“ ငါမဟုတ္ေသာငါ ´´
ခရီးသြားလူတစ္ေယာက္ဟာဇရပ္တစ္ေဆာင္ေပၚမွာတက္ၿပီးအနားယူတယ္။ညေရာက္ေတာ့လူေသအေလာင္းေကာင္ကိုထမ္းၿပီးဘီလူးတစ္ေကာင္ဇရပ္ေပၚေရာက္လာတယ္။ခရီးသည္ႀကီးသိပ္ေၾကာက္ေနတာေပါ့။ခဏေနေတာ့ေနာက္ဘီလူးတစ္ေကာင္ဝုန္းကနဲေပၚလာျပန္တယ္။ဘီလူးနွစ္ေကာင္ဟာလူေသအေလာင္းကိုစားမလို႔လုၾကတယ္။သူ႔ဟာငါ့ဟာဆိုၿပီးအျငင္းအခုန္ျဖစ္ၾကတယ္ ။
ခရီးသည္ႀကီးဆီကအဆံုးျဖတ္ခံမယ္ဆိုၿပီးေျပာၾကတယ္။ခရီးသည္ႀကီးကမဆံုးျဖတ္ရဲဘူး။တစ္ေကာင္ကိုအနိုင္ေပးရင္ေနာက္တစ္ေကာင္ကမေက်နပ္ပဲသူ႔ကိုစားမွာေၾကာက္ရတယ္။မဆံုးျဖတ္လို႔ကလည္းမျဖစ္ဘူး။ဘီလူးေတြကခိုင္းေနေတာ့ေၾကာက္လို႔လုပ္ကိုလုပ္ရေတာ့မယ္။ေၾကာက္ေၾကာက္နဲ႔ပထမဘီလူးသည္သာ အေလာင္းကိုရထိုက္ေၾကာင္း အမွန္အတိုင္း ဆံုးျဖတ္ေပးလိုက္တယ္။
ဒီေတာ့ေနာက္ေရာက္လာတဲ့ဘီလူးကမေက်မနပ္ျဖစ္ၿပီးသူ႔ကိုစားမလို႔လုပ္ေတာ့တယ္။ခရီးသည္ႀကီးကရဲ႕လက္တစ္ေခ်ာင္းကိုဆြဲျဖဳတ္ျပီးစ,စားတယ္။ပထဘီလူးကအမွန္အတိုင္းဆံုးျဖတ္ေပးတဲ့ခရီးသည္ၾကီးကိုေက်းဇူးတင္တဲ့အတြက္ျပဳတ္သြားတဲ့လက္ေနရာမွာအေလာင္းေကာင္ကလက္ကိုတပ္ေပးလိုက္တယ္။ဒုတိယဘီလူးကေနာက္လက္တစ္ဘက္ထပ္ျဖဳတ္စားတယ္။ပထမဘီဘူးကအေလာင္းကလက္ကိုထပ္တပ္ေပးတယ္။ဒီလိုနဲ႔ဒုတိယဘီလူးကအဂၤါအစိတ္ပိုင္းတစ္ခုဆီကုိျဖဳတ္ၿပီးစားလိုက္၊ပထမဘီလူးကျပန္တပ္ေပးလိုက္နဲ႔ေနာက္ဆံုးဒုတိယဘီလူးအားလံုးကိုစားလို႔ကုန္သြားေပမဲ့ခရီးသည္ႀကီးမွာေတာ့အဂၤါၤတစ္ခုမွခ်ြတ္ယြင္းမႈမရွိေတာ့ဘူး။
ဘီလူနွစ္ေကာင္ဇရပ္ေပၚကျပန္သြားေတာ့သူ႔ကိုယ္သူၾကည့္လိုက္တယ္။သူေတာ့သူပဲ။ဒါေပမဲ့သူမဟုတ္ေတာ့တာကိုသြားေတြ႕တယ္။အားလံုးဟာအစားထိုးတားတဲ့သူျဖစ္ေနတယ္။
ပံုျပင္ရဲ႕ဆိုလိုခ်က္ကိုသေဘာေပါက္ၾကမလားပဲ။က်ြန္ုပ္တို႔ဟာငါမဟုတ္ေသာငါေတြပါ။အခ်ိန္တိုင္းအစားထိုးေနတာကိုသတိမထားတတ္ၾကဘူး။ေစာေစာကငါနဲ႔အခုငါကိုအတူတူထင္ေနၾကတယ္။မဟုတ္ေတာ့ဘူးေနာ္။အသစ္ျဖစ္ေသာငါျဖစ္ေနၿပီ။ေစာေစာကငါနဲ႔အခုငါဟာအတူတူမဟုတ္ေတာ့ဘူး။ေစာေစာကငါရဲ႕အေၾကာင္းအေထာက္ပ့ံေၾကာင့္အသစ္ျဖစ္လာတဲ့ငါ ျဖစ္ေနတာ။
အတူတူမဟုတ္ေပမဲ့ပတ္သက္မႈေတာ့ရွိေနတယ္။ဖေယာင္းတိုင္မီးေတာက္ေလးတစ္ခုဟာမီးဇာစေလးတစ္ခုကိုေလာင္ၿပီးတာနဲ႔အၿပီးၿငိမ္းသြားၿပီ။ဒါေပမဲ့ေနာက္မီးဇာကိုဆက္ေလာင္ဖို႔ ပထမမီးေတာက္က အေၾကာင္းဆက္ေပးခဲ့ရတယ္။ဒါေၾကာင့္မီးဇာေတြအဆက္မျပတ္ေလာင္ၿပီးမီးေတာက္အလ်ဥ္အျဖစ္က်ြန္ုပ္တို႔ ျမင္ေနၾကရတာျဖစ္တယ္။
ဖေယာင္းတိုင္နွစ္တိုင္ကိုယွဥ္ၾကည့္။ပထမဖေယာင္းတိုင္ကမီးကိုဒုတိယဖေယာင္းတိုင္မွာကူးလိုက္။ဒုတိယဖေယာင္းတိုင္ရဲ႕မီးဟာပထမဖေယာင္းတိုင္မီးေတာ့မဟုတ္ဘူး။ဒုတိယဖေယာင္းတိုင္ကမီးဇာကိုစြဲၿပီးေလာင္ေနတဲ့မီးအသစ္သာျဖစ္တယ္။အသစ္မီးဆိုေပမဲ့ပထမဖေယာင္းတိုင္မီးရဲ႕အေၾကာင္းေၾကာင့္သာ ဒုတိယ ဖေယာင္တိုင္ မီးဇာေလာင္နိုင္တာျဖစ္တယ္။
