“က်ယ္ျပန္႔ေသာအျမင္ရိွျခင္း”
11.02.18
သံလ်င္သီတဂူဗုဒၶတကၠသိုလ္ ၾသဝါဒ
အဲ့ဒီေတာ့ စီမံကိန္းေတြအေၾကာင္းေျပာျပျပီးရင္ အားလံုးအတြက္
Spiritual Guidence ကိုနည္းနည္းေျပာမယ္။
စိတ္ဓာတ္ေရးရာ လမ္းညႊန္ခ်က္ကို
ဘုန္းၾကီးတို႔ နည္းနည္းေျပာမယ္။
သေျပကန္ဆရာေတာ္ဘုရားၾကီးက
တရားေဟာတဲ့အခါတိုင္းေလာက္ နီးနီး
ထည့္ထည့္ေျပာတဲ့စကားတစ္လံုးရိွတယ္။
ေလာေကာ သတၱာန မာေစေရာ။
စာနက်နီတိက-လို႔ ဒီလိုေျပာဖူးတယ္။
စာနက်-ဆိုတာက ပေရာဟိတ္ပုဏၰားၾကီး၊
အေသာကမင္းၾကီးရဲ႕ အဘိုး
ခ်န္ဒရာဂြတ္ပတာမင္းၾကီးရဲ႕ ပေရာဟိတ္။
အေသာကရဲ႕ ေရွ႕မင္းတစ္ဆက္ေက်ာ္။
အဲ့ဒီအမတ္ၾကီးဟာ သူေရးတဲ့ နီတိကို စာနက်-နိတိေခၚတယ္။
အဲ့ဒီက်မ္းက ထုတ္ႏႈတ္ေျပာတယ္လို႔
သေျပကန္ဆရာေတာ္က ေျပာဖူးတယ္။
ေလာေကာ သတၱာန မာေစေရာ- The whole world is our teacher.
ေဟ့ ေမာင္ပဇင္းေတြရြတ္စမ္း ေလာေကာ သတၱာန မာေစေရာ။
ပုဒ္ျဖတ္။ေလာေကာ သတၱာနံ အာေစေရာ။
သတၱာန မာေစေရာ-ကို ပုဒ္ျဖတ္ရင္ -သတၱာနံ အာေစေရာ
ေလာကၾကီးသည္ ေလာကၾကီးသည္ သတၱာဝါတို႔၏ ဆရာသမား။
ဒီလိုမရဘူးလား။အဲ့ဒါကို အဂၤလိပ္လိုဖတ္လိုက္ရင္
The whole world is teacher of mankind.
ပိဋကတ္သံုးပံုကို ဒီလို သင္သြားတာကြာ
ဘယ္သူက ဘာအျပစ္ေျပာစရာရိွလဲ။
အဲ့ဒါကို တိရိစာၦနကထာ-လို႔ေျပာရင္ ေျပာတဲ့ပုဂၢိဳလ္
အာပတ္သင့္လိမ့္မယ္။
ပိဋကတ္ပဲ Language -ေျပာင္းသြားတာမို႔လား။
ဗုဒၶက သကၠတိုင္းမွာေမြးေပမယ့္
သကၠLanguage ကိုမသံုးဘူးေလ။
ဗုဒၶက သကၠတိုင္းသား သူ သကၠLanguage ကို
သူတတ္တယ္။ဒါေပမယ့္
သူဘုရားျဖစ္လို႔ တရားေဟာေတာ့
သကၠLanguage နဲ႔ေဟာသလား
မဂဓ Language နဲ႔သူေဟာသလား။
မဂဓ language နဲ႔ေဟာတာပါဘုရား။ေအးေပါ့ကြာ။
ဗမာသံဃာေတာ္ေတြ ဗမာျပည္မွာေမြးျပီးေတာ့
ဗမာတရားပဲ ဗမာစကားနဲ႔ပဲေဟာမယ္ဆိုရင္
ဗမာျပည္ပဲေဟာလို႔ ရမွာေပါ့ကြ။
တစ္ကမာၻလံုးသံုးေနတဲ့အဂၤလိပ္စကားလို
အဂၤလိပ္စကားသံုးျပီးေတာ့ ေဟာလိုက္ရင္ ဗုဒၶလိုျဖစ္သြားမွာေပါ့။
အလြန္က်ယ္ျပန္႔က်ယ္ေျပာတဲ့ အိႏၵိယျပည္ၾကီးတစ္ခုလံုးကို
လႊမ္းမိုးတဲ့ ဘာသာက မဂဓဘာသာ။
ဗုဒၶက သူ႔ရဲ႕က်ဥ္းေျမာင္းေသာ
သကၠနိဳင္ငံေလးထဲက သကၠဘာသာကို ဗုဒၶမသံုးပဲနဲ႔
တစ္ကမာၻလံုးလႊမ္းမိုးေနတဲ့ မဂဓ-
ဘာသာသံုးျပီးေတာ့ ဗုဒၶေဟာသြားတယ္။
ကမာၻလႊမ္းေနတဲ့ Language -ကို မသံုးနိဳင္ရင္
ကမာၻမွာ ဝင္ေပါက္မရိွဘူးကြ
ေဟ့ေကာင္ေတြ။အဲ့ဒါမွတ္ထား။
ေလာေကာ သတၱာန မာေစေရာ။
ေလာေကာ-ေလာကၾကီးသည္၊ သတၱာနံ-သတၱဝါအေပါင္းတို႔၏ ၊
အာေစေရာ- ဆရာသမားပဲ။
The whole is teacher of the mankind.
အဲ့ဒီေတာ့ မင္းတို႔တေတြ ငါတို႔တေတြအားလံုးပဲ
အခန္းတစ္ခါးေလးပိတ္
တိတ္တိတ္ကေလး စာအုပ္ကေလးကုန္းျပီးေတာ့ ဖတ္ေနရံုနဲ႔ကေတာ့
မလံုေလာက္ေသးဘူးဆိုတာကို အားလံုးသတိျပဳရမယ္။
