“ကုသုိလ္စိတ္”
■■■■■■■■
လူတစ္ေယာက္သည္ “ဘုရားဒကာဆုိတဲ့ နာမည္တစ္လုံးရရင္ေတာ္ပါၿပီ´´ ဟူေသာ စိတ္ျဖင့္ ဘုရား တည္ေန၏။ အျခားလူတစ္ေယာက္ကား “သားေလးရွင္ျပဳဖုိ႔၊ လွဴႏုိင္တန္းႏုိင္ဖုိ႔´´ဟူေသာ စိတ္ျဖင့္ စီးပြားေရး လုပ္ငန္းမ်ားကုိ ေဇာက္ခ်ၿပီး ႀကိဳးစားပန္းစားလုပ္ေန၏။ ထုိႏွစ္ေယာက္တြင္ ဘုရားတည္ေသာသူထက္ စီးပြားေရးလုပ္ငန္းမ်ားကုိ လုပ္ကုိင္ေနေသာသူက ပုိ၍ျမင့္ျမတ္၏။ အဘယ္ေၾကာင့္နည္း။ သူ၏ ရည္ရြယ္ခ်က္က မြန္ျမတ္ေသာေၾကာင့္တည္း။
တခါက အလြန္ရင္းႏွီးေသာ တံငါသည္ သူငယ္ခ်င္းႏွစ္ေယာက္ရွိ၏။ တစ္ရက္လုပ္မွ တစ္ရက္စားရ ေသာေၾကာင့္ ဥပုသ္ေန႔မွာ ဥပုသ္ေစာင့္ခ်င္ေသာ္လည္း ဥပုသ္မေစာင့္ႏုိင္ၾက။ သုိ႔ႏွင့္ တစ္ေယာက္တစ္လွည့္စီ ဥပုသ္ေစာင့္ဖုိ႔ တုိင္ပင္ၾကေလသည္။ လျပည့္ေန႔ေရာက္ေသာအခါ တစ္ေယာက္က ေက်ာင္းသုိ႔ သြားၿပီး ဥပုသ္ေစာင့္၏။
က်န္ရစ္သူ ကုိတံငါသည္ကေတာ့ ႏွစ္ေယာက္စာရဖုိ႔အတြက္ ေလွတစီးနဲ႔ ေခ်ာင္းထဲမွာ ႀကိဳးစား ပန္းစားႏွင့္ ငါးမ်ားကုိ ဖမ္းရေလသည္။ ငါးမ်ား ႏွစ္ေယာက္စာရေသာအခါ တံငါတဲထဲ၌ အနားယူရင္း ဥပုသ္ေစာင့္သြားသည့္ သူငယ္ခ်င္းကို သတိရေန၏။ “အင္း ငါ့သူငယ္ခ်င္းကေတာ့ ဘုန္းႀကီးထံကေန သီလခံယူေဆာက္တည္ ၿပီးေရာ့မယ္၊ အခုခ်ိန္မွာ ဘုရားရိပ္မွာ ေနၿပီးေတာ့ ပုတီးစိပ္တရားထုိင္လုပ္ေနေရာ့ေပါ့၊ အင္း ကုသုိလ္ေတြ အမ်ားႀကီး ရေနေရာ့မယ္၊ သိပ္ေအးခ်မ္းမွာပဲ´´ဟု စဥ္းစားၿပီး သာဓုေခၚေနေတာ့၏။ လူက တံငါတဲ၌ေနေသာ္လည္း စိတ္က ေက်ာင္းေရာက္ေန၏။
ေက်ာင္းသြားၿပီး ဥပုသ္ေစာင့္ေသာ တံငါသည္ကလည္း ပုတီးကုံးကုိင္ၿပီး က်န္ရစ္သူ သူငယ္ခ်င္းကို သတိရေနမိ၏။ “အခုခ်ိန္မွာ ငါ့သူငယ္ခ်င္း ပုိက္ကြန္နွင့္ ငါးေတြ ဖမ္းေနေရာ့မယ္၊ ဒီေန႔ ငါ့အတြက္ ေ၀စုေပး ရမွာဆုိေတာ့ ႏွစ္ေယာက္စာ ဖမ္းရမွာ၊ ဖမ္းမွဖမ္းပါ့မလား၊ ႏွစ္ေယာက္စာ မရရင္ေတာ့ ဒုကၡပဲ´´ဟု ေတြးၿပီး ေလာဘႏွင့္ ေသာကျဖစ္ေနေတာ့၏။ လူက ေက်ာင္းမွာေနေသာ္လည္း စိတ္က ပုိက္ကြန္ထဲမွ မထြက္။
စိတ္ထားျဖဴစင္ေအာင္ေနထုိင္ျခင္းကုိ “ဥပုသ္ေစာင့္သည္´´ဟုေခၚ၏။ ယင္းသုိ႔ဆုိလွ်င္ ထုိတံငါသည္ ႏွစ္ေယာက္တြင္ မည္သူက ဥပုသ္ေစာင့္သနည္း။ အေျဖကား လယ္ျပင္မွာ ဆင္သြားသလုိထင္ရွားလွပါသည္။ “စိတ္သာရွင္ေစာ ဘုရားေဟာ“ဆုိသည့္အတုိင္း အတြင္းစိတ္ဓာတ္က တင့္တယ္လွ်င္ အရာခပ္သိမ္း တင့္ တယ္ေတာ့သည္သာ။ ထုိ႔ေၾကာင့္ ဘုရားတည္တုိင္း ကုသုိလ္ရသည္ဟု ေျပာ၍ မရသကဲ့သုိ႔ စီးပြားေရးလုပ္တုိင္း လည္း တရားႏွင့္ေ၀းသည္ဟု ေျပာ၍ မျဖစ္ေပ။
သီတဂူ- အရွင္ေဒ၀ိႏၵာဘိ၀ံသ(ashindevindabhivamsa@gmail.com)
သီတဂူကမၻာ့ဗုဒၶတကၠသုိလ္၊ စစ္ကုိင္း
🌺အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ။
Credit — အလင္းေစတမန္

(Unicode)

“ကုသိုလ်စိတ်”
■■■■■■■■
လူတစ်ယောက်သည် “ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား “သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ “အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ “အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို “ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ “စိတ်သာရှင်စော ဘုရားဟော“ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
သီတဂူ- အရှင်ဒေဝိန္ဒာဘိ၀ံသ(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း
🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Credit — အလင်းစေတမန်

LEAVE A REPLY

Please enter your comment!
Please enter your name here