ႀကီးပြားခ်မ္းသာေၾကာင္းနည္းလမ္းမ်ားလိုလ်င္ ပညာရွိကို
ေပါင္းေဖာ္မွီဝဲဖို႔လိုသည္။ဒါမွသာ နည္းမွန္လမ္းက် လုပ္တတ္ကိုင္တတ္
မည္ျဖစ္၏။နည္းလမ္းက်မွလည္း အမွန္ႀကီးပြားေပမည္။မႀကီးမပြား
အစီးအပြားေတြ ဆုတ္ယုတ္လာေတာ့မွ ပညာရွိတို႔ထံမဆည္းကပ္မိေလ
ျခင္းဟုျပင္းစြာေနာင္တ ရတတ္သည္။တရားလက္ဆုပ္ကေလးမွမရွိလ်င္
ရိကၡာမပါဘဲ ခရီးခဲသြားသလို ဆင္းရဲရမည္မုခ်ပင္။ထို႔ေၾကာင့္လည္း
ပညာရွိကို မိတ္ေဆြေကာင္းမွတ္၍ ဆည္းကပ္ နာခံဖို႔သည္ ဘဝ၏
အေရးႀကီးေသာအစိတ္အပိုင္းျဖစ္သည္။
ေနာက္ဆုံးအခ်က္ကား ဘဝႏွင့္လည္းဆိုင္၏။သံသရာႏွင့္လည္းဆိုင္၏။
ဘဝႏွင့္ဆိုင္သည္ဆိုရာ၌ ဘဝေနေရး၌ ေလာကဝတ္မ်ားကိုျပည့္စုံ
ေအာင္လုပ္ဖို႔လိုသည္။လူပီသဖို႔ဆိုလ်င္ လူျမတ္က်င့္ထုံးကို က်င့္ဖို႔လို
၏။ကိုယ္ခ်င္းစာတရား ထားတတ္ဖို႔လို၏။ျဗဟၼစိုရ္တရား ထားတတ္ဖို႔လို
၏။သူေတာ္ေကာင္းတို႔စိတ္ျဖင့္ အရာရာကိုယ္ခ်င္းစာတတ္မွ လူျမတ္ျဖစ္
ေပမည္။သံသရာႏွင့္ဆိုင္သည္ဆိုရာ၌ လူဟူသည္ လူနဲ႔တူေအာင္က်င့္
မွ သံသရာမွာ လူရယ္၊ နတ္ရယ္ျဖစ္ခြင့္ရမည္ဟုဆိုျခင္းျဖစ္သည္။
လူနပ္ခ်မ္းသာဆိုၿပီး လူပါး လူနပ္ကမွခ်မ္းသာမယ္ဟုယူထားသူမ်ိဳးက
ေတာ့ ငရဲအိုးႏွင့္ နီးသည္။လူက်င့္မွမက်င့္လ်င္ ေခြး တိရစၧာန္အျဖစ္
သံသရာထဲ က်င္လည္ရတတ္သည္။ထို႔ထက္လြန္၍ ျဗဟၼာလိုလူျဖစ္
ေအာင္လည္းက်င့္ႏိုင္ခြင့္ရွိသည္။အေကာင္းဆုံးကား ေလာကလြန္က်င့္
စဥ္ကို က်င့္ဖို႔ျဖစ္၏။လူလည္းျဖစ္တုန္း၊သာသနာလည္းပြင့္တုန္းမွ
သတိပ႒ာန္တရားကိုမက်င့္မိလ်င္ ခြင့္သာဆဲ မခဲခ်င္သူ။ခြင့္သာတုန္း
မရုန္းခ်င္သူ။ခြင့္သာခိုက္ မလိုက္ခ်င္သူမ်ိဳးဟု နာမည္ဆိုးျဖင့္ေက်ာ္ေပ
လိမ့္မည္။ဇရာေထာင္း၍ အိပ္ယာဖ်ာကပ္လဲေလ်ာင္းေနရၿပီဆိုေတာ့မွ
ဝိပႆနာဟူေသာ အျမတ္က်င့္စဥ္ကို က်င့္သုံးမထားမိေလျခင္းဟု
ေနာင္တရတတ္သည္။ခံစားရသည့္ေဝဒနာလည္း ႏွလုံးမသြင္းတတ္
ေတာ့ တၿငီးျငဴျငဴ၊ တပူပင္ပင္ျဖင့္ လိႈက္ငင္ေဇာေခြ်းျပန္လိမ့္မည္။
ေပၚလာေသာ နိမိတ္ေတြကိုလည္း သတိပ႒ာန္မတင္တတ္သည့္
အတြက္ ဒုဂတိဆြဲခ်ရာ ယက္ကန္ယက္ကန္ပါသြားေပမည္။ထို႔ေၾကာင့္
လည္း ဝိပႆနာအက်င့္ျမတ္ကိုမွ မလုပ္မိလ်င္ အႀကီးဆုံး အရံႈးနဲ႔
ရင္ဆိုင္ရေပလိမ့္မည္။ေနဘဝလည္းရံႈး၏။ေသဘဝလည္းရံႈး၏။
ထိုေနာင္တမ်ိဳးမရေလေအာင္ ပစၥဳပၸန္၌ ခႏၶာႀကီးကို အလိုမလိုက္သင့္။
မညွာသင့္ေတာ့ေပ။တန္ေအာင္ခိုင္းမွ ေတာ္ကာက်မွာျဖစ္လို႔
ခႏၶာႀကီးကို ကိေလသာႏြံမွာခ်ည္းႏွစ္ထား၍ မေတာ္။ဓမၼမွာေပ်ာ္တတ္
