ငါးပါးသီလကံေျမာက္ေၾကာင္း အခ်က္မ်ားႏွင့္ က်ဴးလြန္ျခင္းေၾကာင့္ ရမည့္အျပစ္မ်ား

ေခတၱအေမရိကန္ႏိုင္ငံတြင္ ေနထိုင္လ်က္ရွိေသာ ဘေလာ့ဖတ္ပရိသတ္တစ္ဦးျဖစ္သူ ေဒါက္တာေဇာ္မင္းက ငါးပါးသီလကို ေဖာက္ဖ်က္က်ဴးလြန္ရာတြင္ ကံေျမာက္ျခင္း အေၾကာင္းမ်ား၊ ေစာင့္ထိန္းရျခင္းႏွင့္ မေစာင့္ထိန္းရင္ က်ဴးလြန္သူခံစားရမည့္ကံမ်ားကို ရွင္းရွင္းလင္းလင္း တိတိက်က် သိလိုသျဖင့္ ေရးသားေဖာ္ျပရန္ ေတာင္းဆိုဖူးေသာေၾကာင့္လည္းေကာင္း ဘေလာ့ဖတ္ပရိသတ္လည္း မသိေသးရင္သိရေအာင္ သိၿပီးျဖစ္လၽွင္လည္း ထပ္မံသတိရ သံေဝဂပြားမ်ားႏိုင္ေအာင္ တင္ျပျခင္းျဖစ္ပါသည္။
ပါဏာတိပါတ အဂၤါ ၅-ပါး။ -သတ္မႈကံေျမာက္ ဆံုးျဖတ္ခ်က္အေၾကာင္းငါးပါး၊ ၎အဂၤါ ၅-ပါးတို႔ႏွင့္ ျပည့္စံုက ထိုသိကၡာပုဒ္ ပ်က္၏။
(၁) ပါဏ- သက္ရွိသတၱ၀ါျဖစ္ျခင္း၊
(၂) ပါဏသညိတ-သက္ရွိသတၱ၀ါဟု မွတ္သိျခင္း၊
(၃) ဃာတ စိတၱ- သတ္လိုေသာစိတ္ရွိျခင္း၊
(၄) ဥပကၠမ-လံု႔လျပဳျခင္း၊
(၅) မရဏ-ထိုလံု႔လေၾကာင့္ ေသျခင္း။
ပါဏာတိပါတ၏ ပေယာဂမ်ိဳး ၈-ပါး။ ။ပါဏာတိပါတကံ ျဖစ္ႏိုင္ျခင္း၏ အေၾကာင္းတရားမ်ိဳး ရွစ္ပါး၊ ပါရာဇိကဏ္ အ႒ကထာမွ။
(၁) ဥဒိႆ ပေယာဂ- သတၱဝါကိုရည္မွတ္၍ သတ္ျဖတ္ထိုးခုတ္ျခင္း၊
(၂) အႏုဒၵိႆ ပေယာဂ-သတၱဝါတစံုတခုကို ရည္မွတ္ျခင္းမရွိဘဲ ဘာေကာင္ေသေသဟု ပစ္ခတ္ ထိုးခုတ္လိုက္ျခင္းမ်ိဳး၊
(၃) သာဟတၳိက ပေယာဂ-ကိုယ္တိုင္ သတ္ပုတ္ ထိုးခုတ္ျခင္း၊
(၄) အာဏတၱိက ပေယာဂ- သူတပါးကို ေစခိုင္းျခင္း၊
(၅) နိႆဂၢိယ ပေယာဂ-အေဝး၌ေနေသာ သတၱဝါကို ျမႇား လွံ ေသနတ္ စသည္ျဖင့္ ပစ္ခတ္ျခင္း၊
(၆) ထာဝရ ပေယာဂ- အျမဲတည္ေန၍ ေသေစႏိုင္သည့္ တြင္းတူးထားျခင္း ေဆး၀ါး အစီအရင္ ထားျခင္း စသည့္ အရာမ်ိဳး၊
(၇) ဝိဇၨာမယ ပေယာဂ- ဓာတ္႐ိုက္ ဓာတ္ဆင္ ဂါထာမႏၲရား စေသာ အစီ အရင္တို႔ျဖင့္ ေသေအာင္လုပ္ျခင္း၊ (၈) ဣဒၶိမယ ပေယာဂ- မိမိ ကမၼဇိဒၶိ တန္ခိုးျဖင့္ သတၱဝါတို႔ကို ေသေစျခင္း။
ပါဏာတိပါတကံ၏ မေကာင္းက်ိဳး ၂၃-မ်ိဳး။ ။ပါဏာတိပါတ္ သူ႔သက္သတ္သူတို႔ ခံစားေတြ႔ၾကံဳရေသာ မေကာင္းက်ိဳးမ်ားသည္ ပိဋကပါဠိေတာ္တို႔၌ သခ်ၤာအမ်ိဳးမ်ိဳးျဖင့္ လာရွိေသာ္လည္း ဤ၌ အလံုးစံုပါဝင္သည့္ ခုဒၵကပါဌ အ႒ကထာလာ သခ်ၤာ ၂၃-ပါးကို ဆိုေလသည္၊ သိလြယ္ႏိုင္ရန္ ျမန္မာဘာသာ သက္သက္ျဖင့္ ျပလိုက္၏။
(၁) ကိုယ္အဂၤါခ်ိဳ႔တဲ့ျခင္း၊
(၂) လံုးရပ္ေနထား အခ်ိဳးအစား မက်ျခင္း၊
(၃) ႏံုေႏွးေလးဖင့္ျခင္း၊
(၄) ေျခလက္ဖ၀ါး မညီျခင္း၊
(၅) မလွပ မတင့္တယ္ျခင္း၊
(၆) အေရ အဆင္း မေျပာင္၀င္းျခင္း၊
(၇) အသားအေရၾကမ္းတန္းျခင္း၊
(၈) ေၾကာက္ရြံ႕တတ္ျခင္း၊
(၉) ခြန္အားဗလ မရွိျခင္း၊
(၁၀) စကားေျပျပစ္စြာ မေျပာတတ္ျခင္း၊
(၁၁) ခ်စ္ခင္သူ မရွိျခင္း၊
(၁၂) မိမိပရိသတ္ အၾကိမ္ၾကိမ္ ပ်က္စီးျခင္း၊
(၁၃) ထိတ္လန္႔တတ္ျခင္း၊
(၁၄) လက္နက္ အဆိပ္ေဘး သင့္တတ္ျခင္း၊
(၁၅) သူမ်ား ပေယာဂေၾကာင့္ေသရျခင္း၊
(၁၆) ေတြေဝမိုက္မဲျခင္း၊
(၁၇) ေျခြရံပရိသတ္ နည္းပါးျခင္း၊
(၁၈) ရြံ႕စရာေကာင္းေသာ႐ုပ္အဆင္းရွိျခင္း၊
(၁၉) ကုန္းေကာ့ေသာ ကိုယ္ရွိျခင္း၊
(၂၀) ေၾကာင့္ၾက စိုးရိမ္မႈမ်ားျခင္း၊
(၂၁) ေဘးရန္ မ်ားျခင္း၊
(၂၂) ခ်စ္ခင္ေသာ သားသမီးတို႔ႏွင့္ ေကြကြင္းရျခင္း၊
(၂၃) အသက္တိုျခင္း။
အဒိႏၷာဒါနာ အဂၤါ ၅-ပါး။ ။ ခိုးမႈကံေျမာက္အဂၤါ ၅-ပါး။
(၁) ပရသႏၲက – သူတစ္ပါးဥစၥာျဖစ္ျခင္း၊
