အိမ္ေထာင္စုံလား အိမ္ေထာင္မစုံလား
**************************
လူပ်ိဳဘုရားမရွိဘူးလို႔ဆို၏။ဘုရားရွင္တိုင္းကလည္းသားတစ္ေယာက္ရ
မွသာေတာထြက္ျမဲဓမၼတာျဖစ္သည္။သို႔ျဖစ္လ်င္ အပ်ိဳႀကီး လူပ်ိဳႀကီးမ်ား
ဘုရားျဖစ္ဖို႔လမ္းေပါက္ပိတ္ၿပီဟုဆိုရမည္။အိမ္ေထာင္ေရးကသာလ်င္
ဘုရားျဖစ္ရန္အေျခခံအေၾကာင္းႀကီးတစ္ခုျဖစ္ေနရာ အိမ္ေထာင္ျမန္ျမန္
ျပဳၾကမွသင့္မည္ထင္သည္။အိမ္ေထာင္ေရးကို ေဂဟသိႆေပမဟုဆို
ေသာ္လည္းဘဲ ထိုအိမ္ေထာင္မႈ၌ပင္ ပါရမီမ်ိဳးပ်ိဳးလို႔ရ၏။ျဗဟၼစိုရ္
တရားပြားလို႔ရ၏။ကုသိုလ္တရား၊ ဒါနတရား၊ သီလတရား၊ ဘာဝနာ
တရားေတြ က်င့္ၾကံႀကိဳးကုတ္ႏိုင္ရကား အျပစ္ခ်ည္းဟုေတာ့ဆိုလို႔မရ
ေပ။သားနဲ႔ေပ်ာ္။မယားနဲ႔ေပ်ာ္။အေပ်ာ္ေတာထဲ ေမ့ေမာဟနဲ႔ ေမ်ာေန
လ်င္ေတာ့ အျပစ္ျဖစ္ေပမည္။အိမ္ေထာင္မရွိေတာ့လည္း ေမာဟနဲ႔သာ
ေနလ်င္ ဘာထူးသနည္း။အဆိပ္ကိုပင္ ေဆးျဖစ္ေအာင္တတ္ႏိုင္ေသးရာ
ကာမဂုဏ္အာရံုေတြကို ဘာဝနာအထုံရေအာင္ အဘယ့္ေၾကာင့္မတတ္
ႏိုင္ရမည္နည္း။
ဘုရားရွင္ကေတာ့ အိမ္ေထာင္ျပဳဖို႔လည္း မတိုက္တြန္း။မျပဳနဲ႔လို႔လည္း
မေဟာေပ။အနာထပိဏ္သူေ႒းႀကီးပင္လ်င္ သူ႔သမီးေတြအိမ္ေထာင္ျပဳ
ေတာ့ သင့္မသင့္ကို ဘုရားရွင္အားတိုင္ပင္သည္ဆို၏။သို႔ေၾကာင့္လည္း
ဘုရားရွင္က လင္ဝတ္၊ မယားဝတ္ဆိုုၿပီး လိုက္နာႏိုင္ေအာင္အဆုံးအမ
ေပးခဲ႔ျခင္းျဖစ္သည္။ဘုရားရွင္က သဒၶါတူ။သီလတူ။စာဂတူ။ပညာတူ။
တူေလးတူျဖစ္ေအာင္ေနၾကလ်င္ လင္နဲ႔မယား သံသရာမွာေတာင္မခြဲရ
ဘူးလို႔ နကုလပီတာႀကီးကို ဆုံးမေတာ္မူဖူးသည္။သံသရာတိုင္ လက္တြဲ
လို႔ သစၥာမပ်က္ေၾကးဆိုလ်င္ ထိုအတိုင္းက်င့္ဖို႔သာလိုသည္။သက္ဆုံး
တိုင္ရိုးေျမက်လို႔ တစ္လင္တစ္မယားသာခိုင္ျမဲလိုသည့္ျမန္မာ့ဓေလ့မွာ
စလယ္ဝင္ ဖင္မမဲခင္ကတည္းက ကြဲခ်င္ေနလ်င္ေတာ့ မေျပာလိုေပ။
အသြင္မတူ အိမ္သူမျဖစ္ဟုေတာ့ဆိုသည္။အမွန္ေတာ့ အိမ္သူတိုင္းက
အသြင္တူသည္ေတာ့မဟုတ္ေပ။တူတာလည္းရွိ။မတူတာလည္း
ရွိသည္ပင္။ထို႔ေၾကာင့္လည္းဘုရားရွင္က လင္ကလည္းနတ္သား
မယားကလည္းနတ္သမီး လို႔ေခၚရမည့္ အေကာင္းတူလင္မယားက
တစ္မ်ိဳး။လင္ကလည္း သူေသေကာင္ မယားကလည္းသူေသေကာင္
မေကာင္းတူလင္မယားကတစ္မ်ိဳး။လင္ကနတ္သားနဲ႔တူၿပီးမယားက
သူေသေကာင္ႏွင့္တူသည့္ လင္မယားကတစ္မ်ိဳး။မယားကနတ္သမီး
