ဖန္တရာေတ သံသရာေဗြ
******************
သံသရာရွိျခင္း၊မရွိျခင္းကို ဗုဒၶဘာသာဝင္တိုင္းျငင္းစရာမလိုေအာင္
ယုံၾကည္ၾကၿပီးသားျဖစ္၏။သံသရာရွိသည္ဆိုလ်င္ သံသရာဘယ္
လိုလည္ေနတာလဲဟုေမးလာပါက ေရလည္ေအာင္ရွင္းျပဖို႔ခက္ေပ
မည္။ငါတို႔တစ္ေတြ ဒီသံသရာႀကီးထဲမွာ အပါယ္ေလးဘုံ၊လူ႔ဘုံ၊
နတ္ျပည္ေျခာက္ဘုံ၊ျဗဟၼာျပည္တစ္ဆယ့္ငါးဘုံ အစုန္စုန္
အဆန္ဆန္ က်င္လည္ေနၾကရသည္။အနာဂါမ္အရိယာႀကီးမ်ား
သာေရာက္ႏိုင္ေသာသုဒၶဝါသငါးဘုံကေတာ့ပုထုဇဥ္ပုဂၢိဳလ္တို႔
မေရာက္ဘူးေပ။က်န္ေသာႏွစ္ဆယ့္ေျခာက္ဘုံမွာသာတေျပာင္းျပန္
ျပန္က်င္လည္ေနရျခင္းျဖစ္သည္။က်င္လည္ေနၾကသည္ဆိုရာ၌
ပုဂၢိဳလ္သတၱဝါအေနျဖင့္ က်င္လည္ေနသည္ကားမဟုတ္။အမ်ားအား
ျဖင့္ထိုသို႔သာထင္ၾက၏။ထိုသို႔ထင္ျခင္းမွာ အထင္မွားသာျဖစ္၏။
ပုဂၢိဳလ္သတၱဝါအေနျဖင့္က်င္လည္ေနၾကျခင္းမဟုတ္ဘဲ ဓမၼအစဥ္
အားျဖင့္က်င္လည္ေနျခင္းျဖစ္သည္ဟုျမင္မွအျမင္မွန္ျဖစ္၏။ဓမၼဟူ
သည္လည္း စိတ္ဆိုေသာဓမၼအစဥ္ေလးက တစ္ဘုံကတစ္ဘုံ။တစ္
ဘဝကတစ္ဘဝ ျဖစ္ပ်က္အစဥ္အားျဖင့္ အနႏၲရ၊သမနႏၲရသတၱိထူး
ေၾကာင့္ က်င္လည္ေနျခင္းျဖစ္သည္။
စိတ္ဆိုေသာ ဓမၼေလးက ၿမိဳ႕ပတ္ရထားဆိုလ်င္ ထိုရထားဆိုက္ရာ
ဘူတာရံုေလးေတြက လူဘုံ၊နတ္ဘုံ၊အပါယ္ေလးဘုံတို႔ႏွင့္တူ၏။
ပုဂၢိဳလ္သတၱဝါမရွိ။ရုပ္နာမ္ဓမၼသာရွိ၏။ရုပ္နာမ္ႏွစ္ခုတြင္လည္း ရုပ္
ဓမၼေလးက တစ္ဘဝစာသာက်င္လည္ၿပီး နာမ္ဓမၼေလးကေတာ့
သံသရာမဆုံးမခ်င္းက်င္လည္ေလသည္။ရုပ္နာမ္ဟူသည္ အနတၱ
တရားျဖစ္ပါလ်က္ ရုပ္ဓမၼေလးကဒီဘဝမွာပ်က္စီးသြားေသာ္လည္း
နာမ္ဓမၼေလးက်မွ ေနာက္ဘဝသို႔ကူးသြားသည္ဆိုလ်င္ အနတၱတ
ရားႏွင့္ဆန္႔က်င္ရာမေရာက္ဘူးလားဟုစစ္ေၾကာဖြယ္ရွိ၏။မဆန္႔
က်င္ေပ။စိတ္ကေလးကကူးသြားသည္ဆိုျငား ေလာက္လန္းသဖြယ္
ဝိဉာဥ္တြယ္ၿပီး ခုန္ေပါက္ကူးသြားသည္မဟုတ္။လက္ရွိဘဝ၏
ေနာက္ဆုံးကာလအထိ ျဖစ္ပ်က္အစဥ္ျဖင့္ လာခဲ႔ေသာစိတ္ကေလး
သည္ ပ်က္သြားေသာ္လည္း ေနာက္စိတ္ကေလးျဖစ္ေအာင္နတၳိသ
တၱိကေလးထားခဲ႔၏။ထိုသတၱိေလးေၾကာင့္ပင္ ေနာက္ဘဝအသစ္
မွာ ခႏၶာအသစ္ႏွင့္အတူ သဟဇာတသတၱိသေဘာျဖင့္ ျပန္လည္
အသက္ဝင္လာျခင္းျဖစ္သည္။အဘိဓမၼာေဒသနာ၌ စုတိစိတ္ေနာင္
က်ေသာ ပဋိသေႏၶစိတ္ကေလးသည္ ကာလမျခားဘဲ တစ္ဆက္
တည္းျပန္ျဖစ္သည္ဟုေဟာေတာ္မူထား၏။ထို႔ေၾကာင့္ ဘဝေဟာင္း
မွာက်န္ရစ္ခဲ႔ေသာ ဥတုဇရုပ္ကလာပ္ႀကီးသည္ ဘူတာရံုအေဟာင္း
ေလးႏွင့္တူ၍ ျပန္လည္ထြက္ခြာသြားေသာစိတ္ကေလးမွာ ရထား
ျပန္လည္ထြက္ခြာသြားသည္ႏွင့္တူ၏။ထိုရထားေလးကား မူလ
ရထားအေဟာင္းေလးမဟုတ္ေတာ့ဘဲ ရထားသစ္ေလးအျဖစ္ ဘူ
တာရံုအသစ္ဆီသို႔ ခုတ္ေမာင္းသြားသည္ဟုသေဘာေပါက္ဖို႔လို
သည္။
သံသရာလည္ျခင္းကိုသေဘာမေပါက္လ်င္ အရင္ဘဝကလည္းငါ၊
ဒီဘဝမွာလည္းငါ ဟု အခိုင္အမာထင္မွတ္ၿပီးသႆ တဒိ႒ိၿငိတတ္