ဒါေၾကာင့္ပထမနဲ႔ဒုတိယသည္မတူေပမဲ့အေၾကာင္းလည္းမကင္းၾကျပန္ဘူး။ဒါကိုပဲတစ္ခုတည္းလည္းမဟုတ္၊သီးျခားလည္းမဟုတ္အေၾကာင္းေၾကာင့္အက်ိဳးလို႔ဗုဒၶေဟာၾကားခဲ့တာျဖစ္တယ္။
ဖေယာင္းတိုင္နွစ္တိုင္ကိုပူးထားလိုက္ရင္မီးေတာက္တစ္ခုအျဖစ္ပဲရွိေနတယ္လို႔ျမင္ေနရတယ္။အမွန္ေတာ့သူ႔မီးဇာနဲ႔သူသီျခားဆီေလာင္ေနတာသာျဖစ္တယ္။အၿမဲလည္းရွိေနတာမဟုတ္ဘူး။မီးဇာအမႈန္မႊားေလးေတြကိုေလာင္လိုက္ ၊ကုန္သြားလိုက္၊ေနာက္မီးဇာေလးေတြကို ေလာင္လိုက္နဲ႔ အရမ္းလ်င္ျမန္လို႔ အၿမဲရွိေနတဲ့မီးေတာက္တစ္ခုအျဖစ္စိတ္ကိုလွည့္စားသြားတာသာျဖစ္တယ္။ဒါဝိပၸလႅာသဆိုတဲ့ေဖာက္ျပန္ မွားယြင္းစြာ ျမင္မွုေတြျဖစ္တယ္။
ညအခါေကာင္းကင္ကိုၾကည့့္လိုက္ရင္ၾကယ္ေတြကိုေတြ႕ရတယ္။ဒီၾကယ္ေတြဟာကမၻာနဲ႔မိုင္သန္းခ်ီေဝးၾကတယ္။သူတို႔ရဲ႕အလင္းကမၻာကိုေရာက္ဖို႔နွစ္ေတြအမ်ားႀကီးျဖတ္လာရမွာပဲ။ဒါဆိုရင္သူတ႔ိုကိုက်ြန္ုပ္တို႔ျမင္ေနရတာဟာအလင္းသာျဖစ္လို႔အဲဒီအလင္းက်ြန္ုပ္တို႔မ်က္စိမွာထိခတ္ခ်ိန္မွာနဂိုမူလၾကယ္မဟုတ္နိုင္ေတာ့ဘူး။နွစ္နဲ႔ခ်ီၿပီးၾကာခဲ့ၿပီ္ ျဖစ္ေနၿပီပဲ။အတိတ္က ၾကယ္ႀကီးျဖစ္ေနၿပီ။
အေတာ္အံ့ဖို႔ေကာင္းတဲ့သဘာဝပဲ။မိမိအေရွ႕ကျမင္ေနရတဲ့အရာကိုသြားကိုင္ၾကည့္လိုက္ရင္မူလျမင္ရတဲ့အရာမဟုတ္ေတာျပန္ဘူး။ထိမိတဲ့အခ်ိန္မွာအစားထိုးလာတဲ့အသစ္ႀကီးျဖစ္ေနျပန္ၿပီ။ဒါဆုိေလာကဆိုတာအတုေတြနဲ႔က်င္လည္ေနၾကတာေပါ့။သတၲေလာကဆိုတဲ့သတၲဝါေတြကိုၾကည့္ရင္အစစ္ကိုမေတြ႕ရဘူး။ၾသကာသေလာကဆိုတဲ့သတၲဝါေတြရဲ႕ျဖစ္ရာဘံုကိုၾကည့္ရင္လည္းအတုေတြပဲ။သခၤာရေလာကဆိုတဲ့ရုပ္နာမ္သာလ်ွင္ အစစ္ျဖစ္တယ္။အစစ္ဆိုတာက ၾကာရွည္မခံဘူး။ တကယ့္ခဏတာေလးရယ္။ ဒါကိုမသိေတာ့အတုကိုအစစ္ထင္ၿပီးအၿမဲရွိေနတယ္လို႔ ယူဆသြားသြားၾကတယ္။
အတုနဲ႔အစစ္ဆိုတာကလည္းဒြန္တြဲေနတတ္တာျဖစ္တယ္။အစစ္္ကိုရွာရင္းအတုထဲမွာျပန္လည္ေနတတ္တယ္။
တခ်ိဳ႕ကတစ္ဘက္သတ္လြန္ေျပးသြားတာေလးေတြလည္းေတြ႕ရတယ္။ဘာလဲဆိုေတာ့“ေလာကႀကီးမွာရွိေနတာပရမတ္သေဘာေတြသာျဖစ္တယ္။လူ၊နတ္၊အိမ္၊ေက်ာင္း၊စတာေတြဟာအရွိမဟုတ္ဘူး´´ဆိုၿပီး ပရမတ္ဘက္ကို လြန္ေျပးသြားတယ္။
ဒါလည္းအႏၱရာယ္ပဲ။“ပညတ္ ပရမတ္ သိသည္မွတ္၊ သူျမတ္မဆိုသာ ၊ ပညတ္ ပရမတ္ နွစ္ခုစပ္ ၊သူျမတ္ေခၚသည္သာလို႔´´ေရွးဆရာေတာ္ႀကီးမ်ားရဲ႕ဆိုရိုးေလးရွိတယ္။သာမာန္ေလာကထဲမွာေနစဥ္တုန္းကပညတ္နဲ႔က်င္္လည္ေနၾကတယ္။ဒါေပမဲ့ပညတ္မွန္းမသိၾကပါဘူး။တရားအားထုတ္သင္ယူလာတဲ့အခါ ပရမတ္သေဘာေလးေတြကိုေတြ႕လာတယ္။ ဒီမွာ အခ်င့္ခ်ိန္မမွန္ပဲ “ ပညတ္မရွိ ၊ ပရမတ္သာ ရွိသည္ ´´ဆိုၿပီး ပရမတ္ဘက္လြန္သြားျပန္တယ္။
ဉာဏ္ဆိုတာ”အျပားအားျဖင့္သိျခင္း၊ အမ်ိဳးမ်ိဳးအစားစား ကိုခြဲျခားသိျခင္း”လို႔ ဆိုတယ္။ပညတ္ကို ပညတ္မွန္းပိုင္းျခားသိရင္၊ပရမတ္ကိုလည္းသိတယ္။ပရမတ္ကိုပရမတ္မွန္းပိုင္းျခားသိရင္ပညတ္ကိုလည္းသိပါတယ္။ဒါၾကာင့္နွစ္ခုစပ္ကိုသိမွဉာဏ္လို႔ေခၚပါတယ္။