ႏွင့္တူၿပီး လင္ကသူေသေကာင္နဲ႔တူသည့္ လင္မယားကတစ္မ်ိဳးဟု
ေလးမ်ိဳးခြဲ၍ ေဟာေတာ္မူျခင္းျဖစ္သည္။တူေလးတူကိုတူေအာင္
က်င့္ႏိုင္ျခင္း မက်င့္ႏိုင္ျခင္းကပင္လ်င္ လင္ရယ္ မယားရယ္ ကြဲျပား
သြားျခင္းျဖစ္သည္။
မစလရြာသူႀကီး ဦးမဃကေတာ့ မယားေလးေယာက္ေတာင္ယူထား၏။
သုဓမၼာ၊သုနႏၵာ၊သုစိတၱာ၊သုဇာတာဟူ၏။ဦးမဃသည္ မိဘကိုလုပ္ေကြ်း
ေမြးျမဴျခင္း၊ ေဆြႀကီးမ်ိဳးႀကီးတို႔ကို အရိုအေသေပးျခင္း၊မုသားစကား
မဆိုျခင္း၊ ၾကမ္းတမ္းေသာစကားမဆိုျခင္း၊ ကုန္းတိုက္စကားမဆိုျခင္း၊
ဝန္မတိုျခင္း၊ အမ်က္ေဒါသမထားျခင္း ဆိုသည့္က်င့္ဝတ္ခုနစ္ပါးကို
အျမဲက်င့္သုံး၏။ရပ္ရြာအက်ိဳးအတြက္ လမ္းေဖာက္ျခင္း၊ေရခ်မ္းစင္တည္
ျခင္း၊ နားခိုရာဇရပ္ေဆာက္ျခင္းမ်ားကို အေပါင္းအေဖာ္ ၃၂ေယာက္ျဖင့္
တက္ညီလက္ညီ ေဆာင္ရြက္ေလသည္။တစ္ခါေတာ့ ေက်ာင္းတစ္
ေဆာင္ေဆာက္လုပ္လွဴဒါန္း၏။ေက်ာင္းအလွဴတြင္ အမ်ိဳးသမီးမ်ား
မပါဝင္ခိုင္းေပ။သို႔ေသာ္လည္း သုဓမၼာကထုပိကာတစ္ခုလွဴခြင့္ရ
ေအာင္ ၾကံစည္ၿပီး လွဴ၏။ထို႔ေနာက္ သုနႏၵာကေရကန္တူး၍လွဴ၏။
သုစိတၱာက ပန္းဥယ်ာဥ္တည္၍လွဴဒါန္းမႈ၌ ပါဝင္ေအာင္အားထုတ္၏။
အငယ္ဆံုးသုဇာတာေဘးကေတာ့ လင္လုပ္သမွ် မယာကအလိိုလိုရ
တာပဲဆိုၿပီး ဘာမွမလုပ္ဘဲ ဖီးကာလိမ္းကာျဖင့္အခ်ိန္ကုန္ေလသည္။
စိတ္တူကိုယ္တူ လွဴဒါန္းၾကသည့္ ဦးမဃႏွင့္ ဇနီးအႀကီးသုံးေယာက္က
တာဝတႎတာနတ္ျပည္မွာ သိၾကားမင္းႏွင့္ နတ္ဖိဖုရားႀကီးသုံးဦးျဖစ္ခြင့္ရ
သည္။အငယ္ဆုံးသုဇာတာေလးကေတာ့ ေတာင္ေခ်ာက္ၾကားမွာဗ်ိဳင္းမ
ေလးျဖစ္၏။သိၾကားမင္းႀကီးက သူ႔ခ်စ္ဇနီးေလးကို သနားၿပီးကယ္တင္မွ
တာဝတႎတာနတ္ျပည္ကိုေရာက္ခြင့္ရေလသည္။အေကာင္းတူ
တူၾကသည့္ လင္မယားေတြ နတ္ျပည္ကိုစုျပံဳေရာက္ရသည့္သာဓကျဖစ္
သည္။အသြင္တူအိမ္သူျဖစ္ဆိုသည့္စကားမွန္၏။
အသြင္မတူအိမ္သူျဖစ္ေနရသည့္ နႏၵိယေက်ာင္းဒကာႀကီးတို႔လင္မယား
ကေတာ့ သင္ခန္းစာယူဖို႔ေကာင္းသည္။ေက်ာင္းဒကာႀကီးက သဒၶါ၊သီလ
စာဂ၊ပညာထက္သန္သေလာက္ မယားျဖစ္သူေရဝတီက်ေတာ့ မစၧရိယ
စိတ္အင္မတန္မ်ားသူျဖစ္၏။ေက်ာင္းဒကာႀကီးက အလွဴေပး၍သာသနာ
ေတာ္ႀကီးအေပၚ ယုံၾကည္သေလာက္ ေရဝတီက သံဃာကိုပင္ေမာင္း
ထုတ္ဆဲေရးေလသည္။ကိုယ့္ျပဳသည့္ကံ ပဲ႔တင္သံ ကိုယ့္ထံျပန္လာ
မည္ဆိုသည့္အတိုင္း ေက်ာင္းဒကာႀကီးက ႀကိဳတင္ေပါက္ရာဘုံဗိမၺာန္
