၀ီရိယေကာင္းေၾကာင့္ ဘ၀ဒုကၡအေပါင္းမွ
လြတ္ေျမာက္ရတ့ဲ ေသာဏာေထရီ
🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷 🌷
တခါက အရမ္းခ်မ္းသာၾကြယ္ဝတဲ႕ အမ်ိဳးသမီးတဦးရွိသတဲ့။
တေန ့ သူ ့ေယာက္်ားက ရဟန္းျပဳသြားပါေလေရာ
သူ ့မွာ သားသမီးေပါင္း ၁၄ ေယာက္ရွိတယ္ သူလဲ သားသမီးေတြ ကို အေမြေတြအကုန္ ခြဲေပးလိုက္တယ္ ဆိုေတာ့ ဘာမွမရွိေတာ့တဲ႕ အေမအိုကို သားသမီးေတြက လုပ္ေက်ြးၾကတာေပါ့။
ဒါေပမယ့္ ၂ ရက္ ၃ ရက္ ၾကာလာေတာ့ သားသမီးေတြက ျငဴစူ လာၾကတယ္ ေစာင္းေျမာင္းေျပာလာၾကတယ္။
ဒါနဲ႕ သူလဲ ေတာ္ေတာ္ေလး သံေဝဂရျပီး ရဟန္းမေတြ ဆီမွာ ရဟန္းမဝတ္ ခဲ႕သတဲ႕။
သူဟာ တေန ့ေတာ့ ဝတ္မေက်တဲ႕ အျပစ္တခုေၾကာင့္ ဒဏ္ေပးခံရတယ္
အဲ႕ဒီမွာ သူ ့သားသမီးေတြသိေတာ့ ဝိုင္း ေလွာင္ေျပာင္ၾကတယ္
ဒီအရြယ္ေရာက္ေနျပီ ရဟန္းက်င့္ဝတ္ေတာင္ မသိဘူးလား စသျဖင့္ေပါ့။
ေလာကမွာ ေယာနိေသာ မနသိကာရ စိတ္ထားရွိတဲ႕သူေတြဟာ ဘဝရဲ႕ ရိုက္ခတ္မႈကို ၾကံဳရတဲ႕အခါ လဲမက်သြားဘဲ စိတ္ဓာတ္ခြန္အား အျဖစ္ေျပာင္းပစ္ တတ္ၾကပါတယ္…
အဲ႕ဒါနဲ႕ သူဟာ ငါဟာ အသက္ၾကီးေနျပီဆိုေတာ့ သူမ်ားထက္ပိုၾကိဳး စားမွျဖစ္မယ္.. ဝီရိယအားတိုးမွျဖစ္မယ္ေပ့ါ သူလဲ အရမ္းၾကိဳးစားတယ္
ရဟန္းမေတြရဲ႕ ေဝယ်ာဝစၥေတြကို လုပ္တာလဲ မပ်က္ေစရသလို သတိပဌာန္ကို လဲ အေသအေက်အားထုတ္တယ္ ညဘက္မွာ လံုးဝမအိိပ္ဘဲ
ထိုင္ျပီး အားထုတ္ မတ္တပ္ရပ္ျပီးအားထုတ္ (မတ္တပ္ရပ္ေတာ့ တိုင္တစ္တိုင္ကို ကိုင္ထားရတယ္ အသက္ၾကီးေတာ့ လဲက်သြားမွာစိုးလို႔)
လမ္းေလ်ာက္ရင္းလဲ အားထုတ္ (လမ္းေလ်ာက္ရင္လဲ သစ္ပင္တပင္ကို ကိုင္ျပီး အဲ႕သစ္ပင္ကို ပတ္ ေလ်ွာက္ျပီးပြားမ်ားတယ္ ဟိုတိုက္ဒီတိုက္ျဖစ္မွာစိုးလို႔)
ေတြးၾကည့္ ျမင္ၾကည့္ရင္ အရမ္းၾကည္ညိဳဖို ့ေကာင္း စိတ္အားတက္ ဖို ့ေကာင္းပါတယ္။
ဝီရိယေကာင္းလြန္းလို ့ သူ ့ကို အာရဒၶ ဝီရိယ ေသာဏာေထရီ လို ့ေခၚၾကသတဲ႕
ဒီလိုနဲ႕ တေန ့က် ရဟန္းမအေဖာ္ေတြက သြားစရာ ရွိလို ့ သူ ့ကို ေရေႏြးအိုး တည္ခိုင္းထားသတဲ့။