(၂) တထာသညာ – သူတစ္ပါးဥစၥာဟုမွတ္ထင္ျခင္း၊
(၃) ေထယ်စိတၱ – ခိုးလိုေသာစိတ္ရွိျခင္း၊
(၄) ဥပကၠမ – ခိုးရန္လံု႔လျပဳျခင္း၊
(၅) ေတနဟာရ – ထိုလံု႔လျဖင့္ ခိုးျခင္း။
ခိုးျခင္း ၂၅-ပါး။ ။ ပါရာဇိကဏ္ ပါဠိေတာ္ ၆၅။ ႒။ ပ-အုပ္။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို႔၌ အက်ယ္႐ႈ။ ရဟန္း ေတာ္မ်ား အတြက္ ပါရာဇိကဥပေဒပုဒ္မ ၂၊ အဒိႏၷာဒါန္ သိကၡာပုဒ္၏ အေသးစိတ္ ရွင္းလင္းခ်က္ ၂၅-ပါး။
(၁) နာနာဘ႑ ပဥၥကေခၚ ပိုင္ရွင္မေပးေသာ သက္ရွိသက္မဲ့ ပစၥည္းဘ႑ာ အမ်ိဳးမ်ိဳးတို႔ကို ေအာက္ပါနည္း ငါးပါးျဖင့္ ခိုးယူျခင္းမ်ိဳး။
(က) အာဒိနယ- ေက်ာင္း အိမ္ ေျမ ျခံစသည္တို႔ကို လိမ္ညာေသာနည္းျဖင့္ တရားဆင္ကာ စြဲဆိုခိုးယူျခင္း မ်ိဳး၊ ပိုင္ရွင္က စိတ္ေလ်ာ့ဝန္ခ်လိုက္လွ်င္ ပါရာဇိက၊
(ခ) ဟရဏ-သည္ပိုးထမ္းေဆာင္လာေသာ သူ႔ပစၥည္းကို ကိုယ့္ဥစၥာျဖစ္ေအာင္ ေျပာဆိုစြပ္စြဲ၍ ထမ္းေဆာင္လာေသာ သူ၏ကိုယ္ေပၚမွ က်ေစလ်က္ ခိုးယူျခင္းမ်ိဳး၊ သူ႔ကိုယ္ေပၚမွ ခ်လိုက္သည္ႏွင့္ ပါရာဇိက၊
(ဂ) အ၀ဟရဏ-သူတစ္ပါးေခတၱအပ္ႏွံထားေသာ သူပိုင္ဥစၥာဘ႑ာကို မအပ္ပါဟူ၍လည္းေကာင္း ငါ့ဥစၥာျဖစ္သည္ ငါ့ဟာ ျပန္မေပးႏိုင္ေတာ့ဘူးဟုလည္းေကာင္း၊ လိမ္ညာ ေျပာဆိုလ်က္ ခိုးယူျခင္းမ်ိဳး၊ ပိုင္ရွင္စိတ္ေလွ်ာ့ ၀န္ခ်သည္ႏွင့္ ပါရာဇိက၊
(ဃ) ဣရိယာပထ၀ိေကာပန- ထမ္းပိုးေဆာင္ရြက္လာေသာ သူတစ္ပါးဥစၥာကို ထမ္းေဆာင္လာသူႏွင့္တကြ ထမ္းလာသည့္ဥစၥာကိုပါ ခိုးယူအံ့ေသာအႀကံျဖင့္ ပစၥည္းေရာလူပါ ခုိးယူျခင္းမ်ိဳး၊ ပိုင္ရွင္စိတ္ေလွ်ာ့ၿပီး ဒုတိယေျခလွမ္းၾကြသည္ႏွင့္ ပါရာဇိက၊
(င) ဌာနာစ၀န- သူခ်ထားေသာ ပစၥည္းဥစၥာကို ခုိးယူလိုစိတ္ျဖင့္ မူလေနရာမွေရြ႕ေအာင္ ၾကြေအာင္လုပ္ျခင္းမ်ိဳး၊ ေရြ႕သည္ ၾကြသည္ႏွင့္ ပါရာဇိကက်ေတာ့၏၊ နာနာဘ႑ပဥၥကၿပီး၏။
(၂) ဧကဘ႑ ပဥၥက- ဤ၌ သက္ရွိ သ၀ိညာဏကျဖစ္ေသာ ဘ႑ာကိုသာ ယူရသည္၊ ခိုးယူျခင္းနည္း ငါးပါးမွာ နာနာဘ႑ပဥၥကအတိုင္း အာဒိနယ ဟရဏ အ၀ဟရဏ ဣရိယာပထ ဝိေကာပန ဌာနာစဝန နည္းတို႔ျဖင့္ အတူတူပင္မွတ္ေလ၊ ဧကဘ႑ ပဥၥကၿပီး၏။
(၃) သာဟတၳိက ပဥၥက- ဤ၌ သက္မဲ့ျဖစ္ေသာ အဝိညာဏကပစၥည္းကို ပိုင္ရွင္မေပးပဲ ေအာက္ပါငါးနည္း ျဖင့္ ခိုးယူျခင္းမ်ိဳး။
(က) သာဟတၳိက မိမိကိုယ္တိုင္ ကိုယ္ထိလက္ေရာက္ခုိးယူျခင္းမ်ိဳး။
(ခ) အာဏတၳိက-ဤသူ၏ဘ႑ာကို သြားခိုးေခ်ဟုေစခိုင္းျခင္းမ်ိဳး၊
(ဂ) နိႆဂၢိယ- ကင္းခြန္ အေကာက္ေတာ္စသည္ မေပးရေအာင္ ဤဖက္နယ္ျခားမွ ထိုဖက္နယ္ေျမသို႔ က်ေအာင္ ပစၥည္းဥစၥာကို ပစ္သြင္း၍ သို႔မဟုတ္ တစ္နည္း နည္းျဖင့္ ႀကံဆ၍ ခိုးယူသြားျခင္းမ်ိဳး၊
(ဃ) အတၳ သာဓက- ထိုသူ၏ဘ႑ာကို အခြင့္သာတဲ့အခါ စြမ္းႏိုင္တဲ့အခါကိုေစာင့္ၿပီး ခိုးယူလိုက္ရမည္ဟု ေစခုိင္းထားလ်က္ ခိုးယူေစျခင္းမ်ိဳး၊
(င) ဓုရ နိေကၡပတရား၌စြဲ၍ယူျခင္း လိမ္ညာလွည့္ပတ္၍ယူျခင္း၌ ဥစၥာပိုင္ရွင္က ငါေတာ့႐ႈံးပါၿပီ၊ ငါ့ဥစၥာေတာ့မရေတာ့ ပါဘူးဟု ၀န္ခ်လိုက္ျခင္းမ်ိဳး၊ သာဟတၳိက ပဥၥက ၿပီး၏။
(၄) ပုဗၺ ပေယာဂ ပဥၥက- အရွင္မေပးေသာ ပစၥည္းဘ႑ာကို ေအာက္ပါနည္း ငါးမ်ိဳးျဖင့္ ခိုးယူျခင္း။
(က) ပုဗၺ ပေယာဂ- ၄င္းခိုးနည္းကား အာဏတၳိကႏွင့္ သေဘာတူျဖစ္၏၊
(ခ) သဟပေယာဂ-လယ္ေျမ ျခံေျမစသည္ကို နယ္ျခား မွတ္တိုင္ငုတ္ စသည္ကို ႏုတ္၍ ေရႊ႕ေျပာင္း စိုက္ႏွက္ ခိုးယူျခင္း၊
