မိသားစုၾကားမွ ရန္သူနဲ႕မိတ္ေဆြ
••••••••••••••••••••••••
* တစ္ခ်ိဳ႕မိသားစုၾကားမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ကသိကေအာက္ ကေတာက္ကဆ ျဖစ္ေစမယ့္၊ျဖစ္ၾကရတဲ့ Negative Thinking ဆန္႕က်င္ဘက္တစ္ဖက္ေစာင္း အေတြးအျမင္မ်ား Negative words ဆန္႕က်င္ဘက္တစ္ဖက္ေစာင္းစကားလုံးမ်ားဟာ သာယာ ေျဖာင့္ျဖဴး လွပေနေသာ မိသားစုကုိ ဖ်က္ဆီးပစ္မယ့္ ေၾကာက္စရာေကာင္းေသာ ရန္သူေတြထဲမွ ရန္သူတစ္ေယာက္ျဖစ္ပါတယ္၊တစ္ခါတေလ ဘာမွမဟုတ္တဲ့အေၾကာင္းအရာေလးေတြအေပၚမွာ အေျခခံၿပီး၊ ဆန္႕က်င္ဘက္ စကားလုံးေတြနဲ႕ စကားစစ္ထုိး၊မခံခ်ိ မခံသာေအာင္ တစ္ေယာက္နဲ႕တစ္ေယာက္၊လင္နဲ႕မယား မိဘနဲ႕သားသမီး၊ညီအစ္ကုိ ေမာင္ႏွမ ေျပာဆုိၿပီး အၿငိဳးအာဃာတေတြ ရင္ထဲမွာေအာင္းထားၾကၿပီး ခင္မင္မွုေတြ ခ်စ္ခင္မွုေတြ ေဝးသြားတာ၊စိမ္းကားသြားတာေတြရွိၾကပါတယ္။
* တစ္ခ်ိဳ႕မိသားစုေတြထဲမွာ တစ္ခ်ိဳ႕က အၿမဲ Negative Thinking အရာအရာကို ဆန္႕က်င္ဘက္အျမင္ေတြနဲ႕ပဲ ဆန္႕က်င္ဘဲအေတြး ဆန္႕က်င္ဘက္ စကားေတြကိုပဲ ေျပာၿပီး မိသားစုကိုအၿမဲစိတ္မခ်မ္းသာေအာင္လုပ္တတ္ၾကတာေတြရွိပါတယ္။ ေနာက္တစ္ခါ လင္နဲ႕မယား ေပါင္းသင္းေနထိုင္တတ္ၾကေပမယ့္ တစ္ခါတေလ ေယာကၤ်ားျဖစ္သူက သူ႕ဇနီးဘာပဲလုပ္လုပ္ မေကာင္းတဲ့အျမင္နဲ႕ အၿမဲၾကည့္ၿပီး၊မေကာင္းတဲ့ နားမခ်မ္းသာတဲ့စကားလုံးေတြကိုပဲ အၿမဲေျပာၿပီး စိတ္မခ်မ္းသာေအာင္အၿမဲလုပ္တတ္ၾကပါတယ္။ဇနီးလုပ္သူကည္း ဒီအတိုင္းပဲ သူ႕ခင္ပြန္းဘာပဲလုပ္လုပ္ မေကာင္းတဲ့အျမင္ ဆန္႕က်င္ဘက္အျမင္ အၿမဲသံသယေတြနဲ႕ၾကည့္ၿပီး သံသယစကားလုံးေတြေျပာၿပီး အၿမဲျပႆနာျဖစ္ရ၊အၿမဲတမ္းစိတ္ပူေလာင္မႈေတြ ခံစားေနၾကရပါတယ္။၁၀ စုႏွစ္ ခ်စ္သူသက္တမ္းေတြရွိခဲ့တဲ့ လင္နဲ႕မယားေတြမွာေတာင္ ဒီျဖစ္ရမ်ိဳးေတြရွိၾကပါတယ္။