ေအာင္လည္း ေမြးျမဴေပးရမွာျဖစ္၏။
ေနာင္တ ေနာင္တ ေနာင္မွရက ေနာက္လ်င္က်၍ ရံႈးပါသည္။အမိုက္
ေနာင္တ ေနာင္မွရလ်င္လည္း ျပန္ျပင္လို႔မရေတာ့ေခ်။မွားၿပီးသားကို
ျပန္ျပင္လို႔မရေသာ္လည္း ေနာင္မမွားေအာင္ေတာ့ျပင္ယူလို႔ရသည္။
ထို႔အတူပင္ ထိုေနာင္တဆယ္ပါးလုံး ေနာင္တစ္ခ်ိန္မၾကံဳရေအာင္
လည္း အသိသတိကို ေမြးျမဴ ေလ့က်င့္ယူလ်င္ရေပသည္။လူ႔စိတ္ဟူ
သည္ မေကာင္းမႈမွာသာေမြ႔ေလ်ာ္သည္ဆိုျငား ေကာင္းသည့္ဘက္ကို
ဆြဲႏိုင္လ်င္လည္း ပါလာျမဲျဖစ္၏။ဝိပႆနာအလုပ္ကို မလုပ္ခ်င္လည္း
ေပလုပ္။မရႈခ်င္လည္းေပရႈ။ပ်င္းလည္းလုပ္။ေပ်ာ္လည္းလုပ္။အေလ့
အထုံျဖစ္ေအာင္သာလုပ္ႏိုင္လ်င္ ေပကပ္ကပ္စိတ္ပုပ္လည္း မေပႏိုင္၊
မေတႏိုင္၊ မေလႏိုင္ေတာ့ပါေပ။ေလာကႀကီးပြားေရးသည္
ပစၥဳပၸန္ခ်မ္းသာေရးျဖစ္၍ လုပ္သင့္သလို၊ ဝိပႆနာအလုပ္ကလည္း
ပစၥဳပၸန္၊ တမလြန္ခ်မ္းသာေရးကိစၥျဖစ္၍ မျဖစ္မေနလုပ္ရမည့္အလုပ္ျဖစ္
သည္။သို႔ပါမွလည္း သာသနာႏွင့္ေတြ႔ရက်ိဳးနပ္ေပမည္။
ဇရာအို အခ်ိန္ေႏွာင္းပါမွ ေရခမ္းသည့္ညႊန္အိုင္မွာ မပ်ံႏိုင္ေတာ့သည့္
အေတာင္ကြ်တ္ ႀကိဳးၾကာအိုႀကီးေတြလို မွားေလစြ၊ ေမ့ေလစြဟု
ေနာင္တျဖင့္ ေအာ္ၿငီးမေနရေအာင္ သတိပညာရွိသင့္၏။ေနာင္တ
ေနာင္တ ေနာင္မွရဟု ေနာင္တျဖင့္မပူေလာင္ရဖို႔သည္မ်ားစြာ
အေရးႀကီးေလသည္။ေနာင္တ၏ ေနာင္သည္ အေမွာင္ျဖစ္၏။ဆင္းရဲ
ျဖစ္၏။ပစၥဳပၸန္ကို အေကာင္းဆုံးျဖစ္သည့္ ဝိပႆနာအက်င့္ျမတ္ျဖင့္
အေရာင္တင္မည္ဆိုပါက အနာဂတ္သည္ ေရႊေရာင္ေတာက္ပမည္သာ
ျဖစ္၏။ေနာင္တကင္းရာ ေနရာဆိုသည္ကလည္း အက်င့္ျမတ္၏
လမ္းဆုံး၌ ထီးထီးႀကီးတည္ရွိေနေသာ အၿမိဳက္ေရႊျပည္ပင္မဟုတ္ပါ
ေလာ။အခ်ဳပ္အားျဖင့္ေတာ့ ေနၾကရသည့္အခိုက္မွာ ကိေလသာၾကားပဲ
နစ္ေနလ်င္ ေသရင္ေနာင္တရမည္။မီးစနဲ႔သာေနသူဟုေခၚသင့္၏။
ကိေလသာနဲ႔ေပ်ာ္သည့္အခါေပ်ာ္လိုက္ ဓမၼနဲ႔ေနသည့္အခါေနလိုက္ဆို
လ်င္ျဖင့္ ေတာ္ေသး၏ဟုဆိုရမည္။မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္နဲ႔
ေနသူဟုေခၚသင့္၏။ဓမၼနဲ႔သာ ထာဝရေန၍ ဓမၼစာရီျဖစ္ေအာင္ေနမည္
ဆိုလ်င္ေတာ့အျမတ္ဆုံးေနျခင္းျဖစ္သည္။ေရမႈတ္နဲ႔သာေနသူမ်ိဳးျဖစ္၏။
မည္သို႔ပင္ဆိုေစ အေနယုတ္လ်င္ အေသယုတ္၍ အေနျမတ္မွအေသ
ျမတ္မည္ကား အေသအခ်ာျဖစ္ေပသည္။သို႔ျဖစ္၍ ေနာင္တ ေနာင္တ ေနာင္မွရ ဆိုသည့္လူမိုက္တို႔၏ အျဖစ္မ်ိိဳးကို မေရာက္ဖို႔ ေမတၱာျဖင့္
သတိေပးလိုက္ရျခင္းသာျဖစ္ပါ၏။
သုခီ အတၱာနံ ပရိဟာ ရႏၲဳ။
Credit — ေလာကဓမၼ ရသစုံစုံ

(Unicode)