တံခါးက်ယ္က်ယ္ဖြင့္ မ်က္စိက်ယ္က်ယ္ဖြင့္ျပီးေတာ့
ေလာကၾကီးကို ၾကည့္တတ္ဖို႔ အားလံုးလုပ္ရမယ္။
ေလာကၾကီးကို ျမင္တတ္ဖို႔၊ ေလာကၾကီးက
ေအာ္ေနတဲ့အသံေတြ ၾကားတတ္ဖို႔
နားေတြ ရိွဖို႔ လိုလိမ့္မယ္။
ခုနကေျပာတဲ့ ဘူတန္ ဗုဒၶဘာသာနိဳင္ငံ ငါႏွစ္ေခါက္ေရာက္ဖူးတယ္။
တစ္နိဳင္ငံလံုးမွာ ေလယာဥ္ပ်ံကြင္းတစ္ကြင္းတည္းရိွတာ။
Airline -လည္း တစ္လိုင္းတည္းပဲ ရိွတယ္။
ငါသြားဖူးတယ္။ စကားလည္းေျပာဖူးတယ္။
တရားလည္းေဟာဖူးတယ္။
မေန႔ကပဲ အဲ့ဒီဘက္က သတင္းျပန္လာတယ္။
Email နဲ႔ ဒို႕ အဆက္အသြယ္လုပ္ေနတယ္။
အားမငယ္ပါနဲ႔ဆရာေတာ္တဲ့ ေလယာဥ္ပ်ံကြင္း
ႏွစ္ကြင္းျဖစ္သြားပါျပီဆရာေတာ္တဲ့။
ဒီလိုေတြျဖစ္လာျပီ။အဲ့ဒီေတာ့ အစည္းအေဝးက
ဘာေျပာမလဲဆိုေတာ့ Subject ကဘာလဲဆိုေတာ့
သူတို႔က Bachrayarna ဂိုဏ္သားေတြျဖစ္တဲ့အတြက္ေၾကာင့္
Bachrayarna ဂိုဏ္းကို ေဝဖန္ေဆြးေႏြးတဲ့စကားေတြကို
ဝိုင္းေျပာေပးေစခ်င္တယ္။ဒီလိုလာတယ္။
Bachrayarna-
ဗ-ဆိုတာ ဝ-ကေျပာင္းတာဆိုတာ မင္းတို႔သိတယ္ေနာ္။
ဘယ္သုတ္မွာေျပာင္းတာလဲ ဗေဝါ ဝႆယတၳာ ကုပၸေတာ-ဆိုတဲ့
သုတ္နဲ႔ေျပာင္းတယ္မို႔လား။အဲ့ဒီေတာ့ ဝစီရာယာန-သည္ ကုပၺေတာ၊
ကုဝေတာ-ေလ။ဝစီရာယာန-သည္ ဗဂ်ာရာယာန-ျဖစ္တာပဲ။
ဝစီရ-ဆိုတာ ဘာအနက္ေဟာလဲ။Dimond-ကြ ေနာ္။စိန္-။
ဒီကေန႔ျပည္ေထာင္စုျမန္မာနိဳင္ငံေတာ္က
လည္ပင္းမွာ ၾကည့္လိုက္ရင္
ျဖဴေဖြးျပီးေတာ့ ဖိတ္ဖိတ္ေတာက္ေနတဲ့ ဆြဲၾကိဳးေတြ
အမ်ဳိးသမီးေတြ ေတာ္ေတာ္ၾကိဳက္ၾကတယ္။
ဒီဘက္က ေက်ာက္နီ-ပတၱျမားေတာင္
ေကာင္းေကာင္းမၾကိဳက္ၾကေတာ့ဘူး။
စိန္ဘက္-ေျပာင္းသြားတယ္။ေက်ာက္တကာ့
ေက်ာက္ထဲမွာ တန္ဖိုးအၾကီးမား
ဆံုးလို႔လဲ ေျပာၾကတယ္။ငါေတာ့ သိပ္မယံုဘူး။
ပတၱျမားေလာက္ တန္မယ္မထင္ဘူး။
အမာေက်ာဆံုးနဲ႔ အေတာက္ေျပာင္ဆံုးေတာ့ မွန္တယ္။
တျခားတျခားေသာ ေက်ာက္ေတြကို စိန္နဲ႔တိုက္ရင္ကြဲတယ္။
အထက္ျမက္ဆံုး အေတာက္ေျပာင္ဆံုးေက်ာက္ဟာ
ဝစိရာ-။
အဲ့ဒီေတာ့ သေဗၺညဳတဉာဏ္ေတာ္ကို တင္စားတဲ့အခါမွာ
စိန္နဲ႔တင္စားတယ္။
သေဗၺညဳတဉာဏ္ေတာ္ၾကီးကို
ဘယ္လိုေခၚလဲဆိုေတာ့-မဟာဝစီရ-ဉာဏ္ေတာ္။
ဒီလိုမို႔လား။အဲ့ဒါေၾကာင့္ အဲ့ဒီနိဳင္ငံသာေတြက
ဘာေကာင္းမႈပဲျပဳျပဳ ပန္းတစ္ပြင့္ပဲ လွဴလွဴ ေရတစ္ခြက္ပဲကပ္ကပ္၊
ဣဒံေမ ပုညံ မဟာဝစီရဉာဏႆ ပစၥေယာ ေဟာတု-
လို႔ သူတို႔က လုပ္ၾကတာ။ဒီေကာင္းမႈသည္
သေဗၺညဳတဉာဏ္ေတာ္အတြက္ ဒီလိုမို႔လား။
ေယာကၤ်ားတိုင္း ဘုရားေလာင္းတိုင္းျပည္ကြေနာ္။
အဲ့ဒါကို ေဝဖန္ဖို႔ဆိုျပီး ဖိတ္တယ္။
ငါက မိန္႔ခြန္းေရးျပီးျပီ မေဝဖန္ဘူး။
မဟာယာန-ဒီစာလံုးဖတ္စမ္း။
ယာန-ဆိုတာ ယာဥ္ Vehical.
မဟာက- Great မို႔လား Great Vehicle-ဆိုတာ
ယာဥ္အၾကီးၾကီးလို႔
ဒီလိုအဓိပၸာယ္ ရတယ္။
အဲ့ဒီေတာ့ အဂၤလိပ္စာလံုးေလး အပိုေလးငါအမွတ္ရတာတစ္ခုရိွတယ္။
ဒီတရားနဲ႔ေတာ့ မဆိုင္ဘူး မဆိုင္ေပမယ့္
အမွတ္ရတာ ငါထည့္ေျပာခ်င္တယ္။
