ေလာကဓံႏွင့္ က်င့္စဥ္
ရေဝႏြယ္ (အင္းမ)

တစ္ခါတုန္းက ဆရာေတာ္အရွင္ဇနကာဘိဝံသကုိ ထီးေဆာင္းေမာင္ရွင္ဆုိတဲ့ ကေလာင္ရွင္တစ္ေယာက္က မဟုတ္မဟတ္လုပ္ဇာတ္ေတြခင္းၿပီး နဝေဒးမဂၢဇင္းမွာ ေဝဖန္ပုတ္ခတ္သေရာ္ေဆာင္းပါးေရးပါတယ္။ ဆရာေတာ့္မေကာင္းေၾကာင္းေရးထားတဲ့ ေဆာင္းပါးပါတဲ့လမွာ အဲဒီနဝေဒးမဂၢဇင္းဟာ ေရာင္းမေလာက္ေအာင္ ကုန္သြားပါသတဲ့။ ဒီေဆာင္းပါးနဲ႔ ပတ္သက္ၿပီး ဆရာေတာ့္ ဒကာ ဒကာမေတြက မခံႏုိင္လြန္းလုိ႔ ျပန္ေရးမယ္လုိ႔ ဆရာေတာ့္ကို ေလွ်ာက္ၾကပါတယ္။ ဒီေတာ့ ဆရာေတာ္က ခြင့္မျပဳပါဘူး။ သည္းခံၾကဖုိ႔ ဆုံးမၿပီး “ ေလာကမွာ ရွိတတ္စၿမဲပါပဲ” တဲ့။ ေနာက္ဆက္ၿပီး “ ဘဝသံသရာထဲမွာ တုိ႔တစ္ေတြနဲ႔ သူတုိ႔တစ္ေတြဟာ ဘယ္လုိဇာတ္ေကာင္ေတြအျဖစ္နဲ႔ ကသြားၾကရမယ္ မသိႏိုင္ေသးဘူး” တဲ့။ ေနာက္ဆက္တြဲ ထူးျခားတာကေတာ့ ထီးေဆာင္းေမာင္ရွင္ဆုိတဲ့ ကေလာင္ရွင္ဟာ ဆရာေတာ္ဘုရားရဲ႕ တပည့္ႀကီးတစ္ပါး ျဖစ္ေနတယ္ဆုိတာပါပဲ။
( တစ္ဘဝသာသနာ စာမ်က္ႏွာ ၂၆၇။ အရွင္ေဃာသိတ )

တစ္ဘဝသာသနာစာအုပ္ထဲက သမုိင္းဇာတ္ကြ
က္ကေလးဖတ္ၿပီး ဘယ္လုိေျပာရမွန္းေတာင္ မသိေတာ့ပါဘူူး။ ဆရာေတာ့္လုိ သီလ၊ သမာဓိ၊ ပညာ ႀကီးမား႐ုံမက အထူးသျဖင့္ ပရိယတ္နယ္ပယ္မွာ ေက်ာ္ၾကားလွတဲ့ ဆရာေတာ္ တစ္ပါးကို ေဝဖန္ ပုတ္ခတ္ ေဆာင္းပါးေရးတယ္ ဆုိေတာ့ ေဘးကေန နယ္ပယ္စုံအေတြးနဲ႔ ေတြးေနမိပါတယ္။ အဲဒီအထဲက “ထင္ရွားရတာလည္း မသက္သာလွပါလား” ေနာက္အေတြးတစ္ခုကေတာ့ “တကယ္လို႔မ်ား အသက္ထြက္ခါနီးမွာ ကုိယ့္ရဲ႕ကဲ့ရဲ႕မႈေလး ျဖတ္ကနဲျပန္ေပၚလာလုိက္ရင္”ဆိုတဲ့စိုးရိမ္အေတြးပါ။တဒဂၤစိတ္ခံစားမွဳေၾကာင့္ေရးျဖစ္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ေတာ့လည္း စိတ္မေကာင္းေတြျဖစ္ခ်င္ျဖစ္ေနမွာပါ။

ငယ္ရြယ္တုန္းမွာ ေလာကေရးရာအရေကာ ဓမၼေရးရာအရေကာ ဂုဏ္ရွိတဲ့လူပဲျဖစ္ျဖစ္, ရဟန္းပဲျဖစ္ျဖစ္, တစ္ဦးဦး တစ္ပါးပါးကို ကဲ့ရဲ႕ခဲ့မယ္။ ဒီလုိနဲ႔ အသက္ႀကီးလာတဲ့အခါ အလုပ္ကလည္းအနားယူ၊ အရြယ္ေညာင္းလာတဲ့အားေလွ်ာ္စြာ ရိပ္သာဝင္ တရားအားထုတ္မယ္၊ တရားထုိင္တဲ့အခါ ငယ္ငယ္က ကဲ့ရဲ႕ခဲ့တာကို အေတြးအာရံုမွာ ျပန္ျပန္ေပၚတတ္ပါတယ္။ ဒီေတာ့ ေနာင္တရ ယူက်ဳံးမရ ျဖစ္ေနတတ္ပါတယ္။ အဲဒီအခ်ိန္မွာ ကုိယ္ကဲ့ရဲ႕ခဲ့တဲ့သူကလည္း လူ႔ေလာကမွာမရွိေတာ့ပါဘူး၊ ေသသြားပါၿပီ။ ဒါဆုိ တရား႐ႈမွတ္ရတာ အေႏွာင့္အယွက္တစ္ခု ျဖစ္ေနပါေတာ့တယ္။ တရားမွတ္လုိ႔ မေကာင္းေတာ့သလုိ၊ တရားလည္း မတက္ေတာ့ပါဘူး။ သက္တမ္းၾကည့္ေတာ့လည္း ေနရမယ့္လက္က်န္အခ်ိန္ကနည္းေနပါၿပီ။ ဒါေၾကာင့္ အသက္ႀကီးမွ ေနာင္တရမယ့္ ကဲ့ရဲ႕မႈမ်ဳိးကို မလုပ္တာ အေကာင္းဆုံးပါပဲ။ ဒါေတြက တရားထုိင္ရင္ ေတြ႕ရတတ္တဲ့သေဘာသဘာဝေလးေတြပါ။

ဆရာေတာ္ဘုရားရဲ႕ဘဝမွာ တစ္ဖက္က ေအာင္ျမင္ေက်ာ္ၾကားသေလာက္ တစ္ဖက္မွာလည္း ေလာကဓံမ်ဳိးစုံနဲ႔ ႀကဳံရပါတယ္။ ဒါေပမဲ့ ဆရာေတာ္က ေလာကဓံေတြကို ဣေႁႏၵရရပဲ ျဖတ္သန္းသြားခဲ့ပါတယ္။ ဆရာေတာ့္ေနရာမွာ သာမန္ရဟန္းတစ္ပါးသာဆုိရင္ ျဖတ္သန္းရ ခက္ခဲႏုိင္သလုိ ကုိယ့္ဘက္က မွန္ဦးေတာ့ စိတ္ဓာတ္က်ၿပီး ဘဝေတာင္ ေျပာင္းသြားႏုိင္ပါတယ္။ တစ္ခုေတာ့ ရွိပါတယ္။ ဒါေတြဟာ ထင္ရွားေက်ာ္ၾကားမႈရဲ႕ သေကၤတအက်ဳိးဆက္ေတြပါပဲ။ မထင္ရွားရင္ေတာ့ ကဲ့ရဲ႕ခံရစရာလည္း အေၾကာင္း မရွိပါဘူး။