နောင်တ နောင်တ နောင်မှရ
********************
ပစ္စုပ္ပန်ကိုတန်ဖိုးမထားလျင် အနာဂတ်သည် နောင်တတွေနဲ့ မလှမပ
ဖြစ်တတ်၏။ကာလသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟုရှိရာ
အတိတ်ကလည်း ဖြစ်သွားပြီးမို့ ပြန်ပြင်နိုင်လို့မရကောင်း။အနာဂတ်က
လည်း မလာသေးလို့ ကြိုတင်ခံစားလို့မရကောင်း။ပစ္စပ္ပန်၌မူ ကိုယ်တိုင်
စီမံနိုင်ခွင့်ရှိ၏။သို့ကြောင့်လည်း ပစ္စုပ္ပန်ကိုအကောင်းဆုံးအသုံးချတတ်ဖို့
လိုလေသည်။ကိလေသာတွေနဲ့ချည်းနေမလား။ဓမ္မနဲ့နေမလားရွေးချယ်
ခွင့်ရှိ၏။ကိုယ်ရွေးချယ်ရာအလိုက် ကိုယ့်ဘဝ၏ စိတ်အေးရခြင်း
စိတ်ဆင်းရဲရခြင်းကို ကိုယ်တိုင်ခံစားရမှာဖြစ်သည်။ပန်းလိုချင်ပါလျက်
အပင်မပျိုးမိလျင် ပန်းပွင့်ဖို့မရှိချေ။ပန်းဦးတော့ လိုချင် ပေါင်းသင်ဖို့
ဝန်လေးနေလျင်လည်း အနာဂတ်၏ အလှကို မျှော်လင့်ဖို့မရှိချေ။
ပစ္စုပ္ပန်၌ မိမိ၏ လုပ်ရပ်သည် အနာဂတ်မှာမိမိ၏ ဘဝဖြစ်လို့ အပင်ပျိုး
၍ ပေါင်းသင်ရမှာကလည်း မိမိတာဝန်သာဖြစ်၏။ဆင်းရဲဒုက္ခတွေကြုံ
လာမှ ဘဝကိုအပြစ်တင်နေလို့မရပေ။နေချင်သလိုနေလာခဲ့မိသော
မိမိ၏အပြစ်သာဖြစ်သည်။ထိုအခါကျမှ နောင်တသည်မရစကောင်း။
နောင်တဟူသည် ပူပန်ရခြင်းဖြစ်၏။အတိတ်တုန်းက လုပ်သင့်သော
ကုသိုလ်တွေမလုပ်ခဲ့မိလျင် မလုပ်ခဲ့မိလို့ နောင်တတစ်ဖန်ပူပန်ရသည်။
အတိတ်တုန်းက မလုပ်သင့်သောအကုသိုလ်တွေ လုပ်ခဲ့မိလျင်
လုပ်ခဲ့မိလို့ နောင်တတစ်ဖန်ပူပန်ရသည်။ထိုသို့ပူပန်ရခြင်းကိုပင်ကုက္ကုစ္စ
ဟုခေါ်၏။မိမိကိုယ်ကို အားမလိုအားမရဖြစ်၏။ကြိတ်မနိုင်ခဲမရဖြစ်၏။
ထိုအချိန်၌ အတိတ်ကိုပြန်သွားပြီး မလုပ်ခဲ့ဘူးသောကုသိုလ်တွေလုပ်
လိုက်ချင်သည်။လုပ်မိသောအကုသိုလ်တွေလည်း မလုပ်မိအောင်
စိတ်ကိုပြုပြင်လိုက်ချင်သည်။သို့သော် မရတော့။လွန်ခဲ့ပြီ။မှားခဲ့ပြီ။
ကျော်ခဲ့ပြီ ဖြစ်၏။နောင်တသည် ဆင်းရဲကြံုမှ အိပ်ယာဖျာကပ်မှ ရတတ်
သည့်တရားဖြစ်သည်။နောင်တရလျင်ပူ၏။ဆင်းရဲ၏။ဘဝကောင်းကို
ရဖို့ခက်၏။ထို့ကြောင့် နောင်တတရားသည် ရကောင်းသည့်တရား
မဟုတ်ချေ။နောင်တ၏နိဂုံးကား မရှုမလှဇာတ်သိမ်းသာဖြစ်၍
ပစ္စုပ္ပန်ကို အကောင်းဆုံးအသုံးချတတ်ဖို့လို၏။
ငယ်ခါကလျင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကိုချစ်ဖျက်၊ သူ့သက်သတ်စား၊
သူ့မယား၌၊ ပစ်မှားတုံဘိ၊ ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊
မပြုရနှင့်၊ ဆုံးမ မနာ၊ ပညာရှိထံ၊ နည်းခံ မမှတ်၊ အမြတ်မကျင့်၊ ဤဆယ်