အဲ့ဒီ Vehicle -ကို ဗမာေတြ ပီေအာင္ မဖတ္နိဳင္ဘူး။ပီကယ္-လို႔ဖတ္တယ္။
အဝတ္ျဖဴျဖဴနဲ႔ ဦးထုပ္ျဖဴျဖဴနဲ႔ ပုလိပ္ၾကီးေတြ ဆိုင္ကယ္ၾကီးေတြ စီးျပီး
ေမာ္ေတာ္ယာဥ္ေတြကို ၾကီးၾကပ္တယ္မို႔လား၊
အဲ့ဒီ ပုလိပ္ကို Motor Vehicle -လို႔ေခၚရမွာ
ဗမာေတြက ဘာေခၚတယ္မွတ္လဲ ပါးစပ္ထဲ
ကြမ္းေတြ ျပည့္ေနလို႔ထင္တယ္။
သူတို႔ပီပီသသ-မေခၚတတ္ဘူး။ေမာ္ေတာ္ပီကယ္။
မင္းတို႔ တကၠသိုလ္က လူေတြ အဲ့လို
မဟုတ္တရုတ္ေတာ့ မဖတ္နဲ႔ ေဟ့ေကာင္ေတြ။
Vehicle ကဘာျဖစ္ေနလဲ ဗမာ့စကားမွာ ပီကယ္-ျဖစ္ေနတာ။
ေမာ္ေတာ္ပီကယ္ ပုလိပ္-တဲ့။အို မဟုတ္တာေတြေျပာေနတာပဲ
ေနရာတကာေလွ်ာက္ေျပာလည္းမေကာင္းလို႔ မင္းတို႔ တကၠသိုလ္မွာပဲ
ငါေျပာရဲပါတယ္။တကၠသိုလ္ေက်ာင္းသားေတြ ကေျပာက္ကေခ်ာက္အဲ့လို
ေတာ့မလုပ္နဲ႔။ထိထိမိမိလုပ္ၾက။
Great Vehicle-ဆိုတာ မဟာယာန။
ဒီကေနကြာ အေမရိကန္နယူးေယာက္ စီးတီး-ကိုသြားမယ္။
ေရွးဦးစြာ ဒို႔ရန္ကုန္ကို နယူးေယာက္သြားမယ့္ေလယာဥ္က
တစ္စီးမွ မဆိုက္ဘူး။
ဗမာနိုင္ငံကလည္း အဲ့လိုျဖစ္ေနတာ။
နယူးေယာက္သြားမယ့္ ေလယာဥ္က ရန္ကုန္နဲ႔နယူးေယာက္ကို
တစ္စီးမွ မရိွဘူး။ဒို႔ငယ္ငယ္တုန္းက ရိွဖူးတယ္။ငါအခုထိ မွတ္မိတယ္။
Pan American -ဆိုတဲ့ ေလယာဥ္ပ်ံၾကီးေတြ။
ပန္ကာ ေလးလံုးနဲ႔ ေလယာဥ္ပ်ံၾကီးေတြ ရန္ကုန္ဆင္းတယ္။
ဗဆပလ ဦးႏုအစိုးရလက္ထက္က Pan American –
ရန္ကုန္ကေန အေမရိကန္ တိုက္ရိုက္သြားတာ။
ရန္ကုန္ကေန လန္ဒန္ တုိက္ရိုက္သြားတဲ့ ေလယာဥ္ၾကီးေတြ ရိွတယ္။
BOAC- British overseas airways corporation.
အဲ့ဒီ ေလယာဥ္ပ်ံလိုင္းၾကီးေတြလည္း ေပ်ာက္သြားတယ္။
၆၂-ခုႏွစ္ ဗိုလ္ခ်ဳပ္ၾကီးေနဝင္း အာဏာသိမ္းေတာ့
အေမရိကန္သြားတဲ့
ေလယာဥ္ပ်ံလည္း ဗမာျပည္တစ္စင္းမွ မလာေတာ့ဘူး။
လန္ဒန္သြားတဲ့ ေလယာဥ္ပ်ံေတြလည္း
တစ္စင္းမွ မလာေတာ့ဘူး။
ဗိုလ္ခ်ဳပ္ၾကီးေနဝင္း ဂ်ာမဏီသြားတဲ့အခါ စီးတဲ့
Lufthansa -ေလယာဥ္ၾကီးေတြ
တစ္ခါတစ္ေလ လာတယ္။ဒါက စပ္လို႔
ထည့္ေျပာတာ ငါေျပာမွာက
ဒါမဟုတ္ဘူး။
ငါေျပာမွာက ဘာလဲဆိုေတာ့ နယူးေယာက္ကို
ဒီကေန ေလယာဥ္ပ်ံနဲ႔
တိုက္ရိုက္မသြားနိဳင္ဘူး။မသြားနိဳင္ေတာ့ ဘယ္သြားမလဲ ။
ရန္ကုန္ကေန ဘန္ေကာက္သြားတယ္။
ဘန္ေကာက္က်မွ ေလယာဥ္ပ်ံေျပာင္းစီးမယ္။
အေရွ႕ဘက္ကေနပတ္မယ္ဆိုရင္
ဘန္ေကာက္ကေန ဆိုးလ္-ကိုသြားမလား။
သို႔မဟုတ္ တိုက်ဳိ-ကိုသြားမလား။သြားလို႔ရတယ္။
ရန္ကုန္ကေန ဘန္ေကာက္ကို ထြက္ျပီဆိုရင္ပဲ မင္းတို႔
Airline ေရြး။
Bangkok Airway၊ kanbawza airways
( ပန္ကာေလယာဥ္ပံ်ေလးေတြ)၊
Nok Air- နည္းနည္း ၾကီးတယ္။
Thai international Group (TG) ဆိုရင္ အိုး
Jet ေလယာဥ္ပ်ံၾကီးေတြ၊ပန္ကာတစ္ဘက္ ႏွစ္လံုးတပ္လို႔
ေနာက္ ရိွေသးတယ္။ A380- ဆိုတဲ့ ႏွစ္ထပ္ေလယာဥ္ၾကီးေတြ ၊
ဘယ္ေလယာဥ္ပ်ံေရြးမလဲ ၾကိဳက္တဲ့ေလယာဥ္ပ်ံေရြးေရာပဲ။