မွာနတ္သားႀကီးျဖစ္ခြင့္ရ၏။မယားျဖစ္သူေရဝတီကေတာ့ သူ႔အက်ိဳးေပး
အတိုင္း အရွင္လတ္လတ္ ငရဲလားရေလသည္။အသြင္မတူသူတို႔
အေျခမတူျဖစ္ရသည့္သာဓကပင္ျဖစ္၏။
စာေရးသ႔ူ သူငယ္ခ်င္းတို႔ လင္မယားကေတာ့ အသြင္တူအိမ္သူမ်ားျဖစ္
ၾက၏။တူဆိုရာ၌ အေကာင္းတူ တူၾကျခင္းျဖစ္သည္။လင္ျဖစ္သူကလည္း
တရားစိတ္။မယားျဖစ္သူကလည္းတရားစိတ္။ႏွစ္ေယာက္စလုံးက
တရားအလုပ္မွာ အားႀကိဳးမာန္တက္ရွိလွသည္။လင္ျဖစ္သူက
အရင္တုန္းက အရက္သမားလုံးလုံးျဖစ္ခဲ႔သည္။အခုေတာ့ အားေနရင္
ဘာလုပ္ရမလဲ အရင္ကဘာလုပ္ရမွန္းမသိခဲ႔ဘူး။အခုေတာ့ ေကာင္းမွန္း
သိ သာအိတစိုစိုဆိုသလို အားရင္ တရားပဲထိုင္ခ်င္ေတာ့တာဟုေျပာ
သည္။အရင္တုန္းက အလုပ္လက္မဲ႔။အခုေတာ့အလုပ္ရွင္ျဖစ္ေနပါၿပီ။
အားရင္ ဘာလုပ္ရမယ္ဆိုတာ သူမ်ားကခိုင္းစရာမလိုေတာ့ဘူးဟုဆို
သည္။မယားလုပ္သူကလည္း ထမင္းရည္ပူေလာင္တာကိုပင္ တစ္ခ်က္
မတြန္႔ ေဝဒနာကို သည္းခံမွတ္သည္။အပ်ိဳတုန္းက ေခါင္းကိုက္ေရာဂါ
လည္း ယူပစ္လိုက္သလို အရွင္းေပ်ာက္သြား၏။သူကလည္း တရားမွ
တရားျဖစ္သည္။သူမ်ားေတြျဖင့္ မယားကေဖာက္ျပန္သြားရင္ ဓားတႀကိမ္း
ႀကိမ္းနဲ႔ သတ္မယ္ျဖတ္မယ္လုပ္ေနတာ။က်ဳပ္ကေတာ့ က်ဳပ္မိန္းမ
ေဖာက္ျပန္ရင္ အိမ္မွာရွိတာေတာင္အကုန္ေပးလိုက္ဦးမယ္ဆိုၿပီး
ေျပာႏိုင္သူျဖစ္သည္။သာဓုေခၚထိုက္လွပါ၏။
စာေရးသူတို႔ လင္မယားက်ေတာ့ တူေလးတူမက်ေပ။တူသုံးတူဟုဆိုရ
မည္ထင္၏။သဒၶါ၊ သီလ၊ စာဂ သုံးမ်ိဳးသာတူၿပီး ပညာအလုပ္ျဖစ္သည့္
ဘာဝနာမွာက်ေတာ့ မတူေခ်။ကိုယ္ကသာအားထုတ္၍ သူကေတာ့
အားမထုတ္ႏိုင္ေသးေပ။မင္းတို႔ကိုယ္တို႔က ေလာကမွာခဏလာၾကတဲ႔
ဧည့္သည္ေတြ။ဒီဘဝအေၾကာင္းရွိလို႔ဆုံရေပမယ့္ သံသရာမွာေတြ႔ခ်င္မွ
ေတြ႔ေတာ့မွာ။မင္းကိုခ်စ္တာ ဒီတစ္ဘဝစာတင္မက ေနာင္သံသရာအထိ
ခ်စ္ခ်င္လို႔ တရားအလုပ္ေတာ့လုပ္ပါ။ၿပီးေတာ့ မင့္မွာ ေရာဂါကထူပါဘိ
သနဲ႔။အဲဒီေရာဂါေတြ တရားလုပ္ရင္ေပ်ာက္ပါတယ္။လုပ္ပါလို႔ေျပာေတာ့
လုပ္မွာေပါ့လို႔ေတာ့ျပန္ေျပာသည္။လက္ေတြ႔ကားမလုပ္ေပ။ေအာင္လံ
ဆရာေတာ္ႀကီးတရားေခြဖြင့္လ်င္ မၾကည့္ရဲဘူးဟုဆို၏။ဘာျဖစ္လို႔လဲ
ဆိုေတာ့ ဆရာေတာ္ႀကီးက ဟဲ႔ ဟိုေခြးမေလး ခုထိတရားအားမထုတ္
ေသးဘူးလားေမးမွာစိုးလို႔ဟုေျဖသည္။ေအးေနာက္ဘဝက်ရင္ ကိုယ္က
နတ္သားေလးျဖစ္ၿပီး မင္းကေခြးမေလးျဖစ္တာမၾကည့္ရက္ဘူးဆိုေတာ့