ဆင့်ကား၊ ကြီးရင့် ဇရာ၊ အိုသောခါလျင်၊ ပူဆာ နောင်တ၊ ရတတ်စွ၏။
နောင်တ ရတတ်သည့် အကြောင်းဆယ်ပါးကို လင်္ကာဖွဲ့ထားခြင်းဖြစ်
သည်။ငါတို့များ ပညာမတတ်လို့ ခုများဆင်းဆင်းရဲရဲလုပ်ကိုင်
စားသောက်နေရတာဟုပြောတတ်ကြသည်။ပညာသင်ယူခွင့်ရစဉ်က
ဝိဇ္ဇာ သိပ္ပံ နည်းပညာများကို လေ့လာသင်ယူခြင်းမရှိခဲ့လို့ နောင်တရ၍
ဆိုသောစကားဖြစ်၏။ဦးကျည်ပွေ့ကြီး ကျည်ပွေ့အတက်ပေါက်ပြီဆို၍
ငယ်ငယ်က မသင်ယူမိသည့် စာပေကိုကြီးမှသင်ယူဖူးသည့်အဖြစ်တော့
မှတ်သားဖူးသည်။စီးပွားဥစ္စာ ရှာဖွေရာ၌ ပညာမရှိလျင် ခက်ခဲ၏။
ရောင်းမှု ဝယ်မှု၌ပညာများစွာလိုသည်။အတွေ့အကြံုက သင်ယူတတ်
လျင်တော့ စီးပွားဥစ္စာ ဖြစ်ထွန်းနိုင်သည်။လင်သားလုပ်သူက နဖူးက
ချွေး ခြေမကျအောင်ရှာသော်လည်း မယားလုပ်သူက စီးတဲ့ရေဆည်တဲ့
ကန်သင်းမလုပ်လျင် စီးပွားဥစ္စာ မမြဲပေ။နှဲသမား ပါးလို ပိန်လိုက်ဖောင်း
လိုက် ဖြစ်နေတတ်သည်။စီးပွားရေးကတော့ ဝါးလုံးခေါင်းထဲ ဆင်တိုး
နေရသလိုပဲ ဟုပြောသောစကားသည် စုဆောင်းသင့်သည့်အခါ၌
စုစုဆောင်းဆောင်းမလုပ်ခဲ့၍ ပြောရသည့် နောင်တစကားဖြစ်သည်။
အသုံးနဲ့ အဖြုန်းကို နားလည်ဖို့လို၏။ သူများနဲ့ပြိုင်ပြီး မကြွားဝါဖို့လို၏။
ချွေတာစုဆောင်း သူဋ္ဌေးလောင်းဆိုသောစကားကို နာခံသင့်သည်။ခြကို
ပုံတု၊ ပျားနှယ်စုဟုလည်းဆို၏။သို့မှသာ နောင်တစကားမဆိုရမှာ ဖြစ်၏။
ချစ်ခင်နေကြသည့် သူနှစ်ယောက်။စည်းလုံး ညီညွတ်နေသည့် အဖွဲ့
အစည်း။ငြိမ်းချမ်းနေသည့် လူ့ဘောင်။ထိုချစ်ခင်မှု၊ စည်းလုံးမှု၊ ငြိမ်ချမ်းမှု
ကို ပြိုကွဲသွားအောင် ရည်ရွယ်ပြီး အမုန်းစကား၊ ကောလဟလစကား
တွေဖြင့် သပ်လျှိုသွေးခွဲမည်ဆိုပါက ကုန်းတိုက်သည်ဟုဆိုရ၏။
ချစ်ခင်နေသည့် မိတ်ဆွေ ရဟန်းနှစ်ပါးကို အချစ်ပျက်သွားအောင်
လုပ်ဖူးသည့် ရဟန်းတစ်ပါး၏အကြောင်းကိုပိဋကစာပေထဲမှာမှတ်သား
ဖူးသည်။ဝဿကာရအမတ်ကြီးသည် ကုန်းစကားဖြင့်ပဲ ဝေသာလီပြည်
ကြီးပြိုကွဲသွားအောင် ဖျက်ဆီးခဲ့ဖူးသည်။စကားတစ်ခွန်းသည် မြားတစ်
စင်းလည်းဖြစ်နိုင်သည်။ပန်းတစ်ခင်းလည်းဖြစ်နိုင်သည်။မြားလိုခွင်းမည့်
အမုန်းစကားတွေထက် ပန်းလိုသင်းသည့် ပန်းစကားတွေဖြစ်အောင်
ပြောသင့်ဆိုသင့်လေသည်။သို့မှသာ ငါဖြင့် ကုန်းစကားတွေဆိုမိလို့
ငရဲသွားရတော့မှာပါလားဟူ၍ နောင်တမရမှာဖြစ်သည်။ပြောမှပြောလျင်
တရားပါသည့်စကားမျိုးသာပြောဆိုသင့်၏။ပီယဝါစာ။မေတ္တာဝါစာ။
ဓမ္မဝါစာ။သစ္စာဝါစာ။ သမ္မာဝါစာ။ထိုဝါစာ ထိုစကားမျိုးသာလျင်