သည္။အရင္ဘဝကငါႏွင့္ ဒီဘဝငါသည္သပ္သပ္ဆီျဖစ္၏ဟုမွတ္
ယူျပန္လ်င္လည္း အျပတ္သေဘာထင္မွတ္၍ ဥေစၧဒဒိ႒ိၿငိတတ္ျပန္
သည္။အင္မတန္သိမ္ေမြ႔၏။ဘဝေဟာင္းႏွင့္ဘဝသစ္သည္ တစ္
ဆက္တည္းလည္းမဟုတ္။သပ္သပ္ဆီလည္းမဟုတ္။စိတ္၏သတၱိ
ေၾကာင့္ ဘဝေဟာင္းႏွင့္ဘဝသစ္သည္ ဆက္ကာဆက္ကာျဖစ္လာ
သည္ဟုယူမွသာ ထိုဒိ႒ိႏွစ္ပါးစင္ႏိုင္၏။အေကာင္အထည္သေဘာ
ျဖင့္ ဆက္ျဖစ္လာသည္မဟုတ္ဘဲ သတၱိသေဘာျဖင့္ ဆက္ျဖစ္ေန
ျခင္းဟုသေဘာေပါက္ရန္ျဖစ္သည္။သို႔မွသာသံသရာအျမင္စင္
ၾကယ္သည္ဟုဆိုႏိုင္ေပမည္။မိမိတို႔အသိဉာဏ္ျဖင့္ ဒိ႒ိႏွစ္ပါးကို
ခြာထားႏိုင္ျခင္းလည္းျဖစ္၏။အသိဉာဏ္ျဖင့္ခြာထားႏိုင္ျခင္းသည္
အပြားဉာဏ္ျဖင့္ဒိ႒ိခြာျခင္းကိုမ်ားစြာေထာက္ကူႏိုင္ေလသည္။
ဘုရားရွင္က မိမိ၏အတိတ္ဇာတ္ေၾကာင္းျဖစ္သည့္ ေတ၊ဇ၊သု၊ေန၊
မ၊ဘူ၊စံ၊နာ၊ဝိ၊ေဝဟူေသာဇာတ္ေတာ္ႀကီးဆယ္ဘြဲ႔ကိုေဟာေတာ္မူ
၏။ထိုအခါသာတိရဟန္းႀကီးကငါသိၿပီ။ငါသိၿပီ။ေတမိမင္းႀကီးကစ
၍အခုဘုရားရွင္အထိသည္ တစ္ဦးတည္းတစ္ေယာက္တည္းပဲဟု
အထင္လြဲ အမွတ္မွားေတာ့၏။တစ္ဦးတည္းတစ္ေယာက္တည္းပဲ
ဟု အခိုင္အမာထင္ကာ သႆ တဒိ႒ိၿငိသြားျခင္းျဖစ္သည္။သံသ
ရာလည္ျခင္းမွာ ဓမၼအစဥ္အတန္းႀကီးလည္ေနျခင္းပါလားဟု
သေဘာမေပါက္ျခင္းမွာ ဓမၼႏွင့္ေဝးကြာသြားျခင္းျဖစ္၏။ဘုရားရွင္
ေဟာေတာ္မူသမွ် သုတၱန္ေဒသနာတို႔သည္ ၾကည့္တတ္ျမင္တတ္
သံေဝဂယူတတ္မည္ဆိုပါက သံသရာအေၾကာင္းႏွင့္စပ္ေသာ
တရားခ်ည္းသာျဖစ္၏။မိမိတို႔ကခံယူတတ္ေသာစိတ္ရွိဖို႔သာလိုေလ
သည္။
အမွန္ေတာ့ ဘဝဟူသည္ ကံ၏အရိပ္ျဖစ္သလို သံသရာဆိုသည္မွာ
လည္း ကံ၏အရိပ္ပင္ျဖစ္၏။မွန္မွာထင္ေသာကိုယ့္ပုံရိပ္သည္ ကိုယ္
လားဆိုေတာ ကိုယ္လည္းမဟုတ္ေပ။ကိုယ္မဟုတ္ဘူးလားဆို
ေတာ့လည္း ကိုယ္ႏွင့္ကင္း၍ျဖစ္လာသည္ေတာ့မဟုတ္ေခ် ။ကိုယ္
ကမွန္ေရွ႕မွာရပ္မိ၍သာ မွန္ထဲမွာ ပုံရိပ္ထင္လာရျခင္းျဖစ္သည္။
သံသရာဆိုသည္လည္း ထိုအတိုင္းပင္ျဖစ္၏။မိမိတို႔ျပဳ လုပ္ၾက
သည့္ ကုသိုလ္ကံ၊အကုသိုလ္ကံေတြအေလ်ာက္ အသစ္အသစ္
ေသာဘဝေတြ၌ အသစ္အသစ္ေသာ ရုပ္နာမ္ခႏၶာေတြျဖစ္ေနျခင္း
သည္ပင္ သံသရာလည္ျခင္းဟုဆိုသင့္ေပသည္။ထို႔ေၾကာင့္ပင္
သံသရာဆိုတာ ကံ၏အရိပ္ဟုဆိုရျခင္းျဖစ္သည္။ကံေၾကာင့္နာမ္
ရုပ္ နာမ္ရုပ္ေၾကာင့္ကံ အဖန္ဖန္ ျဖစ္ျပန္နည္းအေလ်ာ္ဟူေသာ
ပဋိစၥသမုပၸါဒ္လကၤာေလးသည္ ထိုသေဘာကိုပင္နားလည္ေစခ်င္
၍ျဖစ္သည္။သံသရာဆိုသည္ မိမိတို႔အျမဲတမ္းေလွ်ာက္ေနၾကေသာ
လမ္းေဟာင္းႀကီးျဖစ္ပါလ်က္ ဂဃနဏမသိႏိုင္ျခင္းမွာ သာသနာႏွင့္
လည္းမၾကံဳ ကိေလသာကလည္းဖုံေန၍ ဉာဏ္မ်က္စိေလးေမွးေန
ၾကေသာေၾကာင့္ျဖစ္သည္။ဉာဏ္မ်က္စိေမွးမႈန္ေနျခင္းေၾကာင့္
လည္း သံသရာလည္ရျခင္း၏ဒုကၡကိုမသိသလို သံသရာမွထြက္
ေျမာက္ရာလမ္းမႀကီးကိုလည္း မျမင္ႏိုင္ၾကျခင္းျဖစ္၏။
