ကုိယ့္အတြက္ ဘယ္ေလာက္ ျပင္ဆင္ ၿပီးၿပီလဲ…?
═══════ □ ═══════
❖ အတၱေနာဝ အဝေကၡယ် ၊ ကတာနိ အကတာနိစ။
❖ ‘မိမိ ဘာေတြလုပ္ထားတယ္ ၊
ဘာေတြ မလုပ္ဘူးဆုိတာကုိ အၿမဲစဥ္းစား
ဆင္ျခင္ပါ’တဲ့။
❖ ကုိယ္ဘာေတြလုပ္ထားတယ္၊ ဘာေတြကုိေတာ့
မလုပ္ရ ေသးဘူးဆုိတာကုိ
အၿမဲ စဥ္းစားသင့္တယ္။
❖ တန္ဖုိးရွိတဲ့ အလုပ္ေတြကုိ ဘယ္အတုိင္းအတာထိ
လုပ္ ထားၿပီးၿပီလဲ။ တန္ဖုိးရွိတဲ့ အလုပ္ေတြကုိ
ဘယ္ေလာက္ ထိ မလုပ္ဘဲ ေနခဲ့ၿပီးၿပီလဲ။
❖ ေနာင္တစ္ခ်ိန္ ဆင္းရဲက်ဳိးေပးမယ့္
မေကာင္းတာေတြကုိ ဘယ္ေလာက္ထိ
ေရွာင္နိင္ခဲ့သလဲ။
❖ ဒါမွ မဟုတ္ ဘယ္ေလာက္ လုပ္မိခဲ့သလဲ။
❖ လုပ္ခဲ့မိတယ္ဆုိရင္လည္း အဲဒီ မေကာင္းမူေတြကုိ
ဘယ္ ေလာက္ထိ ေခ်ဖ်က္ၿပီးၿပီလဲ။ ဒါေတြဟာ
စဥ္းစားမယ္ ဆုိရင္ အလြန္ စဥ္းစားသင့္တဲ့
ကုိယ့္အေၾကာင္းေတြပါ။
❖ ေနာက္ၿပီးေတာ့ ေနာင္တစ္ခ်ိန္မွာ ေသခ်ာေပါက္
ေတြ႕ရ မယ့္ ခက္ခဲတဲ့ ျပႆနာေတြကုိ
ေျပလည္ေအာင္ ရင္ဆုိင္ နိင္တဲ့
အစြမ္းသတၱိေတြ ကုိယ့္မွာ ဘယ္ေလာက္အထိ
ရွိ ေနၿပီလဲ။
❖ ေသခ်ာေပါက္ ေတြ႕ရမယ့္
ခက္ခဲတဲ့ ျပႆနာေတြဆုိတာ ေရာဂါေဝဒနာေတြနဲ႔
ေသျခင္းတရားကုိ အဓိက ဆုိလုိတာပါ။ ★
❖ ခႏၶာကုိယ္ႀကီးက ေပါက္ဖြားလာမယ့္
ေရာဂါေဝဒနာဆုိတာ ေရွာင္လုိ႔ မရဘူး။
ေသခ်ာေပါက္ ေတြ႕ရမယ္ ျပႆ နာ ျဖစ္တယ္။
❖ အားလုံးကုိ အၿပီးအပုိင္ စြန္႕ၿပီး
ခြဲခြာသြားရမယ္ဆုိတဲ့
ေသျခင္းဆုိတာႀကီးကလည္း
ေသခ်ာေပါက္ ရင္ဆုိင္ရမယ့္ အလြန္ခက္ခဲတဲ့
ျပႆနာႀကီး ျဖစ္ပါတယ္။
❖ အဲဒီလုိ ေရာဂါေဝဒနာဆုိးေတြ ျဖစ္လာၿပီဆုိရင္
ကုိယ့္မွာ တည္တည္ၿငိမ္ၿငိမ္ ရင္ဆုိင္နိင္မယ့္
အစြမ္း ရွိပါ့မလား။
❖ ရွိေအာင္ေကာဘယ္ေလာက္ထိ
လုပ္ထားၿပီးၿပီးလဲ။ မလုပ္ရေသးဘူးလဲ။
❖ ေသျခင္းတရားက တံခါးေခါက္လာၿပီဆုိရင္ေတာ့
‘ဒါဟာ သဘာဝတရားပဲေလ’လုိ႔ ေတြးၿပီး
ေသျခင္းတရားကုိ မေၾကာက္ဘဲ
ေအးေအးေဆးေဆး ၾကည္ၾကည္လင္လင္နဲ႔
ရင္ဆုိင္နိင္ပါ့မလား။
❖ ရင္ဆုိင္နိင္ေအာင္ေကာ ဘယ္ေလာက္ထိ
လုပ္ထားၿပီး ၿပီလဲ။ မလုပ္ရေသးဘူးလဲ။
❖ လူအမ်ားစုကေတာ့ ေရာဂါေတြ ျဖစ္လာၿပီဆုိရင္
စိတ္ဓာတ္ေတြက်ၿပီး စိတ္ဆင္းရဲၾကတာပါပဲ။
❖ ေသေလာက္တဲ့ ေရာဂါေတြ ျဖစ္လာၿပီဆုိရင္ေတာ့
အႀကီး အက်ယ္ တုန္လႈပ္ေခ်ာက္ျခားၿပီး
အလြန္အမင္း ဆင္းရဲ ၾကရတယ္။
❖ ေသမယ့္ေရာဂါလုိ႔ သိလုိက္ၿပီ ဆုိတာနဲ႔