(ဂ) သံဝိဓါ ဝဟာရ- အခ်င္းခ်င္း စုေပါင္းတိုင္ပင္၍ ခိုးယူျခင္းမ်ိဳး၊ တိုင္ပင္စဥ္ အခါက သေဘာတူ ပါသူသည္ ခုိးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သေကၤတ ကမၼ- အခ်ိန္ကာလ နာရီအပိုင္းအျခား မွတ္သားခ်ိန္းခ်က္လ်က္ ဤမည္ေသာဘ႑ာကို ခိုးယူေတာ့ဟု ခိုးခိုင္းျခင္းမ်ိဳး၊ သူေပးေသာအခ်ိန္ႏွင့္ ပစၥည္းအတိုင္း ခိုးယူေသာ္ ပါရာဇိက၊
(င) နိမိတၱကမၼ- မ်က္စိမွိတ္ျခင္း၊ လက္ေျမႇာက္ျခင္းစေသာ အမွတ္ နိမိတ္ သညာ တစ္ခုခုထား၍ ခိုးခိုင္းျခင္းမ်ိဳး၊ နိမိတ္ ျပဳလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ခိုးျငားအံ့ နိမိတ္ျပသူ ပါရာဇိက၊ ပုဗၺပေယာဂပဥၥက ၿပီး၏။
(၅) ေထယ်ာ ဝဟာရ ပဥၥက- ပိုင္ရွင္မေပးေသာ ပစၥည္းဘ႑ာကို ေအာက္ပါနည္း ငါးမ်ိဳးျဖင့္ ခိုးယူျခင္းမ်ိဳး။ (က) ေထယ်ာ ဝဟာရ- နံရံစသည္ ေဖါက္ထြင္းဖြင့္ျဖဲ၍ ခိုးျခင္း၊ ေတာင္းတင္း ခိ်န္ အေလးစသည္တို႔ကို စဥ္းလဲ ေကာက္က်စ္၍ ခိုးယူျခင္းမ်ိဳး၊
(ခ) ပသယွာဝဟာရ- ႏိုင္ထက္စီးနင္းျပဳ၍ ယူျခင္း၊ ဓါးျပတိုက္ ယူျခင္း၊ ပုန္ကန္ ထၾကြ၍ ယူျခင္း၊ မင္းစိုးရာဇာတို႔သည္ ရသင့္ေသာအခြင့္ထက္ အာဏာျပ၍ ပိုမိုေကာက္ခံျခင္းမ်ိဳး၊
(ဂ) ပရိကပၸါ၀ဟာရ- ဤ၌
၁- ဘ႑ာပရိကပၸေခၚ အထည္အလိပ္ကိုသာ ယူအံ့ဟူႀကံစည္လ်က္ အခန္းတြင္းသို႔ ဝင္သြားၿပီး ေမွာင္ထဲ၌ အထုပ္ႀကီးကိုထမ္းယူလာလ်က္ ၾကည့္ေသာအခါ အထည္ မဟုတ္ဘဲ ခ်ည္ခင္ေတြျဖစ္ေနပါအံ့ ပါရာဇိက မက်၊ အထည္လိပ္ ျဖစ္ေနပါက ပါရာဇိကက်၏။
၂- ၾသကာသပရိကပၸေခၚအရပ္ျဖင့္ ပိုင္းျခား ႀကံစည္၍ ခိုးျခင္းကား ဤျခံဝင္းအတြင္း၌ ငါ့ကို ေတြ႕ျမင္ ပါမူ ဤပစၥည္း ဥစၥာကို ဤျခံဝင္း အတြင္း၌ လွည့္လည္ရင္း ၾကည့္႐ႈရန္ ကိုင္လာသေယာင္ ေဆာင္၍ ျပန္ေပး လိုက္အံ့၊
အကယ္၍ တစ္စံုတစ္ေယာက္ႏွင့္မွ မေတြ႕ရပါမူ ခိုးယူသြားအံ့ဟူေသာ အႀကံျဖင့္ ခုိးယူျခင္းမ်ိဳး၊ အပိုင္းအျခား လြန္သည္ႏွင့္ ပါရာဇိက၊
(ဃ) ပဋိစၧႏၷာဝဟာရ- ပန္းျခံ ေရခ်ိဳးဆိပ္စသည္တို႔၌ သူတစ္ပါး ခြၽတ္ခ်ထားေသာ ဘ႑ာကို ခိုးလိုစိတ္ႏွင့္ ေနာက္မွယူအံ့ဟု ႀကံလ်က္ ေျမမႈန္႔ ျမက္မႈိက္ စသည္တို႔ျဖင့္ ဖံုးအုပ္ထားၿပီး ခိုးယူျခင္းမ်ိဳး၊
(င) ကုသာ ဝဟာရ- မဲလိပ္ စာေရးတံစသည္တို႔ကို မိမိသို႔ အေကာင္းရရန္ ႀကံစည္လ်က္ တစ္စံုတစ္ခုေသာ နည္းပရိယာယ္ျဖင့္ ခိုးယူျခင္းမ်ိဳး၊ ေထယ်ာ ဝဟာရ ပဥၥကၿပီး၏။
ခိုးျခင္း ပေယာဂမ်ိဳး ၆-ပါး။ ။
(၁) သ ဟတၳိက- ကိုယ္တိုင္ခိုးျခင္း၊
(၂) အာဏတၱိက ေစခိုင္း၍ ခိုးျခင္း၊
(၃) နိသဂၢိက- ေနရာေရႊ႕ေျပာင္းပစ္လႊင့္ခိုးျခင္း၊
(၄) ထာ၀ရ- တင္းေတာင္း လိမ္ ခ်ိန္လိမ္စသည္ျပဳ၍ခိုးျခင္း၊
(၅) ဝိဇၨာမယ- အေမ့ အဟန္႔စေသာ အတတ္ပညာျဖင့္ခိုးျခင္း၊
(၆) ဣဒၶိမယ- တန္ခိုးျဖင့္ ခိုးျခင္း။
ခိုးသူၾကီးတို႕ လိုက္နာ ေစာင့္ထိန္းအပ္ေသာ အဂၤါ ၈-ပါး။ ။ဤအဂၤါရွစ္ပါးကို ေစာင့္ထိန္းေသာ ခိုးသား ႀကီးမ်ားသည္ ရက္-လ-ႏွစ္ရွည္- တည္တံ့ႏိုင္သည္၊ ဤအဂၤါရွစ္ပါးႏွင့္ မျပည့္စံုေသာခိုးသား ဓားျပတို့ကား- ရက္-လရွည္မတည္၊ လ်င္ျမန္စြာ ပ်က္စီးတတ္သည္ဟု အဂၤုတၱရပါဠိေတာ္တတိယအုပ္- (၁၅၃)၌ ေဟာေတာ္မူသည္။
(၁) မိမိ၏ ရန္သူမဟုတ္သည့္ အသက္အရြယ္ႀကီးသူ၊ ကေလးသူငယ္၊ အက်င့္သီလဂုဏ္ ရွိသူတို႔ကိုရုိက္ႏွက္ ပုတ္ခတ္မႈ မျပျခင္း၊
(၂) ပစၥည္းဥစၥာကို အကုန္မယူျခင္း၊
(၃) မိန္းမကို မသတ္ျခင္း၊