ဒါေၾကာင့္ဆရာေတာ္ႀကီးမ်ားက“ပရမတ္ဉာဏ္အျမင္သန္လားရန္အဝီစိ´´လို႔ဆိုခဲ့တယ္။ဆိုလိုတာကေလာကမွာအမိမရွိ၊အဖမရွိ၊ဆရာမရွိ၊ဆိုၿပီးပညတ္ေတြကိုပယ္ရင္အမိဘကိုရိုေသျခင္း၊ဆရာကုိေလးစားျခင္းစတဲ့ေလာကက်င့္ဝတ္ေတြေပ်ာက္ၿပီးအပါယ္ေရာက္နိုင္ပါတယ္။
ထို႔အတူ“ပညတ္နိုင္ငံမလြန္ဆန္၊နိဗၺာန္မရပါ”လို႔ဆရာေတာ္ႀကီးမ်ားမိန္႔ေသးတယ္။တရားအားထုတ္တဲ့အခါမွာအမိ၊အဘ၊လူု၊နတ္၊အိမ္၊ေက်ာင္း၊စသည္ပညတ္ေတြအေပၚမွာစိတ္ကေရာက္ေနရင္လည္းဝိပႆနာမျဖစ္လို႔နိဗၺာန္နဲ႔ေဝးျပန္တယ္။။ဒါေၾကာင့္မ်ွၿပီးသံုးတတ္ရပါတယ္။သူ႔ေနရာနဲ႔သူအလိုက္သင့္ သံုးရပါမယ္။
ပညတ္ဆိုတာသိအပ္တဲ့“ေဉယ်ဓမၼတရားအျဖစ္ဘုရားေဟာတယ္။ဒါေၾကာင့္ပညတ္ကိုပယ္လိုမရဘူး။မစြဲမိဖို႔ပဲလိုတာ။ပညတ္ကိုပယ္တာဟာပရမတ္ကိုပယ္တာနဲ႔အတူတူပဲ။ဘာေၾကာင့္လဲဆိုေတာ့ ပရမတ္ ရွိေနလို႔သာ ပညတ္ ေပၚလာရတာျဖစ္တယ္။
ဒီေနရာမွာအေပါင္းစုသေဘာေလးကိုေျပာမယ္။ရုပ္ပရမတ္ျဖစ္တဲ့ပထဝီ၊အာေပါ၊ေတေဇာ၊ဝါေယာ၊တစ္ခုျခင္းစီကိုစူးစမ္းတဲ့အခါပညတ္သေဘာအစိုင္ခဲပံုစံမေတြ႕ရဘဲသေဘာတရားေလးသက္သက္မ်ွကိုသာေတြ႕ရတယ္။ဒီမွာပရမတ္လြန္ေတာ့တာပဲ။
ပထဝီစသည္ဓာတ္တစ္ခုျခင္းဆီမွာပံုသဏာၭန္မရွိပါဘူး။ဒါေပမဲ့အဲဒီဓာတ္ေတြဟာတစ္ခုျခင္းစီလည္းရပ္တည္နိုင္စြမ္းမရွိပါဘူး။အနည္းဆံုးမဟာဘုတ္ေလးပါးနဲ႔ဥပါဒါရုပ္ေလးပါးဟာေပါင္းစည္းၿပီးမွရပ္တည္လို႔ရပါတယ္။ပထဝီဟာသူ႔သက္သက္၊အာေပါဟာသူ႔သက္သက္၊ေတေဇာဟာသူ႔သက္သက္၊ဝါေယာဟာသူ႔သက္သက္ျဖစ္လို႔ရပါဘူး။ေပါင္းစုၿပီးမွ ျဖစ္ရတယ္။
ေပါင္းစုတယ္ဆိုတာမွာလည္းနွစ္မ်ိဳးရွိေၾကာင္းဆရာၾကီးဦးေ႐ႊေအာင္စာအုပ္မွာေတြ႕ရတယ္။နွစ္မ်ိဳးကေတာ့ “သံေယာဂ သမၺႏၶ နဲ႔ သမဝါယ သမၺႏၶ´´လို႔ဆိုတယ္။
သံေယာဂသမၺႏၶဆိုတာ”အစုအပံုသေဘာေရာေနွာျခင္း”မ်ိဳးပါ။ဥပမာ…အိမ္ေဆာက္ဖို႔အတြက္သစ္သား ၊ အုတ္ ၊ သဲ ၊ သံ စသည္တို႔ကိုစုပံုထားရင္အပံုႀကီးျဖစ္ၿပီးေရာေနတယ္။အဲဒီေရာေနွာျခင္းက အက်ိဳးတစ္ခုပီျပင္စြာ ျဖစ္မလာပါဘူး။ အဲဒီအပံုႀကီးကိုအိမ္လို႔ သတ္မွတ္လို႔ မရပါဘူး။
သမဝါယသမၺႏၶကေတာ့သစ္သားကသစ္သားတာဝန္ ၊ သံကသံတာဝန္ ၊ အုတ္က အုတ္တာဝန္ ၊သဲကသဲတာဝန္စသည္”အညီအၫြတ္ေရာေနွာျခင္း”ျဖစ္တယ္။သူ႔ေနရာနွင့္သူပါဝင္ေအာင္္လက္သမား၊ပရံဆရာကေရာေနွာထားလိုက္တဲ့အခါအိမ္ဆိုတဲ့ပံုေပၚလာတယ္။
ဒီဥပမာမွာနဂိုအစုအပံုတုန္းကလည္းသစ္သား၊အုတ္၊သဲ ၊သံတို႔ပဲ မဟုတ္လား။ ခုအိမ္မွာလည္း ဒီပစၥည္းေတြပဲမဟုတ္လား။အုတ္တစ္ခုခ်င္းဆီမွာအိမ္ပံုေပၚသလား၊သစ္သားမွာအိမ္ပံုေပၚသလား၊သံမွာေကာအိမ္ပံုေပၚသလား၊သဲမွာေကာအိမ္ပံုေပၚသလား၊တစ္ခုခ်င္းဆီမွာအိမ္ပံုမရွိဘူး။