ဆရာႀကီးဘဘဦးသုခကေတာ့ ဘဝသံသရာ ရွည္လ်ားေထြျပား
မေနမနား တစ္သြားတည္းသြားၾကတာ၊ ခရီးပန္းတိုင္ မေရာက္မခ်င္း
တစ္ေယာက္ဆင္း တစ္ေယာက္တက္ ဆက္လက္ထြက္ခြာလာဟူ
၍ ပုထုဇဥ္တို႔၏ မဆုံးႏိုင္ေသာသံသရာခရီးခဲႀကီးကို အႏုပညာ
ေျမာက္စြာ လွစ္ျပသြားေလသည္။ဒီသံသရာႀကီးထဲ၌ တက္သူ
တက္ ဆင္းသူဆင္းျဖင့္ ေယာက္ယက္ခပ္ေနၾကသည္မဟုတ္ပါ
ေလာ။သံသရာႀကီးထဲမွာသြားေနၾကသည့္ သံသရာ့ခရီးသြားေတြ
မို႔ အျခားအျခားေသာခရီးသြားေတြႏွင့္ မလြဲမေသြ ေတြ႕ၾကံဳ ဆက္
ဆံရမည္သာျဖစ္၏။ထိုအခါ ေလာဘေတြသိပ္ႀကီးမေနသင့္။ေလာ
ဘေတြသိပ္ႀကီးခဲ႔၍ ၿပိတၱာဘုံလည္းအခါခါဆင္းခဲ႔ရ၏။ေဒါသေတြ
ႏွင့္လည္း မဆက္ဆံၾကသင့္။ေဒါသေတြေၾကာင့္ပဲ ငရဲခႏၶာ သံသရာ
ခံရေပါင္းလည္းမ်ားခဲ႔သည္မဟုတ္ေလာ။မာနေတြလည္းသိပ္
ေထာင္မေနလင့္။အႏွစ္မဲ႔ခႏၶာခ်င္းအတူတူ မာနေတြသိပ္ေထာင္ခဲ႔
လို႔ အသူရကာယ္ဘဝနဲ႔ အကူအကယ္မဲ႔ခဲ႔ဘူး၏။ဆင္းရဲေနသူ
လည္းစိတ္ဓာတ္မက်သင့္။အတိတ္ကံကစိတ္ဆင္းရဲစရာျဖစ္ေပ
သည့္ ပစၥဳ ပၸန္ကံကိုေကာင္းေအာင္ျပင္ႏိုင္လ်င္ စိတ္ခ်မ္းသာႏိုင္ေသး
၏။သံသရာမွာလည္း မခံစားဘူးသည့္ခ်မ္းသာမရွိပါေပ။ခ်မ္းသာေန
သူလည္း စိတ္ႀကီးဝင္မေနသင့္။အတိတ္ကံေကာင္းေသာ္လည္း
ဝိသာခါေျပာသလိုအေဟာင္းစားလုပ္ေနလ်င္ သံသရာမွာ ကြ်န္
ဆင္းရဲသားနင္းျပားျဖစ္ေခ်မည္။အစမထင္ သံသရာတစ္ခြင္၌ ဘယ္
သူ႔ ဘယ္သူကိုမွ် ခြဲျခားေနစရာမလိုဘဲ အဆိုးသံသရာမျဖစ္ေအာင္
ေနတတ္ဖို႔လို၏။
လူ႔ဘဝသံသရာႀကီးထဲမွာေနၾကရသည့္အခိုက္ တစ္ဦးကိုတစ္ဦး
အမ်က္အဤ တစ္ေစ့မရွိ ခ်စ္ေသာမ်က္စိျဖင့္ၾကည့္ႏိုင္လ်င္မ်ားစြာ
စိတ္ခ်မ္းသာဖို႔ေကာင္း၏။တစ္ဦးကိုတစ္ဦး အဘယ့္ေၾကာင့္မေလး
မစားဆက္ဆံၾကမည္နည္း။ေမတၱာျဖင့္သာဆက္ဆံၾကပါက မုန္း
စရာတစ္ဦးမွမရွိေတာ့ဘဲ ေအးခ်မ္းေသာေလာကကိုတည္ေဆာက္
ခြင့္ရ၏။တစ္ဦးကိုတစ္ဦးရိုင္ပင္းျခင္း ကရုဏာျဖင့္သာဆက္ဆံပါက
ဒုကၡနည္းေသာေလာကအျဖစ္ ခ်မ္းသာရေပမည္။မုဒိတာျဖင့္ဆက္
ဆံၾကသည့္အခါ တစ္ဦးခ်မ္းသာကိုတစ္ဦးလိုလားလ်က္ဝမ္းေျမာက္
ဖြယ္ေလာကျဖစ္လာႏိုင္၏။ဥေပကၡာႏွလုံးသားျဖင့္ တစ္ဦးကိုတစ္ဦး
အျပစ္မဆို အမုန္းမသိုၾကပါက ၿငိမ္းခ်မ္းေသာေလာကကိုျမင္ခြင့္ရ
ႏိုင္၏။ထိုသို႔ျဗဟၼစိုရ္အျမင္မ်ိဳးျဖင့္ဆက္ဆံၾကသည့္အခါ ေလာက
ႀကီးတစ္ခုလုံးသည္ ေမတၱာေဆြမ်ိဳး မိသားစုခ်ည္းပါလားဟုျမင္လ်က္
ရန္ပြားစရာလည္းရွိႏိုင္ေတာ့မည္မဟုတ္ေခ် ။အနမတဂၢသံသရာ
သည္ ရွည္ေညာင္လွလြန္းရကား ေဆြမ်ိဳးမေတာ္စပ္ဖူးသူမရွိဟူ၍
ဘုရားရွင္ကိုယ္ေတာ္တိုင္ပင္ မိန္႔ေတာ္မူခဲ႔သည္မဟုတ္ပါေလာ။
သို႔ျဖစ္လ်င္ သာသနာေတာ္ႀကီးႏွင့္ၾကံဳ ရသည့္အခိုက္မွာ တစ္ဘဝ
စာသာရွိသည့္ ရုပ္ခႏၶာႀကီးအတြက္ႏွင့္ သံသရာခရီးဆက္ဦးမည့္