သူလဲ ေရေႏြးအိုးတည္တဲ့ အေဆာင္နားေလးမွာ ေရေႏြးမတည္ခင္ အရင္ဆံုး လမ္းေလ်ာက္ရင္း သတိပဌာန္ပြားေနသတဲ့ ။ ဒီမွာ ဘုရားရွင္က ေရာင္ျခည္ေတာ္ လႊတ္ေပးျပီး တရားတပုဒ္ ေဟာလိုက္တယ္
‘ေလာကကေနလြတ္ေျမာက္ေၾကာင္းျဖစ္တဲ႕ ေလာကုတၱရာ ကိုးပါးကို မသိပဲ အသက္ရွင္ရတဲ႕ ရက္တစ္ရာထက္ လက္ေတြ႕သိျပီး အသက္ရွင္ရတဲ႕ တစ္ရက္က ပိုျမတ္ပါတယ္’ တဲ႕
အဲ႕ဒီတရားကို နာျပီး သူဟာ သတိပဌာန္ကို အားထုတ္လိုက္တာ တရားလဲဆံုး ရဟႏၱာလဲျဖစ္သြားေတာ့တယ္
ဒါနဲ႕ ရဟန္းမအေဖာ္ေတြ ျပန္လာတဲ႕အခါ ေရေႏြးမတည္ရေသးလို ့ သူ ့ကို လာေမးတယ္
အဲ႕ဒါနဲ႕ ရဟႏၱာမၾကီးဟာ ေရေႏြးအိုးကို ဖြင့္ၾကည့္ပါ ၾကိဳက္သလို ခပ္ျပီး လိုသေလာက္သံုးပါေပါ့
ရဟန္းမေတြလဲ ခါတိုင္းနဲ႕ မတူ တည္ျငိမ္ေနတဲ႕ ရဟႏၱာမၾကီးကို အံ႕ၾသျပီး တခုခုပဲေပါ့။ အဲ႕ဒါနဲ႕ ေရေႏြးအိုးထဲၾကည့္ေတာ့ ေရေတြက ပူၾကပ္ေနသတဲ႕ ခပ္တိုင္းလဲ မကုန္ပဲ ျပန္ျပန္ျပည့္ေနသတဲ႕
ဒီေတာ့ မွ ရဟႏၱာျဖစ္ေနမွန္း ရိပ္မိသြားၾကျပီး ေျပာမွားဆိုမွားရွိရင္ ခြင့္လႊတ္ဖို ့ ဝိုင္းေတာင္းပန္ၾကတယ္…
သူေတာ္ေကာင္းဆိုေတာ့လဲ ခြင့္လႊတ္တာပဲေပါ့
အဲ႕ဒါနဲ႕ပဲ ရဟန္းေတြကုိ ဘြဲ႕ခ်ီးျမွင့္ေပးတဲ႕ အခမ္းအနားမွာ အသက္ၾကီး ရင့္ေပမယ့္ ဝီရိယအားေကာင္းလြန္းလို ့ ရဟႏၱာျဖစ္ရတဲ႕ ေသာဏာေထရီကို ဘုရားက
‘အာရဒၶ ဝီရိယ ဧကတဂ္ဘြဲ႕ ‘
‘ဝီရိယေကာင္းတဲ႕ေနရာမွာ အသာဆံုး အျမတ္ဆံုး ဘြဲ႕’
ခ်ီးျမင့္ခဲ႕ပါတယ္…
=======================
ေလာကုတၱရာဟု ဆိုရာတြင္ မဂ္၊ ဖိုလ္၊ နိဗၺာန္ဟု အက်ဥ္းအားျဖင့္ ၃ မ်ိဳး၊ အက်ယ္အားျဖင့္ “မဂ္ ၄ ပါး, ဖိုလ္ ၄ ပါး, နိဗၺာန္” – စုစုေပါင္း ေလာကုတၱရာ ၉ ပါး ျဖစ္၏။
ေလာကုတၱရာစိတ္ အက်ဥ္းအားျဖင့္ ၈ ပါး ရွိရာ –
(၁) ေသာတာပတၱိမဂ္စိတ္
(၂) သကဒါဂါမိမဂ္စိတ္
(၃) အနာဂါမိမဂ္စိတ္
(၄)အရဟတၱမဂ္စိတ္ ဟူေသာ မဂ္စိတ္ ၄-ပါးကို ‘ေလာကုတၱရာကုသိုလ္စိတ္’ ဟု ေခၚ၏။
(၅) ေသာတာပတၱိဖိုလ္စိတ္
(၆) သကဒါဂါမိဖိုလ္စိတ္
(၇)အနာဂါမိဖိုလ္စိတ္
(၈) အရဟတၱဖိုလ္စိတ္ ဟူေသာ ဖိုလ္စိတ္ ၄-ပါးကို ‘ေလာကုတၱရာဝိပါက္စိတ္’ဟု ေခၚ၏။