(၄) အမ်ိဳးသမီးတို႔ကို မဖ်က္ဆီးျခင္း၊
(၅) ရွင္ ရဟန္းတို႕ကို မလုရက္ျခင္း၊
(၆) မင္းဘ႑ာတိုက္ကို မလုရက္ျခင္း၊
(၇) ရြာ-နိဂံုးမင္းေနျပည္အနီး၌ မလုရက္ မတိုက္ခိုက္ျခင္း။
သူခိုး ဒါးျပ သူပုန္တို႕၏ မွီခိုအားထားရာၾကီး ၅-ပါး။ ။ လူသားတို႕ၿငိမ္းဧခ်မ္းသာမႈ အတြက္ တိုင္းျပည္ ၿမိဳ႕ရြာ နယ္ပယ္ အုပ္ခ်ဳပ္ ထိန္းသိမ္းၾကေသာ မင္းစိုးရာဇာတို႕ သိထားရန္။ အဂၤုတၱရ ။ပါ။ ဒု-အုပ္။ ၁၁၃-၌အက်ယ္ရႈပါ။
(၁) အသြားအလာ ခက္သည့္ ေရလယ္ကြၽန္း၊ ေတာင္ၾကားေခ်ာက္ၾကား၊ ရႈိ-ေျမာင္ မညီၫြတ္ေသာ ခရီးခက္အရပ္ကို မွီေနတတ္ၾကသည္၊
(၂) ထူထပ္သည့္ ကိုင္းေတာ က်ဴေတာ၊ ပင္ခ်င္း ယွက္သည့္ ေတာအုပ္ႀကီး စသည့္ အရပ္မ်ိဳး၊
(၃) တစံုတေယာက္က ေဖၚေျပာလွ်င္ မင္းအမတ္ မႈထမ္း ရာထမ္းတို႔က အျပစ္ကိုကာကြယ္ဖံုးအုပ္ေပးရန္ ၎တို႕ႏွင့္ ႀကိဳတင္၍ အကြၽမ္းတ၀င္ အမွီတံကဲ ျပဳလုပ္ထားျခင္း၊
(၄) မိမိတို႔အျပစ္ကို ေဖၚေျပာထုတ္ဆိုမည့္သူမ်ားအား ႏႈတ္ပိတ္ခ ပစၥည္းဥစၥာ ေပးကမ္းရန္၊
(၅) မိမိတို႔၏ လွ်ိဳ႕၀ွက္တိုင္ပင္မႈ မေပါက္ၾကားေစရန္ အထူးလံုၿခံဳေသာ နည္းလမ္းဥပါယ္တို႕ ျဖစ္၏။
အဒိႏၷဒါန္၊ ျပစ္မ်ိဳးကံ၊ ထည့္ျပန္ ၁၂-ပါး။ ။ သူ႔ဥစၥာကို ခိုးဝွက္တိုက္ခုိက္သူတို႔ ရရွိခံစားမႈ အျပစ္မ်ိဳး ဆယ့္ႏွစ္ပါး။ (ခုဒၵကပါဌ အ႒ကထာမွ)
(၁) ျမတ္ေသာဥစၥာမ်ိဳး မရရွိျခင္း၊
(၂) ယုတ္ညံ့သည့္ဥစၥာမ်ိဳးကိုသာရရွိျခင္း၊
(၃) ပစၥည္းဥစၥာနည္းပါးျခင္း၊
(၄) အလြန္ဆင္းရဲမြဲေတျခင္း၊
(၅) မရေသးေသာဥစၥာကိုမရျခင္း၊
(၆) ရရွိၿပီးစည္းစိမ္မ်ား ဆုတ္ယုတ္ပ်က္စီးျခင္း၊
(၇) လိုရာဥစၥာကိုမရႏိုင္ျခင္း၊
(၈) ရန္သူမ်ိဳးငါးပါးႏွင့္သာ ဆက္ဆံေတြ႕ၾကံဳရျခင္း၊
(၉) သူတစ္ပါးႏွင့္ဆက္ဆံေသာဥစၥာမ်ိဳးကိုသာရျခင္း၊
(၁၀) မရွိစကားကိုသာၾကားရျခင္း၊
(၁၁) ခ်မ္းသာစြာမေနရျခင္း၊
(၁၂) ေလာကုတၱရာဥစၥာကိုမရႏိုင္ျခင္း။
ကာေမသုမိိစာၦစာရ အဂၤ ၄-ပါး။ ။ ကာမကိစၥ၌ ကံေျမာက္ႏိုင္သည့္အဂၤါေလးပါး။
(၁) အ ဂမနိယ ဝတၳဳ ၂၀-တို႔တြင္ပါ၀င္ျခင္း၊
(၂) က်င့္ျပဳ မွီဝဲလိုစိတ္ရွိျခင္း၊
(၃) ရႏိုင္ေသာနည္းျဖင့္ လ႔ံုလလည္းျပဳျခင္း၊
(၄) ျပဳက်င့္ျခင္းကိုလည္း သာယာျခင္း။
ကာေမသုကံံ၊ က်ိဳးျပစ္ဒဏ္၊ ထိမိမွန္ ၁၅-ပါး။ ။ သူ႔သားမယား၌ သြားလာ လြန္က်ဴး သူတို႔ ရရွိေသာ မေကာင္းက်ိဳးအျပစ္ဆယ့္ငါးပါးဟူ၏။ ထိုထို က်မ္းစာ တို႔၌ အမ်ိဳးမ်ိဳး လာရွိသည္။
(၁) အပါယ္ ၄-ပါးသို႔လားရျခင္း၊
(၂) မိန္းမ ပ႑ဳက္ျဖစ္ရျခင္း၊
(၃) ရန္သူႏွင့္ေတြ႕ရျခင္း၊
(၄) လူအမ်ား မုန္းျခင္း၊
(၅) စား ဝတ္ အိပ္ယာရခဲျခင္း၊
(၆) ဆင္းဆင္းရဲရဲ အိပ္ရ ႏိုးရျခင္း၊
(၇) အမ်က္ေဒါသႀကီးျခင္း၊
(၈) ေလာကုတၱရာတရား မရရွိႏိုင္ျခင္း၊
(၉) စည္းစိမ္ဥစၥာ ပ်က္ျပဳန္းရျခင္း၊
(၁၀) ယံုၾကည္မႈ ကင္းမဲ့ခံရျခင္း၊
(၁၁) ေဘးေတြ႕ရျခင္း၊
(၁၂) ယံုမွားသံသယမ်ားျခင္း၊
(၁၃) ခ်စ္သူတို႔ႏွင့္ ခြဲေနရျခင္း၊
(၁၄) အသက္တိုျခင္း၊
(၁၅) ဆင္းရဲႀကီးစြာေတြ႕ရျခင္း။
အုပ္ထိန္းသူ ရွိေသာ မိန္းမ ၂၀။ ။ အုပ္ထိန္းျခင္းရွိသျဖင့္ ေယာက္်ားတို႔ မသြားလာ အပ္ေသာ မိန္းမ ၂၀-ဟူလို။
(၁) မာတု ရကၡိတ- အမိအုပ္ထိန္းေသာ မိန္းမ၊
(၂) ပိတု ရကိၡတ- အဘအုပ္ထိန္းေသာမိန္းမ၊
(၃) မာတာပိတု ရကိၡတ- မိဘ ၂-ပါးအုပ္ထိန္းေသာ မိန္းမ၊
(၄) ဘာတုရကိၡတ- ေမာင္ႀကီးေမာင္ငယ္ အုပ္ထိန္းေသာမိန္းမ၊