ေလာကဓံဆုိတာ ေလာကဓမၼဆုိတဲ့ပါဠိကေန ျဖစ္ေပၚလာတဲ့အမည္ပါ။ ေလာကရယ္၊ ဓမၼရယ္ ႏွစ္ပုဒ္ပါ။ ေလာကအရ သတၱေလာကဆိုတဲ့ သတၱဝါအေပါင္းကို ေကာက္ရပါမယ္။ ဓမၼက သဘာဝတရား။ ဒီေတာ့ ေလာကဓံဆုိတာ သတၱဝါေတြမွာ မလႊဲမေရွာင္သာဘဲ အၿမဲထိေတြ႕ ခံစားေနရတဲ့သဘာဝတရားေတြလုိ႔ ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားႀကီးက အဓိပၸါယ္ဖြင့္ျပပါတယ္။ ျမတ္စြာဘုရားက ေလာကဓံနဲ႔ပတ္သက္လို႔ အဂုၤတိၱဳရ္ပါဠိေတာ္မွာ ေလာကဓမၼသုတ္ဆုိၿပီး အက်ဥ္းတစ္သုတ္၊ အက်ယ္တစ္သုတ္ ေဟာျပေပးထားပါတယ္။ အထူးသျဖင့္ ေလာကဓံတရားေတြ ႀကဳံလာရတဲ့အခါ ဘယ္လုိႏွလုံးသြင္းဆင္ျခင္ရမယ္ဆုိတာ ေဟာျပထားတဲ့ သုတၱန္ပါ။

ေလာကဓံရွစ္ပါးကေတာ့ အားလုံးသိၾကတဲ့ လာေဘာ၊ အလာေဘာ၊ ယေသာ၊ အယေသာ၊ နိႏၵာ၊ ပသံသာ၊ သုခံ၊ ဒုကံၡပါ။ ဒီေနရာမွာ အလာဘအရ လာဘ္မရျခင္းအျပင္ ရၿပီးသား ပစၥည္းဥစၥာေတြ၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ပ်က္ဆီး ေပ်ာက္ဆုံးသြားရင္လည္း အလာဘပါပဲတဲ့။ အယသ အၿခံအရံမဲ့ျခင္းဆိုတာလည္း အၿခံအရံမရွိတာတင္မကဘဲ ကိုယ့္အိမ္ေထာင္ဘက္ ခင္ပြန္း၊ ဇနီး၊ သားသမီး၊ မိဘ၊ မိတ္ေဆြ၊ အေျခြအရံေတြ အေၾကာင္းတစ္ခုခုေၾကာင့္ ေကြကြင္းသြားရင္လည္း အယသ ေလာကဓံျဖစ္သြားပါတယ္။

သုခအရ ကုိယ္၏ ခ်မ္းသာျခင္း၊ စိတ္၏ ခ်မ္းသာျခင္းကိုေကာက္ယူရပါမယ္၊ ဒုကၡအရ ကုိယ္၏ ဆင္းရဲျခင္း၊ စိတ္၏ ဆင္းရဲျခင္းကို ေကာက္ယူရပါမယ္။
ျမတ္စြာဘုရားရွင္က ေကာင္းတဲ့ေလာကဓံ(၄)ပါးပဲႀကဳံႀကဳံ၊ မေကာင္းတဲ့ ေလာကဓံ (၄)ပါးပဲႀကဳံႀကဳံ –
အနိေစၥာ- မၿမဲပါတကား။
ဒုေကၡာ- ဆင္းရဲပါတကား။
ဝိပရိဏာမဓေမၼာ- ေဖာက္ျပန္ေျပာင္းလဲတတ္တဲ့ သေဘာရွိပါတကား။

အဲဒီသုံးခ်က္နဲ႔ ဆင္ျခင္ဖုိ႔ ေဟာျပထားပါတယ္။ ဥပမာ- ကိုယ့္ရဲ႕ ပစၥည္း၊ လာဘ္လာဘေတြကို ၾကည့္ၿပီး အနိေစၥာ မၿမဲပါတကား၊ ဒုေကၡာ ဆင္းရဲပါတကား။ ဝိပရိဏာမဓေမၼာ ေဖာက္ျပန္ေျပာင္းလဲတတ္တဲ့သေဘာ ရွိပါတကားလုိ႔ ဆင္ျခင္ရပါမယ္။ မၿမဲတဲ့သေဘာရယ္၊ ဆင္းရဲတဲ့သေဘာရယ္၊ ေဖာက္ျပန္ေျပာင္းလဲတတ္တဲ့သေဘာရယ္ပါ။ ပစၥည္း၊ ဥစၥာေတြကလည္း မၿမဲပါဘူး၊ ရန္သူမ်ဳိး (၅)ပါးနဲ႔ အခ်ိန္မေရြးပ်က္ဆီးသြားႏိုင္ပါတယ္။ ပစၥည္းေတြေၾကာင့္ပဲ ဆင္းရဲဒုကၡေရာက္ေနၾကရပါတယ္၊ တစ္ခါတရံ ကိုယ့္ပစၥည္းကပဲ ကိုယ့္ကိုဒုကၡျပန္ေပးသြားတာေတြလည္းရွိပါတယ္။ ၿပီးေတာ့ ေဖာက္ျပန္ေျပာင္းလဲတတ္တဲ့သေဘာလည္း ရွိပါတယ္။ ဒီေန႔ ကိုယ့္ဟာဆိုေပမယ့္ ေနာက္ေန႔က် သူမ်ားဟာျဖစ္ခ်င္ျဖစ္သြားတတ္ပါတယ္တဲ့။

ဒီလုိပါပဲ။ ပစၥည္းဥစၥာေတြအေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ပ်က္ဆီးဆုံး႐ႈံးသြားတဲ့အခါမွာလည္း အနိေစၥာ ဒုေကၡာ ဝိပရိဏာမဓေမၼာလုိ႔ ဆင္ျခင္ပါတဲ့။ ေနာက္ အျခံအရံေတြၾကည့္ၿပီး ဆင္ျခင္ရပါမယ္။ အျခံအရံေတြဆုိတာလည္း မၿမဲပါဘူး။ ဥပမာ- ကုိယ္က ရာထူးႀကီးႀကီး အရာတစ္ခုကို ရေနမယ္။ ဒါဆို ကုိယ့္အနားမွာ အျခံအရံေတြ မ်ားေနမွာပါ။ အေၾကာင္းတစ္ခုခုေၾကာင့္ ရာထူးက အရာက်သြားတာနဲ႔ အဲဒီအျခံအရံေတြက ကုိယ့္အနားက ေပ်ာက္ကြယ္သြားႏုိင္ပါတယ္။ ႀကိဳတင္ဆင္ျခင္ထားေတာ့ ေျဖသာပါတယ္။ ေနာက္ဆုံး ကုိယ့္လင္၊ ကုိယ့္ဇနီး၊ ကိုယ့္သားသမီး၊ ကုိယ့္မိဘ စသည္ေတြကအစ မၿမဲပါဘူး။ ရွင္ကြဲမကြဲရင္ေတာင္ တစ္ေန႔မွာေတာ့ ေသကြဲကြဲရမွာပါ။ တကယ္ေတာ့ ဘဝမွာ အခ်စ္ရဆုံးလုိ႔ ဆုိရမယ့္ ကုိယ့္အိမ္ေထာင္ဘက္ကလည္း မၿမဲပါဘူး။ အျခံအရံေတြမဲ့သြားတဲ့အခါမွာလည္းဒီအတုိင္းပဲ ဆင္ျခင္ရပါမယ္။