======================
“၀ီရိယျဖစ္ေၾကာင္း (၈)မ်ိဳး”
(၀ီရိယာရ မၻ ၀တၳဳ)
၁။ ျပဳလတၱံေသာ အမႈကိစၥ ကိုရည္ညႊန္း၍ “ငါ့မွာ လုပ္စရာကိစၥသစ္တစ္ခု ေပၚလာရန္ရွိေနတယ္။ ေပၚလာလွ်င္ ဒီ အလုပ္မၿပီးပဲ ရွိလိမ္႔မည္။ယခု ကတည္း က ၿပီးေအာင္လုပ္ထားႏွင့္မွေတာ္မယ္။” ဟုႏွလံုးသြင္း၍လုပ္ရျခင္း။
၂။ ျပဳၿပီး အမႈကိစၥ ကိုရည္ညႊန္း၍ “ငါ့မွာ ကိစၥသစ္တစ္ခု ေပၚလာ လို႔လုပ္ေနက်အလုပ္ လစ္ဟင္းခဲ႔ရတယ္။ယခုတာ့ ထိုၾကား ျဖတ္အလုပ္ လဲၿပီးသြားၿပီ။ ယခု ပိုၿပီး ႀကိဳးစားလိုက္ဦးမွ”ဟု လုပ္ေနက် အလုပ္ကိုမဲတင္း လုပ္ျခင္း။
၃။ ခရီးသြားလာမႈႏွင့္စပ္၍ “ငါ့မွာ ခရီးသြားရန္ရွိေန တယ္။ သြားလွ်င္ ဒီအလုပ္ပ်က္ေနဦးမယ္။ ယခု ထဲက ႀကိဳးစားလုပ္ထားမွ”ဟု ဆင္ျခင္၍ လုပ္ရျခင္း။
၄။ သြားၿပီးခရီး ႏွင့္စပ္၍ “ငါ့မွာ ခရီးသြားလို႔ေတာ့ၿပီးသြားၿပီ္။ အလုပ္မ်ားလစ္ဟင္းခဲ႔တာ ႀကိဳးစားၿပီး လုပ္ဦးမွ” ဟုႏွလံုးသြင္း၍လုပ္ရျခင္း။
၅။ ျဖစ္ဆဲေရာဂါ ကိုအေၾကာင္းျပဳ၍ “ငါ့မွာ မက်န္းမမာစျပဳေနၿပီ္။ဒိထက္ဆိုးလာရင္ ဒီအလုပ္ မလုပ္ႏိုင္ဘဲ ရွိေတာ့မယ္။ယခု ကတည္း က ႀကိဳးစားပါမွေတာ္ကာက်မယ္။” ဟုႏွလံုးသြင္း၍လုပ္ရျခင္း။
၆။ က်န္းမာေရး အေျခအေနကိုၾကည့္ ၍ “ငါ ယခု ေနေကာင္းစျပဳလာၿပီ။ မက်န္းမာလို႔ လစ္ဟင္းခဲ႔ရၿပီ။ ယခု တိုးၿပီးႀကိဳးစားလိုက္ဦးမွ” ဟုႏွလံုးသြင္းဆင္ျခင္ ၍လုပ္ရျခင္း။
၇။ ဆြမ္းအာဟာရျပည့္စံုမႈကိုေထာက္ ၍ “ငါ့မွာ ယခု ဆြမ္းအာဟာရျပည့္စံုေန၏။ယခု လို ေဘာဇနသပၸာယ မွ်တတုန္း ႀကိဳးစားမွ” ဟုအားေပး၍ႀကိဳးစားရျခင္း။
၈။ ဆြမ္းအာဟာရ မျပည့္စံုလွ်င္လည္း “ငါ့မွာ ေပါေပါမ်ားမ်ားမရွိလွေသာ္လည္း မွ်တေသးသျဖင့္ ေပါ့ပါးသြက္လက္ေနတယ္။(သည္ထက္မမွ်ရင္ ခက္လိမ္႔မယ္)၊ႀကိဳးစားလိုက္ဦးမွ။” ဟု ဆင္ျခင္ကာ မိမိ ၏ ပဓာန(ကမၼ႒ာန္း)အလုပ္ စေသာ လုပ္ငန္းမ်ားကို ႀကိဳးစားလုပ္ကိုင္ရပါ၏။
ေသာဏာေထရီက့ဲသုိ႔ ဘ၀ဒုကၡမွ ကင္းလြတ္နိုင္ၾကပါေစဟု ဆႏၵျပဳပါသည္။
Copy.ဆရာေတာ္တစ္ပါးရဲ႕ ပို႔စ္ျဖစ္ပါသည္။
#crd Thu Thu
(Unicode)