* ဒီလို မေကာင္းတဲ့အျမင္ မေကာင္းတဲ့အေတြး မေကာင္းတဲ့အေျပာေတြက တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ မိသားစုေတြၾကားမွာ တစ္ႀကိမ္တစ္ခါဆို နားလည္၊သည္းခံ၊ခြင့္လႊတ္ေပးႏိုင္ၾကေပမယ့္ ခဏခဏျဖစ္ေနရင္ လင္နဲ႕မယားၾကားမွာ ကေတာက္ကဆျဖစ္ရ၊ယုံၾကည္မႈေတြပ်က္ျပားရ၊အျပန္အလွန္တန္ဖိုးထားမႈေတြ က်ဆင္းသြားၿပီး၊တစ္အိမ္တည္းအတူေနၾကေသာ္လည္း တစ္ေယာက္တစ္ကမ႓ာဆီ၊ေမတၱာလည္းမရွိ၊သစၥာလည္းမရွိ၊က႐ုဏာလည္းမရွိ၊မုဒိတာလည္းမရွိ၊ကိုယ္လုပ္ခ်င္တာလုပ္ပုံစံနဲ႕ သားသမီးေတြကလည္း စိတ္ပိုင္းဆိုင္ရာေတြယိုယြင္းၿပီး ကိုယ္လုပ္ခ်င္တာလုပ္ၾကနဲ႕၊အဲဒီမိသားစုက ဘယ္လိုမွ မေအးခ်မ္းႏိုင္ စီးပြားမျဖစ္ႏိုင္၊ျဖစ္ေနေသာစီးပြားေရးေတြဟာလည္း ဆုတ္ယုတ္သြားႏိုင္ၿပီး အပူသည္မိသားစုျဖစ္ၾကရပါတယ္။တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ၊မိသားစုၾကားမွာ ညီအစ္ကိုေမာင္ႏွမၾကားမွာ positive အျပဳသေဘာင္မဟုတ္ေသာ Negative မေကာင္းျမင္ဝါဒေတြပဲ လႊမ္းမိုးေနၾကရင္ အဲဒီမိသားစု မိုးထိေအာင္ခ်မ္းသာေနၾကပါေစ၊ေပ်ာ္ရြင္စရာေကာင္းေသာမိသားစု၊ေအးခ်မ္းေသာ မိသားစုဘယ္ေတာ့မွျဖစ္ႏိုင္ၾကမွာမဟုတ္ပါဘူး။
* တကယ္ေတာ့ ဒီလိုမိသားစုၾကားမွာ အဆိုးျမင္ဝါ၊အဆိုးျမင္ အသုံးအႏုန္းေတြကို က်င့္သုံးေနၾကျခင္းကို အတတ္ႏိုင္ဆုံး ေရွာင္ၾကားသင့္ပါတယ္၊အက်င့္မလုပ္သင့္ပါဘူး၊ဒါေတြဟာ မိသားစုၾကားမွ ရန္သူေတြျဖစ္ပါတယ္။ Positive Thinking အေကာင္းျမင္ဝါဒေတြကို က်င့္သုံးဖို႕ အေလ့အက်င့္လုပ္သင့္ပါတယ္။ အေကာင္းျမင္ဝါဒေတြနဲ႕ တစ္ေယာက္မွားတဲ့အခါ တစ္ေယာက္ကျပဳျပင္ေပးလိုက္ ခြင့္လႊတ္ေပးလိုက္၊အဆင္ေျပလာတဲ့အခါလည္း ဝမ္းေျမာက္ဝမ္းသာဂုဏ္ယူပါတယ္လို႕ မုဒိတာပြားေပးလိုက္၊ တစ္ေယာက္ရဲ႕အားနည္းခ်က္ကို တစ္ေယာက္ကမေျပာဘဲ ေဖးမကူညီလိုက္၊ ဒီလိုေနထိုင္ၾကမယ္ဆိုရင္ ဒီမိသားစုက ဘယ္ေလာက္ပင္ ႐ုပ္ပိုင္းဆိုင္ရာအားျဖင့္ဆင္းရဲေနၾကပါေစ၊စိတ္ပိုင္းဆိုင္ရာ ေအးခ်မ္းမႈေတြကိုေတာ့ အထိုက္အေလွ်ာက္ ရရွိႏိုင္ၾကမွာ အမွန္ပဲျဖစ္ပါတယ္။ ဘဝမွာ ႐ုပ္ပိုင္းဆိုင္ရာျပည့္စုံ႐ုံသက္သက္ျဖင့္ဘဝကေအးခ်မ္းတယ္လို႕ေျပာလို႕မရေသးပါဘူး၊ စိတ္ပိုင္းဆိုင္ရာေအးခ်မ္းမႈေတြ မရွိဘူးဆိုရင္ ဘဝဟာမျပည့္စုံေသးပါဘူး။