စိတ္ခႏၶာအတြက္ ဘာေတြထည့္ေပးလိုက္ၾကမည္နည္း။နာမ္မလိ
မၼာ ရုပ္ေခြးျဖစ္တတ္သည္ဟုဆိုထားရာ လိမၼာေသာစိတ္ကေလး
ျဖစ္ေအာင္ ဘာမ်ားေသြး၍တိုက္ၾကမည္နည္း။အနာဂတ္သံသရာ
အတြက္ ပစၥဳ ပၸန္ခႏၶာကိုကိုဘယ္လို အသုံးခ်သင့္သနည္း။ဒီသံသ
ရာ ဒီခႏၶာအတြက္မ်ားစြာဆင္ျခင္ဖို႔ေကာင္း၏။အေနကဇာတိ သံ
သာရံ ဘဝမ်ားစြာသံသရာပတ္လုံး ဒုကၡဇာတိ ပုနပၸဳ နံ ဆင္းရဲလွ
သည့္ ခႏၶာဝန္ထုပ္ အေကာင္ပုပ္ႀကီးကို ဖန္တရာေတေအာင္ထမ္း
ေနခဲ႔ၾကသည္ဟူ၍ ဆင္ျခင္သင့္၏။ငါလည္းခႏၶာဝန္ထမ္း၊သူလည္း
ခႏၶာဝန္ထမ္း အထမ္းသမား ဆင္းရဲသားအခ်င္းခ်င္းလည္းဘာမွ်
ၿပိဳင္ဆိုင္ေနဖို႔မရွိပါေခ် ။နိမ္တုံျမင့္တုံ သံသရာႀကီးထဲမွာ ဗုံလုံတစ္
လွည့္ ငါးဖ်ံတစ္လွည့္ဆိုၿပီး တစ္ဦးကိုတစ္ဦးလက္စားေခ် ဖို႔လည္း
မလိုပါေပ။တစ္ဘဝၿပီးတစ္ဘဝ တစ္ခႏၶာၿပီးတစ္ခႏၶာသံသရာႀကီး
ထဲ တေျပာင္းျပန္ျပန္သြားေနရတာဆင္းရဲလွပါလားဟူ၍ သိဖို႔သာ
လိုရင္းက် ၏။ခႏၶာဝန္ထမ္းရတာအေလးဆုံးဟုဘုရားရွင္ေဟာ
ေတာ္မူ၏။ဒီခႏၶာဝန္ႀကီးထမ္းၿပီး သံသရာထဲေျပးလႊားေနရတာ
မေမာၾကေသးဘူးလားဟူ၍ သုေမဓာမင္းသမီးကိုဘုရားရွင္ေမး
ေတာ္မူသလို ကိုယ့္ကိုယ္ကိုလည္းေမးသင့္ၾကေလသည္။ထိုအခါ
သံသရာ၏ အျပစ္ကိုျမင္၍ ခႏၶာ၏အႏွစ္ကိုေတြ႔ေအာင္ရွာတတ္လာ
လိမ္မည္ဟု ယုံၾကည္မိေပသည္။
ဒီဃာ ဇာဂရေတာ ရတၱိ၊ ဒီဃံ သႏၲႆ ေယာဇနံ။
ဒီေဃာ ဗာလာနံ သံသာေရာ၊ သဓမၼံ အဝိဇာနတံ။
အိပ္၍မေပ်ာ္ ႏိုးၾကားေနသူအတြက္ ညတာသည္ရွည္လ်ားလြန္း၏။
ပင္ပန္းႏြမ္းဟိုက္ေနသူအတြက္ တစ္ယူဇနာခရီးသည္ရွည္လြန္း၏။
ထို႔အတူပင္ သူေတာ္ေကာင္းတရားပိုမသိသူအတြက္ သံသရာ
သည္ရွည္လ်ားလြန္းလွ၏။
ထိုဓမၼပဒေဒသနာေတာ္ေလးသည္ မိမိတို႔လိုလူ႔ဗာလေတြအတြက္
ဆင္းရဲလွသည့္သံသရာသည္ အင္မတန္ရွည္လ်ားလွပါလားဟူ၍
ဆင္ျခင္သတိထားမိေစသည္။ဒီဘဝ ဒီခႏၶာမွာ လယ္တီဆရာေတာ္ ဘုရားႀကီးမိန္႔ေတာ္မူသလို နင့္ရုပ္နင့္နာမ္၊နင့္ဉာဏ္မစူး၊မူးမူးေမ့ေမ့
အရူးေလ့ျဖင့္သာအခ်ိန္ကုန္ေနပါက သံသရာဇာတ္လမ္းတြဲႀကီး
လည္းဘယ္ေတာ့မွဆုံးဖို႔မျမင္ေပ။ဒီဘဝ ဒီခႏၶာျဖင့္ ဒီသာသနာ
ေတာ္ႀကီးႏွင့္ၾကံဳ တုန္း ဖန္တရာေတ သံသရာေဗြႀကီးကေနထြက္
ေျမာက္ေအာင္ အားထုတ္မည္၊ဆက္ေလွ်ာက္ဦးမည္ဆိုတာက
ေတာ့ မိမိတို႔၏ သဒၶါဆႏၵအတိုင္း ကိုယ့္အလုပ္ကိုယ္လုပ္၍ ကိုယ့္
စိတ္ကိုယ္စစ္ရဦးမွာပါလားဟု ဆင္ျခင္မိပါသတည္း။
ေမတၱာမ်ားစြာျဖင့္
ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာ၍ ေဘးရန္ေၾကာင့္ၾကဆင္းရဲကင္း
ၾကပါေစ။ေကာင္းက်ိဳးလိုရာဆႏၵျပည့္ဝၾကပါေစ။
Credit — ေလာကဓမၼ ရသစုံစုံ

(Unicode)

ဖန်တရာတေ သံသရာဗွေ
******************
သံသရာရှိခြင်း၊မရှိခြင်းကို ဗုဒ္ဓဘာသာဝင်တိုင်းငြင်းစရာမလိုအောင်
ယုံကြည်ကြပြီးသားဖြစ်၏။သံသရာရှိသည်ဆိုလျင် သံသရာဘယ်
