ဘ၀သံသရာမွ လြတ္ေျမာက္ႏိုင္တဲ့ နည္းလမ္းမ်ား
===========
ဘ၀မွာ“အႆာဒ” သာယာစရာဆိုတာ ရွိတယ္။ “အာဒီန၀” အျပစ္ဆိုတာ ရွိတယ္။ ဒါေတြ
ၿပီးရင္ “နိႆရဏ” ထြက္ေပါက္ဆိုတာလည္း ရွိတယ္။ ထြက္ေပါက္ကို ဘယ္မွာရွာမလဲ ?။ အိမ္ထဲ
ေရာက္ေနတဲ့သူဟာ ထြက္ေပါက္ကို အိမ္ထဲမွာ ရွာရမယ္။ ဘ၀မွ ထြက္ခ်င္တယ္ဆိုလို႔ရွိရင္ ဘ၀
ထဲမွာ ထြက္ေပါက္ကို ရွာရမယ္။ “ဘ၀နိေရာဓ” ဆိုတဲ့ ထြက္ေပါက္ကို ဘ၀ထဲမွာပဲ ေတြ႕ႏိုင္တယ္။
ဒီမွာ..ဘ၀ဆိုတာကို ယခု ရ ထားၾကၿပီ။ အဲဒီ ဘ၀ကို “ဘ၀သမုဒယ” ဆိုတဲ့ “ တဏွာ”
လုပ္တာ။ ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက “ဂဟကာရက ဒိေဌာသိ၊ ပုန ေဂဟံ နကာဟသိ” လို႔ မိန္႔
ၾကားခဲ့ပါတယ္။ ငါ့ရဲ႕ ဘ၀ခႏၶာအိမ္ႀကီးကို ေဆာက္ေနတဲ့သူ “တဏွာ” ကို ေတြ႕ၿပီ။
တဏွာက “အ၀ိဇၨာ” ရဲ႕ အကူအညီနဲ႔ ေဆာက္ေနတာ။ “အ၀ိဇၨာ” က အမွန္မျမင္ေအာင္
ဖန္တီးထားတယ္။ တဏွာက တြယ္တာတယ္။ တြယ္တာသည့္ အတြက္ေၾကာင့္ ေကာင္းတာျဖစ္ျဖစ္
ဆိုးတာျဖစ္ျဖစ္ လုပ္တယ္။ ေကာင္းတာ ဆိုးတာေတြ လုပ္ေတာ့ “ကံတရား” ေတြ စုမိတယ္။ အဲဒီ
ကံတရားေတြက “အ၀ိဇၨာ တဏွာ” တို႔ရဲ႕ အကူအညီနဲ႔ တြန္းပို႔လိုက္ေတာ့ ေဟာ.. ဘ၀သစ္တစ္ခု
ရၾကတယ္။ ဒီ “ဘ၀” ဆိုတာကို “အ၀ိဇၨာ” ရယ္၊ “တဏွာ” ရယ္၊ “ကံ” ရယ္ ဒီ ၃ ခုက လုပ္ေနတာ။
ဒါေၾကာင့္မို႔ “ဘ၀ဆိုတာ သိရမယ္၊ ဘ၀ကို တည္ေဆာက္ေနတဲ့ အေၾကာင္းတရားကို သိ
ရမယ္၊ ဘ၀ခ်ဳပ္ၿငိမ္းတာကို သိရမယ္၊ ဘ၀ခ်ဳပ္ၿငိမ္းေၾကာင္း နည္းလမ္းကို သိရမယ္” အဲဒီလိုသိၿပီး
အလုပ္လုပ္တာဟာ ဒီ.. မဂၢင္ ၈ ပါးပဲ။

မွန္မွန္ကန္ကန္ျမင္တယ္၊ မွန္မွန္ကန္ကန္စဥ္းစားလို႔ မွန္မွန္ကန္ကန္ ျမင္တာ၊ အဲဒီလို မွန္
မွန္ကန္ကန္ စဥ္းစားၿပီး မွန္မွန္ကန္ကန္ သိျမင္ဖို႔ မွန္မွန္ကန္ကန္ ႀကိဳးစားရမယ္။ ႀကိဳးစားတဲ့အခါ
မွန္ကန္တဲ့သတိ ရွိရမယ္။မွန္ကန္တဲ့ စူးစိုက္မွဳ စိတ္တည္ၿငိမ္ေအာင္ ထားမွဳ ရွိရမယ္။ ေဟာဒီ..