* ဒီေန႕ေခတ္အေနအထားနဲ႕ဆိုရင္ ပိုၿပီးေသာ္မွ အေကာင္းျမင္ဝါဒေတြ ေမြးျမဴသင့္ပါတယ္၊ဘာလို႕လဲဆိုေတာ့ တစ္ေယာက္က အျပင္မွာထြက္ၿပီး ပင္ပင္ပန္းပန္း အလုပ္ရွာ၍ျပန္လာတယ္၊အိမ္မွာေနတဲ့သူက ပူညံညံခဏခဏလုပ္ေနရင္ အလုပ္ကလည္းအဆင္မေျပ လူကလည္းပင္ပန္းဆိုရင္ ၾကာလာေတာ့ သူလည္းဆူ၊ကိုယ္လည္းဆူဆိုရင္ အိမ္မွာရွိတဲ့မိသားစုလည္းဆူၾကၿပီေပါ့၊ မေကာင္းျမင္ဝါဒေတြနဲ႕ အျပစ္ေတြကိုပဲ မေျပာမိ မဆိုမိေအာင္ သတိထားၾကရပါမယ္၊ ကိုယ့္ေသြးသားရင္း မိသားစု၊ကိုယ့္ ဇနီးမယားေတြပဲေလ ကိုယ္နဲ႕တစ္သက္လုံးေပါင္းသင္းေနထိုင္ဆက္ဆံေနၾကရမယ့္ သူေတြပဲေလ၊ခုခဏေလးေတြ႕ ခုခဏေလးေပ်ာက္သြားၾကမယ့္သူေတြမွမဟုတ္တာ ဘာလို႕သူ႕အေပၚမွာ အေကာင္းျမင္ဝါဒေတြ မထားႏိုင္ရမွာလဲ၊ေမတၱာမထားႏိုင္ရမွာလဲ၊က႐ုဏာ၊မုဒိတာ ေဖးမကူညီမႈေတြ ဘာလို႕မေပးႏိုင္ရမွာလဲ၊ဒါေတြကို အေလ့က်င့္ေတြလုပ္ရင္ရပါတယ္။မိသားစုတစ္ခုတည္ေဆာက္တယ္ဆိုတာ ေအးခ်မ္းသာယာ ေပ်ာ္ရြင္စြာေနထိုင္ၾကဖို႕ပါ။ပစၥည္းဥစၥာျပည့္စုံတဲ့အခါလည္း၊ပစၥည္းဥစၥာျပည့္စုံသည့္အတိုင္း ဆင္ျခင္တုံတရားနဲ႕ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္ရြင္ရြင္ ေနတတ္ၾကရပါမယ္။ပစၥည္းဥစၥာမရွိတဲ့အခါလည္း မရွိသလို ကိုယ့္အတိုင္းအတာနဲ႕ကို မိသားစုမွာ ေပ်ာ္ေပ်ာ္ရြင္ရြင္ ေအးေအးခ်မ္းခ်မ္းေနတတ္ဖို႕လိုပါတယ္။
* Positive Thinking အေကာင္းျမင္ဝါဒရွိေသာ မိသားစုပဲျဖစ္ပဲျဖစ္ျဖစ္၊လင္နဲ႔မယားပဲျဖစ္ျဖစ္၊ခ်စ္သူခင္သူ၊မိတ္ေဆြပဲျဖစ္ျဖစ္၊ တစ္ေယာက္စီတစ္ေယာက္စီရဲ႕ စိတ္မ်ားမွာေအးခ်မ္းမႈေတြရရွိၾကမွာအမွန္ပါပဲ။ ဒီ အေကာင္းျမင္ဝါဒဟာ မိသားစုရဲ႕ မိတ္ေဆြႀကီးျဖစ္ပါတယ္၊ဒီမိတ္ေဆြႀကီးကိုမိသားစုထဲမွ ထြက္မသြားရေအာင္ ထိန္းသိမ္း ေစာင့္ေရွာက္ေပးၾကပါ။ Negative Thinking အဆိုးျမင္ဝါဒဆိုတဲ့ရန္သူကိုေတာ့ မိသားစုၾကားမွာ အေလ့အက်င့္မလုပ္ပါနဲ႕ ျမန္ျမန္ ပယ္သတ္ၾကပါ။ မိသားစု သာယာခ်င္လား၊ေအးခ်မ္းမႈေတြ ရခ်င္လား တစ္ေယာက္စီတစ္ေယာက္စီမွာရွိေန၊ကိန္းေအာင္းေနေသာ အဆိုးျမင္ဝါဒေတြကို တစ္ျဖည္းျဖည္း ရင္ထဲမွ ႏွလုံးသားထဲမွ အေထြးထဲမွ ထုတ္ပစ္ၾကရမွာျဖစ္ပါတယ္။ဒီ အဆိုးျမင္ဝါဒဆိုတဲ့ ရန္သူေတြကိုထုတ္ပစ္လိုက္တာနဲ႕ မိတ္ေဆြ ျဖစ္တဲ့ အေကာင္းျမင္ဝါဒက သူ႕အလိုလို ေရာက္လာၿပီးသားျဖစ္ပါတယ္၊ဘဝေလးေအးခ်မ္းဖို႕ရန္သူနဲ႕ေနမွာလား မိတ္ေဆြနဲ႕ ေနမွာ မိမိတို႕ကိုယ္တိုင္ စဥ္းစားေတြးေခၚၾကပါလို႕။
ေမတၱာမ်ားစြာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)
ကိုယ့္ကိုယ္ကိုယ္အားေပးကူညီျခင္း စာအုပ္မွ်
(Unicode)

မိသားစုကြားမှ ရန်သူနဲ့မိတ်ဆွေ
••••••••••••••••••••••••
* တစ်ချို့မိသားစုကြားမှာ တစ်ယောက်နဲ့တစ်ယောက် ကသိကအောက် ကတောက်ကဆ ဖြစ်စေမယ့်၊ဖြစ်ကြရတဲ့ Negative Thinking ဆန့်ကျင်ဘက်တစ်ဖက်စောင်း အတွေးအမြင်များ Negative words ဆန့်ကျင်ဘက်တစ်ဖက်စောင်းစကားလုံးများဟာ သာယာ ဖြောင့်ဖြူး လှပနေသော မိသားစုကို ဖျက်ဆီးပစ်မယ့် ကြောက်စရာကောင်းသော ရန်သူတွေထဲမှ ရန်သူတစ်ယောက်ဖြစ်ပါတယ်၊တစ်ခါတလေ ဘာမှမဟုတ်တဲ့အကြောင်းအရာလေးတွေအပေါ်မှာ အခြေခံပြီး၊ ဆန့်ကျင်ဘက် စကားလုံးတွေနဲ့ စကားစစ်ထိုး၊မခံချိ မခံသာအောင် တစ်ယောက်နဲ့တစ်ယောက်၊လင်နဲ့မယား မိဘနဲ့သားသမီး၊ညီအစ်ကို မောင်နှမ ပြောဆိုပြီး အငြိုးအာဃာတတွေ ရင်ထဲမှာအောင်းထားကြပြီး ခင်မင်မှုတွေ ချစ်ခင်မှုတွေ ဝေးသွားတာ၊စိမ်းကားသွားတာတွေရှိကြပါတယ်။