မၿမဲတဲ့သေဘာတရားေတြကို မျမဲတဲ့သေဘာတရားအတုိင္း ႀကိဳသိထားေတာ့ ဘဝခရီးအတြက္ သက္သာရာ ရေစတာေတာ့ အမွန္ပါပဲ။

ေနာက္တစ္တြဲက နိႏၵာ၊ ပသံသာ။ ကဲ့ရဲ႕ျခင္း၊ ခ်ီးမြမ္းျခင္းပါ။ ကဲ့ရဲ႕ျခင္း၊ ခ်ီးမြမ္းျခင္းေတြ ႀကဳံရတဲ့အခါမွာလည္း အနိေစၥာ၊ ဒုေကၡာ၊ ဝိပရိဏာမဓေမၼာ ဒီသုံးခ်က္နဲ႔ပဲ ဆင္ျခင္ရမွာပါ။ ျမတ္စြာဘုရားရွင္အလုိက်ဆိုရင္ ခ်ီးမြမ္းခံရရင္လည္း ဆင္ျခင္ရပါမယ္။ ကိုယ့္ကိုခ်ီးမြမ္းေနတဲ့အခါ အနိေစၥာ- ဒုေကၡာ- ဝိပရိဏာမဓေမၼာလို႔ စိတ္ထဲကဆင္ျခင္ေနရပါမယ္၊ ဒီေန႔ခ်ီးမြမ္းေနေပမယ့္ ေနာင္တခ်ိန္က်ရင္ အဲဒီခ်ီးမြမ္းတဲ့သူေတြကပဲ ကိုယ့္ကိုျပန္ကဲ့ရဲ႕ခ်င္ကဲ့ရဲ႕ေနတတ္ပါတယ္။ မၿမဲတဲ့ေလာကဓံတရားေတြကို တရားနဲ႔ႀကိဳႏွလံုးသြင္းထားတဲ့သေဘာပါ။

ဆင္ျခင္ေနတဲ့အခ်ိန္မွာ ဆင္ျခင္ျခင္းကုသိုလ္ေတြျဖစ္ေနသလို ေနာင္အနာဂတ္အတြက္လည္း ႀကိဳတင္ျပင္ဆင္ၿပီးသားျဖစ္ေနပါတယ္။ ခ်ီးမြမ္းတာကိုေတာ့ လူတုိင္း ႀကိဳက္ၾကပါတယ္။ ကဲ့ရဲ႕တာက်ေတာ့ ဘယ္သူပဲျဖစ္ျဖစ္ မႀကိဳက္ၾကပါဘူး။ အထူးသျဖင့္ ထင္ရွားတဲ့သူေတြဆုိရင္ ခ်ီးမြမ္းျခင္း၊ ကဲ့ရဲ႕ျခင္းေတြက သူမ်ားထက္ ပုိခံရတတ္ပါတယ္။ ဥပမာ- အႏုပညာရွင္တစ္ေယာက္ အိမ္ေထာင္ကြဲသြားတယ္ဆုိပါစုိ႔။ ပရိသတ္အာ႐ုံစုိက္မႈကို သူမ်ားထက္ ပုိခံရတတ္ပါတယ္။ အိမ္ေထာင္ကြဲတာကေတာ့ အရပ္ထဲမွာ ျဖစ္ရိုးျဖစ္စဥ္ေတြပါပဲ။ ဒါေပမဲ့ သူတုိ႔ေတြက်ေတာ့ ပုိအာ႐ုံစုိက္ခံရပါတယ္။ အိမ္ေထာင္ကြဲလုိ႔ ခံစားရတာက တစ္မ်ဳိး၊ ကဲ့ရဲ႕လုိ႔ ခံစားရတာက တစ္မ်ဳိး၊ ပုိလုိ႔ေတာင္ ခံစားရပါေသးတယ္။ တရားသေဘာနဲ႔ ႏွလုံးမသြင္းႏုိင္ရင္ အခံရခက္ပါတယ္။ ဒါေတြကထင္ရွားရျခင္းရဲ႕ ေကာင္းက်ဳိး ဆိုးျပစ္ေတြပါ။

ကိုယ္ကထင္ရွားသူတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ထင္ရွားျခင္းေၾကာင့္ရလာမယ့္ အက်ဳိးအျပစ္အတဲြကို ႀကိဳေတြးဆထားရမွာပါ။ တစ္ခါတေလေတာ့လည္းဘဝကို ရိုးရိုးရွင္းရွင္းေလးေနတာေလးက ဘဝတစ္ခုအတြက္ ပိုေအးခ်မ္းလွပါတယ္။

ေနာက္ဆုံး တစ္တြဲက သုခ၊ ဒုကၡ။ ကုိယ္၏ခ်မ္းသာျခင္း၊ စိတ္၏ခ်မ္းသာျခင္း၊ ကုိယ္၏ဆင္းရဲျခင္း စိတ္၏ဆင္းရဲျခင္းပါ။ ဒီေတာ့ စိတ္ခ်မ္းသာလည္း ဆင္ျခင္ရမွာပါပဲ။ စိတ္ဆင္းရဲလည္း ဆင္ျခင္ရမွာပါပဲ။ အၿမဲတမ္း စိတ္ခ်မ္းသာ မေနႏုိင္သလုိ၊ အၿမဲတမ္းလည္း စိတ္ဆင္းရဲမေနပါဘူး။ ဒီေတာ့ စိတ္ခ်မ္းသာေနရင္လည္း ဒီသံုးခ်က္နဲ႔ဆင္ျခင္ရပါမယ္။

စိတ္ဆင္းရဲေနရင္လည္း ဒီသံုးခ်က္နဲ႔ဆင္ျခင္ရပါမယ္။ မ်က္လံုးေလးမွိတ္ဆင္ျခင္ရင္ အာရံုစိုက္မွဳပိုရပါတယ္။

ျမတ္စြာဘုရားက ေလာကဓံရွစ္ပါးထဲက ေကာင္းတာပဲႀကဳံႀကဳံ၊ ဆုိးတာပဲႀကဳံႀကဳံ အနိေစၥာ၊ ဒုေကၡာ၊ ဝိပရိဏာမဓေမၼာ လို႔ သုံးခ်က္နဲ႔ ဆင္ျခင္ပါလုိ႔ မိန္႔မွာထားပါတယ္။ ျမတ္စြာဘုရားက ဆင္ျခင္ပါဆုိေတာ့လည္း ဆင္ျခင္လုိက္႐ုံပါပဲ။ သိပ္လည္းမခက္လွပါဘူး။ ဆင္ျခင္ပုံ ပါဠိျမန္မာေလးကလည္း ဆုိလုိ႔ ဆင္ျခင္လုိ႔ ေကာင္းတဲ့ ပါဠိျမန္မာေလးပါ။ ဆင္ျခင္ၿပီးရင္လည္း ေက်နပ္မႈ တစ္ခုခုေတာ့ အနည္းနဲ႔ အမ်ား ရသြားၾကတာ မ်ားပါတယ္။ ျမတ္စြာဘုရားရွင္ကို ၾကည္ညိဳခ်စ္ခင္စိတ္နဲ႔ ဆင္ျခင္လုိက္႐ုံပါပဲ။

အနိေစၥာ= မျမဲပါတကား။
ဒုေကၡာ= ဆင္းရဲပါတကား။
ဝိပရိဏာမဓေမၼာ= ေဖာက္ျပန္ေျပာင္းလဲတတ္တဲ့သေဘာရွိပါတကား။