မဂၢင္ ၅ ပါးဟာ ၀ိပႆနာရွဳတဲ့အခါမွာ စုေပါင္း အလုပ္လုပ္ၾကတယ္။ အလုပ္လုပ္ရင္း ဘ၀ရဲ႕
ထြက္ေပါက္ “ဘ၀နိေရဓ” ဆိုတာကို ေတြ႕သြားႏိုင္တယ္။

ယခုလို ဘ၀ရဲ႕ အသြင္အျပင္ကို ဓမၼအျမင္နဲ႕ ၾကည့္လိုက္တဲ့အခါ ဘ၀မွာ သာယာစရာေတြ
ရွိသလို အျပစ္ေတြလည္း ရွိတယ္။ ဘ၀ရဲ႕ ထြက္ေပါက္ ဆိုတာလည္း ရွိတယ္။ အဲဒီ ထြက္ေပါက္
ဆိုတာ ဘ၀ကို ျဖစ္ေပၚေစတဲ့၊ ဘ၀ကို တြယ္တာတဲ့ “တဏွာ ” ကို ဖယ္ရွားပစ္တာ ျဖစ္တယ္။ တ
ဏွာကို ဖယ္ရွားပစ္ဖို႔က “မဂၢင္ ၈ ပါး အက်င့္တရားကို က်င့္ရမွာပဲ” ျဖစ္တယ္။ ဒီ အက်င့္လမ္း
ေၾကာင္းအတိုင္း ေလွ်ာက္လွမ္းမယ္ ဆိုရင္ေတာ့ “ဘ၀နိေရာဓ” ဆိုတဲ့ ပန္းတိုင္ကို မ်က္ေမွာက္ျပဳ
ႏိုင္ၾကမွာကို တရားခ်စ္ခင္ သူေတာ္စင္အေပါင္းတို႔သည္ နားလည္ သေဘာေပါက္ၾကၿပီး က်င့္ႀကံ
အားထုတ္ႏိုင္ၾကကာ “ဘ၀နိေရာဓ” လို႔ဆိုတဲ့ နိဗၺာန္ခ်မ္းသာကို ကိုယ္စီကိုယ္ငွ မ်က္ေမွာက္ျပဳႏိုင္
ၾကပါေစ ကုန္သတည္း။ ။

{၂၀၀၇ ခုႏွစ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္အတြင္းရွိ မဂၤလာေစ်းဓမၼာရံု၌ အဂၢမဟာ
ပ႑ိတ ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ ေဟာၾကားေတာ္မူေသာ ဘ၀အသြင္ကို ဓမၼအျမင္ျဖင့္
ရွဳၾကည့္ျခင္း တရားေတာ္မွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။ }
(မွားယြင္းမွဳမ်ားရွိေသာ္ အစဥ္သနားေသာအားျဖင့္ သည္းခံခြင့္လႊတ္ေပးပါရန္
ဦးခိုက္ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား)
ဦးသိန္းေ၀။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမၼနဒီ)တြင္လည္း ဖတ္ရွဳႏိုင္ပါသည္။
(Unicode)

ဘဝသံသရာမှလွတ်မြောက်နိုင်တဲ့ နည်းလမ်းများ။
===========
ဘဝမှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီနဝ” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘဝမှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
ထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ “ဘဝနိရောဓ” ဆိုတဲ့ ထွက်ပေါက်ကို ဘဝထဲမှာပဲ တွေ့နိုင်တယ်။
ဒီမှာ..ဘဝဆိုတာကို ယခု ရ ထားကြပြီ။ အဲဒီ ဘဝကို “ဘဝသမုဒယ” ဆိုတဲ့ “ တဏှာ”
လုပ်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဂဟကာရက ဒိဌောသိ၊ ပုန ဂေဟံ နကာဟသိ” လို့ မိန့်
ကြားခဲ့ပါတယ်။ ငါ့ရဲ့ ဘဝခန္ဓာအိမ်ကြီးကို ဆောက်နေတဲ့သူ “တဏှာ” ကို တွေ့ပြီ။
