Home မဟာဗောဓိမြိုင်ဆရာတော်

မဟာဗောဓိမြိုင်ဆရာတော်

    မတွေးနဲ့

    မတွေးနဲ့ •••••••• သတိလေး တစ်လုံးပဲရှိပါတယ်။ ဒီသတိတစ်လုံး နဲ့ပဲ သွားရာသူပဲ စားရာသူပဲ နေရာသူပဲနဲ့ နေရ ပါတယ်။ မေတ္တာဆိုတာက တန်းတူထားတာ ပြောတာ။ မေတ္တာဆိုတာ ပါဠိစကား မြန်မာလိုတော့ တန်းတူထားတယ်ပြောတာ။ မိမိချမ်းသာသလို လာတဲ့ပရိသတ်တွေ လည်း ချမ်းသာအောင်… ချမ်းသာအောင်နေတတ်ဖို့က "သုခီ အတ္တာနံ ပရိဟရန္တု" ကိုယ့်ကိုယ်ကို ချမ်းသာအောင် နေတတ်မှရတာ။ ကိုယ့်ကိုယ်ကို ချမ်းသာအောင် နေတတ်ကြပါစေ။ ကိုယ့်ကိုယ်ကို ချမ်းသာအောင် ကြည့်နေတတ်ကြ။ ချမ်းသာအောင်မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေ ရာထူးကြီးလေ...

    သတိ၏တာဝန်လေးချက်

    {သတိ၏တာဝန်လေးချက်} 'အပ္ပမာဒေန သမ္ပာဒေထ' ဆိုတာ တစ်သက်လုံး သုံးမကုန်တဲ့ သတိတစ်လုံးကို ဓမ္မအမွေအဖြစ်ပေးခဲ့တာ။ သတိမှာ တာဝန်လေးချက်ပါတယ်။ 'မမေ့၊ မလျော့၊ မပေါ့၊ မဆ' တဲ့။ ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ ထိုးဖောက်ဝင်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။ ဒါကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။ မလျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့ ကိလေသာအဟောင်းကိုလည်း ချေမှုန်း၊...

    ဇရာအိုအတွက် ဆည်းဆာ တရားတစ်ပုဒ်

    ဇရာအိုအတွက်ဆည်းဆာ တရားတစ်ပုဒ် ■■■■■■■■■■■■■ သစ်အိုတော့... အမြစ်ဆွေး လူအိုတော့... အချစ်ဝေးတတ်သတဲ့ သားသမီးကအစ မြေးကအစ အိုမင်းမစွမ်းဝန်ထုပ်ကြီး ဝိုင်းကူထမ်းမ ပေးကြရမှာကို ဝန်လေးနေတတ်ကြတယ်။ ဒီအရွယ်မှာ... ရုပ်ကလည်း ထားသလိုမနေ စိတ်ကလည်း စေသလို မသွားတော့... အဘိုးကြီးတော့ စိတ်တို အဖွားအိုတော့ စကားများ ဖြစ်လာတတ်တယ်။ သည်အခါမျိုးမှာ... လှိုင်းမိတဲ့လှေ , ပဲ့ထိန်းကောင်းရသည့်ပမာ အရာရာ သည်းခံ ရင်ဆိုင်ရမယ်။ သည်းမခံနိုင်လျှင်... အယိုင်နောက် အလဲဖေါက် ဖို့သာရှိတယ်။ မဟန်နိုင်သူက.. ရန်ပြိုင်လျှင် ပုရွက်ဆိတ် ဆင်ဦးခေါင်း တက်ခဲ သလို ရှိတော့မယ် ။ သည်အရွယ်မှာ...

    အရိယာသီလ

    {အရိယာသီလ} အကင်္ခေယျသုတ်မှာ ဘုရားရှင်ဟောတောမူခဲ့တာကို လိုရင်းပြောရရင် . . . ရဟန်းတို့ . . . အတူနေများရဲ့ ချစ်ကြည်လေးစားမှုကို ခံယူလိုလျှင် သီလကိုသာအားကိုးပါ။ သေဆုံးသူ မိဘဆွေမျိုးများ ဘဝကောင်းသို့ ပို့လိုလျှင် သီလကိုသာ အားကိုးပါ။ တောတောင်ဝင်၍ တရားအားထုတ်ရာ၌ နတ်တို့၏အကူ ရယူလိုလျှင် သီလကိုသာအားကိုးပါ။ ဈာန်အရာ၊ မဂ်အရာ၊ ဖိုလ်အရာတည်လိုပါလျှင်...

    ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ဈာန်ရအောင်ပွားနည်း

    ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ဈာန်ရအောင်ပွားနည်း ဒို့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို - ကုသိုလ်ရအောင်ပွားနည်းနဲ့ ဈာန်ရအောင်ပွားနည်း ၂မျိုးရှိတယ် ။ #ဈာန် ပါဠိလိုတော့ " ဈာန် " မြန်မာလို အကုသိုလ်ဝင်ခွင့်မရအောင် လုပ်တာကိုပြောတာ ။ * ကုသိုလ်ရအောင်ပွားနည်း * " သောဘဂဝါ ဣတိပိ အရဟံ " လို့ ပါးစပ်ကဆိုပြီး လက်ကလဲပုတီးကြီး တဂျောင်းဂျောင်းနဲ့ချပြီး တစ်ခုထဲမှာ စူးစိုက်မကျရင် ကုသိုလ်တော့ရမယ် ဈာန်မဝင်စားနိုင်ဘူး ။ #ဈာန်ရအောင်ပွားနည်း - - -...

    သေခါနီးမှာကျော်ရမည့် စည်း

    သေခါနီးမှာကျော်ရမည့် စည်း ************************ ဒို့ ဝေဒနာပြင်းထန်လာပြီး ဝေဒနာက အချိန်နဲ့အမျှ ရှေ့ကိုသာတိုးတယ် နောက်ကိုပြန်မဆုတ်ဘူး ဒါဆို ကိုယ့်ကိုယ်ကိုသေရမှာ လူတိုင်းသိတယ်။ ဒို့ တောပြော,ပြောရရင်တော့ ဒီတောင်မကျော်နိုင်တော့ဘူး ကိုယ့်ကိုယ်ကိုသိတယ်။ အဲ့တော့ သွားတော့ သာသာသွားရမှာမဟုတ်ဘူး။ စည်း ၃-ချက် ကျော်သွားရမှာ။ အဲလို ဝေဒနာပြင်းထန်ချိန် ရှုမှတ်မှုတရားအရှိန်မရှိတဲ့ပုဂ္ဂိုလ်ဟာ အတွေးဝင်မှာ။ ခန္ဓာ့ဖြစ်စဉ်ကိုမရှုတဲ့ပုဂ္ဂိုလ် တရားနှလုံးမသွင်းတဲ့ပုဂ္ဂိုလ် ငါသေရတော့မယ်ဆိုတဲ့အတွေး ဝင်မှာ။ သေရတော့မယ်သိရင် ပျော်မလား။ (မပျော်ပါဘုရား) မပျော်ရင်ကြောက်မှာပေါ့ ဟုတ်နော်။ ကြောက်သေရင် ငရဲသွားမှာ။ နှလုံးမသာယာစိတ်မှန်သမျှ စာလို 'ဒေါသ'...

    အဖျက်အဆီး

    အဖျက်အဆီး ဖျက်မည်ကြံလျှင် ဆီးတားတော့မည် မုချ ။ ဆီးတားခံရလျှင်ကား ဖျက်ခံရမှာ သေချာပြီမှတ်။ မည်သည့်အဖျက်ဖြစ်ဖြစ် ဦးစွာ ဆီးတားပြီးမှသာ ဖျက်တတ်ကြ၏။ အဆီးအတားကား အရှိန်ကို ရပ်တန့်စေရန်ဖြစ်ပြီး အရှိန်သေရန်ပင် ဖြစ်ချေ၏။ ကိုယ်ချင်း ဖျက်ဆီးလိုသော် ကိုယ်ဖြင့် တားဆီးပြီး စိတ်ချင်း ဖျက်ဆီးလိုသော်ကား စိတ်ဓာတ်စစ်ဆင်ရေးကြီးဖြင့် ဦးစွာ တားဆီးမြဲဖြစ်၏။ အချစ်လို၍ ဖျက်ဆီးသော် အကြိုက်ပေး၍ ဆီးကြို တားဆီးတတ်၏။ အကြိုက် လက်မခံမိသော်ကား ဖျက်ဆီးဖို့ ကိန်းသေဖြစ်သွားပြီ။ အမုန်းလို၍ ဖျက်ဆီးလိုသော်ကား အတိုက်ဖြင့် ဆီးကြိုကာ တားဆီးပြီးမှ ထိုအမုန်း တုံ့ပြန်သော် ဖျက်ဆီးရန် ကိန်းသေသွားချေပြီ။ ဤသို့ဖြင့် စီးပွားရေးနယ်ပယ်၌လည်း အဖျက်နှင့်အဆီးသည် ထမ်းပိုးထမ်း ညီညာစွာ ရုန်းကန်လျက်ရှိ၏။ လူမှုရေးနယ်ပယ်၊ အချစ်ရေး၊ အိမ်ထောင်ရေးနယ်ပယ်များ၌လည်း ယင်းအဖျက်နှင့်အဆီးကား ခြေကျ လက်ကျ...

    Recent Posts