အဲဒီက်ရင္ သိၾကားမင္းႀကီး သုဇာတာေလးကို လာကယ္တင္သလို
အကိုကလာကယ္ေပါ့ ဟုျပန္ေျပာသည္။သူအားထုတ္ခ်င္
လာေအာင္ဘယ္လိုလုပ္ရမည္မသိေတာ့ေပ။
သဲအင္းဂူဆရာေတာ္ဘုရားႀကီးကမိန္႔သည္။လင္ကတရားအားထုတ္ၿပီး
မယားလုပ္သူကတရားအားမထုတ္လ်င္ လင္ကနတ္သား။မယားက
ဖုတ္၊ က်တ္၊ တေစၧ ပဲ။မယားကတရားအားထုတ္ၿပီး လင္ကတရား
အားမထုတ္လ်င္ မယားကနတ္သမီး။ လင္က ဖုတ္၊ က်တ္၊ တေစၧပဲ။
အဲဒါကို အိမ္ေထာင္မစုံလို႔ေခၚတယ္။လင္ေရာ မယားေရာ ႏွစ္ေယာက္
လုံး စိတ္တူကိုယ္တူ တရားအားထုတ္ၾကမွ အိမ္ေထာင္စုံလို႔ေခၚတယ္။
ဆရာေတာ္ဘုရားႀကီးမိန္႔ေတာ္မူသလို ဆိုလ်င္ စာေရးသူတို႔ လင္မယား
က အိမ္ေထာင္မစုံထဲပါေနသည္။အိမ္ေထာင္စုံျဖစ္ေအာင္ေတာ့ႀကိဳးစား
ရဦးမည္။
မိုုးကုတ္ဆရာေတာ္ဘုရားႀကီးက သစၥာသိဖို႔ကအေရးႀကီးဆုံးပဲဟုမိန္႔
ေတာ္မူဖူးသည္။သစၥာမသိေတာ့ သားနဲ႔ေပ်ာ္ မယားနဲ႔ေပ်ာ္ ေပ်ာ္ေနတာ
ဟာ တဏွာနဲ႔ေပ်ာ္ေတာ့ အရူးေပ်ာ္။မသိမႈ အဝိဇၨာနဲ႔ ေပ်ာ္ေနတာကိုေတာ့
အကန္းေပ်ာ္ဟု နာေအာင္ေျပာသည္။သို႔ေသာ္လည္း မနာတတ္ၾကေပ။
ဆရာေတာ္ႀကီးေျပာတုန္းလည္း ျပံဳးျပံဳးလုပ္ေနမိသည္။တရားအားထုတ္
ဖို႔ သတိမရေခ်။အဖိုးႀကီး အဖြားႀကီးျဖစ္ၾကလည္း ၾကင္နာမွာပဲ အခ်စ္
ရယ္ အသက္ရယ္လုပ္ေနၾကသည္။အမွန္ေတာ့ အဖိုးႀကီး အဖြားႀကီး
မျဖစ္ခင္ အိမ္ေထာင္စုံေလးျဖစ္ေအာင္ လုပ္ရမွာျဖစ္၏။
မည္သို႔ပင္ျဖစ္ေစ အိမ္ေထာင္သာယာေရးက မျဖစ္မေနလုပ္ရမွာျဖစ္
ေသာ္လည္း အိမ္ေထာင္စုံျဖစ္ေအာင္ကလည္း မျဖစ္မေနလုပ္ရေပ
မည္။သာသနာမွာစံျပျဖစ္သည့္ ဝိသာခသူေ႒းႀကီးႏွင့္ ဓမၼဒိႏၷာတို႔
လင္မယားလို ႏွစ္ေယာက္လုံး အရိယာစာရင္းေပါက္ေအာင္ႀကိဳးစား
သင့္သည္။သံသရာမွာ ခဏတာဆုံၾကသည့္ ဧည့္သည္အခ်င္းခ်င္း
တရားဘက္ လမ္းတည့္ဖို႔ ညႊန္ရေပမည္။တရားအားထုတ္ဖို႔မွအခ်င္းခ်င္း
မတိုက္တြန္းလ်င္ ခ်စ္တယ္ဆိုတာ ညာေနတာဟု စာေရးသူကေတာ့
ဆိုခ်င္သည္။တကယ္ခ်စ္သူတို႔သာလ်င္ တရားကိုစားသုံး၍ တရားကို
ညႊန္းမွာျဖစ္၏။စာေရးသူတို႔လင္မယား အိမ္ေထာင္စုံျဖစ္လာသည့္ေန႔
က်လ်င္ျဖင့္ ဓမၼမိတ္ေဆြမ်ားကို ဝမ္းေျမာက္စြာ အသိေပးပါဦးမည္။
သုခီ အတၱာနံ ပရိဟာ ရႏၲဳ ။
Credit — ေလာကဓမၼ ရသစုံစုံ

(Unicode)

အိမ်ထောင်စုံလား အိမ်ထောင်မစုံလား