* တစ်ချို့မိသားစုတွေထဲမှာ တစ်ချို့က အမြဲ Negative Thinking အရာအရာကို ဆန့်ကျင်ဘက်အမြင်တွေနဲ့ပဲ ဆန့်ကျင်ဘဲအတွေး ဆန့်ကျင်ဘက် စကားတွေကိုပဲ ပြောပြီး မိသားစုကိုအမြဲစိတ်မချမ်းသာအောင်လုပ်တတ်ကြတာတွေရှိပါတယ်။ နောက်တစ်ခါ လင်နဲ့မယား ပေါင်းသင်းနေထိုင်တတ်ကြပေမယ့် တစ်ခါတလေ ယောင်္ကျားဖြစ်သူက သူ့ဇနီးဘာပဲလုပ်လုပ် မကောင်းတဲ့အမြင်နဲ့ အမြဲကြည့်ပြီး၊မကောင်းတဲ့ နားမချမ်းသာတဲ့စကားလုံးတွေကိုပဲ အမြဲပြောပြီး စိတ်မချမ်းသာအောင်အမြဲလုပ်တတ်ကြပါတယ်။ဇနီးလုပ်သူကည်း ဒီအတိုင်းပဲ သူ့ခင်ပွန်းဘာပဲလုပ်လုပ် မကောင်းတဲ့အမြင် ဆန့်ကျင်ဘက်အမြင် အမြဲသံသယတွေနဲ့ကြည့်ပြီး သံသယစကားလုံးတွေပြောပြီး အမြဲပြဿနာဖြစ်ရ၊အမြဲတမ်းစိတ်ပူလောင်မှုတွေ ခံစားနေကြရပါတယ်။၁၀ စုနှစ် ချစ်သူသက်တမ်းတွေရှိခဲ့တဲ့ လင်နဲ့မယားတွေမှာတောင် ဒီဖြစ်ရမျိုးတွေရှိကြပါတယ်။

* ဒီလို မကောင်းတဲ့အမြင် မကောင်းတဲ့အတွေး မကောင်းတဲ့အပြောတွေက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မိသားစုတွေကြားမှာ တစ်ကြိမ်တစ်ခါဆို နားလည်၊သည်းခံ၊ခွင့်လွှတ်ပေးနိုင်ကြပေမယ့် ခဏခဏဖြစ်နေရင် လင်နဲ့မယားကြားမှာ ကတောက်ကဆဖြစ်ရ၊ယုံကြည်မှုတွေပျက်ပြားရ၊အပြန်အလှန်တန်ဖိုးထားမှုတွေ ကျဆင်းသွားပြီး၊တစ်အိမ်တည်းအတူနေကြသော်လည်း တစ်ယောက်တစ်ကမ႓ာဆီ၊မေတ္တာလည်းမရှိ၊သစ္စာလည်းမရှိ၊ကရုဏာလည်းမရှိ၊မုဒိတာလည်းမရှိ၊ကိုယ်လုပ်ချင်တာလုပ်ပုံစံနဲ့ သားသမီးတွေကလည်း စိတ်ပိုင်းဆိုင်ရာတွေယိုယွင်းပြီး ကိုယ်လုပ်ချင်တာလုပ်ကြနဲ့၊အဲဒီမိသားစုက ဘယ်လိုမှ မအေးချမ်းနိုင် စီးပွားမဖြစ်နိုင်၊ဖြစ်နေသောစီးပွားရေးတွေဟာလည်း ဆုတ်ယုတ်သွားနိုင်ပြီး အပူသည်မိသားစုဖြစ်ကြရပါတယ်။တစ်ယောက်နဲ့တစ်ယောက်ကြားမှာ၊မိသားစုကြားမှာ ညီအစ်ကိုမောင်နှမကြားမှာ positive အပြုသဘောင်မဟုတ်သော Negative မကောင်းမြင်ဝါဒတွေပဲ လွှမ်းမိုးနေကြရင် အဲဒီမိသားစု မိုးထိအောင်ချမ်းသာနေကြပါစေ၊ပျော်ရွင်စရာကောင်းသောမိသားစု၊အေးချမ်းသော မိသားစုဘယ်တော့မှဖြစ်နိုင်ကြမှာမဟုတ်ပါဘူး။