ရန္ကုန္ မန္းေလးသြားေနတာေလးေတြ ၾကည့္ေလ။
ပန္ကာႏွစ္လံုးတပ္ ေလယာဥ္ပ်ံေလးေတြ ရိွတယ္။
Jet- အင္ဂ်င္တပ္တဲ့ ေလယာဥ္ပံ်ၾကီးေတြ ရိွတယ္။
ဘယ္ Airway -ကိုေရြးမလဲ ။
Small Vehicle ကို ေရြးမလား ? Great Vehicle ကိုေရြးမလား။
ေဒၚလာမ်ားမ်ားရိွမွ Great Vehical စီးလို႔ရမယ္။
မွန္တယ္မို႔လား ကိုယ့္ပိုက္ဆံအိပ္လည္း ကိုယ္ျပန္ၾကည့္ဦး။
ေဒၚလာေလး ၂၀၀- ၃၀၀- ေလးငါးရာနဲ႔
Great Vehicle -မင္းတို႔ မစီးနိဳင္ဘူး။
အဲ့ဒီေတာ့ ဘူတန္မွာ ငါအဲ့ဒါေလး ေျပာမွာပါ။
အဲ့ဒီေတာ့ ပိုက္ဆံေလးနည္းနည္းရိွရင္ေတာ့ နယူးေယာက္စီးတီး ကို
အဲ့ဒီလို ေလယာဥ္ပ်ံ ေသးေသးေလးေတြနဲ႔
Economy Class ကေနျပီးေတာ့
အသာေလး ဒူးေလးေတြ လက္ေမာင္းေလးေတြ
က်ဳံ႕ျပီးေတာ့ တိုးရႈိးစီးျပီးေတာ့
တစ္ျမိဳ႕ျပီးတစ္ျမိဳ႕ ေျပာင္းေျပာင္းစီးသြားရင္
ေနာက္ဆံုး သူလည္း နယူးေယာက္ေတာ့
ေရာက္သြားတာပဲ မို႔လား။
ေဒၚလာကလည္း အိပ္ထဲ ေဖာင္းျပီး အိပ္ထဲ
လ်ံေနေအာင္ ရိွတယ္ဆိုရင္ေတာ့
Great Vehicle ေလယာဥ္ပ်ံၾကီးၾကီးေတြ စီးျပီးေတာ့
ေခ်ာင္ေခ်ာင္ခ်ိခ်ိ သက္သက္သာသာ ကိုယ့္အိပ္ရာထဲမွာ အိပ္ေနသလို
Class ေတြ ရိွတယ္။ Super perfect class
အဲ့ဒါ စီးရင္ေတာ့ အိပ္ယာခင္းေပးမယ့္
ေလယာဥ္မယ္ေတြနဲ႔ ေစာင္ျခံဳေပးမယ့္ ေလယာဥ္မယ္ကလည္း ဝိုင္းလို႔
စားခ်ိန္က် နိဳးျပီး ေကြ်းမယ့္ေလယာဥ္မယ္ေတြက
လည္း ဝိုင္းလို႔ ေလယာဥ္ပ်ံေပၚမွာ
အဆင္မေျပဘူးလား။
Great Vehicle ေပါ့။ ဒါေပမယ့္ ေဒၚလာေတာ့
မ်ားမ်ားပါမွ စီးနိဳင္လိမ့္မယ္။
အဲ့ဒီေတာ့ ကိုယ့္အေျခအေနနဲ႔ကို ကိုယ္တတ္နိဳင္တဲ့
Airline နဲ႔သြားၾကမွာပဲ။
ဘယ္ Airline စီးစီး Economy class ကပဲ သြားသြား
Business class -က ပဲသြားသြား၊
Super first class ကပဲသြားသြား နယူးေယာက္ကို
ေရာက္တာ အကုန္ေရာက္သြားျပီးဆိုေတာ့
ေရာက္တာ အတူတူပဲမို႔လား ေဟ့မင္းတို႔ ဝစီရာယာနနဲ႔ပဲ သြားသြား၊
မဟာယာန-ကပဲသြားသြား၊ ဟိနယာန-နဲ႔သြားသြား ၊
သြားခ်င္တဲ့ယာနနဲ႔သြား ၊
နိဗၺာန္ေရာက္ရင္ အတူတူပဲ ဘယ္သူကမွ
ဘယ္သူ႔ကိုမွ ဘာမွ မေဝဖန္နဲ႔။
ငါက ဒါေျပာမွာ။
မေကာင္းဘူးလား ။ၾကည့္ေျပာရတယ္ ခဲနဲ႔ေပါက္ခံေနရဦးမယ္။
သူ႔တိုင္းျပည္သြားျပီး သူ႔သြားေဝဖန္ရင္
သူ႔ခဲနဲ႔ခ်လြတ္ ဘယ္ႏွယ္တတ္နိဳင္ပါ့မလဲ။
အဲ့ဒါ international Outlook ေခၚတယ္။
အဲ့ဒီေတာ့ တကၠသိုလ္ေတြမွာ သမၼာသမၺဳဒၶမတုလံ-နဲ႔ မျပီးဆိုတာ
မင္းတို႔ အားလံုး နားလည္ထားၾက။
ေကာင္းျပီး ေလာေကာ သတၱာန မာေစေရာ- ဒီကေန ထြက္သြားတာ။
ေလာကၾကီးသည္ ငါတို႔၏ ဆရာသမား။
ေက်းဇူးေတာ္ရွင္သီတဂူဆရာေတာ္ဘုရားၾကီး
1.02.18
သံလ်င္သီတဂူဗုဒၶတကၠသိုလ္ ၾသဝါဒ
ဆက္ရန္>>>>
ဣမိနာ ပုည ကေမၼန ပေရသံ ဟိတမိေစၦယ်ံ၊
ဟိတံ ေမ ဣစၧတံ ပေရာ။
ဣဒံေမ ပုညံ ေဗာဓိဉာဏႆပစၥေယာ ေဟာတု။
_/\_ _/\_ _/\_
(Unicode)