**************************
လူပျိုဘုရားမရှိဘူးလို့ဆို၏။ဘုရားရှင်တိုင်းကလည်းသားတစ်ယောက်ရ
မှသာတောထွက်မြဲဓမ္မတာဖြစ်သည်။သို့ဖြစ်လျင် အပျိုကြီး လူပျိုကြီးများ
ဘုရားဖြစ်ဖို့လမ်းပေါက်ပိတ်ပြီဟုဆိုရမည်။အိမ်ထောင်ရေးကသာလျင်
ဘုရားဖြစ်ရန်အခြေခံအကြောင်းကြီးတစ်ခုဖြစ်နေရာ အိမ်ထောင်မြန်မြန်
ပြုကြမှသင့်မည်ထင်သည်။အိမ်ထောင်ရေးကို ဂေဟသိဿပေမဟုဆို
သော်လည်းဘဲ ထိုအိမ်ထောင်မှု၌ပင် ပါရမီမျိုးပျိုးလို့ရ၏။ဗြဟ္မစိုရ်
တရားပွားလို့ရ၏။ကုသိုလ်တရား၊ ဒါနတရား၊ သီလတရား၊ ဘာဝနာ
တရားတွေ ကျင့်ကြံကြိုးကုတ်နိုင်ရကား အပြစ်ချည်းဟုတော့ဆိုလို့မရ
ပေ။သားနဲ့ပျော်။မယားနဲ့ပျော်။အပျော်တောထဲ မေ့မောဟနဲ့ မျောနေ
လျင်တော့ အပြစ်ဖြစ်ပေမည်။အိမ်ထောင်မရှိတော့လည်း မောဟနဲ့သာ
နေလျင် ဘာထူးသနည်း။အဆိပ်ကိုပင် ဆေးဖြစ်အောင်တတ်နိုင်သေးရာ
ကာမဂုဏ်အာရုံတွေကို ဘာဝနာအထုံရအောင် အဘယ့်ကြောင့်မတတ်
နိုင်ရမည်နည်း။
ဘုရားရှင်ကတော့ အိမ်ထောင်ပြုဖို့လည်း မတိုက်တွန်း။မပြုနဲ့လို့လည်း
မဟောပေ။အနာထပိဏ်သူဋ္ဌေးကြီးပင်လျင် သူ့သမီးတွေအိမ်ထောင်ပြု
တော့ သင့်မသင့်ကို ဘုရားရှင်အားတိုင်ပင်သည်ဆို၏။သို့ကြောင့်လည်း
ဘုရားရှင်က လင်ဝတ်၊ မယားဝတ်ဆိုုပြီး လိုက်နာနိုင်အောင်အဆုံးအမ
ပေးခဲ့ခြင်းဖြစ်သည်။ဘုရားရှင်က သဒ္ဓါတူ။သီလတူ။စာဂတူ။ပညာတူ။
တူလေးတူဖြစ်အောင်နေကြလျင် လင်နဲ့မယား သံသရာမှာတောင်မခွဲရ
ဘူးလို့ နကုလပီတာကြီးကို ဆုံးမတော်မူဖူးသည်။သံသရာတိုင် လက်တွဲ
လို့ သစ္စာမပျက်ကြေးဆိုလျင် ထိုအတိုင်းကျင့်ဖို့သာလိုသည်။သက်ဆုံး
တိုင်ရိုးမြေကျလို့ တစ်လင်တစ်မယားသာခိုင်မြဲလိုသည့်မြန်မာ့ဓလေ့မှာ
စလယ်ဝင် ဖင်မမဲခင်ကတည်းက ကွဲချင်နေလျင်တော့ မပြောလိုပေ။
အသွင်မတူ အိမ်သူမဖြစ်ဟုတော့ဆိုသည်။အမှန်တော့ အိမ်သူတိုင်းက
အသွင်တူသည်တော့မဟုတ်ပေ။တူတာလည်းရှိ။မတူတာလည်း
ရှိသည်ပင်။ထို့ကြောင့်လည်းဘုရားရှင်က လင်ကလည်းနတ်သား
မယားကလည်းနတ်သမီး လို့ခေါ်ရမည့် အကောင်းတူလင်မယားက
တစ်မျိုး။လင်ကလည်း သူသေကောင် မယားကလည်းသူသေကောင်
မကောင်းတူလင်မယားကတစ်မျိုး။လင်ကနတ်သားနဲ့တူပြီးမယားက
သူသေကောင်နှင့်တူသည့် လင်မယားကတစ်မျိုး။မယားကနတ်သမီး
နှင့်တူပြီး လင်ကသူသေကောင်နဲ့တူသည့် လင်မယားကတစ်မျိုးဟု