ဒီေနရာမွာ တစ္ခုေတာ့ရွိပါတယ္။ ဆင္ျခင္တဲ့အခါမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပါရမီမတူတဲ့အတြက္ သေဘာေပါက္သိသြားပုံျခင္း၊ ဥာဏ္အလင္းပြင့္သြားပုံျခင္း တူမွာေတာ့ မဟုတ္ပါဘူး။ ဥပမာ- ဆယ္ေယာက္ဆင္ျခင္ရင္ ဆယ္ေယာက္လုံး သေဘာေပါက္သြားပုံျခင္း တူညီညီမွ်မွာေတာ့ မဟုတ္ပါဘူး။ ပါရမီဥာဏ္ရည္ အနိမ့္အျမင့္ အားေလွ်ာ္စြာ သေဘာေပါက္မႈ အနိမ့္အျမင့္လည္း ကြဲသြားႏုိင္ပါတယ္။ တခ်ဳိ႕က (၂၀)ရာခုိင္ႏႈန္း၊ တခ်ဳိ႕က (၃၀)ရာခုိင္ႏႈန္း၊ တခ်ဳိ႕က (၄၀)ရာခုိင္ႏႈန္း စသည္ျဖင့္ သေဘာေပါက္မႈ ဥာဏ္အလင္းပြင့္မႈ ကြဲသြားႏုိင္ပါတယ္။

သေဘာေပါက္မွဳရာခိုင္ႏွဳန္းနည္းလို႔လည္း ဘာမွအားငယ္စရာမလိုပါဘူး။ ဆင္ျခင္စရာရွိတာ ဆင္ျခင္ရမွာပါပဲ။ ဆင္ျခင္ရင္း ဆင္ျခင္ရင္းနဲ႔ သေဘာေပါက္မႈေတြက တစ္ဆင့္ထက္တစ္ဆင့္ ျမင့္ျမင့္လာမွာပါ။ သေဘာေပါက္မႈ ဥာဏ္ရည္က တန္႔မေနပါဘူး။ ဒီတစ္ခါ ဆင္ျခင္လုိ႔ (၂၀)ရာခုိင္ႏႈန္း သေဘာေပါက္ရင္ ေနာက္တစ္ခါ ဆင္ျခင္တဲ့အခါ (၂၁)ရာခုိင္ႏႈန္း သေဘာေပါက္လာမွာပါ။ ေနာက္တစ္ခါ ဆင္ျခင္တဲ့အခါ (၂၂၊ ၂၃၊ ၂၄၊ ၂၅) စသည္ျဖင့္ သေဘာေပါက္မႈ ဥာဏ္အလင္းပြင့္မႈ ရာခိုင္ႏွဳန္းျမင့္ျမင့္လာမွာပါ။ ဆင္ျခင္ရင္း ဆင္ျခင္ရင္းနဲ႔ သေဘာေပါက္မွဳ ဥာဏ္အလင္းပြင့္မွဳမ်ားလာတာနဲ႔အမွ် ဘဝအတြက္ သက္သက္သာသာရွိလာေတာ့မွာပါ။

ဆင္ျခင္တာ ဝိပႆနာမဟုတ္ေသးေပမယ့္ ဝိပႆနာအတြက္ အေထာက္အပံ့ေကာင္းေတြ ျဖစ္ေနသလုိ သံသရာခရီးအတြက္လည္း ပါရမီေတြ ျဖစ္ေနပါတယ္။ ဇာတ္ေတာ္ေတြထဲမွာေတာ့ ဆင္ျခင္မႈက တစ္ဆင့္ ဝိပႆနာကူးသြားၿပီး တရားထူး ရသြားၾကတဲ့ သာဓကဝတၴဳေတြလည္း အမ်ားႀကီးပါပဲ။ ဆင္ျခင္မႈဟာ ဒီဘဝအတြက္ သက္သာတဲ့ ဘဝေနထိုင္မွဳေတြကို ရႏုိင္သလုိ ေနာင္သံသရာအတြက္လည္း တရားထူး ရဖုိ႔အတြက္ အေထာက္အပံ့ေကာင္းေတြ ရသြားမွာပါ။ ဒါေတြကေတာ့ ဆင္ျခင္ၿပီး ေလာကဓံကို ျဖတ္ေက်ာ္တာပါ။ ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားႀကီးက ျမတ္စြာဘုရား ေဟာၾကားထားတဲ့အတုိင္း စနစ္တက် ဝိပႆနာရႈမွတ္ေနတဲ့ ေယာဂီဟာ အဲဒီေလာကဓံေတြကို ႐ႈမွတ္ၿပီးေတာ့လည္း အေတာ္အတန္ သည္းခံႏုိင္ပါတယ္လု႔ိ မိန္႔ထားသလုိ ႐ႈမွတ္ရင္း သမာဓိဥာဏ္ေတြ ရင့္သန္ၿပီး သခၤါ႐ုေပကၡာဥာဏ္အဆင့္အထိ ေရာက္သြားရင္ေတာ့ ေလာကဓံ အေကာင္းေကာ အဆုိးေကာ သည္းခံႏုိင္သြားၿပီလုိ႔ ဆုိပါတယ္။
သခၤါ႐ုေပကၡာဥာဏ္မွာ ဂုဏ္ရည္သုံးခု ရွိပါတယ္။ အဲဒီ ဂုဏ္ရည္သုံးခုကို ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားႀကီးက အမ်ားနားလည္လြယ္ေအာင္ ေဆာင္ပုဒ္ေလးနဲ႔ ျပထားပါတယ္။

ေၾကာက္ ႏွစ္သက္ျခင္း၊ ကင္းရွင္းေပသည္၊
ခ်မ္းသာဆင္းရဲ၊ ႐ႈၿမဲတူညီ၊
ေၾကာင့္ၾကမျပဳ၊ မွတ္႐ႈလြယ္သည္၊
သခၤါ႐ု ညီမႈဂုဏ္သုံးရည္။

သခၤါ႐ုေပကၡာဥာဏ္ေရာက္သြားတဲ့ ေယာဂီဟာ –
၁။ အလြန္ေၾကာက္စရာေကာင္းတဲ့ အာ႐ုံေတြနဲ႔ ေတြ႕ႀကဳံရေပမယ့္ ေၾကာက္ျခင္း မရွိေတာ့ပါဘူး။ အလြန္ ႏွစ္သက္စရာ အာ႐ုံေတြနဲ႔ ေတြ႕ရေပမယ့္လည္း ႏွစ္သက္ျခင္း မရွိေတာ့ပါဘူး။

၂။ ခ်မ္းသာနဲ႔ေတြ႕ရလို႔လည္း စိတ္တက္ၾကြမွဳေတြ မရွိေတာ့သလို ဆင္းရဲနဲ႔ေတြ႕ရလို႔လည္း စိတ္ႏွလံုးမသာယာမွဳေတြ မရွိေတာ့ပါဘူး။ ခ်မ္းသာနဲ႔ ဆင္းရဲကို အညီအမွ် ႐ႈလုိ႔ရေနပါတယ္။

၃။ တရား႐ႈမွတ္တဲ့အခါ ေၾကာင့္ၾကစုိက္စရာမလုိေတာ့ပါဘူး။ ႐ႈမွတ္ရတာ အလြန္ လြယ္ကူေနတတ္ပါတယ္။ မွတ္စရာအာ႐ုံနဲ႔ မွတ္သိစိတ္တုိ႔ အလုိလုိ မွတ္ေနရသလုိ လြယ္လြယ္ကူကူ ႐ႈမွတ္ေနရတတ္ပါတယ္။ ဒါေတြက သခၤ ါရုေပကၡာဥာဏ္ရဲ႕ဂုဏ္ရည္သံုးခုပါ။