တန်ဖိုးရှိသောစကား နောင်တမသင့်စေသောစကားမျိုးတွေဖြစ်၏။
လောက၌ ရသတဏှာသည်လည်း အဆာကျယ်၏။လျှာရင်းမြတ်မြတ်
စားဖို့အတွက် အသားမပါလျင် ခံတွင်းမမြိန်ဖြစ်တတ်သည်။သဲအင်းဂူ
ဆရာတော်ဘုရားကြီးကတော့ ခင်ဗျားတို့က ငါးစားတာများတယ်။
ငပိရေလေးများမပါရင် မစားတတ်ဘူး။သတ္တဝါတွေထဲမှာရေသတ္တဝါက
ပိုမျုားတော့ သေရင် ရေထဲဖင်လျှောဆင်းရမယ်။စားရင်လည်းသတိနဲ့စား
ဖို့ဆုံးမတော်မူဖူးသည်။အစားမှာ ဘယ်လောက်ရက်စက်သလဲဆိုလျင်
လူသားတွေမစားသည့် အသားပင်မရှိသလောက်ဖြစ်သည်။တရုတ်တန်း
ဘက်များသွားလျင် အကောင်းမျိုးစုံကင်ရောင်းနေတာတွေ့ရသည်။
အုန်းပိုးဆိုသည့်အကောင်လေးတွေလင်ပန်းထဲမှာ လှုပ်လှုပ်နဲ့သွားနေ
သည်။ထိုအရှင်ကောင်လေးတွေကို ဆီပူအိုးထဲ ရှဲခနဲနေအောင်ထည့်
ကြော်ပြီးရောင်းနေတာတွေ့ဖူးသည်။အင်တာနက်မှာတော့အစားအတွက်
ရက်စက်တတ်သည့် လူသားတို့၏နှလုံးသားကို ရင်နာစရာတွေများစွာ
တွေ့ရသည်။ငါးမသေမရှင်။နွားကိုအရှင်လတ်လတ် ခြေထောက်လေး
ချောင်းဖြတ်ပြီး အရေခွံခွာနေတာတွေတွေ့သည်။မျောက်ကလေးတွေကို
အရှင်လတ်လတ် ဦးနှောက်ဖောက်စားသည်။နောက်ဆုံးလူသားပင်စား
ကြသည်။သူ့အသက်ကို ကိုယ်ချင်းမှမစာနာ ရက်စက်စွာသက်ဖြတ်
ရောင်းချ စားသောက်နေလျင် သေခါနောင်တရမည်မုချပင်။သူ့အသက်
ကို သတ်သည့်အတွက် အသက်တိုမည်။အနာရောဂါများမည်။သေလျင်
လည်းအပါယ်ငရဲရောက်မည်။လျှာကိုအလိုလိုက်လွန်းလျင် နောင်တဖြင့်
ပူလောင်ရတတ်လေသည်။
ကာမအငွေ့ ဟူသမျှ၌ မိန်းမဆိုသော ကာမအငွေ့သည် အတွေ့၌အဆိုး
ဆုံးဖြစ်၏။မိန်းမနဲ့ ပတ်သက်လာလျင် မွှန်တတ်၏။ရမ်းတတ်၏။ကြမ်း
တတ်၏။အကောင်းအဆိုး မခွဲနိုင်ဖြစ်တတ်၏။ထို့ကြောင့်လည်းကာမ
အမှောင်ဟာ အမှောင်ဆုံးဟုဆိုခြင်းဖြစ်သည်။သူ့မယားလည်းသူ့မယား
မှန်းမသိ။တိရစ္ဆာန်အကျင့်ကိုကျင့်၏။ထိုသူမျိုးကား သေခါနီးအခါ
နောင်တကြီးစွာရတတ်၏။မ လိုက်၍ မိုက်နေသမျှ နောင်တတရားနဲ့
ပတ်ပင်း တွေ့ရမည်သာဖြစ်၏။အရှင်အာနန္ဒအလောင်းတော်ကြီးပင်
တစ်ခုသော ဘဝ၌ သူများမယားတွေဖျက်ဆီးခဲ့ဖူးသည်။ထိုအကျိုးဆက်
ကြောင့် မိန်းမဘဝ၊ အခြောက်ဘဝ၊ အသင်းခံရသည့်ဘဝဆိုးတွေ
အမျိုးမျိုးကြံုခဲ့ရလေသည်။ကာမေသု ကို မိစ္ဆာဖြစ်အောင်ကျင့်မိ၍
လိင်ပျက်သည့်ဘဝတွေကြံုရခြင်းဖြစ်၏။သတိထားစရာပင်ဖြစ်သည်။
ဒါနတရားသည် သူတော်ကောင်းတို့အဦးဆုံး
သုံးရသည့် တရားဖြစ်သည်။လောဘကိုပယ်သတ်ရမည်ဟုသာသနာက
ဆုံးမထားရာ ဒါနသည် လောဘကို သတ်သည့်တရားဖြစ်၏။ထိုသို့မှ