လိုလည်နေတာလဲဟုမေးလာပါက ရေလည်အောင်ရှင်းပြဖို့ခက်ပေ
မည်။ငါတို့တစ်တွေ ဒီသံသရာကြီးထဲမှာ အပါယ်လေးဘုံ၊လူ့ဘုံ၊
နတ်ပြည်ခြောက်ဘုံ၊ဗြဟ္မာပြည်တစ်ဆယ့်ငါးဘုံ အစုန်စုန်
အဆန်ဆန် ကျင်လည်နေကြရသည်။အနာဂါမ်အရိယာကြီးများ
သာရောက်နိုင်သောသုဒ္ဓဝါသငါးဘုံကတော့ပုထုဇဉ်ပုဂ္ဂိုလ်တို့
မရောက်ဘူးပေ။ကျန်သောနှစ်ဆယ့်ခြောက်ဘုံမှာသာတပြောင်းပြန်
ပြန်ကျင်လည်နေရခြင်းဖြစ်သည်။ကျင်လည်နေကြသည်ဆိုရာ၌
ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် ကျင်လည်နေသည်ကားမဟုတ်။အများအား
ဖြင့်ထိုသို့သာထင်ကြ၏။ထိုသို့ထင်ခြင်းမှာ အထင်မှားသာဖြစ်၏။
ပုဂ္ဂိုလ်သတ္တဝါအနေဖြင့်ကျင်လည်နေကြခြင်းမဟုတ်ဘဲ ဓမ္မအစဉ်
အားဖြင့်ကျင်လည်နေခြင်းဖြစ်သည်ဟုမြင်မှအမြင်မှန်ဖြစ်၏။ဓမ္မဟူ
သည်လည်း စိတ်ဆိုသောဓမ္မအစဉ်လေးက တစ်ဘုံကတစ်ဘုံ။တစ်
ဘဝကတစ်ဘဝ ဖြစ်ပျက်အစဉ်အားဖြင့် အနန္တရ၊သမနန္တရသတ္တိထူး
ကြောင့် ကျင်လည်နေခြင်းဖြစ်သည်။
စိတ်ဆိုသော ဓမ္မလေးက မြို့ပတ်ရထားဆိုလျင် ထိုရထားဆိုက်ရာ
ဘူတာရုံလေးတွေက လူဘုံ၊နတ်ဘုံ၊အပါယ်လေးဘုံတို့နှင့်တူ၏။
ပုဂ္ဂိုလ်သတ္တဝါမရှိ။ရုပ်နာမ်ဓမ္မသာရှိ၏။ရုပ်နာမ်နှစ်ခုတွင်လည်း ရုပ်
ဓမ္မလေးက တစ်ဘဝစာသာကျင်လည်ပြီး နာမ်ဓမ္မလေးကတော့
သံသရာမဆုံးမချင်းကျင်လည်လေသည်။ရုပ်နာမ်ဟူသည် အနတ္တ
တရားဖြစ်ပါလျက် ရုပ်ဓမ္မလေးကဒီဘဝမှာပျက်စီးသွားသော်လည်း
နာမ်ဓမ္မလေးကျမှ နောက်ဘဝသို့ကူးသွားသည်ဆိုလျင် အနတ္တတ
ရားနှင့်ဆန့်ကျင်ရာမရောက်ဘူးလားဟုစစ်ကြောဖွယ်ရှိ၏။မဆန့်
ကျင်ပေ။စိတ်ကလေးကကူးသွားသည်ဆိုငြား လောက်လန်းသဖွယ်
ဝိဉာဉ်တွယ်ပြီး ခုန်ပေါက်ကူးသွားသည်မဟုတ်။လက်ရှိဘဝ၏
နောက်ဆုံးကာလအထိ ဖြစ်ပျက်အစဉ်ဖြင့် လာခဲ့သောစိတ်ကလေး
သည် ပျက်သွားသော်လည်း နောက်စိတ်ကလေးဖြစ်အောင်နတ္ထိသ
တ္တိကလေးထားခဲ့၏။ထိုသတ္တိလေးကြောင့်ပင် နောက်ဘဝအသစ်
မှာ ခန္ဓာအသစ်နှင့်အတူ သဟဇာတသတ္တိသဘောဖြင့် ပြန်လည်
အသက်ဝင်လာခြင်းဖြစ်သည်။အဘိဓမ္မာဒေသနာ၌ စုတိစိတ်နောင်
ကျသော ပဋိသန္ဓေစိတ်ကလေးသည် ကာလမခြားဘဲ တစ်ဆက်
တည်းပြန်ဖြစ်သည်ဟုဟောတော်မူထား၏။ထို့ကြောင့် ဘဝဟောင်း
မှာကျန်ရစ်ခဲ့သော ဥတုဇရုပ်ကလာပ်ကြီးသည် ဘူတာရုံအဟောင်း
လေးနှင့်တူ၍ ပြန်လည်ထွက်ခွာသွားသောစိတ်ကလေးမှာ ရထား
ပြန်လည်ထွက်ခွာသွားသည်နှင့်တူ၏။ထိုရထားလေးကား မူလ
ရထားအဟောင်းလေးမဟုတ်တော့ဘဲ ရထားသစ်လေးအဖြစ် ဘူ
တာရုံအသစ်ဆီသို့ ခုတ်မောင်းသွားသည်ဟုသဘောပေါက်ဖို့လို
သည်။
သံသရာလည်ခြင်းကိုသဘောမပေါက်လျင် အရင်ဘဝကလည်းငါ၊
ဒီဘဝမှာလည်းငါ ဟု အခိုင်အမာထင်မှတ်ပြီးသဿ တဒိဋ္ဌိငြိတတ်
သည်။အရင်ဘဝကငါနှင့် ဒီဘဝငါသည်သပ်သပ်ဆီဖြစ်၏ဟုမှတ်