ေက်းဇူးေတာ္ရွင္ မဟာစည္ဆရာေတာ္ဘုရားႀကီးကေတာ့ ဝိပႆနာတရားအားထုတ္လုိ႔ သခၤါ႐ုေပကၡာဥာဏ္ ေရာက္သြားရင္ေတာ့ ေလာကဓံအဆုိးေတြကို သည္းခံသြားႏုိင္ၿပီလုိ႔ အေသအခ်ာ မိန္႔မွာထားတယ္။ သခၤါ႐ုေပကၡာဥာဏ္အထိေရာက္ေအာင္ အားထုတ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

ဒါေပမဲ့ တစ္ဦးနဲ႔တစ္ဦး ပါရမီမတူတဲ့အတြက္ ႐ႈမွတ္မႈလမ္းေၾကာင္းကို မေလွ်ာက္ႏုိင္ေသးရင္ေတာင္ လြယ္ကူတဲ့ သိပ္မခက္လွတဲ့ ဆင္ျခင္မႈ လမ္းေၾကာင္းေလးေတြကိုေတာ့ ဆင္ျခင္ရင္းက်င့္ရမွာပါ။

ဘာပဲေျပာေျပာေလ ျမတ္စြာဘုရားက ေလာကဓံအေကာင္းပဲႀကံဳႀကံဳ အဆိုးပဲႀကံဳႀကံဳ အနိေစၥာ- ဒုေကၡာ- ဝိပရိဏာမဓေမၼာ လို႔ သုံးခ်က္နဲ႔ ဆင္ျခင္ပါဆုိေတာ့ ျမတ္စြာဘုရားကို ၾကည္ညိဳခ်စ္ခင္စိတ္နဲ႔ ဆင္ျခင္လုိက္ဖုိ႔ပါပဲေလ။
ရေဝႏြယ္ (အင္းမ)

က်မ္းကုိး
ေလာကဓံတရားေတာ္၊
(မဟာစည္ဆရာေတာ္ဘုရားႀကီး)

News Watch
ေစာင့္ၾကည့္သတင္းဂ်ာနယ္၊
၂၂-၇-၂၀၁၇

Credit — Yawainwe Inn Ma

(Unicode)

လောကဓံနှင့် ကျင့်စဉ်
ရဝေနွယ် (အင်းမ)

တစ်ခါတုန်းက ဆရာတော်အရှင်ဇနကာဘိဝံသကို ထီးဆောင်းမောင်ရှင်ဆိုတဲ့ ကလောင်ရှင်တစ်ယောက်က မဟုတ်မဟတ်လုပ်ဇာတ်တွေခင်းပြီး နဝဒေးမဂ္ဂဇင်းမှာ ဝေဖန်ပုတ်ခတ်သရော်ဆောင်းပါးရေးပါတယ်။ ဆရာတော့်မကောင်းကြောင်းရေးထားတဲ့ ဆောင်းပါးပါတဲ့လမှာ အဲဒီနဝဒေးမဂ္ဂဇင်းဟာ ရောင်းမလောက်အောင် ကုန်သွားပါသတဲ့။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ဆရာတော့် ဒကာ ဒကာမတွေက မခံနိုင်လွန်းလို့ ပြန်ရေးမယ်လို့ ဆရာတော့်ကို လျှောက်ကြပါတယ်။ ဒီတော့ ဆရာတော်က ခွင့်မပြုပါဘူး။ သည်းခံကြဖို့ ဆုံးမပြီး “ လောကမှာ ရှိတတ်စမြဲပါပဲ” တဲ့။ နောက်ဆက်ပြီး “ ဘဝသံသရာထဲမှာ တို့တစ်တွေနဲ့ သူတို့တစ်တွေဟာ ဘယ်လိုဇာတ်ကောင်တွေအဖြစ်နဲ့ ကသွားကြရမယ် မသိနိုင်သေးဘူး” တဲ့။ နောက်ဆက်တွဲ ထူးခြားတာကတော့ ထီးဆောင်းမောင်ရှင်ဆိုတဲ့ ကလောင်ရှင်ဟာ ဆရာတော်ဘုရားရဲ့ တပည့်ကြီးတစ်ပါး ဖြစ်နေတယ်ဆိုတာပါပဲ။
( တစ်ဘဝသာသနာ စာမျက်နှာ ၂၆၇။ အရှင်ဃောသိတ )

တစ်ဘဝသာသနာစာအုပ်ထဲက သမိုင်းဇာတ်ကွ
က်ကလေးဖတ်ပြီး ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူူး။ ဆရာတော့်လို သီလ၊ သမာဓိ၊ ပညာ ကြီးမားရုံမက အထူးသဖြင့် ပရိယတ်နယ်ပယ်မှာ ကျော်ကြားလှတဲ့ ဆရာတော် တစ်ပါးကို ဝေဖန် ပုတ်ခတ် ဆောင်းပါးရေးတယ် ဆိုတော့ ဘေးကနေ နယ်ပယ်စုံအတွေးနဲ့ တွေးနေမိပါတယ်။ အဲဒီအထဲက “ထင်ရှားရတာလည်း မသက်သာလှပါလား” နောက်အတွေးတစ်ခုကတော့ “တကယ်လို့များ အသက်ထွက်ခါနီးမှာ ကိုယ့်ရဲ့ကဲ့ရဲ့မှုလေး ဖြတ်ကနဲပြန်ပေါ်လာလိုက်ရင်”ဆိုတဲ့စိုးရိမ်အတွေးပါ။တဒင်္ဂစိတ်ခံစားမှုကြောင့်ရေးဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တော့လည်း စိတ်မကောင်းတွေဖြစ်ချင်ဖြစ်နေမှာပါ။

ငယ်ရွယ်တုန်းမှာ လောကရေးရာအရကော ဓမ္မရေးရာအရကော ဂုဏ်ရှိတဲ့လူပဲဖြစ်ဖြစ်, ရဟန်းပဲဖြစ်ဖြစ်, တစ်ဦးဦး တစ်ပါးပါးကို ကဲ့ရဲ့ခဲ့မယ်။ ဒီလိုနဲ့ အသက်ကြီးလာတဲ့အခါ အလုပ်ကလည်းအနားယူ၊ အရွယ်ညောင်းလာတဲ့အားလျှော်စွာ ရိပ်သာဝင် တရားအားထုတ်မယ်၊ တရားထိုင်တဲ့အခါ ငယ်ငယ်က ကဲ့ရဲ့ခဲ့တာကို အတွေးအာရုံမှာ ပြန်ပြန်ပေါ်တတ်ပါတယ်။ ဒီတော့ နောင်တရ ယူကျုံးမရ ဖြစ်နေတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ်ကဲ့ရဲ့ခဲ့တဲ့သူကလည်း လူ့လောကမှာမရှိတော့ပါဘူး၊ သေသွားပါပြီ။ ဒါဆို တရားရှုမှတ်ရတာ အနှောင့်အယှက်တစ်ခု ဖြစ်နေပါတော့တယ်။ တရားမှတ်လို့ မကောင်းတော့သလို၊ တရားလည်း မတက်တော့ပါဘူး။ သက်တမ်းကြည့်တော့လည်း နေရမယ့်လက်ကျန်အချိန်ကနည်းနေပါပြီ။ ဒါကြောင့် အသက်ကြီးမှ နောင်တရမယ့် ကဲ့ရဲ့မှုမျိုးကို မလုပ်တာ အကောင်းဆုံးပါပဲ။ ဒါတွေက တရားထိုင်ရင် တွေ့ရတတ်တဲ့သဘောသဘာဝလေးတွေပါ။