တဏှာက “အဝိဇ္ဇာ” ရဲ့ အကူအညီနဲ့ ဆောက်နေတာ။ “အဝိဇ္ဇာ” က အမှန်မမြင်အောင်
ဖန်တီးထားတယ်။ တဏှာက တွယ်တာတယ်။ တွယ်တာသည့် အတွက်ကြောင့် ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် လုပ်တယ်။ ကောင်းတာ ဆိုးတာတွေ လုပ်တော့ “ကံတရား” တွေ စုမိတယ်။ အဲဒီ
ကံတရားတွေက “အဝိဇ္ဇာ တဏှာ” တို့ရဲ့ အကူအညီနဲ့ တွန်းပို့လိုက်တော့ ဟော.. ဘဝသစ်တစ်ခု
ရကြတယ်။ ဒီ “ဘဝ” ဆိုတာကို “အဝိဇ္ဇာ” ရယ်၊ “တဏှာ” ရယ်၊ “ကံ” ရယ် ဒီ ၃ ခုက လုပ်နေတာ။
ဒါကြောင့်မို့ “ဘဝဆိုတာ သိရမယ်၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိ
ရမယ်၊ ဘဝချုပ်ငြိမ်းတာကို သိရမယ်၊ ဘဝချုပ်ငြိမ်းကြောင်း နည်းလမ်းကို သိရမယ်” အဲဒီလိုသိပြီး
အလုပ်လုပ်တာဟာ ဒီ.. မဂ္ဂင် ၈ ပါးပဲ။
မှန်မှန်ကန်ကန်မြင်တယ်၊ မှန်မှန်ကန်ကန်စဉ်းစားလို့ မှန်မှန်ကန်ကန် မြင်တာ၊ အဲဒီလို မှန်
မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် သိမြင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားရမယ်။ ကြိုးစားတဲ့အခါ
မှန်ကန်တဲ့သတိ ရှိရမယ်။မှန်ကန်တဲ့ စူးစိုက်မှု စိတ်တည်ငြိမ်အောင် ထားမှု ရှိရမယ်။ ဟောဒီ..
မဂ္ဂင် ၅ ပါးဟာ ၀ိပဿနာရှုတဲ့အခါမှာ စုပေါင်း အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ရင်း ဘဝရဲ့
ထွက်ပေါက် “ဘဝနိရေဓ” ဆိုတာကို တွေ့သွားနိုင်တယ်။
ယခုလို ဘဝရဲ့ အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါ ဘဝမှာ သာယာစရာတွေ
ရှိသလို အပြစ်တွေလည်း ရှိတယ်။ ဘဝရဲ့ ထွက်ပေါက် ဆိုတာလည်း ရှိတယ်။ အဲဒီ ထွက်ပေါက်
ဆိုတာ ဘဝကို ဖြစ်ပေါ်စေတဲ့၊ ဘဝကို တွယ်တာတဲ့ “တဏှာ ” ကို ဖယ်ရှားပစ်တာ ဖြစ်တယ်။ တ
ဏှာကို ဖယ်ရှားပစ်ဖို့က “မဂ္ဂင် ၈ ပါး အကျင့်တရားကို ကျင့်ရမှာပဲ” ဖြစ်တယ်။ ဒီ အကျင့်လမ်း
ကြောင်းအတိုင်း လျှောက်လှမ်းမယ် ဆိုရင်တော့ “ဘဝနိရောဓ” ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြု
နိုင်ကြမှာကို တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် နားလည် သဘောပေါက်ကြပြီး ကျင့်ကြံ
အားထုတ်နိုင်ကြကာ “ဘဝနိရောဓ” လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်
ကြပါစေ ကုန်သတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိ၀ံသ ဟောကြားတော်မူသော ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here