လေးမျိုးခွဲ၍ ဟောတော်မူခြင်းဖြစ်သည်။တူလေးတူကိုတူအောင်
ကျင့်နိုင်ခြင်း မကျင့်နိုင်ခြင်းကပင်လျင် လင်ရယ် မယားရယ် ကွဲပြား
သွားခြင်းဖြစ်သည်။
မစလရွာသူကြီး ဦးမဃကတော့ မယားလေးယောက်တောင်ယူထား၏။
သုဓမ္မာ၊သုနန္ဒာ၊သုစိတ္တာ၊သုဇာတာဟူ၏။ဦးမဃသည် မိဘကိုလုပ်ကျွေး
မွေးမြူခြင်း၊ ဆွေကြီးမျိုးကြီးတို့ကို အရိုအသေပေးခြင်း၊မုသားစကား
မဆိုခြင်း၊ ကြမ်းတမ်းသောစကားမဆိုခြင်း၊ ကုန်းတိုက်စကားမဆိုခြင်း၊
ဝန်မတိုခြင်း၊ အမျက်ဒေါသမထားခြင်း ဆိုသည့်ကျင့်ဝတ်ခုနစ်ပါးကို
အမြဲကျင့်သုံး၏။ရပ်ရွာအကျိုးအတွက် လမ်းဖောက်ခြင်း၊ရေချမ်းစင်တည်
ခြင်း၊ နားခိုရာဇရပ်ဆောက်ခြင်းများကို အပေါင်းအဖော် ၃၂ယောက်ဖြင့်
တက်ညီလက်ညီ ဆောင်ရွက်လေသည်။တစ်ခါတော့ ကျောင်းတစ်
ဆောင်ဆောက်လုပ်လှူဒါန်း၏။ကျောင်းအလှူတွင် အမျိုးသမီးများ
မပါဝင်ခိုင်းပေ။သို့သော်လည်း သုဓမ္မာကထုပိကာတစ်ခုလှူခွင့်ရ
အောင် ကြံစည်ပြီး လှူ၏။ထို့နောက် သုနန္ဒာကရေကန်တူး၍လှူ၏။
သုစိတ္တာက ပန်းဥယျာဉ်တည်၍လှူဒါန်းမှု၌ ပါဝင်အောင်အားထုတ်၏။
အငယ်ဆုံးသုဇာတာဘေးကတော့ လင်လုပ်သမျှ မယာကအလိိုလိုရ
တာပဲဆိုပြီး ဘာမှမလုပ်ဘဲ ဖီးကာလိမ်းကာဖြင့်အချိန်ကုန်လေသည်။
စိတ်တူကိုယ်တူ လှူဒါန်းကြသည့် ဦးမဃနှင့် ဇနီးအကြီးသုံးယောက်က
တာဝတိံတာနတ်ပြည်မှာ သိကြားမင်းနှင့် နတ်ဖိဖုရားကြီးသုံးဦးဖြစ်ခွင့်ရ
သည်။အငယ်ဆုံးသုဇာတာလေးကတော့ တောင်ချောက်ကြားမှာဗျိုင်းမ
လေးဖြစ်၏။သိကြားမင်းကြီးက သူ့ချစ်ဇနီးလေးကို သနားပြီးကယ်တင်မှ
တာဝတိံတာနတ်ပြည်ကိုရောက်ခွင့်ရလေသည်။အကောင်းတူ
တူကြသည့် လင်မယားတွေ နတ်ပြည်ကိုစုပြုံရောက်ရသည့်သာဓကဖြစ်
သည်။အသွင်တူအိမ်သူဖြစ်ဆိုသည့်စကားမှန်၏။
အသွင်မတူအိမ်သူဖြစ်နေရသည့် နန္ဒိယကျောင်းဒကာကြီးတို့လင်မယား
ကတော့ သင်ခန်းစာယူဖို့ကောင်းသည်။ကျောင်းဒကာကြီးက သဒ္ဓါ၊သီလ
စာဂ၊ပညာထက်သန်သလောက် မယားဖြစ်သူရေဝတီကျတော့ မစ္ဆရိယ
စိတ်အင်မတန်များသူဖြစ်၏။ကျောင်းဒကာကြီးက အလှူပေး၍သာသနာ
တော်ကြီးအပေါ် ယုံကြည်သလောက် ရေဝတီက သံဃာကိုပင်မောင်း
ထုတ်ဆဲရေးလေသည်။ကိုယ့်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာ
မည်ဆိုသည့်အတိုင်း ကျောင်းဒကာကြီးက ကြိုတင်ပေါက်ရာဘုံဗိမ္ဗာန်