၀ီရိယကောင်းကြောင့် ဘဝဒုက္ခအပေါင်းမှ
လွတ်မြောက်ရတဲ့ သောဏာထေရီ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

တခါက အရမ်းချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတဦးရှိသတဲ့။
တနေ ့ သူ ့ယောက်ျားက ရဟန်းပြုသွားပါလေရော
သူ ့မှာ သားသမီးပေါင်း ၁၄ ယောက်ရှိတယ် သူလဲ သားသမီးတွေ ကို အမွေတွေအကုန် ခွဲပေးလိုက်တယ် ဆိုတော့ ဘာမှမရှိတော့တဲ့ အမေအိုကို သားသမီးတွေက လုပ်ကျွေးကြတာပေါ့။
ဒါပေမယ့် ၂ ရက် ၃ ရက် ကြာလာတော့ သားသမီးတွေက ငြူစူ လာကြတယ် စောင်းမြောင်းပြောလာကြတယ်။
ဒါနဲ့ သူလဲ တော်တော်လေး သံဝေဂရပြီး ရဟန်းမတွေ ဆီမှာ ရဟန်းမဝတ် ခဲ့သတဲ့။

သူဟာ တနေ ့တော့ ဝတ်မကျေတဲ့ အပြစ်တခုကြောင့် ဒဏ်ပေးခံရတယ်
အဲ့ဒီမှာ သူ ့သားသမီးတွေသိတော့ ဝိုင်း လှောင်ပြောင်ကြတယ်
ဒီအရွယ်ရောက်နေပြီ ရဟန်းကျင့်ဝတ်တောင် မသိဘူးလား စသဖြင့်ပေါ့။

လောကမှာ ယောနိသော မနသိကာရ စိတ်ထားရှိတဲ့သူတွေဟာ ဘဝရဲ့ ရိုက်ခတ်မှုကို ကြုံရတဲ့အခါ လဲမကျသွားဘဲ စိတ်ဓာတ်ခွန်အား အဖြစ်ပြောင်းပစ် တတ်ကြပါတယ်…

အဲ့ဒါနဲ့ သူဟာ ငါဟာ အသက်ကြီးနေပြီဆိုတော့ သူများထက်ပိုကြိုး စားမှဖြစ်မယ်.. ဝီရိယအားတိုးမှဖြစ်မယ်ပေ့ါ သူလဲ အရမ်းကြိုးစားတယ်
ရဟန်းမတွေရဲ့ ဝေယျာဝစ္စတွေကို လုပ်တာလဲ မပျက်စေရသလို သတိပဌာန်ကို လဲ အသေအကျေအားထုတ်တယ် ညဘက်မှာ လုံးဝမအိိပ်ဘဲ
ထိုင်ပြီး အားထုတ် မတ်တပ်ရပ်ပြီးအားထုတ် (မတ်တပ်ရပ်တော့ တိုင်တစ်တိုင်ကို ကိုင်ထားရတယ် အသက်ကြီးတော့ လဲကျသွားမှာစိုးလို့)
လမ်းလျောက်ရင်းလဲ အားထုတ် (လမ်းလျောက်ရင်လဲ သစ်ပင်တပင်ကို ကိုင်ပြီး အဲ့သစ်ပင်ကို ပတ် လျှောက်ပြီးပွားများတယ် ဟိုတိုက်ဒီတိုက်ဖြစ်မှာစိုးလို့)
တွေးကြည့် မြင်ကြည့်ရင် အရမ်းကြည်ညိုဖို ့ကောင်း စိတ်အားတက် ဖို ့ကောင်းပါတယ်။