ငုိတဲ့သူေတြ မ်ားတယ္။
❖ ဦးဇင္းသိတဲ့ ဒကာမႀကီးတစ္ေယာက္ဆုိရင္
ဆရာဝန္က သူ႕ေရာဂါကုိ ကင္ဆာလုိ႔
ေျပာလုိက္တာနဲ႔ တစ္ခါတည္း ပုံလ်က္သား
က်သြားတယ္။
❖ ၿပီးေတာ့ အတင္း ငိုေတာ့တာပဲတဲ့။
မိန္းမသားေတြမွ ငုိတာမဟုတ္ဘူး။
ေယာက်ာ္းသား ဆုိတဲ့ လူေတြလည္း ငုိၾကတာပါပဲ။
❖ ေသျခင္းတရားနဲ႔ ပတ္သက္ၿပီး ထိေရာက္ေအာင္
ျပင္ဆင္မထားသမွ်ေတာ့ ေတြ႕လာရင္ မ်က္ျပဴး
ဆန္ျပာ ျဖစ္ၾက မယ့္သူေတြခ်ည္းပဲ။
❖ ကုိယ္ေရာ ဘယ္ေလာက္ထိ ထိေရာက္ေအာင္
ျပင္ဆင္ ထားၿပီးၿပီလဲ။
❖ အလြန္စဥ္းစား ဆင္ျခင္သင့္တဲ့
ကုိယ့္အေၾကာင္းေတြပါ။
✿ (#သစၥာေရႊစည္ဆရာေတာ္) ✿
သစၥာေရႊစည္ဆရာေတာ္ ေဟာႀကားေတာ္မူေသာ
သူ႕အေၾကာင္း ကုိယ့္အေၾကာင္း တရားေတာ္မွ
ကူးယူ ပူေဇာ္သည္။
Credit – အရွင္ ေကာမလ
❖ စာဖတ္သူ ဓမၼမိတ္ေဆြမ်ားအားလံုး
အသိဉာဏ္ဗဟုသုတမ်ား တုိးပြားၿပီး
လုိရာပန္းတုိင္ကုိ အျမန္
ေလွ်ာက္လွမ္းႏုိင္ၾကပါေစလုိ႔ ဆႏၵျပဳလ်က္……။
credit Win Soe acc
(Unicode)

0224
ကိုယ့်အတွက် ဘယ်လောက် ပြင်ဆင် ပြီးပြီလဲ…?
═══════ □ ═══════
❖ အတ္တနောဝ အဝက္ခေယျ ၊ ကတာနိ အကတာနိစ။
❖ ‘မိမိ ဘာတွေလုပ်ထားတယ် ၊
ဘာတွေ မလုပ်ဘူးဆိုတာကို အမြဲစဉ်းစား
ဆင်ခြင်ပါ’တဲ့။
❖ ကိုယ်ဘာတွေလုပ်ထားတယ်၊ ဘာတွေကိုတော့
မလုပ်ရ သေးဘူးဆိုတာကို
အမြဲ စဉ်းစားသင့်တယ်။
❖ တန်ဖိုးရှိတဲ့ အလုပ်တွေကို ဘယ်အတိုင်းအတာထိ
လုပ် ထားပြီးပြီလဲ။ တန်ဖိုးရှိတဲ့ အလုပ်တွေကို
ဘယ်လောက် ထိ မလုပ်ဘဲ နေခဲ့ပြီးပြီလဲ။
❖ နောင်တစ်ချိန် ဆင်းရဲကျိုးပေးမယ့်
မကောင်းတာတွေကို ဘယ်လောက်ထိ
ရှောင်နိင်ခဲ့သလဲ။
❖ ဒါမှ မဟုတ် ဘယ်လောက် လုပ်မိခဲ့သလဲ။
❖ လုပ်ခဲ့မိတယ်ဆိုရင်လည်း အဲဒီ မကောင်းမူတွေကို
ဘယ် လောက်ထိ ချေဖျက်ပြီးပြီလဲ။ ဒါတွေဟာ
စဉ်းစားမယ် ဆိုရင် အလွန် စဉ်းစားသင့်တဲ့
ကိုယ့်အကြောင်းတွေပါ။
❖ နောက်ပြီးတော့ နောင်တစ်ချိန်မှာ သေချာပေါက်
တွေ့ရ မယ့် ခက်ခဲတဲ့ ပြဿနာတွေကို
ပြေလည်အောင် ရင်ဆိုင် နိင်တဲ့
အစွမ်းသတ္တိတွေ ကိုယ့်မှာ ဘယ်လောက်အထိ
ရှိ နေပြီလဲ။
❖ သေချာပေါက် တွေ့ရမယ့်
ခက်ခဲတဲ့ ပြဿနာတွေဆိုတာ ရောဂါဝေဒနာတွေနဲ့
သေခြင်းတရားကို အဓိက ဆိုလိုတာပါ။ ★
❖ ခန္ဓာကိုယ်ကြီးက ပေါက်ဖွားလာမယ့်
ရောဂါဝေဒနာဆိုတာ ရှောင်လို့ မရဘူး။