“ကျယ်ပြန့်သောအမြင်ရှိခြင်း”

11.02.18
သံလျင်သီတဂူဗုဒ္ဓတက္ကသိုလ် သြဝါဒ

အဲ့ဒီတော့ စီမံကိန်းတွေအကြောင်းပြောပြပြီးရင် အားလုံးအတွက်
Spiritual Guidence ကိုနည်းနည်းပြောမယ်။

စိတ်ဓာတ်ရေးရာ လမ်းညွှန်ချက်ကို
ဘုန်းကြီးတို့ နည်းနည်းပြောမယ်။
သပြေကန်ဆရာတော်ဘုရားကြီးက
တရားဟောတဲ့အခါတိုင်းလောက် နီးနီး
ထည့်ထည့်ပြောတဲ့စကားတစ်လုံးရှိတယ်။
လောကော သတ္တာန မာစေရော။
စာနကျနီတိက-လို့ ဒီလိုပြောဖူးတယ်။

စာနကျ-ဆိုတာက ပရောဟိတ်ပုဏ္ဏားကြီး၊
အသောကမင်းကြီးရဲ့ အဘိုး
ချန်ဒရာဂွတ်ပတာမင်းကြီးရဲ့ ပရောဟိတ်။
အသောကရဲ့ ရှေ့မင်းတစ်ဆက်ကျော်။
အဲ့ဒီအမတ်ကြီးဟာ သူရေးတဲ့ နီတိကို စာနကျ-နိတိခေါ်တယ်။
အဲ့ဒီကျမ်းက ထုတ်နှုတ်ပြောတယ်လို့
သပြေကန်ဆရာတော်က ပြောဖူးတယ်။
လောကော သတ္တာန မာစေရော- The whole world is our teacher.

ဟေ့ မောင်ပဇင်းတွေရွတ်စမ်း လောကော သတ္တာန မာစေရော။
ပုဒ်ဖြတ်။လောကော သတ္တာနံ အာစေရော။
သတ္တာန မာစေရော-ကို ပုဒ်ဖြတ်ရင် -သတ္တာနံ အာစေရော
လောကကြီးသည် လောကကြီးသည် သတ္တာဝါတို့၏ ဆရာသမား။
ဒီလိုမရဘူးလား။အဲ့ဒါကို အင်္ဂလိပ်လိုဖတ်လိုက်ရင်
The whole world is teacher of mankind.
ပိဋကတ်သုံးပုံကို ဒီလို သင်သွားတာကွာ
ဘယ်သူက ဘာအပြစ်ပြောစရာရှိလဲ။
အဲ့ဒါကို တိရိစ္ဆာနကထာ-လို့ပြောရင် ပြောတဲ့ပုဂ္ဂိုလ်
အာပတ်သင့်လိမ့်မယ်။
ပိဋကတ်ပဲ Language -ပြောင်းသွားတာမို့လား။

ဗုဒ္ဓက သက္ကတိုင်းမှာမွေးပေမယ့်
သက္ကLanguage ကိုမသုံးဘူးလေ။
ဗုဒ္ဓက သက္ကတိုင်းသား သူ သက္ကLanguage ကို
သူတတ်တယ်။ဒါပေမယ့်
သူဘုရားဖြစ်လို့ တရားဟောတော့
သက္ကLanguage နဲ့ဟောသလား
မဂဓ Language နဲ့သူဟောသလား။
မဂဓ language နဲ့ဟောတာပါဘုရား။အေးပေါ့ကွာ။

ဗမာသံဃာတော်တွေ ဗမာပြည်မှာမွေးပြီးတော့
ဗမာတရားပဲ ဗမာစကားနဲ့ပဲဟောမယ်ဆိုရင်
ဗမာပြည်ပဲဟောလို့ ရမှာပေါ့ကွ။
တစ်ကမ္ဘာလုံးသုံးနေတဲ့အင်္ဂလိပ်စကားလို
အင်္ဂလိပ်စကားသုံးပြီးတော့ ဟောလိုက်ရင် ဗုဒ္ဓလိုဖြစ်သွားမှာပေါ့။
အလွန်ကျယ်ပြန့်ကျယ်ပြောတဲ့ အိန္ဒိယပြည်ကြီးတစ်ခုလုံးကို
လွှမ်းမိုးတဲ့ ဘာသာက မဂဓဘာသာ။
ဗုဒ္ဓက သူ့ရဲ့ကျဉ်းမြောင်းသော
သက္ကနိုင်ငံလေးထဲက သက္ကဘာသာကို ဗုဒ္ဓမသုံးပဲနဲ့
တစ်ကမ္ဘာလုံးလွှမ်းမိုးနေတဲ့ မဂဓ-
ဘာသာသုံးပြီးတော့ ဗုဒ္ဓဟောသွားတယ်။

ကမ္ဘာလွှမ်းနေတဲ့ Language -ကို မသုံးနိုင်ရင်
ကမ္ဘာမှာ ဝင်ပေါက်မရှိဘူးကွ
ဟေ့ကောင်တွေ။အဲ့ဒါမှတ်ထား။
လောကော သတ္တာန မာစေရော။
လောကော-လောကကြီးသည်၊ သတ္တာနံ-သတ္တဝါအပေါင်းတို့၏ ၊
အာစေရော- ဆရာသမားပဲ။
The whole is teacher of the mankind.