ဝီရိယကောင်းလွန်းလို ့ သူ ့ကို အာရဒ္ဓ ဝီရိယ သောဏာထေရီ လို ့ခေါ်ကြသတဲ့

ဒီလိုနဲ့ တနေ ့ကျ ရဟန်းမအဖော်တွေက သွားစရာ ရှိလို ့ သူ ့ကို ရေနွေးအိုး တည်ခိုင်းထားသတဲ့။
သူလဲ ရေနွေးအိုးတည်တဲ့ အဆောင်နားလေးမှာ ရေနွေးမတည်ခင် အရင်ဆုံး လမ်းလျောက်ရင်း သတိပဌာန်ပွားနေသတဲ့ ။ ဒီမှာ ဘုရားရှင်က ရောင်ခြည်တော် လွှတ်ပေးပြီး တရားတပုဒ် ဟောလိုက်တယ်

‘လောကကနေလွတ်မြောက်ကြောင်းဖြစ်တဲ့ လောကုတ္တရာ ကိုးပါးကို မသိပဲ အသက်ရှင်ရတဲ့ ရက်တစ်ရာထက် လက်တွေ့သိပြီး အသက်ရှင်ရတဲ့ တစ်ရက်က ပိုမြတ်ပါတယ်’ တဲ့

အဲ့ဒီတရားကို နာပြီး သူဟာ သတိပဌာန်ကို အားထုတ်လိုက်တာ တရားလဲဆုံး ရဟန္တာလဲဖြစ်သွားတော့တယ်

ဒါနဲ့ ရဟန်းမအဖော်တွေ ပြန်လာတဲ့အခါ ရေနွေးမတည်ရသေးလို ့ သူ ့ကို လာမေးတယ်

အဲ့ဒါနဲ့ ရဟန္တာမကြီးဟာ ရေနွေးအိုးကို ဖွင့်ကြည့်ပါ ကြိုက်သလို ခပ်ပြီး လိုသလောက်သုံးပါပေါ့

ရဟန်းမတွေလဲ ခါတိုင်းနဲ့ မတူ တည်ငြိမ်နေတဲ့ ရဟန္တာမကြီးကို အံ့သြပြီး တခုခုပဲပေါ့။ အဲ့ဒါနဲ့ ရေနွေးအိုးထဲကြည့်တော့ ရေတွေက ပူကြပ်နေသတဲ့ ခပ်တိုင်းလဲ မကုန်ပဲ ပြန်ပြန်ပြည့်နေသတဲ့

ဒီတော့ မှ ရဟန္တာဖြစ်နေမှန်း ရိပ်မိသွားကြပြီး ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ဖို ့ ဝိုင်းတောင်းပန်ကြတယ်…

သူတော်ကောင်းဆိုတော့လဲ ခွင့်လွှတ်တာပဲပေါ့

အဲ့ဒါနဲ့ပဲ ရဟန်းတွေကို ဘွဲ့ချီးမြှင့်ပေးတဲ့ အခမ်းအနားမှာ အသက်ကြီး ရင့်ပေမယ့် ဝီရိယအားကောင်းလွန်းလို ့ ရဟန္တာဖြစ်ရတဲ့ သောဏာထေရီကို ဘုရားက

‘အာရဒ္ဓ ဝီရိယ ဧကတဂ်ဘွဲ့ ‘

‘ဝီရိယကောင်းတဲ့နေရာမှာ အသာဆုံး အမြတ်ဆုံး ဘွဲ့’

ချီးမြင့်ခဲ့ပါတယ်…

=======================
လောကုတ္တရာဟု ဆိုရာတွင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟု အကျဉ်းအားဖြင့် ၃ မျိုး၊ အကျယ်အားဖြင့် “မဂ် ၄ ပါး, ဖိုလ် ၄ ပါး, နိဗ္ဗာန်” – စုစုပေါင်း လောကုတ္တရာ ၉ ပါး ဖြစ်၏။

လောကုတ္တရာစိတ် အကျဉ်းအားဖြင့် ၈ ပါး ရှိရာ –
(၁) သောတာပတ္တိမဂ်စိတ်
(၂) သကဒါဂါမိမဂ်စိတ်
(၃) အနာဂါမိမဂ်စိတ်
(၄)အရဟတ္တမဂ်စိတ် ဟူသော မဂ်စိတ် ၄-ပါးကို ‘လောကုတ္တရာကုသိုလ်စိတ်’ ဟု ခေါ်၏။

(၅) သောတာပတ္တိဖိုလ်စိတ်
(၆) သကဒါဂါမိဖိုလ်စိတ်
(၇)အနာဂါမိဖိုလ်စိတ်
(၈) အရဟတ္တဖိုလ်စိတ် ဟူသော ဖိုလ်စိတ် ၄-ပါးကို ‘လောကုတ္တရာဝိပါက်စိတ်’ဟု ခေါ်၏။
======================

