Home အရှင်သုစိတ္တ မော်ကျွန်း

အရှင်သုစိတ္တ မော်ကျွန်း

    အတိုက်အခိုက်နဲ့ကြုံရင်

    အတိုက်အခိုက်နဲ့ကြုံရင် ■■■■■■■■■■■ အတိုက်အခိုက်ဆိုတာ လူတိုင်းကြုံရတတ်တယ်။ သူတောင်းစားတောင် နယ်မြေလုပြီး ရန်ဖြစ်တတ်တာပဲ။ စားကျက်တူပြီ၊ နယ်မြေတူပြီ၊ လုပ်ငန်းတူပြီ၊ လမ်းကြောင်းတူပြီဆိုလို့ကတော့ ငြိမ်ငြိမ်မနေကြတော့ဘူး။ စတိုက်ဖို့ ကြံတော့တာပါပဲ။ သက်ရှိလောကကြောက်စရာကောင်းတာ အပြောမဟုတ်ဘူး။ အရမ်းဆိုးတာပါ။ ပျော့ပျော့နဲ့ နံတဲ့ကြောင်ချီး ဆိုတဲ့လူစားမျိုးကလည်း အချိုသပ်ပြီး တိုက်တတ်တယ်။ ဘီလူးသဘက်စီးပြီး တိုက်တတ်တဲ့လူစားမျိုးကလည်း တစ်မျိုးပါပဲ။ စဉ်းစားမိတာက လူတိုင်းရဲ့တရားမျှတစွာ...

    ဘာအဓိကလဲ

    ဘာအဓိကလဲ ========= လောကကြီးမှာ အလိုလိုနေရင်းတောင် စားရေး၊ ၀တ်ရေး၊ နေရေးက အရှုပ်ထုပ်ဖြစ်နေရတဲ့ကြားထဲ နောက်ထပ်အပူတွေ ဘာကြောင့် ဖန်တီးချင်ပါသလဲ။ ကိုယ့်တစ်ကိုယ်ရေကိစ္စတောင် များပြားလှတာ၊ အေးချမ်းဖို့အဓိက မကျဘူးလား။ အေးရာအေးကြောင်း တရားရှာရမှာ။ ဘာတွေများ အပူထပ်ရှာချင်ပါသလဲ။ ဘုရားတောင် မပွင့်တဲ့ ဆုတ်ကပ်ထဲ လူဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဒီထက်ပိုဆုတ်ယုတ်လာရင် အနားမှာတွေ့တာမှန်သမျှ အကုန်လူသတ်လက်နက်ဖြစ်ကုန်ပြီး...

    ဆွမ်းလောင်းဘီလူး

    ဆွမ်းလောင်းဘီလူး ============ ၁၂ နှစ်သားကိုရင်လေးတစ်ပါး ဆောမြို့နယ်၊ လောင်းရှည်ဒေသ၊ ပိန်းချောင်းရွာကနေ မန္တလေးဆိုတဲ့ သာသနာ့နယ်မြေကြီးဆီကို သာသနာရည်နို့သောက်စို့ဖို့ရောက်လာခဲ့တယ်။ မရောင်မလည်နဲ့ တောသားမြို့ရောက်တော့ ဦးဇင်းတွေက ၀ိုင်းပညာပေးကြတယ်။ မွေးကတည်းက တောတွေတောင်တွေပဲ မြင်ဖူးတာ။ သင်္ဘောလည်းမမြင်ဖူးဘူး၊ ကားလည်းမမြင်ဖူးဘူး။ တောရွာလေးမှာ မိဘတွေက အငယ်ဆုံးသားလေးမို့ သာသနာ့ဘောင်သွင်းပေးထားတော့ မန္တလေးမှာစာလိုက်နေတဲ့ ရွာသားဦးဇင်းတစ်ပါးဆီကို မိဘတွေက...

    ” မီးလျှံထဲမှာ ရှင်သန်သူ “

    " မီးလျှံထဲမှာ ရှင်သန်သူ " လောကဓံဆိုတဲ့ သဘောတရားဟာ ဘယ်တော့မှမလွတ်နိုင်တဲ့တရား။ နိဗ္ဗာန်မရမချင်း ရင်ဆိုင်နေရမဲ့ ရှောင်လို့မရတဲ့တရားပါ။ ရှောင်မရမှတော့ ရင်ဆိုင်ရမှာပေါ့။ အဲဒီလိုရင်ဆိုင်တဲ့နေရာမှာ အရည်အချင်းဆိုတာ အရေးပါလာတယ်။ အခြေအနေကို ထိန်းနိုင်ခြင်း၊ ညှိယူနိုင်ခြင်းဟာ အရည်အချင်းပဲ။ ဆိုးဝါးတဲ့အခြေအနေတစ်ခုကို လှပအောင်ဖန်တီးသွားနိုင်သူဟာ အရည်အချင်းရှိသူပဲ။ သူက မငြီးတတ်ဘူး၊ အပြစ်မတင်တတ်ဘူး။ ပေးတဲ့အခြေအနေမှာ...

    အားနည်းသူကို မနင်းနဲ့

    အားနည်းသူကို မနင်းနဲ့ =============== လောကမှာ လူ ၂-မျိုးရှိတယ်။ တစ်မျိုးက လူတစ်ဘက်သားကို တန်ဘိုးထားတယ်။ နောက်တစ်မျိုးက လူတစ်ဘက်သားကို ချိုးနှိမ်တတ်တယ်။ လူဆိုတာ ကိုယ့်တန်ဘိုးနဲ့ကိုယ် ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှိကြတယ်။ မြှောက်စရာမလိုသလို၊ နင်းစရာလည်းမလိုပါဘူး။ လူမှုဆက်ဆံရေးနပ်သူတွေက ခုမှတွေ့တဲ့လူတစ်ယောက်ကို အထင်မသေးကြသလို၊ အထင်လည်းမကြီးကြပါဘူး။ သို့သော် ယဉ်ကျေးစွာသာ ဆက်ဆံတတ်ကြပါတယ်။ အဓိကက...