ဟုတ္ၿပီ။အဲဒီပစၥည္းေတြကိုသမဝါယသမၺႏၶနည္းနဲ႔အင္ဂ်င္နီယာကေပါင္းလိုက္ေတာ့အိမ္ျဖစ္လာတယ္။ဒါေၾကာင့္အိမ္ကိုပယ္ရင္အုတ္သဲစသည္တို႔ကိုလည္းပယ္ရာေရာက္သြားပါတယ္။
မိလိႏၵမင္းႀကီးကရွင္နာဂသိန္ကိုေမးတယ္။ဆံပင္ဟာနာဂသိန္လား၊လက္ဟာနာဂသိန္လည္း၊ေျခေထာက္ဟာနာဂသိန္လားစသည္အဂၤါအစိတ္ပိုင္းတစ္ခုခ်င္းဆီကိုနာဂသိန္လားေတာ့“မဟုတ္ဘူး”လို႔ႀကီးပဲေျဖပါတယ္။
“ဒါဆိုနာဂသိန္ဆိုတာမရွိဘူးလား”ဆိုေတာ့ဘုရင္ကိုျပန္ေမးပါတယ္။
“မင္းႀကီး .ခုဘာနဲ႔လာသလဲ´´
“ရထားနဲ႔ပါ´´
`ဝင္ရိုးဟာရထားလား ´´
“မဟုတ္ပါ။´´
“ဘီးဟာရထားလား။´´
“မဟုတ္ပါ။´´
“ကိုယ္ထည္ဟာရထားလား။´´
“မဟုတ္ပါ”
“ဒါဆို ရထားမရွိဘူးလား´´
“ရွိပါတယ္´´
ဒီသေဘာပါပဲ။ ဝင္ရိုး၊ဘီး ၊အိမ္ စသည္မွာ ရထားမရွိေပမဲ့ အားလံုး အညီအၫြတ္ ေပါင္းစုသြားတဲ့အခါ ရထားလို႔ ေခၚေဝၚပညတ္ျခင္းေရာက္ရပါတယ္။
ပရမတ္သေဘာေလးေတြလည္း ဒီသေဘာပဲ။ တစ္ခုျခင္းဆီမွာလူ ၊ နတ္ ၊ အိမ္ ၊ ေက်ာင္း မရွိေပမဲ့ ။ ေပါင္းစုေပၚတတ္တဲ့သဘာဝအရလူ၊နတ္အျဖစ္သို႔သတ္မွတ္ျခင္း ေရာက္ရတယ္။
ဒါေၾကာင့္တရားစတင္အားထုတ္မဲ့ေယာဂီေတြအတြက္ဒိ႒ိဝိသုဒၶိျဖစ္ေစဖို႔ဒီလိုပိုင္းျခားသိထားရပါတယ္။ဒါမွ အားထုတ္တဲ့အခါ သံသယကင္းကင္း အျမင္ရွင္းရွင္းနဲ႔ အားထုတ္လို႔ရတာပါ။
ပညတ္နဲ႔ပရမတ္ဟာပိုက္ဆံတစ္႐ြက္လိုပဲျဖစ္တယ္။ဘက္နွစ္ဘက္ျပည့္စံုမွပိုက္ဆံဆိုတာျဖစ္ေပၚလာၿပီးအသံုးခ်လို႔ရတယ္။တစ္ဘက္ကေျပာင္ခ်ာႀကီးဆိုရင္အဲဒါကိုစကၠဴလို႔ပဲသတ္မွတ္တယ္။ပိုက္ဆံအျဖစ္ဘယ္သူမွအသိမွတ္မျပဳပါဘူး။ဒါေၾကာင့္တရားအားထုတ္တဲ့အခါပရမတ္ကိုအသံုးျပဳ၊သာမာန္ေနစဥ္မွာပညတ္ကိုအသံုးျပဳ၊ဒီလိုအသံုးျပဳတတ္ရင္ပညတ္ကိုပညတ္မွန္းလဲသိထားေတာ့အစြဲေတြေလ်ာ့လာပါတယ္။
ပညတ္ဟာပရမတ္လိုဓာတ္သားေတာ့မရဘူး။ဒါေၾကာင့္ဝိပႆနာ ရႈတဲ့ အခါ ဓာတ္သားအစစ္ကို ရႈရတာျဖစ္လို႔ပရမတ္ကိုအသံုးျပဳတယ္။ဒါကိုပဲ”ပညတ္ကိုခြာ၍ပရမတ္တို႔၏သေဘာကိုရႈတာဝိပႆနာလို႔ “အဓိပါၸယ္ဖြင့္တာျဖစ္တယ္။
ပညတ္သည္အရိပ္ျဖစ္၍စုပ္ကိုင္လို႔မရသလိုပရမတ္အပင္နဲ႔ကင္းၿပီးအရိပ္မထြက္္ဘဲလဲမေနဘူး။အပင္ဟာအရိပ္နဲ႔တြဲၿပီးေနရသလိုအရိပ္ဟာလည္းအပင္နဲ႔တြဲၿပီးေနရတယ္။ဒါေၾကာင့္အပင္ကိုအပင္မွန္း၊အရိပ္ကိုအရိပ္မွန္းသာသိဖို႔လိုရင္းျဖစ္တယ္။တကူးတကန္႔ေၾကာက္လန္႔ၿပီးပညတ္ကိုပယ္ေနစရာမလိုဘူး။အတုဆိုတာပယ္လို႔ရတဲ့တရားမ်ိဳးမွမဟုတ္တာ။
က်ြန္ုပ္တို႔ခရီးသြားေတြလည္းငါမဟုတ္ေသာအတုငါျဖစ္ေနတာကိုပိုင္းပိုင္းျခားျခားပိုင္ပိုင္နိဳင္နိဳင္သိရင္ဒီခႏၶာကိုေဘးလူအေနနဲ႔ၾကည့္နိဳင္ျပီ္။အစစ္မဟုတ္ေသာအတုသာျဖစ္လို႔စြဲလမ္းတပ္မက္မႈလည္းပါးလ်ေပ်ာက္ကြယ္လာတယ္။
ဘီလူးအစားမခံခ်င္ရင္ေတာ့ခႏၶာဆိုတဲ့ဇရပ္ပ်က္ၾကီးအေပၚမတည္းၾကေတာ့နဲ႔ေပါ့။
အရွင္ပညာသီရိ ( ရမၼာကၽြန္း )
{၂၀၁၆ ခုႏွစ္ – ဧၿပီလ – အပၸမာဒ ဓမၼရသ မဂၢဇင္း }
(Unicode)