ယူပြန်လျင်လည်း အပြတ်သဘောထင်မှတ်၍ ဥစ္ဆေဒဒိဋ္ဌိငြိတတ်ပြန်
သည်။အင်မတန်သိမ်မွေ့၏။ဘဝဟောင်းနှင့်ဘဝသစ်သည် တစ်
ဆက်တည်းလည်းမဟုတ်။သပ်သပ်ဆီလည်းမဟုတ်။စိတ်၏သတ္တိ
ကြောင့် ဘဝဟောင်းနှင့်ဘဝသစ်သည် ဆက်ကာဆက်ကာဖြစ်လာ
သည်ဟုယူမှသာ ထိုဒိဋ္ဌိနှစ်ပါးစင်နိုင်၏။အကောင်အထည်သဘော
ဖြင့် ဆက်ဖြစ်လာသည်မဟုတ်ဘဲ သတ္တိသဘောဖြင့် ဆက်ဖြစ်နေ
ခြင်းဟုသဘောပေါက်ရန်ဖြစ်သည်။သို့မှသာသံသရာအမြင်စင်
ကြယ်သည်ဟုဆိုနိုင်ပေမည်။မိမိတို့အသိဉာဏ်ဖြင့် ဒိဋ္ဌိနှစ်ပါးကို
ခွာထားနိုင်ခြင်းလည်းဖြစ်၏။အသိဉာဏ်ဖြင့်ခွာထားနိုင်ခြင်းသည်
အပွားဉာဏ်ဖြင့်ဒိဋ္ဌိခွာခြင်းကိုများစွာထောက်ကူနိုင်လေသည်။
ဘုရားရှင်က မိမိ၏အတိတ်ဇာတ်ကြောင်းဖြစ်သည့် တေ၊ဇ၊သု၊နေ၊
မ၊ဘူ၊စံ၊နာ၊ဝိ၊ဝေဟူသောဇာတ်တော်ကြီးဆယ်ဘွဲ့ကိုဟောတော်မူ
၏။ထိုအခါသာတိရဟန်းကြီးကငါသိပြီ။ငါသိပြီ။တေမိမင်းကြီးကစ
၍အခုဘုရားရှင်အထိသည် တစ်ဦးတည်းတစ်ယောက်တည်းပဲဟု
အထင်လွဲ အမှတ်မှားတော့၏။တစ်ဦးတည်းတစ်ယောက်တည်းပဲ
ဟု အခိုင်အမာထင်ကာ သဿ တဒိဋ္ဌိငြိသွားခြင်းဖြစ်သည်။သံသ
ရာလည်ခြင်းမှာ ဓမ္မအစဉ်အတန်းကြီးလည်နေခြင်းပါလားဟု
သဘောမပေါက်ခြင်းမှာ ဓမ္မနှင့်ဝေးကွာသွားခြင်းဖြစ်၏။ဘုရားရှင်
ဟောတော်မူသမျှ သုတ္တန်ဒေသနာတို့သည် ကြည့်တတ်မြင်တတ်
သံဝေဂယူတတ်မည်ဆိုပါက သံသရာအကြောင်းနှင့်စပ်သော
တရားချည်းသာဖြစ်၏။မိမိတို့ကခံယူတတ်သောစိတ်ရှိဖို့သာလိုလေ
သည်။
အမှန်တော့ ဘဝဟူသည် ကံ၏အရိပ်ဖြစ်သလို သံသရာဆိုသည်မှာ
လည်း ကံ၏အရိပ်ပင်ဖြစ်၏။မှန်မှာထင်သောကိုယ့်ပုံရိပ်သည် ကိုယ်
လားဆိုတော ကိုယ်လည်းမဟုတ်ပေ။ကိုယ်မဟုတ်ဘူးလားဆို
တော့လည်း ကိုယ်နှင့်ကင်း၍ဖြစ်လာသည်တော့မဟုတ်ချေ ။ကိုယ်
ကမှန်ရှေ့မှာရပ်မိ၍သာ မှန်ထဲမှာ ပုံရိပ်ထင်လာရခြင်းဖြစ်သည်။
သံသရာဆိုသည်လည်း ထိုအတိုင်းပင်ဖြစ်၏။မိမိတို့ပြု လုပ်ကြ
သည့် ကုသိုလ်ကံ၊အကုသိုလ်ကံတွေအလျောက် အသစ်အသစ်
သောဘဝတွေ၌ အသစ်အသစ်သော ရုပ်နာမ်ခန္ဓာတွေဖြစ်နေခြင်း
သည်ပင် သံသရာလည်ခြင်းဟုဆိုသင့်ပေသည်။ထို့ကြောင့်ပင်
သံသရာဆိုတာ ကံ၏အရိပ်ဟုဆိုရခြင်းဖြစ်သည်။ကံကြောင့်နာမ်
ရုပ် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်ဟူသော
ပဋိစ္စသမုပ္ပါဒ်လင်္ကာလေးသည် ထိုသဘောကိုပင်နားလည်စေချင်
၍ဖြစ်သည်။သံသရာဆိုသည် မိမိတို့အမြဲတမ်းလျှောက်နေကြသော
လမ်းဟောင်းကြီးဖြစ်ပါလျက် ဂဃနဏမသိနိုင်ခြင်းမှာ သာသနာနှင့်
လည်းမကြုံ ကိလေသာကလည်းဖုံနေ၍ ဉာဏ်မျက်စိလေးမှေးနေ
ကြသောကြောင့်ဖြစ်သည်။ဉာဏ်မျက်စိမှေးမှုန်နေခြင်းကြောင့်
လည်း သံသရာလည်ရခြင်း၏ဒုက္ခကိုမသိသလို သံသရာမှထွက်
မြောက်ရာလမ်းမကြီးကိုလည်း မမြင်နိုင်ကြခြင်းဖြစ်၏။