    ကိုယ့်စရိတ်ကိုယ်စား အကုသိုလ်ဝယ်သူများ

    ကိုယ့်စရိတ်ကိုယ်စား အကုသိုလ်ဝယ်သူများ ======================== စိတ်ဆိုတာ သီးသန့်လေးရပ်တည်နိုင်လေ ကောင်းလေလေပါပဲ။ ဒါပေမဲ့လည်း တစ်ချို့မှာကျတော့ အလိုလောဘ၊ သို့မဟုတ် အလိုရမ္မက်ကြီးကြပါတယ်။ အလိုကြီးတဲ့အတွက် အမျက်လည်းထွက်လွယ်လာပါတယ်။ လိုချင်တာလျှော့နိုင်ရင် ကောင်းကျိုးတွေဖြစ်လာမှာပါ။ သီးသန့်လေးရပ်တည်တတ်တဲ့စိတ်ဆိုတာ ယဉ်ကျေးတဲ့စိတ်ပါ။ ဘယ်သူ့ကိုမှ လွှမ်းမိုးဖို့မကြိုးစားသလို၊ ပတ်သက်ဖို့လည်းမကြိုးစားပါဘူး။ စိတ်မယဉ်ကျေးတဲ့သူနဲ့ ပတ်သက်ရတာ အန္တရာယ်အရမ်းများပါတယ်။ မပေါင်းရင် ရန်ငြိမ်းပါလိမ့်မယ်။ စေတနာမမှန်ပါဘူး။ အလိုပြည့်ရင်...

    စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး

    စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး ■■■■■■■■■■■■■■■ လူ့ဘ၀ဆိုတာ ရခဲတယ်လို့ ဘုရားရှင်ဟောကြားတော်မူပါတယ်။ အကြောင်းကတော့ အပါယ်မှာ ကျင်လည်တာများလို့ပါ။ အခုဘ၀လူ့ဘ၀ရနေပေမဲ့လည်း စိတ်ထားယုတ်၊ အကျင့်ယုတ်၊ အပြောယုတ်တွေ လုပ်နေတော့ အပါယ်ပြန်ကျရပြန်ပါတယ်။ လူ့ဘ၀ဆိုတာ ဧည့်သည်အဖြစ်နဲ့ခဏလာတာလို့ ဘုရားရှင်ဟောပါတယ်။ အပါယ်သည်သာ ကိုယ့်အိမ်ပါ။ ဒီစကားက အင်မတန် သတိထားစရာကောင်းပါတယ်။ သူသူကိုယ်ကိုယ် ပေါ့ပေါ့တန်တန်ပဲတွေးတတ်ကြပါတယ်။ ဒီဘ၀ ဒီခေါင်းနဲ့...

    ခွဲခြားဆက်ဆံခြင်း

    ခွဲခြားဆက်ဆံခြင်း ========== ခွဲခြားဆက်ဆံမှုပုံစံတွေထဲမှာ အသက်၊ မသန်စွမ်းမှု၊ လူမျိုး၊ လိင်၊ အရပ်အမြင့်အနိမ့်၊ နိုင်ငံသား၊ နိုင်ငံရေးပါတီစွဲ၊ ဘာသာရေး၊ လိင်စိတ်ဝင်စားမှုပုံစံ၊ အသားအရောင် နဲ့ ကိုယ်အလေးချိန် တို့ပါဝင်နေပါတယ်။ အသက်အားဖြင့်ခွဲခြားဆက်ဆံခြင်းကိုတော့ သက်ကြီးများ၊ အရွယ်ရောက်စလူငယ်များ နဲ့ ကလေးများအပေါ်ကျင့်သုံးတတ်ကြပါတယ်။ ဒါဟာ နေရာတိုင်းနီးပါးလောက်မှာ လက်ရှိ ကျင့်သုံးနေတဲ့ အတွေ့ရအများဆုံး မမျှမတနှိမ်ချဆက်ဆံတဲ့...

    ခေါင်းငုံ့မသွားပါနဲ့ ခေါင်းမော့ထားပါ

    ခေါင်းငုံ့မသွားပါနဲ့ ခေါင်းမော့ထားပါ ======================== အောင်မြင်ချင်ရင် အရေထူပါ။ အံတင်းတင်းကြိတ်ပါ။ တစ်ဒင်္ဂသာယာမှုကို ရှောင်ပါ။ ရေရှည်စိတ်ချမ်းသာဖို့ စဉ်းစားတွေးခေါ်ပြီး အလုပ်လုပ်ပါ။ သာမညကိစ္စတွေ လျှော့ချပါ။ အရေးအပါဆုံးတွေနဲ့ တတ်နိုင်တာတွေကို အရင်လုပ်ပါ။ အချိန်မဖြုံးပါနဲ့။ မတွေဝေပါနဲ့။ တစ်ခုခုလုပ်နေပါ။ လူတိုင်းတော့ အောင်မြင်ချင်တယ် ပြောတတ်ကြတာပါပဲ။ ဒါပေမဲ့ ဇွဲရှိသူနဲ့ အာရုံစိုက်အလုပ်လုပ်သူတော့ အတော်နည်းပါတယ်။ ဒါကြောင့်လည်း...

    Recent Posts