ဆရာတော်ဘုရားရဲ့ဘဝမှာ တစ်ဖက်က အောင်မြင်ကျော်ကြားသလောက် တစ်ဖက်မှာလည်း လောကဓံမျိုးစုံနဲ့ ကြုံရပါတယ်။ ဒါပေမဲ့ ဆရာတော်က လောကဓံတွေကို ဣန္ဒြေရရပဲ ဖြတ်သန်းသွားခဲ့ပါတယ်။ ဆရာတော့်နေရာမှာ သာမန်ရဟန်းတစ်ပါးသာဆိုရင် ဖြတ်သန်းရ ခက်ခဲနိုင်သလို ကိုယ့်ဘက်က မှန်ဦးတော့ စိတ်ဓာတ်ကျပြီး ဘဝတောင် ပြောင်းသွားနိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဒါတွေဟာ ထင်ရှားကျော်ကြားမှုရဲ့ သင်္ကေတအကျိုးဆက်တွေပါပဲ။ မထင်ရှားရင်တော့ ကဲ့ရဲ့ခံရစရာလည်း အကြောင်း မရှိပါဘူး။

လောကဓံဆိုတာ လောကဓမ္မဆိုတဲ့ပါဠိကနေ ဖြစ်ပေါ်လာတဲ့အမည်ပါ။ လောကရယ်၊ ဓမ္မရယ် နှစ်ပုဒ်ပါ။ လောကအရ သတ္တလောကဆိုတဲ့ သတ္တဝါအပေါင်းကို ကောက်ရပါမယ်။ ဓမ္မက သဘာဝတရား။ ဒီတော့ လောကဓံဆိုတာ သတ္တဝါတွေမှာ မလွှဲမရှောင်သာဘဲ အမြဲထိတွေ့ ခံစားနေရတဲ့သဘာဝတရားတွေလို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက အဓိပ္ပါယ်ဖွင့်ပြပါတယ်။ မြတ်စွာဘုရားက လောကဓံနဲ့ပတ်သက်လို့ အဂုင်္တ္တိုရ်ပါဠိတော်မှာ လောကဓမ္မသုတ်ဆိုပြီး အကျဉ်းတစ်သုတ်၊ အကျယ်တစ်သုတ် ဟောပြပေးထားပါတယ်။ အထူးသဖြင့် လောကဓံတရားတွေ ကြုံလာရတဲ့အခါ ဘယ်လိုနှလုံးသွင်းဆင်ခြင်ရမယ်ဆိုတာ ဟောပြထားတဲ့ သုတ္တန်ပါ။

လောကဓံရှစ်ပါးကတော့ အားလုံးသိကြတဲ့ လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ၊ သုခံ၊ ဒုက္ခံပါ။ ဒီနေရာမှာ အလာဘအရ လာဘ်မရခြင်းအပြင် ရပြီးသား ပစ္စည်းဥစ္စာတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီး ပျောက်ဆုံးသွားရင်လည်း အလာဘပါပဲတဲ့။ အယသ အခြံအရံမဲ့ခြင်းဆိုတာလည်း အခြံအရံမရှိတာတင်မကဘဲ ကိုယ့်အိမ်ထောင်ဘက် ခင်ပွန်း၊ ဇနီး၊ သားသမီး၊ မိဘ၊ မိတ်ဆွေ၊ အခြွေအရံတွေ အကြောင်းတစ်ခုခုကြောင့် ကွေကွင်းသွားရင်လည်း အယသ လောကဓံဖြစ်သွားပါတယ်။

သုခအရ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းကိုကောက်ယူရပါမယ်၊ ဒုက္ခအရ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းကို ကောက်ယူရပါမယ်။
မြတ်စွာဘုရားရှင်က ကောင်းတဲ့လောကဓံ(၄)ပါးပဲကြုံကြုံ၊ မကောင်းတဲ့ လောကဓံ (၄)ပါးပဲကြုံကြုံ –
အနိစ္စော- မမြဲပါတကား။
ဒုက္ခော- ဆင်းရဲပါတကား။
ဝိပရိဏာမဓမ္မော- ဖောက်ပြန်ပြောင်းလဲတတ်တဲ့ သဘောရှိပါတကား။

အဲဒီသုံးချက်နဲ့ ဆင်ခြင်ဖို့ ဟောပြထားပါတယ်။ ဥပမာ- ကိုယ့်ရဲ့ ပစ္စည်း၊ လာဘ်လာဘတွေကို ကြည့်ပြီး အနိစ္စော မမြဲပါတကား၊ ဒုက္ခော ဆင်းရဲပါတကား။ ဝိပရိဏာမဓမ္မော ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘော ရှိပါတကားလို့ ဆင်ခြင်ရပါမယ်။ မမြဲတဲ့သဘောရယ်၊ ဆင်းရဲတဲ့သဘောရယ်၊ ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘောရယ်ပါ။ ပစ္စည်း၊ ဥစ္စာတွေကလည်း မမြဲပါဘူး၊ ရန်သူမျိုး (၅)ပါးနဲ့ အချိန်မရွေးပျက်ဆီးသွားနိုင်ပါတယ်။ ပစ္စည်းတွေကြောင့်ပဲ ဆင်းရဲဒုက္ခရောက်နေကြရပါတယ်၊ တစ်ခါတရံ ကိုယ့်ပစ္စည်းကပဲ ကိုယ့်ကိုဒုက္ခပြန်ပေးသွားတာတွေလည်းရှိပါတယ်။ ပြီးတော့ ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘောလည်း ရှိပါတယ်။ ဒီနေ့ ကိုယ့်ဟာဆိုပေမယ့် နောက်နေ့ကျ သူများဟာဖြစ်ချင်ဖြစ်သွားတတ်ပါတယ်တဲ့။

ဒီလိုပါပဲ။ ပစ္စည်းဥစ္စာတွေအကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့အခါမှာလည်း အနိစ္စော ဒုက္ခော ဝိပရိဏာမဓမ္မောလို့ ဆင်ခြင်ပါတဲ့။ နောက် အခြံအရံတွေကြည့်ပြီး ဆင်ခြင်ရပါမယ်။ အခြံအရံတွေဆိုတာလည်း မမြဲပါဘူး။ ဥပမာ- ကိုယ်က ရာထူးကြီးကြီး အရာတစ်ခုကို ရနေမယ်။ ဒါဆို ကိုယ့်အနားမှာ အခြံအရံတွေ များနေမှာပါ။ အကြောင်းတစ်ခုခုကြောင့် ရာထူးက အရာကျသွားတာနဲ့ အဲဒီအခြံအရံတွေက ကိုယ့်အနားက ပျောက်ကွယ်သွားနိုင်ပါတယ်။ ကြိုတင်ဆင်ခြင်ထားတော့ ဖြေသာပါတယ်။ နောက်ဆုံး ကိုယ့်လင်၊ ကိုယ့်ဇနီး၊ ကိုယ့်သားသမီး၊ ကိုယ့်မိဘ စသည်တွေကအစ မမြဲပါဘူး။ ရှင်ကွဲမကွဲရင်တောင် တစ်နေ့မှာတော့ သေကွဲကွဲရမှာပါ။ တကယ်တော့ ဘဝမှာ အချစ်ရဆုံးလို့ ဆိုရမယ့် ကိုယ့်အိမ်ထောင်ဘက်ကလည်း မမြဲပါဘူး။ အခြံအရံတွေမဲ့သွားတဲ့အခါမှာလည်းဒီအတိုင်းပဲ ဆင်ခြင်ရပါမယ်။