“ ငါမဟုတ်သောငါ ´´

ခရီးသွားလူတစ်ယောက်ဟာဇရပ်တစ်ဆောင်ပေါ်မှာတက်ပြီးအနားယူတယ်။ညရောက်တော့လူသေအလောင်းကောင်ကိုထမ်းပြီးဘီလူးတစ်ကောင်ဇရပ်ပေါ်ရောက်လာတယ်။ခရီးသည်ကြီးသိပ်ကြောက်နေတာပေါ့။ခဏနေတော့နောက်ဘီလူးတစ်ကောင်ဝုန်းကနဲပေါ်လာပြန်တယ်။ဘီလူးနှစ်ကောင်ဟာလူသေအလောင်းကိုစားမလို့လုကြတယ်။သူ့ဟာငါ့ဟာဆိုပြီးအငြင်းအခုန်ဖြစ်ကြတယ် ။

ခရီးသည်ကြီးဆီကအဆုံးဖြတ်ခံမယ်ဆိုပြီးပြောကြတယ်။ခရီးသည်ကြီးကမဆုံးဖြတ်ရဲဘူး။တစ်ကောင်ကိုအနိုင်ပေးရင်နောက်တစ်ကောင်ကမကျေနပ်ပဲသူ့ကိုစားမှာကြောက်ရတယ်။မဆုံးဖြတ်လို့ကလည်းမဖြစ်ဘူး။ဘီလူးတွေကခိုင်းနေတော့ကြောက်လို့လုပ်ကိုလုပ်ရတော့မယ်။ကြောက်ကြောက်နဲ့ပထမဘီလူးသည်သာ အလောင်းကိုရထိုက်ကြောင်း အမှန်အတိုင်း ဆုံးဖြတ်ပေးလိုက်တယ်။

ဒီတော့နောက်ရောက်လာတဲ့ဘီလူးကမကျေမနပ်ဖြစ်ပြီးသူ့ကိုစားမလို့လုပ်တော့တယ်။ခရီးသည်ကြီးကရဲ့လက်တစ်ချောင်းကိုဆွဲဖြုတ်ပြီးစ,စားတယ်။ပထဘီလူးကအမှန်အတိုင်းဆုံးဖြတ်ပေးတဲ့ခရီးသည်ကြီးကိုကျေးဇူးတင်တဲ့အတွက်ပြုတ်သွားတဲ့လက်နေရာမှာအလောင်းကောင်ကလက်ကိုတပ်ပေးလိုက်တယ်။ဒုတိယဘီလူးကနောက်လက်တစ်ဘက်ထပ်ဖြုတ်စားတယ်။ပထမဘီဘူးကအလောင်းကလက်ကိုထပ်တပ်ပေးတယ်။ဒီလိုနဲ့ဒုတိယဘီလူးကအင်္ဂါအစိတ်ပိုင်းတစ်ခုဆီကိုဖြုတ်ပြီးစားလိုက်၊ပထမဘီလူးကပြန်တပ်ပေးလိုက်နဲ့နောက်ဆုံးဒုတိယဘီလူးအားလုံးကိုစားလို့ကုန်သွားပေမဲ့ခရီးသည်ကြီးမှာတော့အင်္ဂါင်္တစ်ခုမှချွတ်ယွင်းမှုမရှိတော့ဘူး။

ဘီလူနှစ်ကောင်ဇရပ်ပေါ်ကပြန်သွားတော့သူ့ကိုယ်သူကြည့်လိုက်တယ်။သူတော့သူပဲ။ဒါပေမဲ့သူမဟုတ်တော့တာကိုသွားတွေ့တယ်။အားလုံးဟာအစားထိုးတားတဲ့သူဖြစ်နေတယ်။

ပုံပြင်ရဲ့ဆိုလိုချက်ကိုသဘောပေါက်ကြမလားပဲ။ကျွန်ုပ်တို့ဟာငါမဟုတ်သောငါတွေပါ။အချိန်တိုင်းအစားထိုးနေတာကိုသတိမထားတတ်ကြဘူး။စောစောကငါနဲ့အခုငါကိုအတူတူထင်နေကြတယ်။မဟုတ်တော့ဘူးနော်။အသစ်ဖြစ်သောငါဖြစ်နေပြီ။စောစောကငါနဲ့အခုငါဟာအတူတူမဟုတ်တော့ဘူး။စောစောကငါရဲ့အကြောင်းအထောက်ပ့ံကြောင့်အသစ်ဖြစ်လာတဲ့ငါ ဖြစ်နေတာ။

အတူတူမဟုတ်ပေမဲ့ပတ်သက်မှုတော့ရှိနေတယ်။ဖယောင်းတိုင်မီးတောက်လေးတစ်ခုဟာမီးဇာစလေးတစ်ခုကိုလောင်ပြီးတာနဲ့အပြီးငြိမ်းသွားပြီ။ဒါပေမဲ့နောက်မီးဇာကိုဆက်လောင်ဖို့ ပထမမီးတောက်က အကြောင်းဆက်ပေးခဲ့ရတယ်။ဒါကြောင့်မီးဇာတွေအဆက်မပြတ်လောင်ပြီးမီးတောက်အလျဉ်အဖြစ်ကျွန်ုပ်တို့ မြင်နေကြရတာဖြစ်တယ်။