အဲ့ဒီတော့ မင်းတို့တတွေ ငါတို့တတွေအားလုံးပဲ
အခန်းတစ်ခါးလေးပိတ်
တိတ်တိတ်ကလေး စာအုပ်ကလေးကုန်းပြီးတော့ ဖတ်နေရုံနဲ့ကတော့
မလုံလောက်သေးဘူးဆိုတာကို အားလုံးသတိပြုရမယ်။

တံခါးကျယ်ကျယ်ဖွင့် မျက်စိကျယ်ကျယ်ဖွင့်ပြီးတော့
လောကကြီးကို ကြည့်တတ်ဖို့ အားလုံးလုပ်ရမယ်။
လောကကြီးကို မြင်တတ်ဖို့၊ လောကကြီးက
အော်နေတဲ့အသံတွေ ကြားတတ်ဖို့
နားတွေ ရှိဖို့ လိုလိမ့်မယ်။

ခုနကပြောတဲ့ ဘူတန် ဗုဒ္ဓဘာသာနိုင်ငံ ငါနှစ်ခေါက်ရောက်ဖူးတယ်။
တစ်နိုင်ငံလုံးမှာ လေယာဉ်ပျံကွင်းတစ်ကွင်းတည်းရှိတာ။
Airline -လည်း တစ်လိုင်းတည်းပဲ ရှိတယ်။
ငါသွားဖူးတယ်။ စကားလည်းပြောဖူးတယ်။
တရားလည်းဟောဖူးတယ်။

မနေ့ကပဲ အဲ့ဒီဘက်က သတင်းပြန်လာတယ်။
Email နဲ့ ဒို့ အဆက်အသွယ်လုပ်နေတယ်။
အားမငယ်ပါနဲ့ဆရာတော်တဲ့ လေယာဉ်ပျံကွင်း
နှစ်ကွင်းဖြစ်သွားပါပြီဆရာတော်တဲ့။
ဒီလိုတွေဖြစ်လာပြီ။အဲ့ဒီတော့ အစည်းအဝေးက
ဘာပြောမလဲဆိုတော့ Subject ကဘာလဲဆိုတော့
သူတို့က Bachrayarna ဂိုဏ်သားတွေဖြစ်တဲ့အတွက်ကြောင့်
Bachrayarna ဂိုဏ်းကို ဝေဖန်ဆွေးနွေးတဲ့စကားတွေကို
ဝိုင်းပြောပေးစေချင်တယ်။ဒီလိုလာတယ်။

Bachrayarna-
ဗ-ဆိုတာ ဝ-ကပြောင်းတာဆိုတာ မင်းတို့သိတယ်နော်။
ဘယ်သုတ်မှာပြောင်းတာလဲ ဗဝေါ ဝဿယတ္ထာ ကုပ္ပတော-ဆိုတဲ့
သုတ်နဲ့ပြောင်းတယ်မို့လား။အဲ့ဒီတော့ ဝစီရာယာန-သည် ကုပ္ဗတော၊
ကုဝတော-လေ။ဝစီရာယာန-သည် ဗဂျာရာယာန-ဖြစ်တာပဲ။

ဝစီရ-ဆိုတာ ဘာအနက်ဟောလဲ။Dimond-ကွ နော်။စိန်-။
ဒီကနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်က
လည်ပင်းမှာ ကြည့်လိုက်ရင်
ဖြူဖွေးပြီးတော့ ဖိတ်ဖိတ်တောက်နေတဲ့ ဆွဲကြိုးတွေ
အမျိုးသမီးတွေ တော်တော်ကြိုက်ကြတယ်။

ဒီဘက်က ကျောက်နီ-ပတ္တမြားတောင်
ကောင်းကောင်းမကြိုက်ကြတော့ဘူး။
စိန်ဘက်-ပြောင်းသွားတယ်။ကျောက်တကာ့
ကျောက်ထဲမှာ တန်ဖိုးအကြီးမား
ဆုံးလို့လဲ ပြောကြတယ်။ငါတော့ သိပ်မယုံဘူး။
ပတ္တမြားလောက် တန်မယ်မထင်ဘူး။

အမာကျောဆုံးနဲ့ အတောက်ပြောင်ဆုံးတော့ မှန်တယ်။
တခြားတခြားသော ကျောက်တွေကို စိန်နဲ့တိုက်ရင်ကွဲတယ်။
အထက်မြက်ဆုံး အတောက်ပြောင်ဆုံးကျောက်ဟာ
ဝစိရာ-။

အဲ့ဒီတော့ သဗ္ဗေညုတဉာဏ်တော်ကို တင်စားတဲ့အခါမှာ
စိန်နဲ့တင်စားတယ်။
သဗ္ဗေညုတဉာဏ်တော်ကြီးကို
ဘယ်လိုခေါ်လဲဆိုတော့-မဟာဝစီရ-ဉာဏ်တော်။
ဒီလိုမို့လား။အဲ့ဒါကြောင့် အဲ့ဒီနိုင်ငံသာတွေက
ဘာကောင်းမှုပဲပြုပြု ပန်းတစ်ပွင့်ပဲ လှူလှူ ရေတစ်ခွက်ပဲကပ်ကပ်၊
ဣဒံမေ ပုညံ မဟာဝစီရဉာဏဿ ပစ္စယော ဟောတု-
လို့ သူတို့က လုပ်ကြတာ။ဒီကောင်းမှုသည်
သဗ္ဗေညုတဉာဏ်တော်အတွက် ဒီလိုမို့လား။