ဆရာကြီးဘဘဦးသုခကတော့ ဘဝသံသရာ ရှည်လျားထွေပြား
မနေမနား တစ်သွားတည်းသွားကြတာ၊ ခရီးပန်းတိုင် မရောက်မချင်း
တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာဟူ
၍ ပုထုဇဉ်တို့၏ မဆုံးနိုင်သောသံသရာခရီးခဲကြီးကို အနုပညာ
မြောက်စွာ လှစ်ပြသွားလေသည်။ဒီသံသရာကြီးထဲ၌ တက်သူ
တက် ဆင်းသူဆင်းဖြင့် ယောက်ယက်ခပ်နေကြသည်မဟုတ်ပါ
လော။သံသရာကြီးထဲမှာသွားနေကြသည့် သံသရာ့ခရီးသွားတွေ
မို့ အခြားအခြားသောခရီးသွားတွေနှင့် မလွဲမသွေ တွေ့ကြံု ဆက်
ဆံရမည်သာဖြစ်၏။ထိုအခါ လောဘတွေသိပ်ကြီးမနေသင့်။လော
ဘတွေသိပ်ကြီးခဲ့၍ ပြိတ္တာဘုံလည်းအခါခါဆင်းခဲ့ရ၏။ဒေါသတွေ
နှင့်လည်း မဆက်ဆံကြသင့်။ဒေါသတွေကြောင့်ပဲ ငရဲခန္ဓာ သံသရာ
ခံရပေါင်းလည်းများခဲ့သည်မဟုတ်လော။မာနတွေလည်းသိပ်
ထောင်မနေလင့်။အနှစ်မဲ့ခန္ဓာချင်းအတူတူ မာနတွေသိပ်ထောင်ခဲ့
လို့ အသူရကာယ်ဘဝနဲ့ အကူအကယ်မဲ့ခဲ့ဘူး၏။ဆင်းရဲနေသူ
လည်းစိတ်ဓာတ်မကျသင့်။အတိတ်ကံကစိတ်ဆင်းရဲစရာဖြစ်ပေ
သည့် ပစ္စု ပ္ပန်ကံကိုကောင်းအောင်ပြင်နိုင်လျင် စိတ်ချမ်းသာနိုင်သေး
၏။သံသရာမှာလည်း မခံစားဘူးသည့်ချမ်းသာမရှိပါပေ။ချမ်းသာနေ
သူလည်း စိတ်ကြီးဝင်မနေသင့်။အတိတ်ကံကောင်းသော်လည်း
ဝိသာခါပြောသလိုအဟောင်းစားလုပ်နေလျင် သံသရာမှာ ကျွန်
ဆင်းရဲသားနင်းပြားဖြစ်ချေမည်။အစမထင် သံသရာတစ်ခွင်၌ ဘယ်
သူ့ ဘယ်သူကိုမျှ ခွဲခြားနေစရာမလိုဘဲ အဆိုးသံသရာမဖြစ်အောင်
နေတတ်ဖို့လို၏။
လူ့ဘဝသံသရာကြီးထဲမှာနေကြရသည့်အခိုက် တစ်ဦးကိုတစ်ဦး
အမျက်အဤ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့်ကြည့်နိုင်လျင်များစွာ
စိတ်ချမ်းသာဖို့ကောင်း၏။တစ်ဦးကိုတစ်ဦး အဘယ့်ကြောင့်မလေး
မစားဆက်ဆံကြမည်နည်း။မေတ္တာဖြင့်သာဆက်ဆံကြပါက မုန်း
စရာတစ်ဦးမှမရှိတော့ဘဲ အေးချမ်းသောလောကကိုတည်ဆောက်
ခွင့်ရ၏။တစ်ဦးကိုတစ်ဦးရိုင်ပင်းခြင်း ကရုဏာဖြင့်သာဆက်ဆံပါက
ဒုက္ခနည်းသောလောကအဖြစ် ချမ်းသာရပေမည်။မုဒိတာဖြင့်ဆက်
ဆံကြသည့်အခါ တစ်ဦးချမ်းသာကိုတစ်ဦးလိုလားလျက်ဝမ်းမြောက်
ဖွယ်လောကဖြစ်လာနိုင်၏။ဥပေက္ခာနှလုံးသားဖြင့် တစ်ဦးကိုတစ်ဦး
အပြစ်မဆို အမုန်းမသိုကြပါက ငြိမ်းချမ်းသောလောကကိုမြင်ခွင့်ရ
နိုင်၏။ထိုသို့ဗြဟ္မစိုရ်အမြင်မျိုးဖြင့်ဆက်ဆံကြသည့်အခါ လောက
ကြီးတစ်ခုလုံးသည် မေတ္တာဆွေမျိုး မိသားစုချည်းပါလားဟုမြင်လျက်
ရန်ပွားစရာလည်းရှိနိုင်တော့မည်မဟုတ်ချေ ။အနမတဂ္ဂသံသရာ
သည် ရှည်ညောင်လှလွန်းရကား ဆွေမျိုးမတော်စပ်ဖူးသူမရှိဟူ၍
ဘုရားရှင်ကိုယ်တော်တိုင်ပင် မိန့်တော်မူခဲ့သည်မဟုတ်ပါလော။
သို့ဖြစ်လျင် သာသနာတော်ကြီးနှင့်ကြံု ရသည့်အခိုက်မှာ တစ်ဘဝ
စာသာရှိသည့် ရုပ်ခန္ဓာကြီးအတွက်နှင့် သံသရာခရီးဆက်ဦးမည့်