မှာနတ်သားကြီးဖြစ်ခွင့်ရ၏။မယားဖြစ်သူရေဝတီကတော့ သူ့အကျိုးပေး
အတိုင်း အရှင်လတ်လတ် ငရဲလားရလေသည်။အသွင်မတူသူတို့
အခြေမတူဖြစ်ရသည့်သာဓကပင်ဖြစ်၏။
စာရေးသူ့ သူငယ်ချင်းတို့ လင်မယားကတော့ အသွင်တူအိမ်သူများဖြစ်
ကြ၏။တူဆိုရာ၌ အကောင်းတူ တူကြခြင်းဖြစ်သည်။လင်ဖြစ်သူကလည်း
တရားစိတ်။မယားဖြစ်သူကလည်းတရားစိတ်။နှစ်ယောက်စလုံးက
တရားအလုပ်မှာ အားကြိုးမာန်တက်ရှိလှသည်။လင်ဖြစ်သူက
အရင်တုန်းက အရက်သမားလုံးလုံးဖြစ်ခဲ့သည်။အခုတော့ အားနေရင်
ဘာလုပ်ရမလဲ အရင်ကဘာလုပ်ရမှန်းမသိခဲ့ဘူး။အခုတော့ ကောင်းမှန်း
သိ သာအိတစိုစိုဆိုသလို အားရင် တရားပဲထိုင်ချင်တော့တာဟုပြော
သည်။အရင်တုန်းက အလုပ်လက်မဲ့။အခုတော့အလုပ်ရှင်ဖြစ်နေပါပြီ။
အားရင် ဘာလုပ်ရမယ်ဆိုတာ သူများကခိုင်းစရာမလိုတော့ဘူးဟုဆို
သည်။မယားလုပ်သူကလည်း ထမင်းရည်ပူလောင်တာကိုပင် တစ်ချက်
မတွန့် ဝေဒနာကို သည်းခံမှတ်သည်။အပျိုတုန်းက ခေါင်းကိုက်ရောဂါ
လည်း ယူပစ်လိုက်သလို အရှင်းပျောက်သွား၏။သူကလည်း တရားမှ
တရားဖြစ်သည်။သူများတွေဖြင့် မယားကဖောက်ပြန်သွားရင် ဓားတကြိမ်း
ကြိမ်းနဲ့ သတ်မယ်ဖြတ်မယ်လုပ်နေတာ။ကျုပ်ကတော့ ကျုပ်မိန်းမ
ဖောက်ပြန်ရင် အိမ်မှာရှိတာတောင်အကုန်ပေးလိုက်ဦးမယ်ဆိုပြီး
ပြောနိုင်သူဖြစ်သည်။သာဓုခေါ်ထိုက်လှပါ၏။
စာရေးသူတို့ လင်မယားကျတော့ တူလေးတူမကျပေ။တူသုံးတူဟုဆိုရ
မည်ထင်၏။သဒ္ဓါ၊ သီလ၊ စာဂ သုံးမျိုးသာတူပြီး ပညာအလုပ်ဖြစ်သည့်
ဘာဝနာမှာကျတော့ မတူချေ။ကိုယ်ကသာအားထုတ်၍ သူကတော့
အားမထုတ်နိုင်သေးပေ။မင်းတို့ကိုယ်တို့က လောကမှာခဏလာကြတဲ့
ဧည့်သည်တွေ။ဒီဘဝအကြောင်းရှိလို့ဆုံရပေမယ့် သံသရာမှာတွေ့ချင်မှ
တွေ့တော့မှာ။မင်းကိုချစ်တာ ဒီတစ်ဘဝစာတင်မက နောင်သံသရာအထိ
ချစ်ချင်လို့ တရားအလုပ်တော့လုပ်ပါ။ပြီးတော့ မင့်မှာ ရောဂါကထူပါဘိ
သနဲ့။အဲဒီရောဂါတွေ တရားလုပ်ရင်ပျောက်ပါတယ်။လုပ်ပါလို့ပြောတော့
လုပ်မှာပေါ့လို့တော့ပြန်ပြောသည်။လက်တွေ့ကားမလုပ်ပေ။အောင်လံ
ဆရာတော်ကြီးတရားခွေဖွင့်လျင် မကြည့်ရဲဘူးဟုဆို၏။ဘာဖြစ်လို့လဲ
ဆိုတော့ ဆရာတော်ကြီးက ဟဲ့ ဟိုခွေးမလေး ခုထိတရားအားမထုတ်
သေးဘူးလားမေးမှာစိုးလို့ဟုဖြေသည်။အေးနောက်ဘဝကျရင် ကိုယ်က
နတ်သားလေးဖြစ်ပြီး မင်းကခွေးမလေးဖြစ်တာမကြည့်ရက်ဘူးဆိုတော့