(၅) ဘဂိနိ ရကိၡတ- အစ္မႀကီး အစ္မငယ္အုပ္ထိန္းေသာမိန္းမ၊
(၆) Óတိ ရကိၡတ- ေဆြမ်ိဳးအုပ္ထိန္းေသာမိန္းမ၊
(၇) ေဂါတၱရကိၡတ- အႏြယ္တူ အုပ္ထိန္းေသာမိန္းမ၊
(၈) ဓမၼရကိၡတ- သီတင္းသံုးေဖၚေစာင့္ေရွာက္အုပ္ထိန္းေသမိန္းမ။
မွတ္ခ်က္။ ။ ၎ ၈-ေယာက္ေသာမိန္းမတို႔ကား သူတို႔မွာ ကံမထိုက္၊ သြားလာ လြန္က်ဴးသူ ေယာက္်ားမ်ား မွာသာ ကံထိုက္သည္ ဟူ၏။
(၉) သာရကၡာ- ထိမ္းျမားေၾကာင္းလမ္းၿပီးသူ [လက္ထပ္ၿပီးသူ] လင္အုပ္ထိန္းေသာမိန္းမ၊
(၁၀) သ ပရိဒ႑ာ- မင္းတို႔ေကာက္ယူရန္သတ္မွတ္လ်က္ ဒဏ္ထားၿပီးလွ်င္ အုပ္ထိန္းေသာမိန္းမ၊
မယားေျမာက္ေၾကာင္း ဆယ္ပါး
(၁၁) ဓနကၠီတာ- ဥစၥာျဖင့္၀ယ္ယူလ်က္ မယားအျဖစ္ထားေသာမိန္းမ၊
(၁၂) ဆႏၵ ဝါသိနီသေဘာတူအလိုတူ၍ ညားေနေသာမိန္းမ၊
(၁၃) ေဘာဂ ဝါသိနီ- စည္းစိမ္ေပး၍ ေပါင္းေဖၚေသာမိန္းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးေပး၍ ပုဆိုး တန္းတင္ ျပဳ၍ ေနေသာ မိန္းမ၊
(၁၅) ၾသဒ ပတၱကိနီေရခြက္၌ လက္ဆံုခ်၍မိဘႏွစ္ပါး ထိန္းျမားေပးေသာမိန္းမ၊
(၁၆) ၾသဘဋ စုမၺဋာ- ေခါင္းခုကိုခ်၍ လင္မယားအျဖစ္ေနေသာ မိန္းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကြၽန္လည္းျဖစ္ မယားလည္းျဖစ္ေသာမိန္းမ၊
(၁၈) ကမၼကာရီ စ ဘရိယာ စ- အမႈလုပ္လည္းျဖစ္ မယားလည္းျဖစ္ေသာ မိန္းမ၊
(၁၉) ဓဇာ ဟဋာ- စစ္ေျမျပင္မွ ေဆာင္ယူခဲ့ေသာမိန္းမ၊
(၂၀) မုဟုတၱိကာ- တစ္ခဏၰမွ် ေပါင္းေဖၚရန္ ငွားရမ္း ထားေသာ ေခတၱမယားျဖစ္သူမိန္းမ။
မွတ္ခ်က္။ ။ ၎င္း ၁၂-ေယာက္ေသာမိန္းမမ်ားကို သြားလာလြန္က်ဴးခဲ့မူ လင္ရွိ မယားျဖစ္၍ မိန္းမေရာ ေယာက်္ားပါ ႏွစ္ဦးစလံုး ကံထိုက္သည္ဟူ၏၊ အက်ယ္ကို လိုမူ ပါရာဇိကဏ္ ပါဠိေတာ္ အ႒ကထာ ဋီကာ။ အ႒သာလိနီ အ႒ကထာ မူလဋီကာမွာ ႐ႈပါေလ။
မယားခိုး အျပား ၇-ပါး။ ။မယားခိုးမႈ စီရင္ရာ၌ မႏုဓမၼသတ္အလို ေအာက္ပါ ခုႏွစ္ပါးကို ျပသည္။
(၁) ဟတၳဂၢါဟ-လက္စသည္ကိုင္တြယ္သံုးသပ္ျခင္း၊
(၂) ဃရ ပတၱလင္မရွိခိုက္ အိမ္သို႕ သြားေယာက္ျခင္း၊
(၃) ဂုယွ႒ာန-လံုျခဳံေသာအရပ္၌ ကာမႏွင့္စပ္ေသာစကားတို႔ကိုဆိုျခင္း၊
(၄) သလ’ာပ-ကာမဂုဏ္ျဖင့္ ေျဖာင္းျဖေျပာဆိုျခင္း၊
(၅) ေသနိ-တင္းတိမ္၊ျခင္ေထာင္တြင္းသို႔ ဝင္ေရာက္ျခင္း၊
(၆) ဒြါရ-တိုက္တံခါးအတြင္းသို႔ ဝင္ေရာက္ျခင္း၊
(၇) ေသယ်-အိပ္ရာခန္းသို႔ ဝင္ေရာက္ျခင္း။
ေမထုန္ ၂-ပါး၊ မ်ိဳးအျပား၊ ခြဲျခား မိန္႕ဆိုဘိ။ ။
(၁) ေမထုန္ႀကီး-မိန္းမ ေယာက်္ား ကာယကံေျမာက္ အဂၤါဇာတ္ အခ်င္းခ်င္း သြားလာမွီဝဲျခင္းမ်ိဳး၊
(၂) ေမထုန္ငယ္- မိန္းမ ေယာက်္ား ရေသ့ စိတ္ေျဖအားျဖင့္ ကိုယ္လက္သံုးသပ္ ျပဳမူသာယာမႈမ်ိဳး။
ေမထုန္ ငယ္ ၇-ပါး။ ။သတၱဂၤုတၱရ။ပါ။ ၄၃၈။႒။ ၁၆၇-၌ အက်ယ္ရႈ။ အျဗဟၼစရိယ သိကၡာပုဒ္ေတာ္၏ ၫႈိးႏြမ္း ေပါက္ၾကားမႈမ်ိဳး ၇-ပါး၊ မိန္းမ ေယာက်္ား ၂-ဦးလံုး အတြက္ အျပန္အလွန္ ယူရမည္။
(၁) မာတုဂါမ၏ ပြတ္တိုက္ဆုပ္နယ္ႏွိပ္ေပးမႈ၌ သာယာျခင္း၊
(၂) မာတုဂါမႏွင့္ ၿပံဳးကာ ရယ္ကာ တို႕ကာ ဆိတ္ကာ ေနရသည္ကို သာယာျခင္း၊
(၃) မ်က္ႏွာခ်င္းဆိုင္၍ အားပါးတရ ၾကည့္ရႈေနရမႈကို သာယာျခင္း၊
(၄) မ်က္ကြယ္ရာ အနီးအနားက ၎တို႕၏ ေျပာသံ ဆိုသံ ရယ္သံကိုၾကား၍ သာယာစြာ နားစိုက္ ေထာင္ျခင္း၊
(၅) ေရွးအခါက မာတုဂါမႏွင့္ ေပ်ာ္ေပ်ာ္ႀကီး ျပဳမႈေနထိုင္ က်င့္ႀကံမႈမ်ိဳးစံုကို ေတြးေတာေအာက္ေမ့ သာယာျခင္း၊