စိတ်ခန္ဓာအတွက် ဘာတွေထည့်ပေးလိုက်ကြမည်နည်း။နာမ်မလိ
မ္မာ ရုပ်ခွေးဖြစ်တတ်သည်ဟုဆိုထားရာ လိမ္မာသောစိတ်ကလေး
ဖြစ်အောင် ဘာများသွေး၍တိုက်ကြမည်နည်း။အနာဂတ်သံသရာ
အတွက် ပစ္စု ပ္ပန်ခန္ဓာကိုကိုဘယ်လို အသုံးချသင့်သနည်း။ဒီသံသ
ရာ ဒီခန္ဓာအတွက်များစွာဆင်ခြင်ဖို့ကောင်း၏။အနေကဇာတိ သံ
သာရံ ဘဝများစွာသံသရာပတ်လုံး ဒုက္ခဇာတိ ပုနပ္ပု နံ ဆင်းရဲလှ
သည့် ခန္ဓာဝန်ထုပ် အကောင်ပုပ်ကြီးကို ဖန်တရာတေအောင်ထမ်း
နေခဲ့ကြသည်ဟူ၍ ဆင်ခြင်သင့်၏။ငါလည်းခန္ဓာဝန်ထမ်း၊သူလည်း
ခန္ဓာဝန်ထမ်း အထမ်းသမား ဆင်းရဲသားအချင်းချင်းလည်းဘာမျှ
ပြိုင်ဆိုင်နေဖို့မရှိပါချေ ။နိမ်တုံမြင့်တုံ သံသရာကြီးထဲမှာ ဗုံလုံတစ်
လှည့် ငါးဖျံတစ်လှည့်ဆိုပြီး တစ်ဦးကိုတစ်ဦးလက်စားချေ ဖို့လည်း
မလိုပါပေ။တစ်ဘဝပြီးတစ်ဘဝ တစ်ခန္ဓာပြီးတစ်ခန္ဓာသံသရာကြီး
ထဲ တပြောင်းပြန်ပြန်သွားနေရတာဆင်းရဲလှပါလားဟူ၍ သိဖို့သာ
လိုရင်းကျ ၏။ခန္ဓာဝန်ထမ်းရတာအလေးဆုံးဟုဘုရားရှင်ဟော
တော်မူ၏။ဒီခန္ဓာဝန်ကြီးထမ်းပြီး သံသရာထဲပြေးလွှားနေရတာ
မမောကြသေးဘူးလားဟူ၍ သုမေဓာမင်းသမီးကိုဘုရားရှင်မေး
တော်မူသလို ကိုယ့်ကိုယ်ကိုလည်းမေးသင့်ကြလေသည်။ထိုအခါ
သံသရာ၏ အပြစ်ကိုမြင်၍ ခန္ဓာ၏အနှစ်ကိုတွေ့အောင်ရှာတတ်လာ
လိမ်မည်ဟု ယုံကြည်မိပေသည်။
ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဓမ္မံ အဝိဇာနတံ။
အိပ်၍မပျော် နိုးကြားနေသူအတွက် ညတာသည်ရှည်လျားလွန်း၏။
ပင်ပန်းနွမ်းဟိုက်နေသူအတွက် တစ်ယူဇနာခရီးသည်ရှည်လွန်း၏။
ထို့အတူပင် သူတော်ကောင်းတရားပိုမသိသူအတွက် သံသရာ
သည်ရှည်လျားလွန်းလှ၏။
ထိုဓမ္မပဒဒေသနာတော်လေးသည် မိမိတို့လိုလူ့ဗာလတွေအတွက်
ဆင်းရဲလှသည့်သံသရာသည် အင်မတန်ရှည်လျားလှပါလားဟူ၍
ဆင်ခြင်သတိထားမိစေသည်။ဒီဘဝ ဒီခန္ဓာမှာ လယ်တီဆရာတော် ဘုရားကြီးမိန့်တော်မူသလို နင့်ရုပ်နင့်နာမ်၊နင့်ဉာဏ်မစူး၊မူးမူးမေ့မေ့
အရူးလေ့ဖြင့်သာအချိန်ကုန်နေပါက သံသရာဇာတ်လမ်းတွဲကြီး
လည်းဘယ်တော့မှဆုံးဖို့မမြင်ပေ။ဒီဘဝ ဒီခန္ဓာဖြင့် ဒီသာသနာ
တော်ကြီးနှင့်ကြံု တုန်း ဖန်တရာတေ သံသရာဗွေကြီးကနေထွက်
မြောက်အောင် အားထုတ်မည်၊ဆက်လျှောက်ဦးမည်ဆိုတာက
တော့ မိမိတို့၏ သဒ္ဓါဆန္ဒအတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်၍ ကိုယ့်
စိတ်ကိုယ်စစ်ရဦးမှာပါလားဟု ဆင်ခြင်မိပါသတည်း။
မေတ္တာများစွာဖြင့်
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ဘေးရန်ကြောင့်ကြဆင်းရဲကင်း
ကြပါစေ။ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။
Credit — လောကဓမ္မ ရသစုံစုံ

LEAVE A REPLY

Please enter your comment!
Please enter your name here