သေချာပေါက် တွေ့ရမယ် ပြဿ နာ ဖြစ်တယ်။
❖ အားလုံးကို အပြီးအပိုင် စွန့်ပြီး
ခွဲခွာသွားရမယ်ဆိုတဲ့
သေခြင်းဆိုတာကြီးကလည်း
သေချာပေါက် ရင်ဆိုင်ရမယ့် အလွန်ခက်ခဲတဲ့
ပြဿနာကြီး ဖြစ်ပါတယ်။
❖ အဲဒီလို ရောဂါဝေဒနာဆိုးတွေ ဖြစ်လာပြီဆိုရင်
ကိုယ့်မှာ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိင်မယ့်
အစွမ်း ရှိပါ့မလား။
❖ ရှိအောင်ကောဘယ်လောက်ထိ
လုပ်ထားပြီးပြီးလဲ။ မလုပ်ရသေးဘူးလဲ။
❖ သေခြင်းတရားက တံခါးခေါက်လာပြီဆိုရင်တော့
‘ဒါဟာ သဘာဝတရားပဲလေ’လို့ တွေးပြီး
သေခြင်းတရားကို မကြောက်ဘဲ
အေးအေးဆေးဆေး ကြည်ကြည်လင်လင်နဲ့
ရင်ဆိုင်နိင်ပါ့မလား။
❖ ရင်ဆိုင်နိင်အောင်ကော ဘယ်လောက်ထိ
လုပ်ထားပြီး ပြီလဲ။ မလုပ်ရသေးဘူးလဲ။
❖ လူအများစုကတော့ ရောဂါတွေ ဖြစ်လာပြီဆိုရင်
စိတ်ဓာတ်တွေကျပြီး စိတ်ဆင်းရဲကြတာပါပဲ။
❖ သေလောက်တဲ့ ရောဂါတွေ ဖြစ်လာပြီဆိုရင်တော့
အကြီး အကျယ် တုန်လှုပ်ချောက်ခြားပြီး
အလွန်အမင်း ဆင်းရဲ ကြရတယ်။
❖ သေမယ့်ရောဂါလို့ သိလိုက်ပြီ ဆိုတာနဲ့
ငိုတဲ့သူတွေ များတယ်။
❖ ဦးဇင်းသိတဲ့ ဒကာမကြီးတစ်ယောက်ဆိုရင်
ဆရာဝန်က သူ့ရောဂါကို ကင်ဆာလို့
ပြောလိုက်တာနဲ့ တစ်ခါတည်း ပုံလျက်သား
ကျသွားတယ်။
❖ ပြီးတော့ အတင်း ငိုတော့တာပဲတဲ့။
မိန်းမသားတွေမှ ငိုတာမဟုတ်ဘူး။
ယောကျာ်းသား ဆိုတဲ့ လူတွေလည်း ငိုကြတာပါပဲ။
❖ သေခြင်းတရားနဲ့ ပတ်သက်ပြီး ထိရောက်အောင်
ပြင်ဆင်မထားသမျှတော့ တွေ့လာရင် မျက်ပြူး
ဆန်ပြာ ဖြစ်ကြ မယ့်သူတွေချည်းပဲ။
❖ ကိုယ်ရော ဘယ်လောက်ထိ ထိရောက်အောင်
ပြင်ဆင် ထားပြီးပြီလဲ။
❖ အလွန်စဉ်းစား ဆင်ခြင်သင့်တဲ့
ကိုယ့်အကြောင်းတွေပါ။
✿ (#သစ္စာရွှေစည်ဆရာတော်) ✿
သစ္စာရွှေစည်ဆရာတော် ဟောကြားတော်မူသော
သူ့အကြောင်း ကိုယ့်အကြောင်း တရားတော်မှ
ကူးယူ ပူဇော်သည်။
Credit – အရှင် ကောမလ
❖ စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံး
အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး
လိုရာပန်းတိုင်ကို အမြန်
လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။
credit Win Soe acc
(Unicode)

LEAVE A REPLY

Please enter your comment!
Please enter your name here