(၆) သူတပါးတို႔ ျပဳမူက်င့္ႀကံ ခံစားေနမႈကိုျမင္ရ၍ သာယာျခင္း၊
(၇) ယခုဘဝ ၪပစုအားထုတ္ရေသာ သီလကုသိုလ္ေၾကာင့္ ေနာက္ဘဝ၌ နတ္မင္းႀကီးျဖစ္ၿပီး နတ္သမီး နတ္သားမ်ားစြာတို႔ႏွင့္ ေပ်ာ္ပါးရန္ ေျမႇာ္လင့္ လ်က္ သာယာေနျခင္း။
ေမထုန္မမွီဝဲအပ္ေသာ မိန္းမ ၁၄-ပါး။ ။ထိုဆယ့္ေလးေယာက္တို႔တြင္ အခ်ိဳ႕ကား က်န္းမာေရးကို ထိခိုက္ေစ၍ အခ်ိဳ႕ကား ဘာသာတရားႏွင့္ ေလာကဝတ္ ဥပေဒမ်ားက တားျမစ္၍ အျပစ္ရွိသည္၊
အမရိတ ေဘသဇၨက်မ္းမွ၊ ဥတုလာေနသူ၊ အလိုမရွိသူ၊ ညစ္ႏြမ္း မသန္႕စင္သူ ၊ မခ်စ္ခင္သူ၊ ျပည့္တန္ဆာမ၊ အရြယ္ႀကီးရင့္သူ၊ ေရာဂါသည္မ၊ ကိုယ္အဂၤါ ခ်ိဳ႕တဲ့သူ၊ ကိုယ္ဝန္ေဆာင္မ၊ ရန္သူမ၊ အဂၤါဇာတ္၌ အနာရွိသူ၊ လင္ရွိသူ ၊ မာတုရကၡိတ စသည္ရွိသူ၊ သီလရွင္မ။ (မိမိရဲ႕ ဇနီးသည္ပင္ျဖစ္ေစကာမူ ထို ၁၄ေယာက္ စာရင္းဝင္ေနလ်က္ ေမထုန္မွီဝဲေသာ္ ကာေမသုမိစာၦစာရကံ ထိုက္သည္ဟုလည္း မွတ္သားဖူးပါသည္။
ေမထုန္ မွီဝဲလြန္မႈ အျပစ္ ၈-ပါး။ ။ကာမသၽွၾတက်မး္ ။
(၁) ဘုန္းကံ ယုတ္ေလ်ာ့ျခင္း ၊
(၂) ဉာဏ္ပညာ ယုတ္ေလ်ာ့ျခင္း၊
(၃) ခြန္အားဗလ ယုတ္ေလ်ာ့ျခင္း၊
(၄) အသား၊ အေရ၊ ဦးေခါင္း ပူေလာင္ျခင္း၊
(၅) အေရာင္ အဆင္း ေဖ်ာ့ေတာ့ ပ်က္စီးျခင္း၊
(၆) ေခ်ာင္းဆိုး ေသြးပါ အဆုပ္နာ ျမစ္ေခ်ာက္ ေရာဂါ စြဲကပ္ တတ္ျခင္း၊
(၇) အျပင္အပေရာဂါလြယ္ကူစြာ ကူးစက္ႏုိုင္ျခင္း၊
(၈) အသက္ တိုျခင္း။
မုသာဝါဒ အဂၤါ ၄-ပါး။ ။လူမ်ား မုသာဝါဒသိကၡာပုဒ္ ပ်က္စီးျခင္းအဂၤါ ၄-ပါး၊ ၎ အဂၤါ၄-ပါးႏွင့္ျပည့္စံုမွ သိကၡာပုဒ္ပ်က္သည္။
(၁) အတထ- မမွန္ေသာ ၀တၳဳ၊
(၂) ဝိ သံဝါဒ စိတၱ- မွားယြင္းေစလိုေသာ စိတ္၊
(၃) တဇၨ ဝါယမ ထိုစိတ္အားေလွ်ာ္ေသာ ကိုယ္ ႏႈတ္ လံု႕လျပဳျခင္း၊
(၄) တဒတၳ ဇာနန- သူလိမ္တိုင္း သိရွိ ယံုၾကည္ျခင္း။
မုသာ၀ါဒကံရဲ႕ မေကာင္းက်ိဳး ၁၆-ပါး။ ။မဟုတ္မမွန္ လိမ္ညာေျပာသူတို႔ ရရွိခံစားရေသာ အျပစ္မ်ိဳး ဆယ့္ငါးပါး ဟူ၏၊ ခုဒၵကပါဌ အ႒ကထာမွ။
(၁) မၾကည္ၫိုဖြယ္ရာ ရုပ္ဆင္းရွိျခင္း၊
(၂) သြား မညီမၫြတ္ ရွိျခင္း၊
(၃) နား မခ်မ္းသာေသာ အသံ ရွိျခင္း၊
(၄) ဝလြန္းဆူလြန္းျခင္း၊
(၅) ပိန္လြန္း ေသးလြန္းျခင္း၊
(၆) နိမ့္ ပုလြန္းျခင္း၊
(၇) ျမင့္ ရွည္လြန္းျခင္း၊
(၈) ၾကမ္းတမ္းေသာ အသားအေရ ရွိျခင္း၊
(၉) ခံတြင္းပါးစပ္ပုပ္ညႇီျခင္း၊
(၁၀) ဆြံ႕အ တုန္လႈပ္ျခင္း၊
(၁၁) သူတပါးတို႕မယံုၾကည္ျခင္း၊
(၁၂) တိုေသာ လၽွာ စကားမၿပီ ရွိျခင္း၊
(၁၃) လၽွပ္ေပၚတတ္ျခင္း၊
(၁၄) မိုက္မဲ ေတြေဝျခင္း၊
(၁၅) ဉာဏ္ ပညာ နည္းပါးျခင္း၊
(၁၆) ေၾကာက္ရြံ႕တတ္ျခင္း။
အရက္ေသာက္ျခင္းအျပစ္ ၆-ပါး။ ။ သုတ္ပါေထယ်။ ပါ။ ၁၄၈။ ႒။ ၁၂၇။ ဤ၌ မ်က္ေမွာက္ ေလာက ျပစ္ ၆-ပါးကို ေျဖဆိုလိုက္သည္၊ သံသရာ ျပစ္လည္း ႀကီးေလးလွ၏။
ဥစၥာယုတ္ျခင္း၊ ျငင္းခံုမ်ားစြာ၊ ေရာဂါထူေျပာ၊ ေက်ာေစာမဲ့တံု၊ မလံု အဂၤါ၊ ပညာ နည္းရွား၊ ဤ ၆- ပါးကား၊ ေသာက္စား ေသစာ အျပစ္တည္း။
အရက္မ်ိဳး ၅-ပါး။ ။ လူမျပဳေသာ္လည္း အလိုအေလ်ာက္ ျဖစ္ေန တတ္ေသာ ေမရယေခၚ အရက္မ်ိဳး ငါးပါး။
(၁) ပုပၹါသဝ- သစ္ပြင့္ရည္မွျဖစ္ေသာအရက္၊
(၂) ဖလာသဝ- သစ္သီးရည္မွျဖစ္ေသာ အရက္၊
(၃) မဓြာသဝ- မုဒရက္ရည္မွ ျဖစ္ေသာ အရက္၊
(၄) ဂုဠာသဝ- ၾကံရည္မွ ျဖစ္ေသာ အရက္၊
(၅) သမာၻရသံယုတၱ- အရက္ျဖစ္ေၾကာင္း ဝတၳဳေပါင္းတို႔ စုေပါင္း၍ ျဖစ္ေသာ အရက္။
ေက်းဇူးတရား :
(Unicode)