ယောင်္ကျားတိုင်း ဘုရားလောင်းတိုင်းပြည်ကွနော်။
အဲ့ဒါကို ဝေဖန်ဖို့ဆိုပြီး ဖိတ်တယ်။

ငါက မိန့်ခွန်းရေးပြီးပြီ မဝေဖန်ဘူး။
မဟာယာန-ဒီစာလုံးဖတ်စမ်း။
ယာန-ဆိုတာ ယာဉ် Vehical.
မဟာက- Great မို့လား Great Vehicle-ဆိုတာ
ယာဉ်အကြီးကြီးလို့
ဒီလိုအဓိပ္ပာယ် ရတယ်။

အဲ့ဒီတော့ အင်္ဂလိပ်စာလုံးလေး အပိုလေးငါအမှတ်ရတာတစ်ခုရှိတယ်။
ဒီတရားနဲ့တော့ မဆိုင်ဘူး မဆိုင်ပေမယ့်
အမှတ်ရတာ ငါထည့်ပြောချင်တယ်။

အဲ့ဒီ Vehicle -ကို ဗမာတွေ ပီအောင် မဖတ်နိုင်ဘူး။ပီကယ်-လို့ဖတ်တယ်။
အဝတ်ဖြူဖြူနဲ့ ဦးထုပ်ဖြူဖြူနဲ့ ပုလိပ်ကြီးတွေ ဆိုင်ကယ်ကြီးတွေ စီးပြီး
မော်တော်ယာဉ်တွေကို ကြီးကြပ်တယ်မို့လား၊
အဲ့ဒီ ပုလိပ်ကို Motor Vehicle -လို့ခေါ်ရမှာ
ဗမာတွေက ဘာခေါ်တယ်မှတ်လဲ ပါးစပ်ထဲ
ကွမ်းတွေ ပြည့်နေလို့ထင်တယ်။

သူတို့ပီပီသသ-မခေါ်တတ်ဘူး။မော်တော်ပီကယ်။
မင်းတို့ တက္ကသိုလ်က လူတွေ အဲ့လို
မဟုတ်တရုတ်တော့ မဖတ်နဲ့ ဟေ့ကောင်တွေ။
Vehicle ကဘာဖြစ်နေလဲ ဗမာ့စကားမှာ ပီကယ်-ဖြစ်နေတာ။
မော်တော်ပီကယ် ပုလိပ်-တဲ့။အို မဟုတ်တာတွေပြောနေတာပဲ
နေရာတကာလျှောက်ပြောလည်းမကောင်းလို့ မင်းတို့ တက္ကသိုလ်မှာပဲ
ငါပြောရဲပါတယ်။တက္ကသိုလ်ကျောင်းသားတွေ ကပြောက်ကချောက်အဲ့လို
တော့မလုပ်နဲ့။ထိထိမိမိလုပ်ကြ။

Great Vehicle-ဆိုတာ မဟာယာန။
ဒီကနေကွာ အမေရိကန်နယူးယောက် စီးတီး-ကိုသွားမယ်။
ရှေးဦးစွာ ဒို့ရန်ကုန်ကို နယူးယောက်သွားမယ့်လေယာဉ်က
တစ်စီးမှ မဆိုက်ဘူး။
ဗမာနိုင်ငံကလည်း အဲ့လိုဖြစ်နေတာ။

နယူးယောက်သွားမယ့် လေယာဉ်က ရန်ကုန်နဲ့နယူးယောက်ကို
တစ်စီးမှ မရှိဘူး။ဒို့ငယ်ငယ်တုန်းက ရှိဖူးတယ်။ငါအခုထိ မှတ်မိတယ်။
Pan American -ဆိုတဲ့ လေယာဉ်ပျံကြီးတွေ။
ပန်ကာ လေးလုံးနဲ့ လေယာဉ်ပျံကြီးတွေ ရန်ကုန်ဆင်းတယ်။
ဗဆပလ ဦးနုအစိုးရလက်ထက်က Pan American –
ရန်ကုန်ကနေ အမေရိကန် တိုက်ရိုက်သွားတာ။
ရန်ကုန်ကနေ လန်ဒန် တိုက်ရိုက်သွားတဲ့ လေယာဉ်ကြီးတွေ ရှိတယ်။
BOAC- British overseas airways corporation.
အဲ့ဒီ လေယာဉ်ပျံလိုင်းကြီးတွေလည်း ပျောက်သွားတယ်။

၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတော့
အမေရိကန်သွားတဲ့
လေယာဉ်ပျံလည်း ဗမာပြည်တစ်စင်းမှ မလာတော့ဘူး။
လန်ဒန်သွားတဲ့ လေယာဉ်ပျံတွေလည်း
တစ်စင်းမှ မလာတော့ဘူး။
ဗိုလ်ချုပ်ကြီးနေဝင်း ဂျာမဏီသွားတဲ့အခါ စီးတဲ့
Lufthansa -လေယာဉ်ကြီးတွေ
တစ်ခါတစ်လေ လာတယ်။ဒါက စပ်လို့
ထည့်ပြောတာ ငါပြောမှာက
ဒါမဟုတ်ဘူး။

ငါပြောမှာက ဘာလဲဆိုတော့ နယူးယောက်ကို
ဒီကနေ လေယာဉ်ပျံနဲ့
တိုက်ရိုက်မသွားနိုင်ဘူး။မသွားနိုင်တော့ ဘယ်သွားမလဲ ။
ရန်ကုန်ကနေ ဘန်ကောက်သွားတယ်။
ဘန်ကောက်ကျမှ လေယာဉ်ပျံပြောင်းစီးမယ်။

အရှေ့ဘက်ကနေပတ်မယ်ဆိုရင်
ဘန်ကောက်ကနေ ဆိုးလ်-ကိုသွားမလား။
သို့မဟုတ် တိုကျို-ကိုသွားမလား။သွားလို့ရတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို ထွက်ပြီဆိုရင်ပဲ မင်းတို့
Airline ရွေး။

Bangkok Airway၊ kanbawza airways
( ပန်ကာလေယာဉ်ပျံလေးတွေ)၊
Nok Air- နည်းနည်း ကြီးတယ်။
Thai international Group (TG) ဆိုရင် အိုး
Jet လေယာဉ်ပျံကြီးတွေ၊ပန်ကာတစ်ဘက် နှစ်လုံးတပ်လို့
နောက် ရှိသေးတယ်။ A380- ဆိုတဲ့ နှစ်ထပ်လေယာဉ်ကြီးတွေ ၊
ဘယ်လေယာဉ်ပျံရွေးမလဲ ကြိုက်တဲ့လေယာဉ်ပျံရွေးရောပဲ။

ရန်ကုန် မန်းလေးသွားနေတာလေးတွေ ကြည့်လေ။
ပန်ကာနှစ်လုံးတပ် လေယာဉ်ပျံလေးတွေ ရှိတယ်။
Jet- အင်ဂျင်တပ်တဲ့ လေယာဉ်ပျံကြီးတွေ ရှိတယ်။
ဘယ် Airway -ကိုရွေးမလဲ ။
Small Vehicle ကို ရွေးမလား ? Great Vehicle ကိုရွေးမလား။
ဒေါ်လာများများရှိမှ Great Vehical စီးလို့ရမယ်။

မှန်တယ်မို့လား ကိုယ့်ပိုက်ဆံအိပ်လည်း ကိုယ်ပြန်ကြည့်ဦး။
ဒေါ်လာလေး ၂၀၀- ၃၀၀- လေးငါးရာနဲ့
Great Vehicle -မင်းတို့ မစီးနိုင်ဘူး။
အဲ့ဒီတော့ ဘူတန်မှာ ငါအဲ့ဒါလေး ပြောမှာပါ။

အဲ့ဒီတော့ ပိုက်ဆံလေးနည်းနည်းရှိရင်တော့ နယူးယောက်စီးတီး ကို
အဲ့ဒီလို လေယာဉ်ပျံ သေးသေးလေးတွေနဲ့
Economy Class ကနေပြီးတော့
အသာလေး ဒူးလေးတွေ လက်မောင်းလေးတွေ
ကျုံ့ပြီးတော့ တိုးရှိုးစီးပြီးတော့
တစ်မြို့ပြီးတစ်မြို့ ပြောင်းပြောင်းစီးသွားရင်
နောက်ဆုံး သူလည်း နယူးယောက်တော့
ရောက်သွားတာပဲ မို့လား။

ဒေါ်လာကလည်း အိပ်ထဲ ဖောင်းပြီး အိပ်ထဲ
လျံနေအောင် ရှိတယ်ဆိုရင်တော့
Great Vehicle လေယာဉ်ပျံကြီးကြီးတွေ စီးပြီးတော့
ချောင်ချောင်ချိချိ သက်သက်သာသာ ကိုယ့်အိပ်ရာထဲမှာ အိပ်နေသလို
Class တွေ ရှိတယ်။ Super perfect class
အဲ့ဒါ စီးရင်တော့ အိပ်ယာခင်းပေးမယ့်
လေယာဉ်မယ်တွေနဲ့ စောင်ခြုံပေးမယ့် လေယာဉ်မယ်ကလည်း ဝိုင်းလို့
စားချိန်ကျ နိုးပြီး ကျွေးမယ့်လေယာဉ်မယ်တွေက
လည်း ဝိုင်းလို့ လေယာဉ်ပျံပေါ်မှာ
အဆင်မပြေဘူးလား။

Great Vehicle ပေါ့။ ဒါပေမယ့် ဒေါ်လာတော့
များများပါမှ စီးနိုင်လိမ့်မယ်။
အဲ့ဒီတော့ ကိုယ့်အခြေအနေနဲ့ကို ကိုယ်တတ်နိုင်တဲ့
Airline နဲ့သွားကြမှာပဲ။
ဘယ် Airline စီးစီး Economy class ကပဲ သွားသွား
Business class -က ပဲသွားသွား၊
Super first class ကပဲသွားသွား နယူးယောက်ကို
ရောက်တာ အကုန်ရောက်သွားပြီးဆိုတော့
ရောက်တာ အတူတူပဲမို့လား ဟေ့မင်းတို့ ဝစီရာယာနနဲ့ပဲ သွားသွား၊
မဟာယာန-ကပဲသွားသွား၊ ဟိနယာန-နဲ့သွားသွား ၊
သွားချင်တဲ့ယာနနဲ့သွား ၊
နိဗ္ဗာန်ရောက်ရင် အတူတူပဲ ဘယ်သူကမှ
ဘယ်သူ့ကိုမှ ဘာမှ မဝေဖန်နဲ့။
ငါက ဒါပြောမှာ။

မကောင်းဘူးလား ။ကြည့်ပြောရတယ် ခဲနဲ့ပေါက်ခံနေရဦးမယ်။
သူ့တိုင်းပြည်သွားပြီး သူ့သွားဝေဖန်ရင်
သူ့ခဲနဲ့ချလွတ် ဘယ်နှယ်တတ်နိုင်ပါ့မလဲ။
အဲ့ဒါ international Outlook ခေါ်တယ်။

အဲ့ဒီတော့ တက္ကသိုလ်တွေမှာ သမ္မာသမ္ဗုဒ္ဓမတုလံ-နဲ့ မပြီးဆိုတာ
မင်းတို့ အားလုံး နားလည်ထားကြ။
ကောင်းပြီး လောကော သတ္တာန မာစေရော- ဒီကနေ ထွက်သွားတာ။
လောကကြီးသည် ငါတို့၏ ဆရာသမား။

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

1.02.18
သံလျင်သီတဂူဗုဒ္ဓတက္ကသိုလ် သြဝါဒ

ဆက်ရန်>>>>

ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

_/\_ _/\_ _/\_

LEAVE A REPLY

Please enter your comment!
Please enter your name here