“၀ီရိယဖြစ်ကြောင်း (၈)မျိုး”
(၀ီရိယာရ မ္ဘ ၀တ္ထု)

၁။ ပြုလတ္တံသော အမှုကိစ္စ ကိုရည်ညွှန်း၍ “ငါ့မှာ လုပ်စရာကိစ္စသစ်တစ်ခု ပေါ်လာရန်ရှိနေတယ်။ ပေါ်လာလျှင် ဒီ အလုပ်မပြီးပဲ ရှိလိမ့်မည်။ယခု ကတည်း က ပြီးအောင်လုပ်ထားနှင့်မှတော်မယ်။” ဟုနှလုံးသွင်း၍လုပ်ရခြင်း။

၂။ ပြုပြီး အမှုကိစ္စ ကိုရည်ညွှန်း၍ “ငါ့မှာ ကိစ္စသစ်တစ်ခု ပေါ်လာ လို့လုပ်နေကျအလုပ် လစ်ဟင်းခဲ့ရတယ်။ယခုတာ့ ထိုကြား ဖြတ်အလုပ် လဲပြီးသွားပြီ။ ယခု ပိုပြီး ကြိုးစားလိုက်ဦးမှ”ဟု လုပ်နေကျ အလုပ်ကိုမဲတင်း လုပ်ခြင်း။

၃။ ခရီးသွားလာမှုနှင့်စပ်၍ “ငါ့မှာ ခရီးသွားရန်ရှိနေ တယ်။ သွားလျှင် ဒီအလုပ်ပျက်နေဦးမယ်။ ယခု ထဲက ကြိုးစားလုပ်ထားမှ”ဟု ဆင်ခြင်၍ လုပ်ရခြင်း။

၄။ သွားပြီးခရီး နှင့်စပ်၍ “ငါ့မှာ ခရီးသွားလို့တော့ပြီးသွားပြီ်။ အလုပ်များလစ်ဟင်းခဲ့တာ ကြိုးစားပြီး လုပ်ဦးမှ” ဟုနှလုံးသွင်း၍လုပ်ရခြင်း။

၅။ ဖြစ်ဆဲရောဂါ ကိုအကြောင်းပြု၍ “ငါ့မှာ မကျန်းမမာစပြုနေပြီ်။ဒိထက်ဆိုးလာရင် ဒီအလုပ် မလုပ်နိုင်ဘဲ ရှိတော့မယ်။ယခု ကတည်း က ကြိုးစားပါမှတော်ကာကျမယ်။” ဟုနှလုံးသွင်း၍လုပ်ရခြင်း။

၆။ ကျန်းမာရေး အခြေအနေကိုကြည့် ၍ “ငါ ယခု နေကောင်းစပြုလာပြီ။ မကျန်းမာလို့ လစ်ဟင်းခဲ့ရပြီ။ ယခု တိုးပြီးကြိုးစားလိုက်ဦးမှ” ဟုနှလုံးသွင်းဆင်ခြင် ၍လုပ်ရခြင်း။

၇။ ဆွမ်းအာဟာရပြည့်စုံမှုကိုထောက် ၍ “ငါ့မှာ ယခု ဆွမ်းအာဟာရပြည့်စုံနေ၏။ယခု လို ဘောဇနသပ္ပာယ မျှတတုန်း ကြိုးစားမှ” ဟုအားပေး၍ကြိုးစားရခြင်း။

၈။ ဆွမ်းအာဟာရ မပြည့်စုံလျှင်လည်း “ငါ့မှာ ပေါပေါများများမရှိလှသော်လည်း မျှတသေးသဖြင့် ပေါ့ပါးသွက်လက်နေတယ်။(သည်ထက်မမျှရင် ခက်လိမ့်မယ်)၊ကြိုးစားလိုက်ဦးမှ။” ဟု ဆင်ခြင်ကာ မိမိ ၏ ပဓာန(ကမ္မဋ္ဌာန်း)အလုပ် စသော လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ရပါ၏။

သောဏာထေရီကဲ့သို့ ဘဝဒုက္ခမှ ကင်းလွတ်နိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

Copy.ဆရာတော်တစ်ပါးရဲ့ ပို့စ်ဖြစ်ပါသည်။
#crd Thu Thu

LEAVE A REPLY

Please enter your comment!
Please enter your name here