ငါးပါးသီလကံမြောက်ကြောင်း အချက်များနှင့် ကျူးလွန်ခြင်းကြောင့် ရမည့်အပြစ်များ

ခေတ္တအမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော ဘလော့ဖတ်ပရိသတ်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မင်းက ငါးပါးသီလကို ဖောက်ဖျက်ကျူးလွန်ရာတွင် ကံမြောက်ခြင်း အကြောင်းများ၊ စောင့်ထိန်းရခြင်းနှင့် မစောင့်ထိန်းရင် ကျူးလွန်သူခံစားရမည့်ကံများကို ရှင်းရှင်းလင်းလင်း တိတိကျကျ သိလိုသဖြင့် ရေးသားဖော်ပြရန် တောင်းဆိုဖူးသောကြောင့်လည်းကောင်း ဘလော့ဖတ်ပရိသတ်လည်း မသိသေးရင်သိရအောင် သိပြီးဖြစ်လျှင်လည်း ထပ်မံသတိရ သံဝေဂပွားများနိုင်အောင် တင်ပြခြင်းဖြစ်ပါသည်။

ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊ ၎င်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။

(၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-လုံ့လပြုခြင်း၊
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ ပယောဂမျိုး ၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း၏ အကြောင်းတရားမျိုး ရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။

(၁) ဥဒိဿ ပယောဂ- သတ္တဝါကိုရည်မှတ်၍ သတ်ဖြတ်ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ-သတ္တဝါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တဝါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) ထာဝရ ပယောဂ- အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ဝိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တဝါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး။ ။ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သချင်္ာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သချင်္ာ ၂၃-ပါးကို ဆိုလေသည်၊ သိလွယ်နိုင်ရန် မြန်မာဘာသာ သက်သက်ဖြင့် ပြလိုက်၏။

(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေလက်ဖဝါး မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။