မသိခြင်းကြောင့် လောဘကိုမွေးသည်။မစ္ဆရိယကိုမွေးသည်။ရှိသည့်ဥစ္စာ
ခုပ်ကလေးလျော့သွားမှာစိုးရိမ်ပြီး ကုတ်ကပ်ဖက်တွယ်ထားသည်။
လှူနေ တန်းနေလျင် ပရုတ်လုံးလို လုံးပါးပါသွားမည် မှတ်၏။လှုတယ်
ဆိုတာ ထန်းလျက်ခဲခွေးလျက်သလို လုံးပါးပါးတာပဲရှိသည်။
ကောင်းကျိုးမရှိဟုမှတ်သည်။အမှန်တော့ လှူခဲ့ဖူးသည့်ဒါနကြောင့်ပင်
ခုဘဝ ဥစ္စာဓနပေါများနေခြင်းဖြစ်သည်။ဒါနလုပ်ခြင်းသည် ပေးနေ
ကုန်နေခြင်းမဟုတ်။ယူနေ တိုးနေခြင်းဖြစ်၏။တစ်ဆုပ်ကြဲ တစ်လှည်းဝင်
မည်သာဖြစ်၏။ကုန်မှာကြောက်၍ မပေးလှူမိခဲ့လျင် သေခါနီးနောင်တ
ရတတ်သည်။ဒါနကိုမှအားမကိုးတတ်လျင် သံသရာဘုံထဲမှာ ငမွဲငနုံ
အဖြစ် စခန်းသွားရမည်သာဖြစ်သည်။
ကိုယ်ကတတ်နိုင်သည်။ပြည့်စုံသည်။ကျွေးမွေးနိုင်စွမ်းရှိသည်။သို့သော်
မိဘကို ကျေးဇူးတုန့်ပြန်ဖို့ကားမတတ်နိုင်။မိဘကျေးဇူးသိတတ်မှုက
မပြည့်စုံ။မိဘကိုပြန်လည်မွေးမြူဖို့ကမစွမ်းနိုင်ဖြစ်နေလျင် သေချာ၏။
ထိုသူကား သူယုတ်မာစာရင်းဝင်ဖြစ်သည်။လောကဝတ်ကို ပြည့်စုံ
အောင် မဖြည့်သူဖြစ်၏။မိဘကျေးဇူးမှ ပြန်လည်းမပေးဆပ်နိုင်ခဲ့လျင်
သေခါနီးအခါနောင်တရတတ်၏။လောကဝတ်ကို မချို့ဖို့ရာ ကျေးဇူးသိ
သောစိတ်၊ ကျေးဇူးဆပ်လိုသောစိတ်ရှိရပေမည်။သို့မှသာနောင်တကင်း
မည်ဖြစ်၏။ထို့ကြောင့်လည်း မိဘကိုမသေခင်ကျွေးပါ။သေမှမငိုပါနဲ့ဟူ
၍ သူတော်ကောင်းတို့ဆိုခြင်းဖြစ်သည်။
ငါသိ၏။ငါတတ်၏။ငါတော်၏။ငါမှန်၏။ငါမာန်တွေတထောင်ထောင်ဖြင့်
ငါမှငါလုပ်နေသူမျိးက သူတစ်ပါးရဲ့အဆုံးအမကို လက်မခံတတ်ပေ။
ဆုံးမလာသူကိုပင် သူကဘာမို့လဲဟုလုပ်သည်။သူတော်ဆည်းကပ်
မြတ်တရားနာဆိုသော ဗုဒ္ဓဘာသာတို့၏ထုံးတမ်းကို မသိကျိုးကျွံပြု
သည်။နာမှသိ။သိမှကျင့်။ကျင့်မှလွတ်ဆိုသော လမ်းစဉ်ကိုလည်း
မလိုက်လိုပေ။မပြင်နိုင်တော့သည့်အမှားတွေကိုလုပ်မိတော့မှ မရှူနိုင်
မကယ်နိုင်ဖြစ်ကာ သူတို့ဆုံးမတာကို မနာခံခဲ့မိခြင်းဟုနောင်တရတော့
၏။တရားတော်တို့ကို မနာယူမိခဲ့သဖြင့် သေခါနီးအခါ၌ ဘာကိုနှလုံး
သွင်းရမည်မသိတော့ပေ။ထိုအခါ ယောင်ကာ ယမ်းကာ ငြီးငြူကာဖြင့်
မကောင်းသည့် လားရာဂတိကို ဖမ်းမိဖမ်းရာ ဆွဲတော့၏။
လောကီအစီးအပွား၊ လောကုတ္တရာအစီးအပွားအတွက် ဆိုင်ရာဆိုင်ရာ
ပညာရှိများ များစွာရှိ၏။လောကကြီးပွားနည်း၊ လောကုတ္တရာကြီးပွား
နည်း ကြီးပွားချမ်းသာကြောင်းနည်းလမ်းများလိုလျင် ပညာရှိကို
ပေါင်းဖော်မှီဝဲဖို့လိုသည်။ဒါမှသာ နည်းမှန်လမ်းကျ လုပ်တတ်ကိုင်တတ်
မည်ဖြစ်၏။နည်းလမ်းကျမှလည်း အမှန်ကြီးပွားပေမည်။မကြီးမပွား