ဖယောင်းတိုင်နှစ်တိုင်ကိုယှဉ်ကြည့်။ပထမဖယောင်းတိုင်ကမီးကိုဒုတိယဖယောင်းတိုင်မှာကူးလိုက်။ဒုတိယဖယောင်းတိုင်ရဲ့မီးဟာပထမဖယောင်းတိုင်မီးတော့မဟုတ်ဘူး။ဒုတိယဖယောင်းတိုင်ကမီးဇာကိုစွဲပြီးလောင်နေတဲ့မီးအသစ်သာဖြစ်တယ်။အသစ်မီးဆိုပေမဲ့ပထမဖယောင်းတိုင်မီးရဲ့အကြောင်းကြောင့်သာ ဒုတိယ ဖယောင်တိုင် မီးဇာလောင်နိုင်တာဖြစ်တယ်။

ဒါကြောင့်ပထမနဲ့ဒုတိယသည်မတူပေမဲ့အကြောင်းလည်းမကင်းကြပြန်ဘူး။ဒါကိုပဲတစ်ခုတည်းလည်းမဟုတ်၊သီးခြားလည်းမဟုတ်အကြောင်းကြောင့်အကျိုးလို့ဗုဒ္ဓဟောကြားခဲ့တာဖြစ်တယ်။

ဖယောင်းတိုင်နှစ်တိုင်ကိုပူးထားလိုက်ရင်မီးတောက်တစ်ခုအဖြစ်ပဲရှိနေတယ်လို့မြင်နေရတယ်။အမှန်တော့သူ့မီးဇာနဲ့သူသီခြားဆီလောင်နေတာသာဖြစ်တယ်။အမြဲလည်းရှိနေတာမဟုတ်ဘူး။မီးဇာအမှုန်မွှားလေးတွေကိုလောင်လိုက် ၊ကုန်သွားလိုက်၊နောက်မီးဇာလေးတွေကို လောင်လိုက်နဲ့ အရမ်းလျင်မြန်လို့ အမြဲရှိနေတဲ့မီးတောက်တစ်ခုအဖြစ်စိတ်ကိုလှည့်စားသွားတာသာဖြစ်တယ်။ဒါဝိပ္ပလ္လာသဆိုတဲ့ဖောက်ပြန် မှားယွင်းစွာ မြင်မှုတွေဖြစ်တယ်။

ညအခါကောင်းကင်ကိုကြည့့်လိုက်ရင်ကြယ်တွေကိုတွေ့ရတယ်။ဒီကြယ်တွေဟာကမ္ဘာနဲ့မိုင်သန်းချီဝေးကြတယ်။သူတို့ရဲ့အလင်းကမ္ဘာကိုရောက်ဖို့နှစ်တွေအများကြီးဖြတ်လာရမှာပဲ။ဒါဆိုရင်သူတိ့ုကိုကျွန်ုပ်တို့မြင်နေရတာဟာအလင်းသာဖြစ်လို့အဲဒီအလင်းကျွန်ုပ်တို့မျက်စိမှာထိခတ်ချိန်မှာနဂိုမူလကြယ်မဟုတ်နိုင်တော့ဘူး။နှစ်နဲ့ချီပြီးကြာခဲ့ပြီ် ဖြစ်နေပြီပဲ။အတိတ်က ကြယ်ကြီးဖြစ်နေပြီ။

အတော်အံ့ဖို့ကောင်းတဲ့သဘာဝပဲ။မိမိအရှေ့ကမြင်နေရတဲ့အရာကိုသွားကိုင်ကြည့်လိုက်ရင်မူလမြင်ရတဲ့အရာမဟုတ်တောပြန်ဘူး။ထိမိတဲ့အချိန်မှာအစားထိုးလာတဲ့အသစ်ကြီးဖြစ်နေပြန်ပြီ။ဒါဆိုလောကဆိုတာအတုတွေနဲ့ကျင်လည်နေကြတာပေါ့။သတ္တလောကဆိုတဲ့သတ္တဝါတွေကိုကြည့်ရင်အစစ်ကိုမတွေ့ရဘူး။သြကာသလောကဆိုတဲ့သတ္တဝါတွေရဲ့ဖြစ်ရာဘုံကိုကြည့်ရင်လည်းအတုတွေပဲ။သင်္ခာရလောကဆိုတဲ့ရုပ်နာမ်သာလျှင် အစစ်ဖြစ်တယ်။အစစ်ဆိုတာက ကြာရှည်မခံဘူး။ တကယ့်ခဏတာလေးရယ်။ ဒါကိုမသိတော့အတုကိုအစစ်ထင်ပြီးအမြဲရှိနေတယ်လို့ ယူဆသွားသွားကြတယ်။

အတုနဲ့အစစ်ဆိုတာကလည်းဒွန်တွဲနေတတ်တာဖြစ်တယ်။အစစ််ကိုရှာရင်းအတုထဲမှာပြန်လည်နေတတ်တယ်။

တချို့ကတစ်ဘက်သတ်လွန်ပြေးသွားတာလေးတွေလည်းတွေ့ရတယ်။ဘာလဲဆိုတော့“လောကကြီးမှာရှိနေတာပရမတ်သဘောတွေသာဖြစ်တယ်။လူ၊နတ်၊အိမ်၊ကျောင်း၊စတာတွေဟာအရှိမဟုတ်ဘူး´´ဆိုပြီး ပရမတ်ဘက်ကို လွန်ပြေးသွားတယ်။

ဒါလည်းအန္တရာယ်ပဲ။“ပညတ် ပရမတ် သိသည်မှတ်၊ သူမြတ်မဆိုသာ ၊ ပညတ် ပရမတ် နှစ်ခုစပ် ၊သူမြတ်ခေါ်သည်သာလို့´´ရှေးဆရာတော်ကြီးများရဲ့ဆိုရိုးလေးရှိတယ်။သာမာန်လောကထဲမှာနေစဉ်တုန်းကပညတ်နဲ့ကျင််လည်နေကြတယ်။ဒါပေမဲ့ပညတ်မှန်းမသိကြပါဘူး။တရားအားထုတ်သင်ယူလာတဲ့အခါ ပရမတ်သဘောလေးတွေကိုတွေ့လာတယ်။ ဒီမှာ အချင့်ချိန်မမှန်ပဲ “ ပညတ်မရှိ ၊ ပရမတ်သာ ရှိသည် ´´ဆိုပြီး ပရမတ်ဘက်လွန်သွားပြန်တယ်။