မမြဲတဲ့သဘောတရားတွေကို မမြဲတဲ့သဘောတရားအတိုင်း ကြိုသိထားတော့ ဘဝခရီးအတွက် သက်သာရာ ရစေတာတော့ အမှန်ပါပဲ။

နောက်တစ်တွဲက နိန္ဒာ၊ ပသံသာ။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းပါ။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းတွေ ကြုံရတဲ့အခါမှာလည်း အနိစ္စော၊ ဒုက္ခော၊ ဝိပရိဏာမဓမ္မော ဒီသုံးချက်နဲ့ပဲ ဆင်ခြင်ရမှာပါ။ မြတ်စွာဘုရားရှင်အလိုကျဆိုရင် ချီးမွမ်းခံရရင်လည်း ဆင်ခြင်ရပါမယ်။ ကိုယ့်ကိုချီးမွမ်းနေတဲ့အခါ အနိစ္စော- ဒုက္ခော- ဝိပရိဏာမဓမ္မောလို့ စိတ်ထဲကဆင်ခြင်နေရပါမယ်၊ ဒီနေ့ချီးမွမ်းနေပေမယ့် နောင်တချိန်ကျရင် အဲဒီချီးမွမ်းတဲ့သူတွေကပဲ ကိုယ့်ကိုပြန်ကဲ့ရဲ့ချင်ကဲ့ရဲ့နေတတ်ပါတယ်။ မမြဲတဲ့လောကဓံတရားတွေကို တရားနဲ့ကြိုနှလုံးသွင်းထားတဲ့သဘောပါ။

ဆင်ခြင်နေတဲ့အချိန်မှာ ဆင်ခြင်ခြင်းကုသိုလ်တွေဖြစ်နေသလို နောင်အနာဂတ်အတွက်လည်း ကြိုတင်ပြင်ဆင်ပြီးသားဖြစ်နေပါတယ်။ ချီးမွမ်းတာကိုတော့ လူတိုင်း ကြိုက်ကြပါတယ်။ ကဲ့ရဲ့တာကျတော့ ဘယ်သူပဲဖြစ်ဖြစ် မကြိုက်ကြပါဘူး။ အထူးသဖြင့် ထင်ရှားတဲ့သူတွေဆိုရင် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေက သူများထက် ပိုခံရတတ်ပါတယ်။ ဥပမာ- အနုပညာရှင်တစ်ယောက် အိမ်ထောင်ကွဲသွားတယ်ဆိုပါစို့။ ပရိသတ်အာရုံစိုက်မှုကို သူများထက် ပိုခံရတတ်ပါတယ်။ အိမ်ထောင်ကွဲတာကတော့ အရပ်ထဲမှာ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ ဒါပေမဲ့ သူတို့တွေကျတော့ ပိုအာရုံစိုက်ခံရပါတယ်။ အိမ်ထောင်ကွဲလို့ ခံစားရတာက တစ်မျိုး၊ ကဲ့ရဲ့လို့ ခံစားရတာက တစ်မျိုး၊ ပိုလို့တောင် ခံစားရပါသေးတယ်။ တရားသဘောနဲ့ နှလုံးမသွင်းနိုင်ရင် အခံရခက်ပါတယ်။ ဒါတွေကထင်ရှားရခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေပါ။

ကိုယ်ကထင်ရှားသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ထင်ရှားခြင်းကြောင့်ရလာမယ့် အကျိုးအပြစ်အတွဲကို ကြိုတွေးဆထားရမှာပါ။ တစ်ခါတလေတော့လည်းဘဝကို ရိုးရိုးရှင်းရှင်းလေးနေတာလေးက ဘဝတစ်ခုအတွက် ပိုအေးချမ်းလှပါတယ်။

နောက်ဆုံး တစ်တွဲက သုခ၊ ဒုက္ခ။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းပါ။ ဒီတော့ စိတ်ချမ်းသာလည်း ဆင်ခြင်ရမှာပါပဲ။ စိတ်ဆင်းရဲလည်း ဆင်ခြင်ရမှာပါပဲ။ အမြဲတမ်း စိတ်ချမ်းသာ မနေနိုင်သလို၊ အမြဲတမ်းလည်း စိတ်ဆင်းရဲမနေပါဘူး။ ဒီတော့ စိတ်ချမ်းသာနေရင်လည်း ဒီသုံးချက်နဲ့ဆင်ခြင်ရပါမယ်။

စိတ်ဆင်းရဲနေရင်လည်း ဒီသုံးချက်နဲ့ဆင်ခြင်ရပါမယ်။ မျက်လုံးလေးမှိတ်ဆင်ခြင်ရင် အာရုံစိုက်မှုပိုရပါတယ်။

မြတ်စွာဘုရားက လောကဓံရှစ်ပါးထဲက ကောင်းတာပဲကြုံကြုံ၊ ဆိုးတာပဲကြုံကြုံ အနိစ္စော၊ ဒုက္ခော၊ ဝိပရိဏာမဓမ္မော လို့ သုံးချက်နဲ့ ဆင်ခြင်ပါလို့ မိန့်မှာထားပါတယ်။ မြတ်စွာဘုရားက ဆင်ခြင်ပါဆိုတော့လည်း ဆင်ခြင်လိုက်ရုံပါပဲ။ သိပ်လည်းမခက်လှပါဘူး။ ဆင်ခြင်ပုံ ပါဠိမြန်မာလေးကလည်း ဆိုလို့ ဆင်ခြင်လို့ ကောင်းတဲ့ ပါဠိမြန်မာလေးပါ။ ဆင်ခြင်ပြီးရင်လည်း ကျေနပ်မှု တစ်ခုခုတော့ အနည်းနဲ့ အများ ရသွားကြတာ များပါတယ်။ မြတ်စွာဘုရားရှင်ကို ကြည်ညိုချစ်ခင်စိတ်နဲ့ ဆင်ခြင်လိုက်ရုံပါပဲ။

အနိစ္စော= မမြဲပါတကား။
ဒုက္ခော= ဆင်းရဲပါတကား။
ဝိပရိဏာမဓမ္မော= ဖောက်ပြန်ပြောင်းလဲတတ်တဲ့သဘောရှိပါတကား။

ဒီနေရာမှာ တစ်ခုတော့ရှိပါတယ်။ ဆင်ခြင်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ပါရမီမတူတဲ့အတွက် သဘောပေါက်သိသွားပုံခြင်း၊ ဉာဏ်အလင်းပွင့်သွားပုံခြင်း တူမှာတော့ မဟုတ်ပါဘူး။ ဥပမာ- ဆယ်ယောက်ဆင်ခြင်ရင် ဆယ်ယောက်လုံး သဘောပေါက်သွားပုံခြင်း တူညီညီမျှမှာတော့ မဟုတ်ပါဘူး။ ပါရမီဉာဏ်ရည် အနိမ့်အမြင့် အားလျှော်စွာ သဘောပေါက်မှု အနိမ့်အမြင့်လည်း ကွဲသွားနိုင်ပါတယ်။ တချို့က (၂၀)ရာခိုင်နှုန်း၊ တချို့က (၃၀)ရာခိုင်နှုန်း၊ တချို့က (၄၀)ရာခိုင်နှုန်း စသည်ဖြင့် သဘောပေါက်မှု ဉာဏ်အလင်းပွင့်မှု ကွဲသွားနိုင်ပါတယ်။