အစီးအပွားတွေ ဆုတ်ယုတ်လာတော့မှ ပညာရှိတို့ထံမဆည်းကပ်မိလေ
ခြင်းဟုပြင်းစွာနောင်တ ရတတ်သည်။တရားလက်ဆုပ်ကလေးမှမရှိလျင်
ရိက္ခာမပါဘဲ ခရီးခဲသွားသလို ဆင်းရဲရမည်မုချပင်။ထို့ကြောင့်လည်း
ပညာရှိကို မိတ်ဆွေကောင်းမှတ်၍ ဆည်းကပ် နာခံဖို့သည် ဘဝ၏
အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။
နောက်ဆုံးအချက်ကား ဘဝနှင့်လည်းဆိုင်၏။သံသရာနှင့်လည်းဆိုင်၏။
ဘဝနှင့်ဆိုင်သည်ဆိုရာ၌ ဘဝနေရေး၌ လောကဝတ်များကိုပြည့်စုံ
အောင်လုပ်ဖို့လိုသည်။လူပီသဖို့ဆိုလျင် လူမြတ်ကျင့်ထုံးကို ကျင့်ဖို့လို
၏။ကိုယ်ချင်းစာတရား ထားတတ်ဖို့လို၏။ဗြဟ္မစိုရ်တရား ထားတတ်ဖို့လို
၏။သူတော်ကောင်းတို့စိတ်ဖြင့် အရာရာကိုယ်ချင်းစာတတ်မှ လူမြတ်ဖြစ်
ပေမည်။သံသရာနှင့်ဆိုင်သည်ဆိုရာ၌ လူဟူသည် လူနဲ့တူအောင်ကျင့်
မှ သံသရာမှာ လူရယ်၊ နတ်ရယ်ဖြစ်ခွင့်ရမည်ဟုဆိုခြင်းဖြစ်သည်။
လူနပ်ချမ်းသာဆိုပြီး လူပါး လူနပ်ကမှချမ်းသာမယ်ဟုယူထားသူမျိုးက
တော့ ငရဲအိုးနှင့် နီးသည်။လူကျင့်မှမကျင့်လျင် ခွေး တိရစ္ဆာန်အဖြစ်
သံသရာထဲ ကျင်လည်ရတတ်သည်။ထို့ထက်လွန်၍ ဗြဟ္မာလိုလူဖြစ်
အောင်လည်းကျင့်နိုင်ခွင့်ရှိသည်။အကောင်းဆုံးကား လောကလွန်ကျင့်
စဉ်ကို ကျင့်ဖို့ဖြစ်၏။လူလည်းဖြစ်တုန်း၊သာသနာလည်းပွင့်တုန်းမှ
သတိပဋ္ဌာန်တရားကိုမကျင့်မိလျင် ခွင့်သာဆဲ မခဲချင်သူ။ခွင့်သာတုန်း
မရုန်းချင်သူ။ခွင့်သာခိုက် မလိုက်ချင်သူမျိုးဟု နာမည်ဆိုးဖြင့်ကျော်ပေ
လိမ့်မည်။ဇရာထောင်း၍ အိပ်ယာဖျာကပ်လဲလျောင်းနေရပြီဆိုတော့မှ
ဝိပဿနာဟူသော အမြတ်ကျင့်စဉ်ကို ကျင့်သုံးမထားမိလေခြင်းဟု
နောင်တရတတ်သည်။ခံစားရသည့်ဝေဒနာလည်း နှလုံးမသွင်းတတ်
တော့ တငြီးငြူငြူ၊ တပူပင်ပင်ဖြင့် လှိုက်ငင်ဇောချွေးပြန်လိမ့်မည်။
ပေါ်လာသော နိမိတ်တွေကိုလည်း သတိပဋ္ဌာန်မတင်တတ်သည့်
အတွက် ဒုဂတိဆွဲချရာ ယက်ကန်ယက်ကန်ပါသွားပေမည်။ထို့ကြောင့်
လည်း ဝိပဿနာအကျင့်မြတ်ကိုမှ မလုပ်မိလျင် အကြီးဆုံး အရှုံးနဲ့
ရင်ဆိုင်ရပေလိမ့်မည်။နေဘဝလည်းရှုံး၏။သေဘဝလည်းရှုံး၏။
ထိုနောင်တမျိုးမရလေအောင် ပစ္စုပ္ပန်၌ ခန္ဓာကြီးကို အလိုမလိုက်သင့်။
မညှာသင့်တော့ပေ။တန်အောင်ခိုင်းမှ တော်ကာကျမှာဖြစ်လို့
ခန္ဓာကြီးကို ကိလေသာနွံမှာချည်းနှစ်ထား၍ မတော်။ဓမ္မမှာပျော်တတ်
အောင်လည်း မွေးမြူပေးရမှာဖြစ်၏။
နောင်တ နောင်တ နောင်မှရက နောက်လျင်ကျ၍ ရှုံးပါသည်။အမိုက်