အဲဒီကျရင် သိကြားမင်းကြီး သုဇာတာလေးကို လာကယ်တင်သလို
အကိုကလာကယ်ပေါ့ ဟုပြန်ပြောသည်။သူအားထုတ်ချင်
လာအောင်ဘယ်လိုလုပ်ရမည်မသိတော့ပေ။
သဲအင်းဂူဆရာတော်ဘုရားကြီးကမိန့်သည်။လင်ကတရားအားထုတ်ပြီး
မယားလုပ်သူကတရားအားမထုတ်လျင် လင်ကနတ်သား။မယားက
ဖုတ်၊ ကျတ်၊ တစ္ဆေ ပဲ။မယားကတရားအားထုတ်ပြီး လင်ကတရား
အားမထုတ်လျင် မယားကနတ်သမီး။ လင်က ဖုတ်၊ ကျတ်၊ တစ္ဆေပဲ။
အဲဒါကို အိမ်ထောင်မစုံလို့ခေါ်တယ်။လင်ရော မယားရော နှစ်ယောက်
လုံး စိတ်တူကိုယ်တူ တရားအားထုတ်ကြမှ အိမ်ထောင်စုံလို့ခေါ်တယ်။
ဆရာတော်ဘုရားကြီးမိန့်တော်မူသလို ဆိုလျင် စာရေးသူတို့ လင်မယား
က အိမ်ထောင်မစုံထဲပါနေသည်။အိမ်ထောင်စုံဖြစ်အောင်တော့ကြိုးစား
ရဦးမည်။
မိုုးကုတ်ဆရာတော်ဘုရားကြီးက သစ္စာသိဖို့ကအရေးကြီးဆုံးပဲဟုမိန့်
တော်မူဖူးသည်။သစ္စာမသိတော့ သားနဲ့ပျော် မယားနဲ့ပျော် ပျော်နေတာ
ဟာ တဏှာနဲ့ပျော်တော့ အရူးပျော်။မသိမှု အဝိဇ္ဇာနဲ့ ပျော်နေတာကိုတော့
အကန်းပျော်ဟု နာအောင်ပြောသည်။သို့သော်လည်း မနာတတ်ကြပေ။
ဆရာတော်ကြီးပြောတုန်းလည်း ပြံုးပြံုးလုပ်နေမိသည်။တရားအားထုတ်
ဖို့ သတိမရချေ။အဖိုးကြီး အဖွားကြီးဖြစ်ကြလည်း ကြင်နာမှာပဲ အချစ်
ရယ် အသက်ရယ်လုပ်နေကြသည်။အမှန်တော့ အဖိုးကြီး အဖွားကြီး
မဖြစ်ခင် အိမ်ထောင်စုံလေးဖြစ်အောင် လုပ်ရမှာဖြစ်၏။
မည်သို့ပင်ဖြစ်စေ အိမ်ထောင်သာယာရေးက မဖြစ်မနေလုပ်ရမှာဖြစ်
သော်လည်း အိမ်ထောင်စုံဖြစ်အောင်ကလည်း မဖြစ်မနေလုပ်ရပေ
မည်။သာသနာမှာစံပြဖြစ်သည့် ဝိသာခသူဋ္ဌေးကြီးနှင့် ဓမ္မဒိန္နာတို့
လင်မယားလို နှစ်ယောက်လုံး အရိယာစာရင်းပေါက်အောင်ကြိုးစား
သင့်သည်။သံသရာမှာ ခဏတာဆုံကြသည့် ဧည့်သည်အချင်းချင်း
တရားဘက် လမ်းတည့်ဖို့ ညွှန်ရပေမည်။တရားအားထုတ်ဖို့မှအချင်းချင်း
မတိုက်တွန်းလျင် ချစ်တယ်ဆိုတာ ညာနေတာဟု စာရေးသူကတော့
ဆိုချင်သည်။တကယ်ချစ်သူတို့သာလျင် တရားကိုစားသုံး၍ တရားကို
ညွှန်းမှာဖြစ်၏။စာရေးသူတို့လင်မယား အိမ်ထောင်စုံဖြစ်လာသည့်နေ့
ကျလျင်ဖြင့် ဓမ္မမိတ်ဆွေများကို ဝမ်းမြောက်စွာ အသိပေးပါဦးမည်။
သုခီ အတ္တာနံ ပရိဟာ ရန္တု ။
Credit — လောကဓမ္မ ရသစုံစုံ

LEAVE A REPLY

Please enter your comment!
Please enter your name here