Home ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

    အိပ်မက်မက်တယ်ဆိုတာ

    အိပ်မက်မက်တယ်ဆိုတာ ~•~•~•~•~•~•~•~•~ အိပ်မက်ကို ပါဠိလို "သုပိန" သို့မဟုတ် "သုပိနန္တ" အဲဒီလို သုံးတယ်။ အိပ်ပျော် နေတဲ့အချိန်မှာ မြင်မက်လေ့ ရှိတဲ့ ခံစားမှုတစ်မျိုးကို အိပ်မက်လို့ ခေါ်တယ်။ =============================== အဘိဓမ္မာနည်းအရ ပြောရမယ်ဆိုရင် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေတာလဲ မဟုတ်ဘူး။ နိုးနေတာလဲမဟုတ်ဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင် "ဘဝင်စိတ်" (Passive...

    “ကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး “

    "ကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး " ★ ကုသိုလ်က မကယ်နိုင်တဲ့ ချက်ချင်း ကယ်လို့မရတဲ့ အကုသိုလ်ကတော့ ရှိတယ်။ တစ်ဘ၀တာအတွက် ကယ်လို့မရဘူး။ သို့သော် မကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး။ မကယ်နိုင်ဘူးဆိုတာ နောက်ဘ၀ပြီးရင်တော့ ကယ်လို့ရတယ်။ ★ ဆိုပါစို့ အမေသတ်တာတို့၊ အဖေသတ်တာတို့၊ ရဟန္တာသတ်တာတို့ ၊...

    သောက၏ မွေးဖွားရာ

    သောက၏ မွေးဖွားရာ "တွယ်တာ"မှုရှိတဲ့နေရာမှာ "သောက"ဖြစ်တယ် တဲ့.. လူ့လောကမှာကြည့် ကြည့်ပေါ့ တစ်ယောက်နဲ့တစ်ယောက် သိလာလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ခင်မင်လာတယ်။ သိလာခင်လာပြီး လက်တွဲကြပြီဆိုရင် ပူပြီ မသိခင်တုန်းက သူ့အတွက်ပူသလား လုံးဝမပူပါဘူးနော်။ ဒါက လူနဲ့ပတ်သက်တာ။ ပစ္စည်းနဲ့ပတ်သက်တာရော ကိုယ်မပိုင်တဲ့ပစ္စည်းအတွက် ဘယ်သူမှ မပူပါဘူး အဲ့ဒီပစ္စည်းလေး ကိုယ့်ပစ္စည်းဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုက်နက် ပူတော့တာပဲ။ တန်ဖိုးရှိတဲ့ပစ္စည်းတွေ လောကမှာ အများကြီးရှိတယ်။ သို့သော် ကိုယ့်ဟာမဟုတ်ရင် မပူကြဘူး အေး..အကြောင်းညီညွတ်လို့ ကိုယ့်လက်ထဲရောက်လာပြီ ဆိုလို့ရှိရင် အဲ့ဒါလေးအတွက် ပူပြီ… ပူတော့ ဘာလုပ်လဲ သော့တွေခတ်…မလုံမခြုံတွေဖြစ်လာတယ်။ အဲ့ဒါဟာ လောဘက သောကကို...

    လောကရဲ့သဘာဝကို ဆင်ခြင်ပါ

    လောကရဲ့သဘာဝကို ဆင်ခြင်ပါ ဘုန်းကြီးတို့တစ်တွေ လူ့ဘဝ ရလာတဲ့အချိန်မှာ တစ်နှစ်သားကနေပြီးတော့ (၁၀)နှစ်သားအထိကို #မန္ဒသေက လို့ ခေါ်တယ် အင်မတန်မှ ကာယလဲ နုနယ် , စိတ်ဓါတ်လဲ နုနယ်လို့ မိဘတွေရဲ့ ကူညီမှုနဲ ရှင်သန်ကြရတယ် (၁၁)နှစ်သားကနေ အနှစ်(၂၀) ရောက်တဲ့အခါ ခန္ဓာကိုယ် ကြံ့ခိုင်မှုလေးတွေ များလာပြီး စိတ်ဓါတ်တွေ အင်အားရလာတဲ့အခါကျတော့ ပျော်ပါးချင်တဲ့အရွယ် ဖြစ်လို့ #စိဍာသေက လို့ ခေါ်တယ် , အပျော်အပါးများလာတဲ့ အရွယ်ပိုင်း ပေါ့...

    ကမ္မဋ္ဌာန်းတရား

    ကမ္မဋ္ဌာန်းတရား ▬▬▬▬▬▬▬ ★ မြတ်စွာဘုရားက "ရာဟုလာ မင်း မေတ္တာပွားရလိမ့်မယ်တဲ့၊ မေတ္တာတွေပွားပေးပါတဲ့။ အများရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ဓာတ်ကို တည်ဆောက်ပါ။ အဲဒီလို မေတ္တာပွားမယ်ဆိုရင် မင်းသန္တာန်မှာဖြစ်တဲ့ အလိုမကျတဲ့ဒေါသဆိုတာ လာမှ မဟုတ်တော့ဘူး၊ ★ ကြည့်လေ လူတွေက မျက်စိကမြင်ရင် မြင်လာရင် ကိုယ်မကြိုက်တာဆို ဒေါသဖြစ်တယ်။ အသံကြားတယ်...