ဉာဏ်ဆိုတာ”အပြားအားဖြင့်သိခြင်း၊ အမျိုးမျိုးအစားစား ကိုခွဲခြားသိခြင်း”လို့ ဆိုတယ်။ပညတ်ကို ပညတ်မှန်းပိုင်းခြားသိရင်၊ပရမတ်ကိုလည်းသိတယ်။ပရမတ်ကိုပရမတ်မှန်းပိုင်းခြားသိရင်ပညတ်ကိုလည်းသိပါတယ်။ဒါကြာင့်နှစ်ခုစပ်ကိုသိမှဉာဏ်လို့ခေါ်ပါတယ်။

ဒါကြောင့်ဆရာတော်ကြီးများက“ပရမတ်ဉာဏ်အမြင်သန်လားရန်အဝီစိ´´လို့ဆိုခဲ့တယ်။ဆိုလိုတာကလောကမှာအမိမရှိ၊အဖမရှိ၊ဆရာမရှိ၊ဆိုပြီးပညတ်တွေကိုပယ်ရင်အမိဘကိုရိုသေခြင်း၊ဆရာကိုလေးစားခြင်းစတဲ့လောကကျင့်ဝတ်တွေပျောက်ပြီးအပါယ်ရောက်နိုင်ပါတယ်။

ထို့အတူ“ပညတ်နိုင်ငံမလွန်ဆန်၊နိဗ္ဗာန်မရပါ”လို့ဆရာတော်ကြီးများမိန့်သေးတယ်။တရားအားထုတ်တဲ့အခါမှာအမိ၊အဘ၊လူု၊နတ်၊အိမ်၊ကျောင်း၊စသည်ပညတ်တွေအပေါ်မှာစိတ်ကရောက်နေရင်လည်းဝိပဿနာမဖြစ်လို့နိဗ္ဗာန်နဲ့ဝေးပြန်တယ်။။ဒါကြောင့်မျှပြီးသုံးတတ်ရပါတယ်။သူ့နေရာနဲ့သူအလိုက်သင့် သုံးရပါမယ်။

ပညတ်ဆိုတာသိအပ်တဲ့“ဉေယျဓမ္မတရားအဖြစ်ဘုရားဟောတယ်။ဒါကြောင့်ပညတ်ကိုပယ်လိုမရဘူး။မစွဲမိဖို့ပဲလိုတာ။ပညတ်ကိုပယ်တာဟာပရမတ်ကိုပယ်တာနဲ့အတူတူပဲ။ဘာကြောင့်လဲဆိုတော့ ပရမတ် ရှိနေလို့သာ ပညတ် ပေါ်လာရတာဖြစ်တယ်။

ဒီနေရာမှာအပေါင်းစုသဘောလေးကိုပြောမယ်။ရုပ်ပရမတ်ဖြစ်တဲ့ပထဝီ၊အာပေါ၊တေဇော၊ဝါယော၊တစ်ခုခြင်းစီကိုစူးစမ်းတဲ့အခါပညတ်သဘောအစိုင်ခဲပုံစံမတွေ့ရဘဲသဘောတရားလေးသက်သက်မျှကိုသာတွေ့ရတယ်။ဒီမှာပရမတ်လွန်တော့တာပဲ။

ပထဝီစသည်ဓာတ်တစ်ခုခြင်းဆီမှာပုံသဏာ္ဌန်မရှိပါဘူး။ဒါပေမဲ့အဲဒီဓာတ်တွေဟာတစ်ခုခြင်းစီလည်းရပ်တည်နိုင်စွမ်းမရှိပါဘူး။အနည်းဆုံးမဟာဘုတ်လေးပါးနဲ့ဥပါဒါရုပ်လေးပါးဟာပေါင်းစည်းပြီးမှရပ်တည်လို့ရပါတယ်။ပထဝီဟာသူ့သက်သက်၊အာပေါဟာသူ့သက်သက်၊တေဇောဟာသူ့သက်သက်၊ဝါယောဟာသူ့သက်သက်ဖြစ်လို့ရပါဘူး။ပေါင်းစုပြီးမှ ဖြစ်ရတယ်။

ပေါင်းစုတယ်ဆိုတာမှာလည်းနှစ်မျိုးရှိကြောင်းဆရာကြီးဦးရွှေအောင်စာအုပ်မှာတွေ့ရတယ်။နှစ်မျိုးကတော့ “သံယောဂ သမ္ဗန္ဓ နဲ့ သမဝါယ သမ္ဗန္ဓ´´လို့ဆိုတယ်။

သံယောဂသမ္ဗန္ဓဆိုတာ”အစုအပုံသဘောရောနှောခြင်း”မျိုးပါ။ဥပမာ…အိမ်ဆောက်ဖို့အတွက်သစ်သား ၊ အုတ် ၊ သဲ ၊ သံ စသည်တို့ကိုစုပုံထားရင်အပုံကြီးဖြစ်ပြီးရောနေတယ်။အဲဒီရောနှောခြင်းက အကျိုးတစ်ခုပီပြင်စွာ ဖြစ်မလာပါဘူး။ အဲဒီအပုံကြီးကိုအိမ်လို့ သတ်မှတ်လို့ မရပါဘူး။

သမဝါယသမ္ဗန္ဓကတော့သစ်သားကသစ်သားတာဝန် ၊ သံကသံတာဝန် ၊ အုတ်က အုတ်တာဝန် ၊သဲကသဲတာဝန်စသည်”အညီအညွတ်ရောနှောခြင်း”ဖြစ်တယ်။သူ့နေရာနှင့်သူပါဝင်အောင််လက်သမား၊ပရံဆရာကရောနှောထားလိုက်တဲ့အခါအိမ်ဆိုတဲ့ပုံပေါ်လာတယ်။

ဒီဥပမာမှာနဂိုအစုအပုံတုန်းကလည်းသစ်သား၊အုတ်၊သဲ ၊သံတို့ပဲ မဟုတ်လား။ ခုအိမ်မှာလည်း ဒီပစ္စည်းတွေပဲမဟုတ်လား။အုတ်တစ်ခုချင်းဆီမှာအိမ်ပုံပေါ်သလား၊သစ်သားမှာအိမ်ပုံပေါ်သလား၊သံမှာကောအိမ်ပုံပေါ်သလား၊သဲမှာကောအိမ်ပုံပေါ်သလား၊တစ်ခုချင်းဆီမှာအိမ်ပုံမရှိဘူး။

