ကုသိုလ္ေကာင္းမႈျပလုပ္ျပီးရင္ အမွ်ေ၀ပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ မိမိတို႔အေပၚ ေက်းဇူးရိွတဲ့ပုဂၢိဳလ္ေတြ တမလြန္ဘ၀ ေရာက္သြားျပီဆိုတဲ့အခါ ေက်းဇူးဆပ္တဲ့ အေနနဲ႔ ကုသိုလ္ေကာင္းမႈျပဳလုပ္ျပီး အမွ်ေ၀ရတယ္။

★ အမွ်အတမ္း ေပးေ၀တာကို ျမတ္စြာဘုရားက “ဉာတိဓမၼ” ေဆြမ်ိဳးေတြ လိုက္နာက်င့္သံုးရမယ့္ ၀တၱရားအျဖစ္ျဖင့္ ေဟာၾကားတာျဖစ္လို႔ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥကို ျပဳလုပ္ေဆာင္ရြက္ျခင္းျဖစ္တယ္၊ လုပ္ရမယ့္ ကိစၥထဲမွာလည္း အက်ိဳးရိွတဲ့ လုပ္ရပ္တစ္ခုျဖစ္တယ္။

★ ဘာေၾကာင့္အက်ိဳးရိွတယ္လို႔ ေျပာရတုန္းဆိုရင္

နံပါတ္(၁) – ကုသိုလ္ေကာင္းမႈျပဳရင္ ျပဳတဲ့ပုဂၢိဳလ္မွာ အက်ိဳးျဖစ္ထြန္းေစတယ္၊ ဒါက တစ္ခု။

နံပါတ္(၂) – မိမိရည္စူးတဲ့ပုဂၢိဳလ္က အမွ်ရႏိုင္တဲ့ ဘံုဘ၀မွာ ေရာက္ေနရင္ ကုသိုလ္ေကာင္းမႈရဲ႕ အက်ိဳးေက်းဇူးကို ခံစားရမယ္၊ ဒါ အက်ိဳးရိွျခင္းတစ္ခု။

နံပါတ္(၃) – သံဃာေတာ္အရွင္ျမတ္မ်ား မိမိတို႔ကိုးကြယ္ရာ ဘာသာတရားကို လွဴဒါန္းျပီး ေထာက္ပံ့ျပီးျဖစ္တယ္။ ဒါ အက်ိဳးရိွျခင္းတစ္ခု။

နံပါတ္(၄) – မိမိတို႔ကိုယ္တိုင္လည္း ကုသိုလ္ေကာင္းမႈေတြ ဆည္းပူးအားထုတ္ျပီးျဖစ္တယ္။ ဒါ အက်ိဳးတစ္ခု။

★ အဲဒီ အက်ိဳးေလးမ်ိဳးကို ရရိွႏိုင္ေစတဲ့ ကုသိုလ္ေကာင္းမႈျဖစ္လို႔ ျမတ္စြာဘုရားက အက်ိဳးရိွတဲ့ လုပ္ငန္းလို႔ ေဟာၾကားတာျဖစ္တယ္။

★ အခု ဒါနေကာင္းမႈဆိုတဲ့ အက်ိဳးရိွတဲ့လုပ္ငန္းကို လုပ္ရျပီ၊ လူတိုင္းလူတိုင္းဟာ ဘ၀တစ္ခုရလာျပီ ဆုိလုိ႔ရိွရင္ ကုသိုလ္ေကာင္းမႈ တစ္ခုခုကိုမွ မရလိုက္ဘူးဆုိရင္ ကုသိုလ္ေကာင္းမႈေၾကာင့္ရလာတဲ့ လူ႔ဘ၀ကို အလဟႆ ျဖဳန္းတီပစ္ရာေရာက္တယ္။

ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
🙏 🙏 🙏

“အထင္မွားအျမင္မွား” တရားေတာ္မွ ေကာက္ႏႈတ္ခ်က္ျဖစ္ပါသည္။

Credit — Shwe Thu

(Unicode)

ကုသိုလ်ကောင်းမှုပြလုပ်ပြီးရင် အမျှဝေပါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

★ မိမိတို့အပေါ် ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေ တမလွန်ဘဝ ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှဝေရတယ်။

★ အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရားက “ဉာတိဓမ္မ” ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောကြားတာဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်တယ်၊ လုပ်ရမယ့် ကိစ္စထဲမှာလည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။

★ ဘာကြောင့်အကျိုးရှိတယ်လို့ ပြောရတုန်းဆိုရင်

နံပါတ်(၁) – ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်၊ ဒါက တစ်ခု။

နံပါတ်(၂) – မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘဝမှာ ရောက်နေရင် ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်၊ ဒါ အကျိုးရှိခြင်းတစ်ခု။

နံပါတ်(၃) – သံဃာတော်အရှင်မြတ်များ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်းပြီး ထောက်ပံ့ပြီးဖြစ်တယ်။ ဒါ အကျိုးရှိခြင်းတစ်ခု။

နံပါတ်(၄) – မိမိတို့ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီးဖြစ်တယ်။ ဒါ အကျိုးတစ်ခု။

★ အဲဒီ အကျိုးလေးမျိုးကို ရရှိနိုင်စေတဲ့ ကုသိုလ်ကောင်းမှုဖြစ်လို့ မြတ်စွာဘုရားက အကျိုးရှိတဲ့ လုပ်ငန်းလို့ ဟောကြားတာဖြစ်တယ်။

★ အခု ဒါနကောင်းမှုဆိုတဲ့ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်ရပြီ၊ လူတိုင်းလူတိုင်းဟာ ဘဝတစ်ခုရလာပြီ ဆိုလို့ရှိရင် ကုသိုလ်ကောင်းမှု တစ်ခုခုကိုမှ မရလိုက်ဘူးဆိုရင် ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့ လူ့ဘဝကို အလဟဿ ဖြုန်းတီပစ်ရာရောက်တယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏 🙏 🙏

“အထင်မှားအမြင်မှား” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

Credit — Shwe Thu

LEAVE A REPLY

Please enter your comment!
Please enter your name here