    သတိမထားမိသော အဂါရဝကြီးများ

    သတိမထားမိသော အဂါရဝကြီးများ ••••••••••••••••••••••••••••••• ဘုရားနဲ့ပတ်သက်လာတဲ့အခါမှာ အားလုံးဟာ ရတနာသုံးပါးဦးထိပ်ထားတယ်လို့ ဗုဒ္ဓဘာသာသူတော်ဝင်တွေဆိုကြတဲ့အထဲမှာ မြတ်စွာဘုရားဟာ တကယ်ကိုလေးစားရမည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဘုရားကို ကြည်ညိုလေးစားလွန်းတဲ့ အနေအထားတွေကို ပြသပြီးတော့ မြို့တိုင်းမြို့တိုင်း ရွာတိုင်းရွာတိုင်းမှာ မြတ်စွာဘုရားရဲ့ အထိမ်းအမှတ် စေတီတွေ ပုထိုးတွေ ရုပ်ပွားစေတီတော်တွေ ဘုရားဆင်းတုတော်တွေ အိမ်တိုင်းမှာလည်း ရုပ်ပွားဆင်းတုတော်တွေ နေရာတိုင်းနေရာတိုင်းမှာလည်း ဗုဒ္ဓရဲ့ရုပ်ပွားဆင်းတုတော်တွေ ဒီလိုကိုးကွယ်ပြီးတော့ ထားကြတာ။ အဲ့ဒီလို ကိုးကွယ်ထားတဲ့အခါမှာ ဂါရဝတရားအလေးအနက်ထားမှုဟာ အင်မတန်မှ အရေးကြီးတယ်။ဒါမှ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို လေးစားတယ်ဆိုတဲ့ သရုပ်ပေါ်မှာဖြစ်တယ်ပေါ့။အဲ့ဒီတော့ မြတ်စွာဘုရားကို လေးစားတယ်ဆိုတာ ဘယ်လိုဟာလည်း ။ မလေးစားဘူးဆိုတာကျတော့ ဘယ်လိုဟာလည်း။ မြတ်စွာဘုရားလို့ဆိုတဲ့အခါမှာ သက်ရှိထင်ရှား မြတ်စွာဘုရားကိုတော့ ဒီကနေ့ခေတ်...

    စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲ?

    စိတ်ဓာတ်ခိုင်မာလာအောင် ဘယ်လိုလေ့ကျင့်ရမလဲ? ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★ တွယ်တာမှုတွေ မရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။ "ရာဟုလာ တဲ့၊ မင်းရဲ့ စိတ်ကလေးကို #မြေကြီး နဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့ ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ" တဲ့။ ★ မြေကြီးက ဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေ...

    “အပူထဲမှာ အေးအောင်နေမယ်”

    “အပူထဲမှာ အေးအောင်နေမယ်” မြတ်စွာဘုရားကို အာရုံပြုနေတဲ့ အချိန်လေးမှာ ကိလေသာစိတ်တွေ၊ ကာမဂုဏ်အာရုံစိတ်တွေ၊ အကုသိုလ်စိတ်တွေ၊ မကောင်းတဲ့အတွေးတွေ ဘာတစ်ခုမှ ဖြစ်မလာတော့ဘူး။ ဒီလို မလာတာကိုက အင်မတန်မှ စိတ်နှလုံးအေးချမ်းဖို့ အတွက် ဖြစ်လာတယ်။ ဒါ ကိုယ်တိုင်ဆင်ခြင် သုံးသပ်ကြည့်ရင် သိနိုင်တယ်။ ကောင်းပြီ။ဒီလို မြတ်စွာဘုရားရဲ့ဂုဏ်ကို အာရုံပြုနေတဲ့စိတ်လေးဟာ တဖြောင့်တည်း သွားနေတာ။ “လောဘ” လို ဟိုတွေး၊ဒီတွေး လိုချင်မက်မောနေတာ မဟုတ်ဘူး။ “ဒေါသ” လို ဟိုတွေး၊ဒီတွေး မကျေမနပ်ဖြစ်နေတာ မဟုတ်ဘူး။ “မောဟ”လို မဆုံးဖြတ်နိုင်ဘဲနဲ့...

    “အလှူစစ်ပွဲ နိုင်အောင်နွှဲ “

    "အလှူစစ်ပွဲ နိုင်အောင်နွှဲ " ဒါနပါရမီ မရှိတဲ့ပုဂ္ဂိုလ်က ကိုယ့်ငွေတစ်ပြားတစ်ချက်မှ မလှူနိုင်ဘူး။ ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်မှာပိုတယ်မရှိ လိုနေတာပဲ။ ပေးရင်တော့ ယူမယ်။ ကိုယ်ကပေးဖို့တော့ မစဉ်းစားဘူး။ ဘာမဆို လိုနေတာပဲ။" ဦနော လောကော အတိတ္တော တဏှာဒါသော" လောကကြီးက လိုနေဦးမှာပဲတဲ့။ ကားတစ်စင်းရှိရင် နောက်တစ်စင်း လိုသေးတယ်။ အိမ်တစ်လုံးရှိရင် နောက်အိမ်တစ်လုံးလိုသေးတယ်။ တဏှာရဲ့အတွေးက ကိုယ့်ပစ္စည်းကို မစွန့်လွှတ်နိုင်ဘူး။ မြတ်စွာဘုရား ဟောတဲ့ ဒေသနာတော်တွေထဲမယ် "အလှုလှူတာ စစ်ပွဲတစ်ပွဲ ဆင်နွှဲရတာနဲ့...

    ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း

    အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်း။ ============== ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပါတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အ ကျိုး ခံရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ဗုဒ္ဓဘာသာ တရားက “ မ ” တာတို့၊ ကယ်တင်တာတို့၊ အပြစ်မှ ကင်းလွတ်တာမျိုး မရှိပါ။ အရာရာဟာ ကိုယ့်အပေါ်...

    Recent Posts