(၁) ပရသန္တက – သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ – သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ – ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ – ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ – ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး။ ။ ပါရာဇိကဏ် ပါဠိတော် ၆၅။ ဋ္ဌ။ ပ-အုပ်။ ၂၆၃- ၃၃၀- ၃၃၁- ၃၃၂ တို့၌ အကျယ်ရှု။ ရဟန်း တော်များ အတွက် ပါရာဇိကဥပဒေပုဒ်မ ၂၊ အဒိန္နာဒါန် သိက္ခာပုဒ်၏ အသေးစိတ် ရှင်းလင်းချက် ၂၅-ပါး။

(၁) နာနာဘဏ္ဍ ပဥ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး။
(က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ဝန်ချလိုက်လျှင် ပါရာဇိက၊
(ခ) ဟရဏ-သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာဖြစ်အောင် ပြောဆိုစွပ်စွဲ၍ ထမ်းဆောင်လာသော သူ၏ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး၊ သူ့ကိုယ်ပေါ်မှ ချလိုက်သည်နှင့် ပါရာဇိက၊
(ဂ) အဝဟရဏ-သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း ငါ့ဥစ္စာဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊
(ဃ) ဣရိယာပထဝိကောပန- ထမ်းပိုးဆောင်ရွက်လာသော သူတစ်ပါးဥစ္စာကို ထမ်းဆောင်လာသူနှင့်တကွ ထမ်းလာသည့်ဥစ္စာကိုပါ ခိုးယူအံ့သောအကြံဖြင့် ပစ္စည်းရောလူပါ ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွသည်နှင့် ပါရာဇိက၊
(င) ဌာနာစဝန- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူလိုစိတ်ဖြင့် မူလနေရာမှရွေ့အောင် ကြွအောင်လုပ်ခြင်းမျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိကကျတော့၏၊ နာနာဘဏ္ဍပဥ္စကပြီး၏။

(၂) ဧကဘဏ္ဍ ပဥ္စက- ဤ၌ သက်ရှိ သဝိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊ ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဥ္စကအတိုင်း အာဒိနယ ဟရဏ အဝဟရဏ ဣရိယာပထ ဝိကောပန ဌာနာစဝန နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဥ္စကပြီး၏။

(၃) သာဟတ္ထိက ပဥ္စက- ဤ၌ သက်မဲ့ဖြစ်သော အဝိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး။
(က) သာဟတ္ထိက မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
(ခ) အာဏတ္ထိက-ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
(ဂ) နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
(ဃ) အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့အခါကိုစောင့်ပြီး ခိုးယူလိုက်ရမည်ဟု စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး၊
(င) ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊ ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဥ္စက ပြီး၏။

(၄) ပုဗ္ဗ ပယောဂ ပဥ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
(က) ပုဗ္ဗ ပယောဂ- ၄င်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
(ခ) သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍ ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
(ဂ) သံဝိဓါ ဝဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
(ဃ) သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သားချိန်းချက်လျက် ဤမည်သောဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး၊ သူပေးသောအချိန်နှင့် ပစ္စည်းအတိုင်း ခိုးယူသော် ပါရာဇိက၊
(င) နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခုထား၍ ခိုးခိုင်းခြင်းမျိုး၊ နိမိတ် ပြုလိုက်သည်နှင့်တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ်ပြသူ ပါရာဇိက၊ ပုဗ္ဗပယောဂပဥ္စက ပြီး၏။

(၅) ထေယျာ ဝဟာရ ပဥ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်းမျိုး။ (က) ထေယျာ ဝဟာရ- နံရံစသည် ဖေါက်ထွင်းဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန် အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက်စီးနင်းပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာတို့သည် ရသင့်သောအခွင့်ထက် အာဏာပြ၍ ပိုမိုကောက်ခံခြင်းမျိုး၊
(ဂ) ပရိကပ္ပါ၀ဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်းတွင်းသို့ ဝင်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သောအခါ အထည် မဟုတ်ဘဲ ချည်ခင်တွေဖြစ်နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာသယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက်နှင့်မှ မတွေ့ရပါမူ ခိုးယူသွားအံ့ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိစ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ဝဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်းရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ဝဟာရ ပဥ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။
(၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
(၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊
(၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊
(၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊
(၅) ဝိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊
(၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။

(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူ၊ ကလေးသူငယ်၊ အကျင့်သီလဂုဏ် ရှိသူတို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။

(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကိုကာကွယ်ဖုံးအုပ်ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတဝင် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်းဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြားစေရန် အထူးလုံခြံုသော နည်းလမ်းဥပါယ်တို့ ဖြစ်၏။

အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)

(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄) အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြံုရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။

ကာမေသုမိိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး။

(၁) အ ဂမနိယ ဝတ္ထု ၂၀-တို့တွင်ပါ၀င်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လု့ံလလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံံ၊ ကျိုးပြစ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။

(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ဝတ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂၀-ဟူလို။

(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) Óတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။

(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ [လက်ထပ်ပြီးသူ] လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊

မယားမြောက်ကြောင်း ဆယ်ပါး

(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ဝါသိနီသဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋဝါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။

မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောကျ်ားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။

မယားခိုး အပြား ရ-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်။

(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တလင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်၊ခြင်ထောင်တွင်းသို့ ဝင်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ဝင်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ ဝင်ရောက်ခြင်း။

မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။

(၁) မေထုန်ကြီး-မိန်းမ ယောကျ်ား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောကျ်ား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ရ-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ရ-ပါး၊ မိန်းမ ယောကျ်ား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။

(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြံုးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှုမျိုးစုံကို တွေးတောအောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခုဘဝ ဉပစုအားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘဝ၌ နတ်မင်းကြီးဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန်မမှီဝဲအပ်သော မိန်းမ ၁၄-ပါး။ ။ထိုဆယ့်လေးယောက်တို့တွင် အချို့ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကား ဘာသာတရားနှင့် လောကဝတ် ဥပဒေများက တားမြစ်၍ အပြစ်ရှိသည်၊

အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင်ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်းဝင်နေလျက် မေထုန်မှီဝဲသော် ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟုလည်း မှတ်သားဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမး် ။
(၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊
(၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊
(၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊
(၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊
(၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊
(၆) ချောင်းဆိုး သွေးပါ အဆုပ်နာ မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊
(၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုုင်ခြင်း၊
(၈) အသက် တိုခြင်း။

မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်း အင်္ဂါ၄-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။

(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ဝိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ဝါယမ ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လပြုခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာပြောသူတို့ ရရှိခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။

(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ဝလွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။

(၁) ပုပ္ဖါသဝ- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသဝ- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသဝ- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသဝ- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။

ကျေးဇူးတရား :

LEAVE A REPLY

Please enter your comment!
Please enter your name here