ဟုတ်ပြီ။အဲဒီပစ္စည်းတွေကိုသမဝါယသမ္ဗန္ဓနည်းနဲ့အင်ဂျင်နီယာကပေါင်းလိုက်တော့အိမ်ဖြစ်လာတယ်။ဒါကြောင့်အိမ်ကိုပယ်ရင်အုတ်သဲစသည်တို့ကိုလည်းပယ်ရာရောက်သွားပါတယ်။

မိလိန္ဒမင်းကြီးကရှင်နာဂသိန်ကိုမေးတယ်။ဆံပင်ဟာနာဂသိန်လား၊လက်ဟာနာဂသိန်လည်း၊ခြေထောက်ဟာနာဂသိန်လားစသည်အင်္ဂါအစိတ်ပိုင်းတစ်ခုချင်းဆီကိုနာဂသိန်လားတော့“မဟုတ်ဘူး”လို့ကြီးပဲဖြေပါတယ်။

“ဒါဆိုနာဂသိန်ဆိုတာမရှိဘူးလား”ဆိုတော့ဘုရင်ကိုပြန်မေးပါတယ်။

“မင်းကြီး .ခုဘာနဲ့လာသလဲ´´

“ရထားနဲ့ပါ´´

`ဝင်ရိုးဟာရထားလား ´´

“မဟုတ်ပါ။´´

“ဘီးဟာရထားလား။´´

“မဟုတ်ပါ။´´

“ကိုယ်ထည်ဟာရထားလား။´´

“မဟုတ်ပါ”

“ဒါဆို ရထားမရှိဘူးလား´´

“ရှိပါတယ်´´

ဒီသဘောပါပဲ။ ဝင်ရိုး၊ဘီး ၊အိမ် စသည်မှာ ရထားမရှိပေမဲ့ အားလုံး အညီအညွတ် ပေါင်းစုသွားတဲ့အခါ ရထားလို့ ခေါ်ဝေါ်ပညတ်ခြင်းရောက်ရပါတယ်။

ပရမတ်သဘောလေးတွေလည်း ဒီသဘောပဲ။ တစ်ခုခြင်းဆီမှာလူ ၊ နတ် ၊ အိမ် ၊ ကျောင်း မရှိပေမဲ့ ။ ပေါင်းစုပေါ်တတ်တဲ့သဘာဝအရလူ၊နတ်အဖြစ်သို့သတ်မှတ်ခြင်း ရောက်ရတယ်။

ဒါကြောင့်တရားစတင်အားထုတ်မဲ့ယောဂီတွေအတွက်ဒိဋ္ဌိဝိသုဒ္ဓိဖြစ်စေဖို့ဒီလိုပိုင်းခြားသိထားရပါတယ်။ဒါမှ အားထုတ်တဲ့အခါ သံသယကင်းကင်း အမြင်ရှင်းရှင်းနဲ့ အားထုတ်လို့ရတာပါ။

ပညတ်နဲ့ပရမတ်ဟာပိုက်ဆံတစ်ရွက်လိုပဲဖြစ်တယ်။ဘက်နှစ်ဘက်ပြည့်စုံမှပိုက်ဆံဆိုတာဖြစ်ပေါ်လာပြီးအသုံးချလို့ရတယ်။တစ်ဘက်ကပြောင်ချာကြီးဆိုရင်အဲဒါကိုစက္ကူလို့ပဲသတ်မှတ်တယ်။ပိုက်ဆံအဖြစ်ဘယ်သူမှအသိမှတ်မပြုပါဘူး။ဒါကြောင့်တရားအားထုတ်တဲ့အခါပရမတ်ကိုအသုံးပြု၊သာမာန်နေစဉ်မှာပညတ်ကိုအသုံးပြု၊ဒီလိုအသုံးပြုတတ်ရင်ပညတ်ကိုပညတ်မှန်းလဲသိထားတော့အစွဲတွေလျော့လာပါတယ်။

ပညတ်ဟာပရမတ်လိုဓာတ်သားတော့မရဘူး။ဒါကြောင့်ဝိပဿနာ ရှုတဲ့ အခါ ဓာတ်သားအစစ်ကို ရှုရတာဖြစ်လို့ပရမတ်ကိုအသုံးပြုတယ်။ဒါကိုပဲ”ပညတ်ကိုခွာ၍ပရမတ်တို့၏သဘောကိုရှုတာဝိပဿနာလို့ “အဓိပါ္ပယ်ဖွင့်တာဖြစ်တယ်။

ပညတ်သည်အရိပ်ဖြစ်၍စုပ်ကိုင်လို့မရသလိုပရမတ်အပင်နဲ့ကင်းပြီးအရိပ်မထွက််ဘဲလဲမနေဘူး။အပင်ဟာအရိပ်နဲ့တွဲပြီးနေရသလိုအရိပ်ဟာလည်းအပင်နဲ့တွဲပြီးနေရတယ်။ဒါကြောင့်အပင်ကိုအပင်မှန်း၊အရိပ်ကိုအရိပ်မှန်းသာသိဖို့လိုရင်းဖြစ်တယ်။တကူးတကန့်ကြောက်လန့်ပြီးပညတ်ကိုပယ်နေစရာမလိုဘူး။အတုဆိုတာပယ်လို့ရတဲ့တရားမျိုးမှမဟုတ်တာ။

ကျွန်ုပ်တို့ခရီးသွားတွေလည်းငါမဟုတ်သောအတုငါဖြစ်နေတာကိုပိုင်းပိုင်းခြားခြားပိုင်ပိုင်နိုင်နိုင်သိရင်ဒီခန္ဓာကိုဘေးလူအနေနဲ့ကြည့်နိုင်ပြီ်။အစစ်မဟုတ်သောအတုသာဖြစ်လို့စွဲလမ်းတပ်မက်မှုလည်းပါးလျပျောက်ကွယ်လာတယ်။

ဘီလူးအစားမခံချင်ရင်တော့ခန္ဓာဆိုတဲ့ဇရပ်ပျက်ကြီးအပေါ်မတည်းကြတော့နဲ့ပေါ့။

အရှင်ပညာသီရိ ( ရမ္မာကျွန်း )

{၂၀၁၆ ခုနှစ် – ဧပြီလ – အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း }

LEAVE A REPLY

Please enter your comment!
Please enter your name here