* တကယ်တော့ ဒီလိုမိသားစုကြားမှာ အဆိုးမြင်ဝါ၊အဆိုးမြင် အသုံးအနုန်းတွေကို ကျင့်သုံးနေကြခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြားသင့်ပါတယ်၊အကျင့်မလုပ်သင့်ပါဘူး၊ဒါတွေဟာ မိသားစုကြားမှ ရန်သူတွေဖြစ်ပါတယ်။ Positive Thinking အကောင်းမြင်ဝါဒတွေကို ကျင့်သုံးဖို့ အလေ့အကျင့်လုပ်သင့်ပါတယ်။ အကောင်းမြင်ဝါဒတွေနဲ့ တစ်ယောက်မှားတဲ့အခါ တစ်ယောက်ကပြုပြင်ပေးလိုက် ခွင့်လွှတ်ပေးလိုက်၊အဆင်ပြေလာတဲ့အခါလည်း ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်လို့ မုဒိတာပွားပေးလိုက်၊ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကမပြောဘဲ ဖေးမကူညီလိုက်၊ ဒီလိုနေထိုင်ကြမယ်ဆိုရင် ဒီမိသားစုက ဘယ်လောက်ပင် ရုပ်ပိုင်းဆိုင်ရာအားဖြင့်ဆင်းရဲနေကြပါစေ၊စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုတွေကိုတော့ အထိုက်အလျှောက် ရရှိနိုင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံရုံသက်သက်ဖြင့်ဘဝကအေးချမ်းတယ်လို့ပြောလို့မရသေးပါဘူး၊ စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုတွေ မရှိဘူးဆိုရင် ဘဝဟာမပြည့်စုံသေးပါဘူး။

* ဒီနေ့ခေတ်အနေအထားနဲ့ဆိုရင် ပိုပြီးသော်မှ အကောင်းမြင်ဝါဒတွေ မွေးမြူသင့်ပါတယ်၊ဘာလို့လဲဆိုတော့ တစ်ယောက်က အပြင်မှာထွက်ပြီး ပင်ပင်ပန်းပန်း အလုပ်ရှာ၍ပြန်လာတယ်၊အိမ်မှာနေတဲ့သူက ပူညံညံခဏခဏလုပ်နေရင် အလုပ်ကလည်းအဆင်မပြေ လူကလည်းပင်ပန်းဆိုရင် ကြာလာတော့ သူလည်းဆူ၊ကိုယ်လည်းဆူဆိုရင် အိမ်မှာရှိတဲ့မိသားစုလည်းဆူကြပြီပေါ့၊ မကောင်းမြင်ဝါဒတွေနဲ့ အပြစ်တွေကိုပဲ မပြောမိ မဆိုမိအောင် သတိထားကြရပါမယ်၊ ကိုယ့်သွေးသားရင်း မိသားစု၊ကိုယ့် ဇနီးမယားတွေပဲလေ ကိုယ်နဲ့တစ်သက်လုံးပေါင်းသင်းနေထိုင်ဆက်ဆံနေကြရမယ့် သူတွေပဲလေ၊ခုခဏလေးတွေ့ ခုခဏလေးပျောက်သွားကြမယ့်သူတွေမှမဟုတ်တာ ဘာလို့သူ့အပေါ်မှာ အကောင်းမြင်ဝါဒတွေ မထားနိုင်ရမှာလဲ၊မေတ္တာမထားနိုင်ရမှာလဲ၊ကရုဏာ၊မုဒိတာ ဖေးမကူညီမှုတွေ ဘာလို့မပေးနိုင်ရမှာလဲ၊ဒါတွေကို အလေ့ကျင့်တွေလုပ်ရင်ရပါတယ်။မိသားစုတစ်ခုတည်ဆောက်တယ်ဆိုတာ အေးချမ်းသာယာ ပျော်ရွင်စွာနေထိုင်ကြဖို့ပါ။ပစ္စည်းဥစ္စာပြည့်စုံတဲ့အခါလည်း၊ပစ္စည်းဥစ္စာပြည့်စုံသည့်အတိုင်း ဆင်ခြင်တုံတရားနဲ့အေးအေးချမ်းချမ်း ပျော်ပျော်ရွင်ရွင် နေတတ်ကြရပါမယ်။ပစ္စည်းဥစ္စာမရှိတဲ့အခါလည်း မရှိသလို ကိုယ့်အတိုင်းအတာနဲ့ကို မိသားစုမှာ ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနေတတ်ဖို့လိုပါတယ်။

* Positive Thinking အကောင်းမြင်ဝါဒရှိသော မိသားစုပဲဖြစ်ပဲဖြစ်ဖြစ်၊လင်နဲ့မယားပဲဖြစ်ဖြစ်၊ချစ်သူခင်သူ၊မိတ်ဆွေပဲဖြစ်ဖြစ်၊ တစ်ယောက်စီတစ်ယောက်စီရဲ့ စိတ်များမှာအေးချမ်းမှုတွေရရှိကြမှာအမှန်ပါပဲ။ ဒီ အကောင်းမြင်ဝါဒဟာ မိသားစုရဲ့ မိတ်ဆွေကြီးဖြစ်ပါတယ်၊ဒီမိတ်ဆွေကြီးကိုမိသားစုထဲမှ ထွက်မသွားရအောင် ထိန်းသိမ်း စောင့်ရှောက်ပေးကြပါ။ Negative Thinking အဆိုးမြင်ဝါဒဆိုတဲ့ရန်သူကိုတော့ မိသားစုကြားမှာ အလေ့အကျင့်မလုပ်ပါနဲ့ မြန်မြန် ပယ်သတ်ကြပါ။ မိသားစု သာယာချင်လား၊အေးချမ်းမှုတွေ ရချင်လား တစ်ယောက်စီတစ်ယောက်စီမှာရှိနေ၊ကိန်းအောင်းနေသော အဆိုးမြင်ဝါဒတွေကို တစ်ဖြည်းဖြည်း ရင်ထဲမှ နှလုံးသားထဲမှ အထွေးထဲမှ ထုတ်ပစ်ကြရမှာဖြစ်ပါတယ်။ဒီ အဆိုးမြင်ဝါဒဆိုတဲ့ ရန်သူတွေကိုထုတ်ပစ်လိုက်တာနဲ့ မိတ်ဆွေ ဖြစ်တဲ့ အကောင်းမြင်ဝါဒက သူ့အလိုလို ရောက်လာပြီးသားဖြစ်ပါတယ်၊ဘဝလေးအေးချမ်းဖို့ရန်သူနဲ့နေမှာလား မိတ်ဆွေနဲ့ နေမှာ မိမိတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်ကြပါလို့။

မေတ္တာများစွာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)

ကိုယ့်ကိုယ်ကိုယ်အားပေးကူညီခြင်း စာအုပ်မျှ

LEAVE A REPLY

Please enter your comment!
Please enter your name here