နောင်တ နောင်မှရလျင်လည်း ပြန်ပြင်လို့မရတော့ချေ။မှားပြီးသားကို
ပြန်ပြင်လို့မရသော်လည်း နောင်မမှားအောင်တော့ပြင်ယူလို့ရသည်။
ထို့အတူပင် ထိုနောင်တဆယ်ပါးလုံး နောင်တစ်ချိန်မကြံုရအောင်
လည်း အသိသတိကို မွေးမြူ လေ့ကျင့်ယူလျင်ရပေသည်။လူ့စိတ်ဟူ
သည် မကောင်းမှုမှာသာမွေ့လျော်သည်ဆိုငြား ကောင်းသည့်ဘက်ကို
ဆွဲနိုင်လျင်လည်း ပါလာမြဲဖြစ်၏။ဝိပဿနာအလုပ်ကို မလုပ်ချင်လည်း
ပေလုပ်။မရှုချင်လည်းပေရှု။ပျင်းလည်းလုပ်။ပျော်လည်းလုပ်။အလေ့
အထုံဖြစ်အောင်သာလုပ်နိုင်လျင် ပေကပ်ကပ်စိတ်ပုပ်လည်း မပေနိုင်၊
မတေနိုင်၊ မလေနိုင်တော့ပါပေ။လောကကြီးပွားရေးသည်
ပစ္စုပ္ပန်ချမ်းသာရေးဖြစ်၍ လုပ်သင့်သလို၊ ဝိပဿနာအလုပ်ကလည်း
ပစ္စုပ္ပန်၊ တမလွန်ချမ်းသာရေးကိစ္စဖြစ်၍ မဖြစ်မနေလုပ်ရမည့်အလုပ်ဖြစ်
သည်။သို့ပါမှလည်း သာသနာနှင့်တွေ့ရကျိုးနပ်ပေမည်။
ဇရာအို အချိန်နှောင်းပါမှ ရေခမ်းသည့်ညွှန်အိုင်မှာ မပျံနိုင်တော့သည့်
အတောင်ကျွတ် ကြိုးကြာအိုကြီးတွေလို မှားလေစွ၊ မေ့လေစွဟု
နောင်တဖြင့် အော်ငြီးမနေရအောင် သတိပညာရှိသင့်၏။နောင်တ
နောင်တ နောင်မှရဟု နောင်တဖြင့်မပူလောင်ရဖို့သည်များစွာ
အရေးကြီးလေသည်။နောင်တ၏ နောင်သည် အမှောင်ဖြစ်၏။ဆင်းရဲ
ဖြစ်၏။ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်သည့် ဝိပဿနာအကျင့်မြတ်ဖြင့်
အရောင်တင်မည်ဆိုပါက အနာဂတ်သည် ရွှေရောင်တောက်ပမည်သာ
ဖြစ်၏။နောင်တကင်းရာ နေရာဆိုသည်ကလည်း အကျင့်မြတ်၏
လမ်းဆုံး၌ ထီးထီးကြီးတည်ရှိနေသော အမြိုက်ရွှေပြည်ပင်မဟုတ်ပါ
လော။အချုပ်အားဖြင့်တော့ နေကြရသည့်အခိုက်မှာ ကိလေသာကြားပဲ
နစ်နေလျင် သေရင်နောင်တရမည်။မီးစနဲ့သာနေသူဟုခေါ်သင့်၏။
ကိလေသာနဲ့ပျော်သည့်အခါပျော်လိုက် ဓမ္မနဲ့နေသည့်အခါနေလိုက်ဆို
လျင်ဖြင့် တော်သေး၏ဟုဆိုရမည်။မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
နေသူဟုခေါ်သင့်၏။ဓမ္မနဲ့သာ ထာဝရနေ၍ ဓမ္မစာရီဖြစ်အောင်နေမည်
ဆိုလျင်တော့အမြတ်ဆုံးနေခြင်းဖြစ်သည်။ရေမှုတ်နဲ့သာနေသူမျိုးဖြစ်၏။
မည်သို့ပင်ဆိုစေ အနေယုတ်လျင် အသေယုတ်၍ အနေမြတ်မှအသေ
မြတ်မည်ကား အသေအချာဖြစ်ပေသည်။သို့ဖြစ်၍ နောင်တ နောင်တ နောင်မှရ ဆိုသည့်လူမိုက်တို့၏ အဖြစ်မျိိုးကို မရောက်ဖို့ မေတ္တာဖြင့်
သတိပေးလိုက်ရခြင်းသာဖြစ်ပါ၏။
သုခီ အတ္တာနံ ပရိဟာ ရန္တု။
Credit — လောကဓမ္မ ရသစုံစုံ

LEAVE A REPLY

Please enter your comment!
Please enter your name here