သဘောပေါက်မှုရာခိုင်နှုန်းနည်းလို့လည်း ဘာမှအားငယ်စရာမလိုပါဘူး။ ဆင်ခြင်စရာရှိတာ ဆင်ခြင်ရမှာပါပဲ။ ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ သဘောပေါက်မှုတွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်မြင့်လာမှာပါ။ သဘောပေါက်မှု ဉာဏ်ရည်က တန့်မနေပါဘူး။ ဒီတစ်ခါ ဆင်ခြင်လို့ (၂၀)ရာခိုင်နှုန်း သဘောပေါက်ရင် နောက်တစ်ခါ ဆင်ခြင်တဲ့အခါ (၂၁)ရာခိုင်နှုန်း သဘောပေါက်လာမှာပါ။ နောက်တစ်ခါ ဆင်ခြင်တဲ့အခါ (၂၂၊ ၂၃၊ ၂၄၊ ၂၅) စသည်ဖြင့် သဘောပေါက်မှု ဉာဏ်အလင်းပွင့်မှု ရာခိုင်နှုန်းမြင့်မြင့်လာမှာပါ။ ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ သဘောပေါက်မှု ဉာဏ်အလင်းပွင့်မှုများလာတာနဲ့အမျှ ဘဝအတွက် သက်သက်သာသာရှိလာတော့မှာပါ။

ဆင်ခြင်တာ ဝိပဿနာမဟုတ်သေးပေမယ့် ဝိပဿနာအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်နေသလို သံသရာခရီးအတွက်လည်း ပါရမီတွေ ဖြစ်နေပါတယ်။ ဇာတ်တော်တွေထဲမှာတော့ ဆင်ခြင်မှုက တစ်ဆင့် ဝိပဿနာကူးသွားပြီး တရားထူး ရသွားကြတဲ့ သာဓကဝတ္ထုတွေလည်း အများကြီးပါပဲ။ ဆင်ခြင်မှုဟာ ဒီဘဝအတွက် သက်သာတဲ့ ဘဝနေထိုင်မှုတွေကို ရနိုင်သလို နောင်သံသရာအတွက်လည်း တရားထူး ရဖို့အတွက် အထောက်အပံ့ကောင်းတွေ ရသွားမှာပါ။ ဒါတွေကတော့ ဆင်ခြင်ပြီး လောကဓံကို ဖြတ်ကျော်တာပါ။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း စနစ်တကျ ဝိပဿနာရှုမှတ်နေတဲ့ ယောဂီဟာ အဲဒီလောကဓံတွေကို ရှုမှတ်ပြီးတော့လည်း အတော်အတန် သည်းခံနိုင်ပါတယ်လို့ မိန့်ထားသလို ရှုမှတ်ရင်း သမာဓိဉာဏ်တွေ ရင့်သန်ပြီး သင်္ခါရုပေက္ခာဉာဏ်အဆင့်အထိ ရောက်သွားရင်တော့ လောကဓံ အကောင်းကော အဆိုးကော သည်းခံနိုင်သွားပြီလို့ ဆိုပါတယ်။
သင်္ခါရုပေက္ခာဉာဏ်မှာ ဂုဏ်ရည်သုံးခု ရှိပါတယ်။ အဲဒီ ဂုဏ်ရည်သုံးခုကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက အများနားလည်လွယ်အောင် ဆောင်ပုဒ်လေးနဲ့ ပြထားပါတယ်။

ကြောက် နှစ်သက်ခြင်း၊ ကင်းရှင်းပေသည်၊
ချမ်းသာဆင်းရဲ၊ ရှုမြဲတူညီ၊
ကြောင့်ကြမပြု၊ မှတ်ရှုလွယ်သည်၊
သင်္ခါရု ညီမှုဂုဏ်သုံးရည်။

သင်္ခါရုပေက္ခာဉာဏ်ရောက်သွားတဲ့ ယောဂီဟာ –
၁။ အလွန်ကြောက်စရာကောင်းတဲ့ အာရုံတွေနဲ့ တွေ့ကြုံရပေမယ့် ကြောက်ခြင်း မရှိတော့ပါဘူး။ အလွန် နှစ်သက်စရာ အာရုံတွေနဲ့ တွေ့ရပေမယ့်လည်း နှစ်သက်ခြင်း မရှိတော့ပါဘူး။

၂။ ချမ်းသာနဲ့တွေ့ရလို့လည်း စိတ်တက်ကြွမှုတွေ မရှိတော့သလို ဆင်းရဲနဲ့တွေ့ရလို့လည်း စိတ်နှလုံးမသာယာမှုတွေ မရှိတော့ပါဘူး။ ချမ်းသာနဲ့ ဆင်းရဲကို အညီအမျှ ရှုလို့ရနေပါတယ်။

၃။ တရားရှုမှတ်တဲ့အခါ ကြောင့်ကြစိုက်စရာမလိုတော့ပါဘူး။ ရှုမှတ်ရတာ အလွန် လွယ်ကူနေတတ်ပါတယ်။ မှတ်စရာအာရုံနဲ့ မှတ်သိစိတ်တို့ အလိုလို မှတ်နေရသလို လွယ်လွယ်ကူကူ ရှုမှတ်နေရတတ်ပါတယ်။ ဒါတွေက သင်္ခ ါရုပေက္ခာဉာဏ်ရဲ့ဂုဏ်ရည်သုံးခုပါ။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကတော့ ဝိပဿနာတရားအားထုတ်လို့ သင်္ခါရုပေက္ခာဉာဏ် ရောက်သွားရင်တော့ လောကဓံအဆိုးတွေကို သည်းခံသွားနိုင်ပြီလို့ အသေအချာ မိန့်မှာထားတယ်။ သင်္ခါရုပေက္ခာဉာဏ်အထိရောက်အောင် အားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ပါရမီမတူတဲ့အတွက် ရှုမှတ်မှုလမ်းကြောင်းကို မလျှောက်နိုင်သေးရင်တောင် လွယ်ကူတဲ့ သိပ်မခက်လှတဲ့ ဆင်ခြင်မှု လမ်းကြောင်းလေးတွေကိုတော့ ဆင်ခြင်ရင်းကျင့်ရမှာပါ။

ဘာပဲပြောပြောလေ မြတ်စွာဘုရားက လောကဓံအကောင်းပဲကြုံကြံု အဆိုးပဲကြံုကြံု အနိစ္စော- ဒုက္ခော- ဝိပရိဏာမဓမ္မော လို့ သုံးချက်နဲ့ ဆင်ခြင်ပါဆိုတော့ မြတ်စွာဘုရားကို ကြည်ညိုချစ်ခင်စိတ်နဲ့ ဆင်ခြင်လိုက်ဖို့ပါပဲလေ။
ရဝေနွယ် (အင်းမ)

ကျမ်းကိုး
လောကဓံတရားတော်၊
(မဟာစည်ဆရာတော်ဘုရားကြီး)

News Watch
စောင့်ကြည့်သတင်းဂျာနယ်၊
၂၂-၇-၂၀၁၇

Credit — Yawainwe Inn Ma

LEAVE A REPLY

Please enter your comment!
Please enter your name here